က်န္းမာ‌‌ေရးအသိ

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း

(Unicode)

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း

ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါဆေးဖက်ဝင် တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန် သွားစေပါတယ်။ ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။ အကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာ ကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ဝမ်းကိုက်တာကို သက်သာစေပါတယ်။ မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။ အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ်သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့် ကိုသုံးသင့်ပါတယ်။ အစာအိမ်အနာကို သက်သာစေပါတယ်။ ဥသျှစ်ရွက်ကို အစာအိမ်အနာကု သဆေးအဖြစ် သုံးကြပါတယ်။ အကြောင်း ကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။

နားရောဂါဝေဒနာတွေကို သက်သာ စေပါတယ်။ ဥသျှစ်ပင်ရဲ့အမြစ်ကို နားရောဂါ ဝေဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေး တစ်လက်အဖြစ် အသုံးပြုကြပါတယ်။ အထူးသဖြင့် ဥသျှစ်ပင်ရဲ့အမြစ်နဲ့ တမာရွက်ဟာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နား ပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ် ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့ အစွမ်း ရှိလို့ပါ။

အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာ တွေကို သက်သာစေပါတယ် ။ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူ ပေးရင် မကြာခဏ အအေးမိတာ၊ အ သက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။ဥသျှစ်ရွက် အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင်မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက်တာကို သက်သာစေသလို အအေးမိ ဝေဒနာကိုလည်း လျော့ပါးစေပါတယ်။ဥသျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်း နည်းနည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်းဝေဒနာတွေကို သက်သာစေပါတယ်။ အစာမကြေတာနဲ့ အူမကြီး ပိုးဝင်မှု ကို သက်သာစေပါတယ်။ ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြတာနဲ့ အူမကြီး ပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။

Credit-Original Uploader

(Zawgyi)

နားေရာဂါေဝဒနာနဲ႔ အူလမ္းေၾကာင္းကို သန႔္စင္ေပးႏိုင္တဲ့ ဥသွ်စ္သီး၊ ဥသွ်စ္႐ြက္၏ က်န္းမာေရး အစြမ္း

ေရွးကတည္းက ေဆးဝါးအျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ ဥသွ်စ္သီးက မွည့္သြားတဲ့အခါေဆးဖက္ဝင္ တန္ဖိုးက အလြန္ျမင့္တက္သြားပါတယ္။ဥသွ်စ္သီးက အနံ႔ေမႊးၿပီး ေအးျမကာ ဝမ္းေပ်ာ့ေပ်ာ့သြားေစတဲ့ အာနိသင္ရွိပါတယ္။ ဒါ့အျပင္ ဗီတာမင္စီခ်ိဳ႕တဲ့လို႔ ျဖစ္တဲ့ေရာဂါ (Scurvy) မျဖစ္ေအာင္ ကာကြယ္ကုသရာမွာလည္း အသုံးဝင္ပါတယ္။ အစာအိမ္ကို သန္စြမ္းေစသလို အစာအိမ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကိုလည္း ေကာင္းမြန္ေစပါတယ္။ ဝမ္းမွန္မွန္ သြားေစပါတယ္။ ဥသွ်စ္သီးမွည့္ဟာ အူလမ္းေၾကာင္း ကို သန႔္စင္ေပးတာေၾကာင့္ အေကာင္းဆုံး ဝမ္းေပ်ာ့ေဆးလို႔ ေခၚၾကပါတယ္။ အေကာင္းဆုံးက ဥသွ်စ္သီးအမွည့္ကို ထန္းလ်က္နဲ႔ ေရာေမႊၿပီး စားေပးရင္ ဝမ္းခ်ဳပ္တာ ကင္းေဝးၿပီး ဝမ္းမွန္မွန္သြားေစပါတယ္။

ဝမ္းကိုက္တာကို သက္သာေစပါတယ္။ မမွည့္ေသးတဲ့ ဥသွ်စ္သီးကို ဝမ္းကိုက္တဲ့ ေဝဒနာေတြအတြက္သုံးရင္ သက္သာတယ္လို႔ တခ်ိဳ႕ကဆိုပါတယ္။ အေကာင္းဆုံးရလဒ္ကို ရရွိေစဖို႔ ဥသွ်စ္သီးေျခာက္ ဒါမွမဟုတ္ ဥသွ်စ္သီးအမႈန႔္ ကိုသုံးသင့္ပါတယ္။ အစာအိမ္အနာကို သက္သာေစပါတယ္။ ဥသွ်စ္႐ြက္ကို အစာအိမ္အနာကု သေဆးအျဖစ္ သုံးၾကပါတယ္။ အေၾကာင္း ကေတာ့ ဥသွ်စ္႐ြက္ေတြမွာ တန္နင္ဓာတ္ ပါဝင္တာေၾကာင့္ ေရာင္ရမ္းမႈကို ေလ်ာ့ က်ေစၿပီး အစာအိမ္အနာက်က္ေအာင္ ကူညီေပးလို႔ပါ။

နားေရာဂါေဝဒနာေတြကို သက္သာ ေစပါတယ္။ ဥသွ်စ္ပင္ရဲ႕အျမစ္ကို နားေရာဂါ ေဝဒနာေတြ ကုသေရးအတြက္ အိမ္သုံးေဆး တစ္လက္အျဖစ္ အသုံးျပဳၾကပါတယ္။ အထူးသျဖင့္ ဥသွ်စ္ပင္ရဲ႕အျမစ္နဲ႔ တမာ႐ြက္ဟာ နားပိုးဝင္တာ၊ နားေရာင္ရမ္းတာနဲ႔ နား ျပည္ယိုတာစတဲ့ ေဝဒနာေတြကို သက္သာေစပါတယ္။ အေၾကာင္းကေတာ့ တမာ႐ြက္မွာ ပိုးသတ္အာနိသင္ရွိၿပီး ဥသွ်စ္ ပင္အျမစ္ပိုင္းမွာ ေသြးတိတ္ေစတဲ့ အစြမ္း ရွိလို႔ပါ။

အသက္ရႉလမ္းေၾကာင္း ေရာဂါေဝဒနာ ေတြကို သက္သာေစပါတယ္ ။ဥသွ်စ္႐ြက္ကရလာတဲ့ အဆီကို ရႉ ေပးရင္ မၾကာခဏ အေအးမိတာ၊ အ သက္ရႉလမ္းေၾကာင္း ေဝဒနာေတြကို ယာယီသက္သာေစပါတယ္။ဥသွ်စ္႐ြက္ အဆီကို ႏွမ္းဆီနဲ႔ ဆတူေရာၿပီး နားထင္မွာ လိမ္းၿပီး ႏွိပ္နယ္ေပးရင္ ေခါင္းကိုက္တာကို သက္သာေစသလို အေအးမိ ေဝဒနာကိုလည္း ေလ်ာ့ပါးေစပါတယ္။ဥသွ်စ္႐ြက္ျပဳတ္ရည္ထဲ င႐ုတ္ေကာင္း နည္းနည္းထည့္ေသာက္ရင္ ေခ်ာင္းဆိုးတာနဲ႔ အသက္ရႉလမ္းေၾကာင္းေဝဒနာေတြကို သက္သာေစပါတယ္။ အစာမေၾကတာနဲ႔ အူမႀကီး ပိုးဝင္မႈ ကို သက္သာေစပါတယ္။ ဥသွ်စ္သီးဟာ အစာအိမ္နဲ႔ အူမႀကီး ျပႆနာေတြကို သက္သာေစတဲ့ အလြန္ အစြမ္းထက္ အိမ္သုံးေဆးတစ္လက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အစာမၾကတာနဲ႔ အူမႀကီး ပိုးဝင္တာေတြလို ေဝဒနာေတြကို ကုသရာမွာ သုံးၾကပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *