ဗဟုတုသ

စီးပွားဖြစ်ပဲရောင်းရောင်း၊ အိမ်မှာပဲလုပ်စားစား၊ သန့်ရှင်းအရသာပြည့်စုံတဲ့ မရမ်းသီးသနပ် လုပ်နည်း။

(Unicode)

မရမ်းသီးသနပ် လုပ်နည်း

မရမ်းသီး သနပ်လေးလုပ်နည်း သိတဲ့သူတွေ ရှိသလို၊ မသိတဲ့သူတွေအတွက် အိမ်မှာလုပ်တဲ့ လုပ်နည်းလေး ပြောပြပေးလိုက်ပါတယ်ရှင်။ တနှစ်စာ ပတ်လုံး အထားခံသော နည်းလေးပါ။

အရင်ဆုံး မရမ်းသီးများကို ရေစိမ်ထားပါ။ ပြီးရင် လိုသလိုလေး တုံးပါ။ အစေ့များ ထုတ်ပြီး ရေသန့်စင်အောင်ဆေးပါ။ ရေဆေးထားသော မရမ်းသီးများကို ဆားဖြင့် နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။(ဆားကို မနည်းစေချင်သလို များလွန်းရင်လဲ အရမ်းငံနေပ့မယ် နည်းရင်လဲ စားမကောင်းပါဘူး) နာရီဝက် ဆားဖြင့် နှပ်ထားသော မရမ်းသီးများကို အပေါက်ပါသော ဇကာကုံးများဖြင့် နေလှန်းပါ၊၂ နာ ရီလောက်ပါပဲ။

ဇကာအပေါက်ပါမှ မရမ်းသီးမှာ ရှိသော အဖန်ရည်များ ထွက်ကုန်မှာပါ။ နေအကြာကြီး ပြရင်လဲ မရမ်းသီး အသားများက မာသွားလို့ စားမကောင်းပါဘူးရှင်။ ၂ နာရီပြည့်ရင် နေပြထားသော မရမ်းသီးများကို ဇလားကြီးကြီးထဲ ထည့်ပါ။ ထို့နောက် အစပ်ကြိုက်က ငရုပ်သီး အရှည်မှုန့်ကို မရမ်းသီးအနည်းအများကို ကြည့်ပြီး ထည့်ပါ။ သီးစုံ မဆလာ (ကလားလေး မဆလာလဲ ရပါတယ်) များများထည့်ပါ။ ကြက်သွန်ဖြူ အခွံနွှာပီး ထည့်ပါ။

ဆီကို မရမ်းသီး အချိန်အဆကို ကြည့်ပီး၊ များများကျိုပါရှင်။ ပိုရင်လဲ ပြန်သုံးလို့ရတာမို့ ပိုကျိုမိတာ မမှားပါဘူး။ မရမ်းသီးကို ဆီမြုတ်အောင် ထည့်ရမှာမို့ပါရှင်။ ဆီကို မီးအေးအေးနဲ့ကောင်းကောင်းကျိုပစ်ပါ။ ဒါမှ မရမ်းသီးသနပ် အထားခံမှာမို့ပါ။ ဆီမကျက်ရင် ဆီစိမ်းစော်နံပြီး မရမ်းသီးပျက်သွားပါတယ်။ ကျိုထားသော ဆီကို အအေးခံပါ။ ဆီအပူ ထည့်လို့ မရပါဘူးရှင်။ ဆီကို ဖြစ်နိုင်ရင် မရမ်းသီး ခွဲနေတဲ့အချိန်ထဲက ကျိုထားရင် ပိုပြီး ကောင်းပါတယ်။ ဒါမှ ဆီအအေးခံတာ အချိန်ကြာကြာရမှာပါ။ ဆီလုံးဝ အေးပြီဆိုမှ ခုနပြောပြထားတဲ့ ဇလားထဲသို့ ဆီကို လောင်းထည့်ပါ။ ဇွန်းသန့်သန့် ဒါမှမဟုတ် ယောင်းမဖြင့် သမအောင် မွှေပေးပါ။ မိမိ ထည့်လိုသော ဘူးထဲသို့ မရမ်းသီးသနပ်များ ထည့်ပြီး လိုတဲ့အချိန် ဇွန်းသန့်သန့်ဖြင့် လိုသလောက် ယူစားလို့ရပါပီရှင်။

အိအိလေးနဲ့ ချဉ်စပ်လေးမို့ ပဲဟင်း သီးစုံဟင်း အသားဟင်း ဘာနဲ့စားစား ထမင်းမြိန်စေပါတယ်ရှင်။ မရမ်းသီးနေရာမှာ အခုသရက်သီးတွေ ပေါနေတော့ သရက်သီးကို လုပ်လဲ ရပါတယ်နော်။ မှတ်ချက်။ (အချိုမှုန့် လုံးဝ မထည့်ရပါဘူးနော် )

Credit- ကြွေ

(Zawgyi)

မရမ္းသီးသနပ္ လုပ္နည္း

မရမ္းသီး သနပ္ေလးလုပ္နည္း သိတဲ့သူေတြ ရွိသလို၊ မသိတဲ့သူေတြအတြက္ အိမ္မွာလုပ္တဲ့ လုပ္နည္းေလး ေျပာျပေပးလိုက္ပါတယ္ရွင္။ တႏွစ္စာ ပတ္လုံး အထားခံေသာ နည္းေလးပါ။

အရင္ဆုံး မရမ္းသီးမ်ားကို ေရစိမ္ထားပါ။ ၿပီးရင္ လိုသလိုေလး တုံးပါ။ အေစ့မ်ား ထုတ္ၿပီး ေရသန႔္စင္ေအာင္ေဆးပါ။ ေရေဆးထားေသာ မရမ္းသီးမ်ားကို ဆားျဖင့္ နယ္ၿပီး နာရီဝက္ေလာက္ ႏွပ္ထားပါ။(ဆားကို မနည္းေစခ်င္သလို မ်ားလြန္းရင္လဲ အရမ္းငံေနပ့မယ္ နည္းရင္လဲ စားမေကာင္းပါဘူး) နာရီဝက္ ဆားျဖင့္ ႏွပ္ထားေသာ မရမ္းသီးမ်ားကို အေပါက္ပါေသာ ဇကာကုံးမ်ားျဖင့္ ေနလွန္းပါ၊၂ နာ ရီေလာက္ပါပဲ။

ဇကာအေပါက္ပါမွ မရမ္းသီးမွာ ရွိေသာ အဖန္ရည္မ်ား ထြက္ကုန္မွာပါ။ ေနအၾကာႀကီး ျပရင္လဲ မရမ္းသီး အသားမ်ားက မာသြားလို႔ စားမေကာင္းပါဘူးရွင္။ ၂ နာရီျပည့္ရင္ ေနျပထားေသာ မရမ္းသီးမ်ားကို ဇလားႀကီးႀကီးထဲ ထည့္ပါ။ ထို႔ေနာက္ အစပ္ႀကိဳက္က င႐ုပ္သီး အရွည္မႈန႔္ကို မရမ္းသီးအနည္းအမ်ားကို ၾကည့္ၿပီး ထည့္ပါ။ သီးစုံ မဆလာ (ကလားေလး မဆလာလဲ ရပါတယ္) မ်ားမ်ားထည့္ပါ။ ၾကက္သြန္ျဖဴ အခြံႏႊာပီး ထည့္ပါ။

ဆီကို မရမ္းသီး အခ်ိန္အဆကို ၾကည့္ပီး၊ မ်ားမ်ားက်ိဳပါရွင္။ ပိုရင္လဲ ျပန္သုံးလို႔ရတာမို႔ ပိုက်ိဳမိတာ မမွားပါဘူး။ မရမ္းသီးကို ဆီျမဳတ္ေအာင္ ထည့္ရမွာမို႔ပါရွင္။ ဆီကို မီးေအးေအးနဲ႔ေကာင္းေကာင္းက်ိဳပစ္ပါ။ ဒါမွ မရမ္းသီးသနပ္ အထားခံမွာမို႔ပါ။ ဆီမက်က္ရင္ ဆီစိမ္းေစာ္နံၿပီး မရမ္းသီးပ်က္သြားပါတယ္။ က်ိဳထားေသာ ဆီကို အေအးခံပါ။ ဆီအပူ ထည့္လို႔ မရပါဘူးရွင္။ ဆီကို ျဖစ္ႏိုင္ရင္ မရမ္းသီး ခြဲေနတဲ့အခ်ိန္ထဲက က်ိဳထားရင္ ပိုၿပီး ေကာင္းပါတယ္။ ဒါမွ ဆီအေအးခံတာ အခ်ိန္ၾကာၾကာရမွာပါ။ ဆီလုံးဝ ေအးၿပီဆိုမွ ခုနေျပာျပထားတဲ့ ဇလားထဲသို႔ ဆီကို ေလာင္းထည့္ပါ။ ဇြန္းသန႔္သန႔္ ဒါမွမဟုတ္ ေယာင္းမျဖင့္ သမေအာင္ ေမႊေပးပါ။ မိမိ ထည့္လိုေသာ ဘူးထဲသို႔ မရမ္းသီးသနပ္မ်ား ထည့္ၿပီး လိုတဲ့အခ်ိန္ ဇြန္းသန႔္သန႔္ျဖင့္ လိုသေလာက္ ယူစားလို႔ရပါပီရွင္။

အိအိေလးနဲ႔ ခ်ဥ္စပ္ေလးမို႔ ပဲဟင္း သီးစုံဟင္း အသားဟင္း ဘာနဲ႔စားစား ထမင္းၿမိန္ေစပါတယ္ရွင္။ မရမ္းသီးေနရာမွာ အခုသရက္သီးေတြ ေပါေနေတာ့ သရက္သီးကို လုပ္လဲ ရပါတယ္ေနာ္။ မွတ္ခ်က္။ (အခ်ိဳမႈန႔္ လုံးဝ မထည့္ရပါဘူးေနာ္ )

Credit- ေႂကြ

Leave a Reply

Your email address will not be published. Required fields are marked *