က်န္းမာ‌‌ေရးအသိ

သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။ ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။ အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။

ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း – နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာ အစပြုခြင်းလို့ ယူဆနိုင်ပါတယ်။ ဒီလိုနာကျင် ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့် ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

အဆက်မပြတ် ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ် ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့ ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။

အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ လေကပြန်ထွက်သွားပြီး ရှူထုတ်လိုက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲကထွက်လာတဲ့ လေကုန်သည်အထိရှူထုတ်လို့မရဘဲ ဖြစ်နေရင် ဒါကို အသက်ရှူရတိုတောင်းတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အခါ အဆုတ်ထဲကို အော်စီဂျင်ရောက်ရှိမှုနည်းလာပြီး မောဟိုက်နေစေပါတယ်။ ဒါကလည်း အဆုတ်မကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

အသားနဲ့မျက်လုံးဝါနေခြင်း – အသားအရောင်နဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်ဘဲ အနည်းငယ်ဝါနေတာမျိုးကို အဆုတ်မကောင်းတဲ့လက္ခဏာလို့ သိတဲ့သူနည်းပါတယ်။ အသားဝါ၊ မျက်လုံးဝါရင် အသည်းကြောင့်လို့ပဲထင်ကြတာပါ။ တကယ်တော့ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတစ်ခုပါ။ အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အသားဝါ၊မျက်လုံးဝါတာ တွဲပြီးဖြစ်နေပြီဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။ ဒါကြောင့် ဒီလိုတွေဖြစ်နေရင် ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း – အလုပ်လုပ်ရလို့၊ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းတာက သဘာဝပါပဲ။ ဒီလိုမဟုတ်ဘဲ အိပ်ရေးဝဝအိပ်လည်းပင်ပန်း၊ ဘာမှမလုပ်ဘဲနေလည်းပင်ပန်း၊ ပင်ပန်းနေလို့အစားစားချင်စိတ်ရှိလားဆိုတော့လည်းမရှိ၊ ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ အဆုတ်မှာပြဿနာတစ်ခုခုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

Credit- Original Uploader

(Zawgyi)

သင့္ရဲ႕အဆုတ္မွာထိခိုက္ပ်က္စီးမႈေတြျဖစ္ေနၿပီဆိုတာ ျပသေနတဲ့လကၡဏာမ်ား

ေခတ္ကတိုးတက္လာၿပီး လူသားအရင္းအျမစ္ကမ်ားျပားလာတဲ့အခ်ိန္မွာ သန႔္စင္တဲ့ေလထုကလည္း ရွားသထက္ရွားပါးလာပါတယ္။ ဒီေတာ့ လူသားေတြရဲ႕အဆုတ္ကို ပိုပိုၿပီး ထိခိုက္လာေစပါတယ္။ အဆုတ္ထိခိုက္ပ်က္စီးေနတဲ့ထဲမွာ သင္ပါေနၿပီဆိုတာကိုေတာ့ ဒီအခ်က္ေတြကိုၾကည့္ၿပီးသိႏိုင္ပါတယ္။ ဒါေတြျဖစ္လာရင္ မေပါ့ဆဘဲ ေဆးစစ္ကုသမႈခံယူၿပီး အဆုတ္ကိုေသခ်ာဂ႐ုစိုက္သင့္ပါတယ္။

ပခုံးနဲ႔ေနာက္ေက်ာနာက်င္ကိုက္ခဲျခင္း – ေနာက္ေက်ာ၊ ပခုံးနဲ႔ ရင္ဘတ္ေနရာေတြမွာ တစ္ခ်က္တစ္ခ်က္စူးၿပီးနာတာမ်ိဳး ဆက္တိုက္ျဖစ္ေနရင္ အဆုတ္ကင္ဆာ အစျပဳျခင္းလို႔ ယူဆႏိုင္ပါတယ္။ ဒီလိုနာက်င္ ကိုက္ခဲတာေတြက အဆုတ္ကင္ဆာေၾကာင့္လို႔ တစ္ထစ္ခ်ေျပာလို႔မရေပမယ့္ ပုံမွန္က်န္းမာေရးေကာင္းေနတဲ့လကၡဏာေတာ့မဟုတ္တာေၾကာင့္ ဆရာဝန္နဲ႔ျပၿပီးစစ္ေဆးၾကည့္တာ ပိုေကာင္းပါလိမ့္မယ္။

အဆက္မျပတ္ ေခ်ာင္းဆိုးျခင္း – ေခ်ာင္းဆိုးတာက အေအးမိလို႔လည္းျဖစ္ႏိုင္ေပမယ့္ အဆက္မျပတ္ ေခ်ာင္းဆိုးမယ္၊ ခြၽဲက်ပ္မယ္၊ ခြၽဲအေရာင္ကပုံမွန္မဟုတ္တဲ့အေရာင္မ်ိဳးျဖစ္မယ္၊ အနံ႔အသက္ဆိုးေတြထြက္ေနမယ္ ဆိုရင္ေတာ့ ဒါေတြဟာ အဆုတ္မွာေရာဂါတစ္ခုခုျဖစ္ေနတဲ့လကၡဏာပါ။ ေခ်ာင္းဆိုးတဲ့အခ်ိန္ ေသြးပါတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ခ်က္ခ်င္းျပဖို႔လိုေနတဲ့ အေရးေပၚအေျခအေနမ်ိဳးျဖစ္ေနပါၿပီ။

အသက္ရႉရတိုေတာင္းျခင္း – အသက္ရႉသြင္းတဲ့အခါ အဆုတ္ထဲအထိရႉသြင္းလို႔မရဘဲ ေလကျပန္ထြက္သြားၿပီး ရႉထုတ္လိုက္တဲ့အခါမွာလည္း ခႏၶာကိုယ္ထဲကထြက္လာတဲ့ ေလကုန္သည္အထိရႉထုတ္လို႔မရဘဲ ျဖစ္ေနရင္ ဒါကို အသက္ရႉရတိုေတာင္းတယ္လို႔ေျပာလို႔ရပါတယ္။ အဲ့ဒီလိုျဖစ္ေနတဲ့အခါ အဆုတ္ထဲကို ေအာ္စီဂ်င္ေရာက္ရွိမႈနည္းလာၿပီး ေမာဟိုက္ေနေစပါတယ္။ ဒါကလည္း အဆုတ္မေကာင္းတဲ့ လကၡဏာတစ္ရပ္ပါပဲ။

အသားနဲ႔မ်က္လုံးဝါေနျခင္း – အသားအေရာင္နဲ႔ မ်က္လုံးအေရာင္က ပုံမွန္မဟုတ္ဘဲ အနည္းငယ္ဝါေနတာမ်ိဳးကို အဆုတ္မေကာင္းတဲ့လကၡဏာလို႔ သိတဲ့သူနည္းပါတယ္။ အသားဝါ၊ မ်က္လုံးဝါရင္ အသည္းေၾကာင့္လို႔ပဲထင္ၾကတာပါ။ တကယ္ေတာ့ ဒါဟာ အဆုတ္ကင္ဆာရဲ႕လကၡဏာတစ္ခုပါ။ အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြနဲ႔ အသားဝါ၊မ်က္လုံးဝါတာ တြဲၿပီးျဖစ္ေနၿပီဆိုရင္ေတာ့ အဆုတ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားေနပါတယ္။ ဒါေၾကာင့္ ဒီလိုေတြျဖစ္ေနရင္ ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။

အၿမဲလိုလို ေမာပန္းႏြမ္းနယ္ေနျခင္း – အလုပ္လုပ္ရလို႔၊ သြားလာလႈပ္ရွားေနရလို႔ ပင္ပန္းတာက သဘာဝပါပဲ။ ဒီလိုမဟုတ္ဘဲ အိပ္ေရးဝဝအိပ္လည္းပင္ပန္း၊ ဘာမွမလုပ္ဘဲေနလည္းပင္ပန္း၊ ပင္ပန္းေနလို႔အစားစားခ်င္စိတ္ရွိလားဆိုေတာ့လည္းမရွိ၊ ဒါမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ေတာ့ အဆုတ္မွာျပႆနာတစ္ခုခုရွိေနျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။

Credit- Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *