ဗဟုတုသ

အိမ်တွင် မစိုက်အပ်သော ဂမုန်းပင်အချို့။

(Unicode)

အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ

ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေးကတော့ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ ခြုံငုံခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။

ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။ အဲအပင်(၃)မျိုးကို စိုက်ပျိုးရေးဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆင်စွယ်ဂမုန်း

ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်း တူပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။

ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါက တစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောကမျိုးစုံ ဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေချင်ပါတယ်။

၂။ ဆင်ဂမုန်း

ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်း မိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ ဆင်ဂမုန်းစိုက်ပျိုးသူ ၉၀ရာခိုင်နှုန်းဟာ ကျန်းမာရေးအန္တရာယ် ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ ဒါကြောင့် ဆင်ဂမုန်းဟာ အိမ်တွင်းမှာ စိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့ ဂမုန်းပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်း

ကုမုဒ်ကြာဂမုန်းကတော့ အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့ အရွက်ပုံစံမျိုးလေးပါ။ ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေ ပွင့်တက်ပါတယ်။ ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။ ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခ မကြာခဏ ဖြစ်ပွားတက်ပါတယ်။

သုတေသနလုပ်သေူတွမှ ကုမုဒ်ကြာဂမုန်းကို စိုက်ပျိုးလေ့လာခဲ့ရာ မိသားစုတွင်း ပြဿနာမျိုးစုံ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ ကုမုဒ်ကြာဂမုန်းကို နုတ်ပြီး စွန့်ပစ်ခဲ့ချိန်မှာတော့ မိသားစုသောကတွေ ငြိမ်းအေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်အိမ်တွင်းမှာ ကုမုဒ်ကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

Credit-My Mandalay

(Zawgyi)

အိမ္တြင္ မစိုက္အပ္ေသာ(ခိုက္ေသာ) ဂမုန္းပင္မ်ား

ဂမုန္းဆိုတဲ့ အပင္မ်ိဳးႏြယ္ေလးကေတာ့ ျမန္မာလူမ်ိဳးေတြအတြက္ သိပ္မစိမ္းတဲ့ အပင္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဥရွိတဲ့ အပင္မ်ားစြာကို ဂမုန္းလို႔ ၿခဳံငုံေခၚေဝၚၾကၿပီးေတာ့ တခ်ိဳ႕ဂမုန္းပင္ေတြက အပင္ႀကီးေတြမွာ တြယ္ကပ္ေပါက္တက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။

ေရွးေခတ္က ျမန္မာလူမ်ိဳးေတြဟာ ဂမုန္းပင္ေလးေတြကို စီးပြားလာဘ္လာဘ တိုးတက္ဖို႔၊ ရာထူးအာဏာ တိုးတက္ဖို႔၊ ဧည့္ေကာင္းေဆာင္ေကာင္းလာဖို႔၊ မီးကြင္းဖို႔၊ သူခိုး-ဓားျပ အႏၲရာယ္ကင္းဖို႔ ဆိုၿပီး ၿခံဝန္းထဲမွာ စိုက္ပ်ိဳးခဲ့ၾကသလို အခုေခတ္မွာေတာ့ အိမ္တြင္းအပင္ေလးေတြ အျဖစ္ပါ စိုက္ပ်ိဳးလာၾကပါတယ္။ ဒါက ျပႆနာမဟုတ္ေပမယ့္ ဂမုန္းပင္ေတြထဲမွာမွ အိမ္တြင္းမွာ လုံးဝမစိုက္ပ်ိဳးသင့္တဲ့ အပင္ေတြကလည္း ရွိေနပါတယ္။ အဲအပင္(၃)မ်ိဳးကို စိုက္ပ်ိဳးေရးဝါသနာရွင္ေတြ သထိထားဆင္ျခင္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဆင္စြယ္ဂမုန္း

ဆင္စြယ္ဂမုန္းကေတာ့ ေျမႀကီးမွ တစ္ပင္ခ်င္းေပါက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။ ဒန႔္သလြန္သီးနဲ႔ အပင္ခ်င္း တူပါတယ္။ ဆင္စြယ္ဂမုန္းဟာ စိုက္ပ်ိဳးသူကို စီးပြားလာဘ္လာဘျဖစ္ေစတဲ့ ဂမုန္းမ်ိဳးမဟုတ္ပဲ အမ်ိဳးသားေတြ ဒီအပင္ကို ေက်ာ္ျဖတ္မိပါက အူက်ျခင္းကို ျဖစ္ေစတက္တယ္လို႔ တခ်ိဳ႕ကလည္း ေျပာၾကပါတယ္။ ဒါ့အျပင္ ငါးရံ႕၊ ငါးကြင္းႏွင့္ ဆင္စြယ္တစ္ေထာင့္ ေရာခ်က္ပါက ဒူလာေသြးဝမ္းပ်က္တယ္လို႔လည္း ေျပာၾကပါတယ္။

ဆင္စြယ္ဂမုန္းစိုက္ပ်ိဳးၿပီး စီးပြားတက္လာပါက တစ္ဦးနဲ႔တစ္ဦး အေၾကာင္းမရွိပဲ ရန္လိုျခင္း၊ မိသားစုအတြင္း ျပႆနာအမ်ိဳးမ်ိဳးျဖစ္ရျခင္း၊ မႈခင္းတစ္ခုခု ျဖစ္တက္ျခင္း၊ ေဘးရန္မ်ားျခင္း စတဲ့ စိတ္ေသာကမ်ိဳးစုံ ျဖစ္ပြားတက္တဲ့ ဂမုန္းပင္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂမုန္း စိုက္ပ်ိဳးသူေတြအေနနဲ႔ ဆင္စြယ္ဂမုန္းကိုေတာ့ အထူးေရွာင္ၾကဥ္ေစခ်င္ပါတယ္။

၂။ ဆင္ဂမုန္း

ဆင္ဂမုန္းရဲ႕ အ႐ြက္ဟာ ကြမ္း႐ြက္နဲ႔ပုံစံတူၿပီးေတာ့ အ႐ြက္ထူၿပီး အစိမ္းရံကို အဝါေဖာက္ထားတဲ့ ပုံစံမ်ိဳးပါ။ ဒီဂမုန္းပင္ကို စိုက္မယ္ဆိုရင္ စီးပြားလာဘ္လာဘေတြ တိုးတက္ေစသည္မွန္ေသာ္လည္း မိသားစုထဲမွ တစ္ေယာက္ေယာက္ကို က်န္းမာေရးခ်ိဳ႕ယြင္းေစပါတယ္။ ဆင္ဂမုန္းစိုက္ပ်ိဳးသူ ၉၀ရာခိုင္ႏႈန္းဟာ က်န္းမာေရးအႏၲရာယ္ ႀကဳံရတက္တယ္လို႔ ေလ့လာေတြ႕ရွိသူေတြက ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဆင္ဂမုန္းဟာ အိမ္တြင္းမွာ စိုက္ပ်ိဳးဖို႔ လုံးဝမသင့္ေတာ္တဲ့ ဂမုန္းပင္ေတြထဲမွာ တစ္ခုအပါအဝင္ပဲ ျဖစ္ပါတယ္။

၃။ ကုမုဒ္ၾကာဂမုန္း

ကုမုဒ္ၾကာဂမုန္းကေတာ့ အ႐ြက္ရွည္ၿပီး ေဘးအနားေတြက လႈိင္းတြန႔္ေနတဲ့ အ႐ြက္ပုံစံမ်ိဳးေလးပါ။ ဒီဂမုန္းကေတာ့ ညဘက္ေတြမွာ ဖူးတံထြက္ၿပီး အျဖဴေရာင္အပြင့္ေလးေတြ ပြင့္တက္ပါတယ္။ ၾကာပြင့္ေတြလို အထပ္မမ်ားေသာ္လည္း ၾကာပြင့္နဲ႔ ပုံစံတူတာေၾကာင့္ ကုမုဒ္ၾကာဂမုန္းလို႔ ေခၚၾကတာျဖစ္ပါတယ္။ ကုမုဒ္ၾကာဂမုန္းဟာ စီးပြားလာဘ္လာဘေတြ ျဖစ္ေစေသာ္လည္း မိသားစုအတြင္း ပဋိပကၡ မၾကာခဏ ျဖစ္ပြားတက္ပါတယ္။

သုေတသနလုပ္ေသူတြမွ ကုမုဒ္ၾကာဂမုန္းကို စိုက္ပ်ိဳးေလ့လာခဲ့ရာ မိသားစုတြင္း ျပႆနာမ်ိဳးစုံ ႀကဳံေတြ႕ရတယ္လို႔ ဆိုပါတယ္။ ကုမုဒ္ၾကာဂမုန္းကို ႏုတ္ၿပီး စြန႔္ပစ္ခဲ့ခ်ိန္မွာေတာ့ မိသားစုေသာကေတြ ၿငိမ္းေအးသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ သင့္အိမ္တြင္းမွာ ကုမုဒ္ၾကာဂမုန္းကို မစိုက္ပ်ိဳးဖို႔ အႀကံျပဳလိုက္ရပါတယ္။

Credit-My Mandalay

Leave a Reply

Your email address will not be published. Required fields are marked *