ဗဟုတုသ

အမေ လိမ်ပြောခဲ့တယ်နော်

(Unicode)

အမေ လိမ်ပြောခဲ့တယ်နော်

=====================

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြလိုက်တယ်။ သူက ငယ်သေးတော့ စာမဖတ်တတ်သေးဘူး။ အမေဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်တယ်။ ပြီးတော့ အယ်ဒီဆင်ကြားအောင် စာကို အော်ပြီး ဖတ်ပြလိုက်တယ်။

အမရဲ့ သားဟာ အလွန်ဥာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”

အဲဒီအချိန်ကစပြီး သူ့ကို အမေက အိမ်မှာပဲ စာသင်ပေးပါတယ်။ နှစ်ပေါင်းများစွာ ကြာတော့ သူ့အမေ ကွယ်လွန်သွားတယ်။ မကြာခင်မှာပဲ အယ်ဒီဆင်ဟာ ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်တဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ သူဟာ သူ့အမေရဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးကို ဖွင့်ပြီး ဘာတွေ ရှိသလဲဆိုတာ ကြည့်လိုက်တယ်။ အ၀တ်အစားဟောင်းတွေနဲ့ ဝါကျင့်ကျင့်ဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။ စာမှာ ရေးထားတာက

အမရဲ့ သားဟာ ဥာဏ်ရည်အလွန်နိမ့်ပါးနေပါတယ်။ သူ တစ်သက်လုံး စာတတ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့က စပြီး ကျောင်းထုတ်လိုက်ပါပြီ”

အယ်ဒီဆင်ဟာ စာကို ဖတ်ပြီး ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုလိုက်ပါတယ်။ သူ့ကို တသက်လုံး လိမ်သွားတဲ့ အမေကို စိတ်မနာနိုင်ပါဘူး။ သူ့အမေဟာ သူ့ကို သင်ပြပေးခဲ့လို့ သူဟာ အခုလို ထင်ရှားကျော်ကြားတဲ့ တီထွင်ပညာရှင်ကြီး ဖြစ်လာတယ်ဆိုတာကို သူ ကောင်းကောင်းသိတယ်။

အဲဒီညမှာပဲ သူက သူ့ဒိုင်ယာရီစာအုပ်မှာ ခုလို ရေးမှတ်လိုက်ပါတယ်

သောမတ်စ်အယ်ဒီဆင်ဟာ ဥာဏ်ရည်အလွန်နိမ့်ပါးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အမေက သူ့ကို ကမ္ဘာပေါ်မှာ အလွန်ဥာဏ်ထက်မြက်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်’

မိဘတွေကို မှာချင်ပါတယ်။ ခင်ဗျားတို့ ကလေးတွေကို ကျောင်းက ဆရာ ဆရာမတွေ၊ တခြားလူတွေက ဥာဏ်ထိုင်းတယ်၊ စာသင်လို့ မရဘူးလို့ ပြောရင် လွယ်လွယ်နဲ့ မယုံလိုက်ပါနဲ့။ ကလေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပြောင်းလဲပေးလို့ ရတယ်ဆိုတာကို သိထားစေချင်ပါတယ်။

(Zawgyi)

အေမ လိမ္ေျပာခဲ့တယ္ေနာ္

=====================

ေသာမတ္စ္အယ္ဒီဆင္ဟာ ေက်ာင္းစေနလို႔ တစ္လအၾကာ တစ္ရက္မွာ ေက်ာင္းက ျပန္လာေတာ့ ဆရာမေပးလိုက္တဲ့ စာအိတ္တစ္ခုကို သူ႔အေမကို ျပလိုက္တယ္။ သူက ငယ္ေသးေတာ့ စာမဖတ္တတ္ေသးဘူး။ အေမဟာ စာအိတ္ကို ဖြင့္ဖတ္လိုက္တယ္။ ၿပီးေတာ့ အယ္ဒီဆင္ၾကားေအာင္ စာကို ေအာ္ၿပီး ဖတ္ျပလိုက္တယ္။

အမရဲ႕ သားဟာ အလြန္ဥာဏ္ထက္ျမက္ၿပီး ပါရမီရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ကြၽန္မတို႔ေက်ာင္းမွာ သူ႔ေလာက္ေတာ္တဲ့ ဆရာ ဆရာမေတြ မရွိၾကလို႔ အမပဲ သူ႔ကို စာသင္ေပးလိုက္ပါေနာ္”

အဲဒီအခ်ိန္ကစၿပီး သူ႔ကို အေမက အိမ္မွာပဲ စာသင္ေပးပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာေတာ့ သူ႔အေမ ကြယ္လြန္သြားတယ္။ မၾကာခင္မွာပဲ အယ္ဒီဆင္ဟာ ကမာၻေပၚမွာ ထင္ရွားေအာင္ျမင္တဲ့ တီထြင္သူ သိပၸံပညာရွင္ႀကီးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ တစ္ရက္မွာ သူဟာ သူ႔အေမရဲ႕ ပစၥည္းေတြ ထည့္ထားတဲ့ ေသတၱာတစ္လုံးကို ဖြင့္ၿပီး ဘာေတြ ရွိသလဲဆိုတာ ၾကည့္လိုက္တယ္။ အ၀တ္အစားေဟာင္းေတြနဲ႔ ဝါက်င့္က်င့္ျဖစ္ၿပီး ေဟာင္းႏြမ္းေနတဲ့ စာေလးတစ္ေစာင္ကို ေတြ႕လို႔ ဖတ္ၾကည့္လိုက္တယ္။ စာမွာ ေရးထားတာက

အမရဲ႕ သားဟာ ဥာဏ္ရည္အလြန္နိမ့္ပါးေနပါတယ္။ သူ တစ္သက္လုံး စာတတ္မွာ မဟုတ္ပါဘူး။ ကြၽန္မတို႔ေက်ာင္းမွာ သူ႔ကို လက္မခံႏိုင္လို႔ ဒီေန႔က စၿပီး ေက်ာင္းထုတ္လိုက္ပါၿပီ”

အယ္ဒီဆင္ဟာ စာကို ဖတ္ၿပီး ၀မ္းနည္းလြန္းလို႔ ရႈိက္ႀကီးတငင္ ငိုလိုက္ပါတယ္။ သူ႔ကို တသက္လုံး လိမ္သြားတဲ့ အေမကို စိတ္မနာႏိုင္ပါဘူး။ သူ႔အေမဟာ သူ႔ကို သင္ျပေပးခဲ့လို႔ သူဟာ အခုလို ထင္ရွားေက်ာ္ၾကားတဲ့ တီထြင္ပညာရွင္ႀကီး ျဖစ္လာတယ္ဆိုတာကို သူ ေကာင္းေကာင္းသိတယ္။

အဲဒီညမွာပဲ သူက သူ႔ဒိုင္ယာရီစာအုပ္မွာ ခုလို ေရးမွတ္လိုက္ပါတယ္

ေသာမတ္စ္အယ္ဒီဆင္ဟာ ဥာဏ္ရည္အလြန္နိမ့္ပါးသူတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔အေမက သူ႔ကို ကမာၻေပၚမွာ အလြန္ဥာဏ္ထက္ျမက္ၿပီး တီထြင္တတ္တဲ့ သိပၸံပညာရွင္ႀကီးတစ္ေယာက္ ျဖစ္ေအာင္ လုပ္ေပးခဲ့ပါတယ္’

မိဘေတြကို မွာခ်င္ပါတယ္။ ခင္ဗ်ားတို႔ ကေလးေတြကို ေက်ာင္းက ဆရာ ဆရာမေတြ၊ တျခားလူေတြက ဥာဏ္ထိုင္းတယ္၊ စာသင္လို႔ မရဘူးလို႔ ေျပာရင္ လြယ္လြယ္နဲ႔ မယုံလိုက္ပါနဲ႔။ ကေလးေတြရဲ႕ အနာဂတ္ကို မိဘေတြ ေျပာင္းလဲေပးလို႔ ရတယ္ဆိုတာကို သိထားေစခ်င္ပါတယ္။

Credit,ဗန္းေမာ္သိန္းေဖ

Leave a Reply

Your email address will not be published. Required fields are marked *