က်န္းမာ‌‌ေရးအသိ

ဆန်ပုန်းရည် ပြုလုပ်နည်း၊ အကောင်းဆုံး ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး

(Unicode)

ဆန်ပုန်းရည် ပြုလုပ်နည်း ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး

ဆန်ပုန်းရည်မှာ လူကို အကျိုးပြုစေသည့် Probiotic များစွာ ပါဝင်တဲ့ ကျန်းမာရေး အတွက် အရာရောက်သော အရည်တစ်မျိုးဖြစ်ပါတယ်။ ရှမ်း၊ မွန်လူမျိုးများမှာ ဆန်ပုန်းရည်အိုး တည်ပြီး အသုံးပြုတာ တွေ့ရပါတယ်။

ဆန်ပုန်းရည် ပြုလုပ်နည်း –

ထမင်းချက်လျှင် ဒုတိယဆန်ဆေး ရည်နင့် တတိယ ဆန်ဆေးရည်တို့ကိုယူပြီး အိုးသစ် ၁ လုံးတွင် ထည့်ပါ။ အိုးသစ် သုံးရခြင်းမှာ ဆန်ပုန်းရည် မပုပ်စေရန်နှင့် အနံ့ဆိုများ ကင်းစေရန်ဖြစ်တယ်) ဆားသင့်ရုံ သန့်ရှင်းသော ထမင်းကြ မ်း အနည်းငယ်ထည့်ပြီး အိုးလုံအောင်ဖုံး ထားပါ ၃ ရက်ကျော်လျှင် ချဉ်လာပါမည်။ အချဉ် ရလာပါက မနက်ပိုင်း ဆားနဲ့ ထမင်းကြမ်း ထည့်ပါက ညနေပိုင်းဆန်ပုံးရည် ဖြစ်ပါတယ်။

အသုံးဝင်ပုံ –

၁။ကန်စွန်းရွက် မုန်လာရွက် အသား. ငါး. ပုဇွန်. နှင့် ချဉ်ဟင်းချက်ရာတွင် မန် ကျည်းသီး အစား ဆန်ပုန်းရည်ဖြင့် ချက်နိုင်ပါတယ်။ အတို့ အမြုပ်များ ပြုတ်ရာမှာလည်း အစာကြေပြီး အလွန် ခံတွင်းလိုက်ပါတယ်

၂။သားငါး ခုတ်ထစ်ပြီး ဆေးလျှင်လည်း အညှိ အကျိ. အချွဲများ ပျောက်ပါတယ်။ ရေအစား ဆန်ပုန်းရည် ထည့်ချက်ပါက နူးလွယ်ပါတယ်။ ငါးပိသိပ်ရာမှာလည်း သုံးပါက နူးနပ် မွှေးကြိုင်လှပါတယ်။

၃။ဆန်ပုံးရည် ၁ ပိသာမှာ ရှောက်သီးအကြီး ၁ လုံးထည့် ရေခမ်းအောင် ပြုတ်ပါ။ ရှောက်သီးမှ အစေ့များထုတ်ပြီး ဆားအနည်းငယ်ထည့် မနက်. ည. ကွမ်းသီးလုံးခန့် စားပေးပါက လေထိုး. လေအောင့်. ရင်ဘတ်နာ. ရောဂါများ ပျောက်စေတယ်လို့ဆိုပါတယ်။

၄။သွေးဆုံးမီးယပ် ပျောက်စေပြီး မီးဖွားရ လွယ်ကူ သက်သာစေတယ်။ အချို့က အစာမကြေလေနာအတွက် ဆန်ပုံးရည်အိုးတွင် ရှောက် သံပုရာခွံများ ထည်ကာ မှီဝဲသုံးစွဲကြသည်။

၅။ဆန်ပုံးရည် ၁ ပိသာမှာ စမုန်မျိုး ၅ ပါး ၅ ပဲသား ကို အဝတ်ဖြင့် ထုပ်ပါ ၃ ရက် ကျော်လျှင် အကြမ်းပုဂံ ၁ လုံးတွင် သကြား အနည်းငယ် စပါးလင် အနည်းငယ် ထုထောင်း ပြီး သောက်ပါက အမျိးသမီးများ အဖြူဆင်းရောဂါ ပျောက်စေပါတယ်။

၆။ဆန်ပုံးရည်အိုးထဲက ထမင်းချဉ်ကို ဆယ်ပြီး ရေစစ်ကာ သားငါး ပုဇွန်. ပဲ နှင့် ထမင်းကြော်စားပါက အလွန် အရသာ ရှိပါတယ်။ ရေနွေးကြမ်းနဲ့ အလွန်လိုက်လှပါတယ်။ ထိုထမင်းချဉ်ကို ငရုတ်. ကြက်သွန်ဆီ. ဆားနဲ့ သုပ်စားတာလည်း အလွန်ကောင်းပါတယ်။

၇။ဆန်ပုံးရည်ကို မနက်စာ မစားမီ အဝသောက်ပါက ဆီး လေကောင်းစေပါတယ်။ အပူဒါဏ်အအေးဒါဏ် ခံနိုင်ရည်ရှိစေပါတယ်။ ပန်းလန်းပြီး ဒူလာကောင်း တယ်လို့ ဆိုပါတယ်။

၈။ကြောင်ပန်းရွက်ကို ဆန်ဆေးရည်နဲ့ ပြုတ်ပြီး ကြက်သွန်. ဆီ.ဆား. ငါး ကျည်း ခြောက်နှင့် သုပ်စားပါက သူငယ်နာ ဝမ်းပျက်. မီးယပ်ဝမ်းပျက် ပျောက်စေတဲ့အပြင် သကျည်းကိုက်ခြင်း ရောဂါများကို ပျောက်စေပါတယ်။

၉။လူကြီး သူမများက အိမ်နောက်ဖေး ဆန်ပုန်းရည်တည်ပြီး အိမ်ရှေ့ စပါးလင်မွှေး စိုက်ပါက တစ္ဆေ သရဲ ပရောဂများ ကင်းစေတယ်လို့ ဆိုပါတယ်။

၁၀။ဆံသားတွေကောင်းပြီး မဲနက်တောက်ပြောင်စေဖို့ ဆန်ပုန်းရည်ကို ခေါင်း မလျှော်မီ နာရီဝက်ကြိုပြီး ဦးရေ ဆံရင်းထိအောင်လိမ်းပြီး စိမ့်ဝင်စေရန် ၂၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးမှ ရိုးရိုးရေနဲ့ဆေးပြီး တရော် ကင်ပွန်း ခေါင်းလျော်ရေနဲ့ လျော်ပါ။

၁၁။ဆန်ပုန်းရည်က ချွေးပေါက်များကို ကင်းစေပြီး အသားအရေ လှပဝင်းလက်စေလို့ မျက်နှာသန့်ဆေးရည် အရေပြားလှဆေးရည်အဖြစ် မနက်ပိုင်းနဲ့ ညနေပိုင်း ဆေးပေး လိမ်ပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ဒီလို လက်စွဲသုံးလာကြတဲ့ ဆန်ပုံးရည်ရဲ့ ကောင်းကျိုးတွေကို မှတ်သားထားပြီး အလေ အလွင့်မဖြစ်စေပဲ ဆေးအဖြစ် သုံးနိုင်စေရန် ရေးသားမျှဝေလိုက်ပါတယ်။

Credit – ဆရာရဲ ( မင်္ဂလာတိုင်းရင်းဆေး)

(Zawgyi)

ဆန္ပုန္းရည္ ျပဳလုပ္နည္း ေဆးဖက္ဝင္ပုံႏွင့္ သုံးစြဲနည္း (၁၁) မ်ိဳး

ဆန္ပုန္းရည္မွာ လူကို အက်ိဳးျပဳေစသည့္ Probiotic မ်ားစြာ ပါဝင္တဲ့ က်န္းမာေရး အတြက္ အရာေရာက္ေသာ အရည္တစ္မ်ိဳးျဖစ္ပါတယ္။ ရွမ္း၊ မြန္လူမ်ိဳးမ်ားမွာ ဆန္ပုန္းရည္အိုး တည္ၿပီး အသုံးျပဳတာ ေတြ႕ရပါတယ္။

ဆန္ပုန္းရည္ ျပဳလုပ္နည္း –

ထမင္းခ်က္လွ်င္ ဒုတိယဆန္ေဆး ရည္နင့္ တတိယ ဆန္ေဆးရည္တို႔ကိုယူၿပီး အိုးသစ္ ၁ လုံးတြင္ ထည့္ပါ။ အိုးသစ္ သုံးရျခင္းမွာ ဆန္ပုန္းရည္ မပုပ္ေစရန္ႏွင့္ အနံ႔ဆိုမ်ား ကင္းေစရန္ျဖစ္တယ္) ဆားသင့္႐ုံ သန႔္ရွင္းေသာ ထမင္းၾက မ္း အနည္းငယ္ထည့္ၿပီး အိုးလုံေအာင္ဖုံး ထားပါ ၃ ရက္ေက်ာ္လွ်င္ ခ်ဥ္လာပါမည္။ အခ်ဥ္ ရလာပါက မနက္ပိုင္း ဆားနဲ႔ ထမင္းၾကမ္း ထည့္ပါက ညေနပိုင္းဆန္ပုံးရည္ ျဖစ္ပါတယ္။

အသုံးဝင္ပုံ –

၁။ကန္စြန္း႐ြက္ မုန္လာ႐ြက္ အသား. ငါး. ပုဇြန္. ႏွင့္ ခ်ဥ္ဟင္းခ်က္ရာတြင္ မန္ က်ည္းသီး အစား ဆန္ပုန္းရည္ျဖင့္ ခ်က္ႏိုင္ပါတယ္။ အတို႔ အျမဳပ္မ်ား ျပဳတ္ရာမွာလည္း အစာေၾကၿပီး အလြန္ ခံတြင္းလိုက္ပါတယ္

၂။သားငါး ခုတ္ထစ္ၿပီး ေဆးလွ်င္လည္း အညႇိ အက်ိ. အခြၽဲမ်ား ေပ်ာက္ပါတယ္။ ေရအစား ဆန္ပုန္းရည္ ထည့္ခ်က္ပါက ႏူးလြယ္ပါတယ္။ ငါးပိသိပ္ရာမွာလည္း သုံးပါက ႏူးနပ္ ေမႊးႀကိဳင္လွပါတယ္။

၃။ဆန္ပုံးရည္ ၁ ပိသာမွာ ေရွာက္သီးအႀကီး ၁ လုံးထည့္ ေရခမ္းေအာင္ ျပဳတ္ပါ။ ေရွာက္သီးမွ အေစ့မ်ားထုတ္ၿပီး ဆားအနည္းငယ္ထည့္ မနက္. ည. ကြမ္းသီးလုံးခန႔္ စားေပးပါက ေလထိုး. ေလေအာင့္. ရင္ဘတ္နာ. ေရာဂါမ်ား ေပ်ာက္ေစတယ္လို႔ဆိုပါတယ္။

၄။ေသြးဆုံးမီးယပ္ ေပ်ာက္ေစၿပီး မီးဖြားရ လြယ္ကူ သက္သာေစတယ္။ အခ်ိဳ႕က အစာမေၾကေလနာအတြက္ ဆန္ပုံးရည္အိုးတြင္ ေရွာက္ သံပုရာခြံမ်ား ထည္ကာ မွီဝဲသုံးစြဲၾကသည္။

၅။ဆန္ပုံးရည္ ၁ ပိသာမွာ စမုန္မ်ိဳး ၅ ပါး ၅ ပဲသား ကို အဝတ္ျဖင့္ ထုပ္ပါ ၃ ရက္ ေက်ာ္လွ်င္ အၾကမ္းပုဂံ ၁ လုံးတြင္ သၾကား အနည္းငယ္ စပါးလင္ အနည္းငယ္ ထုေထာင္း ၿပီး ေသာက္ပါက အမ်ိးသမီးမ်ား အျဖဴဆင္းေရာဂါ ေပ်ာက္ေစပါတယ္။

၆။ဆန္ပုံးရည္အိုးထဲက ထမင္းခ်ဥ္ကို ဆယ္ၿပီး ေရစစ္ကာ သားငါး ပုဇြန္. ပဲ ႏွင့္ ထမင္းေၾကာ္စားပါက အလြန္ အရသာ ရွိပါတယ္။ ေရေႏြးၾကမ္းနဲ႔ အလြန္လိုက္လွပါတယ္။ ထိုထမင္းခ်ဥ္ကို င႐ုတ္. ၾကက္သြန္ဆီ. ဆားနဲ႔ သုပ္စားတာလည္း အလြန္ေကာင္းပါတယ္။

၇။ဆန္ပုံးရည္ကို မနက္စာ မစားမီ အဝေသာက္ပါက ဆီး ေလေကာင္းေစပါတယ္။ အပူဒါဏ္အေအးဒါဏ္ ခံႏိုင္ရည္ရွိေစပါတယ္။ ပန္းလန္းၿပီး ဒူလာေကာင္း တယ္လို႔ ဆိုပါတယ္။

၈။ေၾကာင္ပန္း႐ြက္ကို ဆန္ေဆးရည္နဲ႔ ျပဳတ္ၿပီး ၾကက္သြန္. ဆီ.ဆား. ငါး က်ည္း ေျခာက္ႏွင့္ သုပ္စားပါက သူငယ္နာ ဝမ္းပ်က္. မီးယပ္ဝမ္းပ်က္ ေပ်ာက္ေစတဲ့အျပင္ သက်ည္းကိုက္ျခင္း ေရာဂါမ်ားကို ေပ်ာက္ေစပါတယ္။

၉။လူႀကီး သူမမ်ားက အိမ္ေနာက္ေဖး ဆန္ပုန္းရည္တည္ၿပီး အိမ္ေရွ႕ စပါးလင္ေမႊး စိုက္ပါက တေစၦ သရဲ ပေရာဂမ်ား ကင္းေစတယ္လို႔ ဆိုပါတယ္။

၁၀။ဆံသားေတြေကာင္းၿပီး မဲနက္ေတာက္ေျပာင္ေစဖို႔ ဆန္ပုန္းရည္ကို ေခါင္း မေလွ်ာ္မီ နာရီဝက္ႀကိဳၿပီး ဦးေရ ဆံရင္းထိေအာင္လိမ္းၿပီး စိမ့္ဝင္ေစရန္ ၂၀ မိနစ္ခန႔္ ႏွပ္ထားပါ။ ၿပီးမွ ႐ိုး႐ိုးေရနဲ႔ေဆးၿပီး တေရာ္ ကင္ပြန္း ေခါင္းေလ်ာ္ေရနဲ႔ ေလ်ာ္ပါ။

၁၁။ဆန္ပုန္းရည္က ေခြၽးေပါက္မ်ားကို ကင္းေစၿပီး အသားအေရ လွပဝင္းလက္ေစလို႔ မ်က္ႏွာသန႔္ေဆးရည္ အေရျပားလွေဆးရည္အျဖစ္ မနက္ပိုင္းနဲ႔ ညေနပိုင္း ေဆးေပး လိမ္ေပးျခင္းျဖင့္ အသုံးျပဳႏိုင္ပါတယ္။ ဒီလို လက္စြဲသုံးလာၾကတဲ့ ဆန္ပုံးရည္ရဲ႕ ေကာင္းက်ိဳးေတြကို မွတ္သားထားၿပီး အေလ အလြင့္မျဖစ္ေစပဲ ေဆးအျဖစ္ သုံးႏိုင္ေစရန္ ေရးသားမွ်ေဝလိုက္ပါတယ္။

Credit – ဆရာရဲ ( မဂၤလာတိုင္းရင္းေဆး)

Leave a Reply

Your email address will not be published. Required fields are marked *