က်န္းမာ‌‌ေရးအသိ

မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ)

(Unicode)

မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ)

မုန်လာဥကို ခပ်ပါးပါးလှီး။ ရေဆေး။ ကြက်သွန်နီ ပါးပါးလှီးထည့်။ သံပုရာရည်များများညှစ်ထည့်၊ ငြုတ်သီးထည့်။ မြေပဲပုစွန်ခြောက် ထောင်းထည့်။ သကြား၊ ဆားထည့်နယ်။ အရသာက ချဉ်ချဉ်စပ်စပ် လတ်လတ်ဆတ်ဆတ်မို့ မုန်လာချဉ်သုပ်ထက် ပိုကောင်း။(အစိမ်းနံ့ မနံပါ) တချို့က ရှတတအရသာနဲ့ အစိမ်းနံ့ပျောက်အောင် ဆားနဲ့ နယ် ၊ရှာလကာရှည်နဲ့နှပ်ကာ အရည်ညှစ်ထုတ်ပြီးမှ သုပ်စားတတ်ကြပါတယ်။

ကျန်းမာရေး

၁။သွေးအားကောင်းစေပါတယ်။

၂။အမျှင်ဓာတ်များစွာပါပါတယ်။ဝမ်းချုပ်တာကာကွယ်။

၃။နှလုံးထိခိုက်မှုတွေက ကာကွယ်ပေးပါတယ်။

၄။သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးပေါင် ထိန်းညှိပေးပါတယ်။

၅။ဘီတာမင်စီ များစွာပါလို့ ကိုယ်ခံအား ကောင်းစေပါတယ်။

၆။ရေဓာတ်ကိုဖြည့်တင်းပေးပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုပါတယ်။

Credit-Ham Sai

(Zawgyi)

မုန္လာဥ အစိမ္းသုပ္ ျပဳလုပ္နည္း (အစားလည္းေဆး ေဆးလည္းအစာ)

မုန္လာဥကို ခပ္ပါးပါးလွီး။ ေရေဆး။ ၾကက္သြန္နီ ပါးပါးလွီးထည့္။ သံပုရာရည္မ်ားမ်ားညႇစ္ထည့္၊ ျငဳတ္သီးထည့္။ ေျမပဲပုစြန္ေျခာက္ ေထာင္းထည့္။ သၾကား၊ ဆားထည့္နယ္။ အရသာက ခ်ဥ္ခ်ဥ္စပ္စပ္ လတ္လတ္ဆတ္ဆတ္မို႔ မုန္လာခ်ဥ္သုပ္ထက္ ပိုေကာင္း။(အစိမ္းနံ႔ မနံပါ) တခ်ိဳ႕က ရွတတအရသာနဲ႔ အစိမ္းနံ႔ေပ်ာက္ေအာင္ ဆားနဲ႔ နယ္ ၊ရွာလကာရွည္နဲ႔ႏွပ္ကာ အရည္ညႇစ္ထုတ္ၿပီးမွ သုပ္စားတတ္ၾကပါတယ္။

က်န္းမာေရး

၁။ေသြးအားေကာင္းေစပါတယ္။

၂။အမွ်င္ဓာတ္မ်ားစြာပါပါတယ္။ဝမ္းခ်ဳပ္တာကာကြယ္။

၃။ႏွလုံးထိခိုက္မႈေတြက ကာကြယ္ေပးပါတယ္။

၄။ေသြးတိုးသမားေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ေသြးေပါင္ ထိန္းညႇိေပးပါတယ္။

၅။ဘီတာမင္စီ မ်ားစြာပါလို႔ ကိုယ္ခံအား ေကာင္းေစပါတယ္။

၆။ေရဓာတ္ကိုျဖည့္တင္းေပးၿပီး အေရျပားက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

Credit-Ham Sai

Leave a Reply

Your email address will not be published. Required fields are marked *