ဗဟုတုသ

လွယ်တယ်၊ မြန်တယ်။ ထမင်းပေါင်းအိုးနဲ့ အုန်းထမင်းချက်နည်း။

(Unicode)

ထမင်းပေါင်းအိုးနဲ့ အုန်းထမင်းချက်နည်း

ပါဝင်ပစ္စည်းများ-

ဖျာပုံပေါ်ဆန်း နို့ဆီဘူး ၂ ဘူး

အုန်းနို့ ၁ ဘူး (၂၅၀ ml)

သကြား ဇွန်း ၂ ဇွန်း

ဆား လက်ဖက်စားဇွန်း ၁ ဇွန်း

ဆီ ဇွန်း ၁ ဇွန်း

ကြက်သွန်နီ ၄ လုံး စိတ်ထည့်

ချက်နည်း-

ဆန်ကို ရေ ၃-၄ ကြိမ် ဆေးပြီး ပါဝင်ပစ္စည်း အားလုံး ရောထည့်ပြီး မွှေပေးပါ။ ဆန်ကို မျက်နှာပြင်ညှိပြီး ရေကို ဆန်မျက်နှာပြင်အပေါ် လက်တစ်ဆစ်ရောက်အောင် ထပ်ဖြည့်ပေးပါ။ ပြီးရင် ထမင်းပေါင်းအိုးလေးနဲ့ ချက်ပေးလို့ရပါပြီ။ စဆူလာလို့ အငွေ့ ထွက်ပေါက်လေးကနေ အငွေ့လေးတွေ ထွက်လာရင် ပထမအကြိမ် ခဏလေး မွှေပေးပါ။

ဆက်ချက်ပြီးနောက် ၅ မိနစ် လောက်နေရင် ဒုတိယအကြိမ် မွှေပေးပါ။မျက်နှာပြင်ညှိပေးရင်း ကြက်သွန်နီဖတ်လေးတွေ ဆန်အောက်ဖက် ထိုးထည့် ထားပေးလိုက်ပါ။ ပိုနူး ပိုအရသာ ဝင်အောင်လို့ပါ။ အစအဆုံး ချက်ချိန် ၁၅ မိနစ် လောက်မှာတင်ဘဲ ခလုပ်တက်ပါပြီ။ ထမင်း သေသေချာချာ နပ်အောင် မီးခလုတ် မပိတ်သေးဘဲ Warm အတိုင်းလေးကို ဆယ်မိနစ်လောက် ထားလိုက်ပါ။ အရသာရှိပြီး လွယ်ကူမြန်ဆန်တဲ့ အုန်းထမင်းလေး ရပါပြီ။ ကိုယ်သုံးတဲ့ဆန်ရဲ့ဆန်သား အပျော့အမာလိုက်ပြီးတော့ ရေကို လိုတိုးပိုလျှော့ ထည့်ပေးနိုင်ပါတယ်နော်။

အုန်းထမင်းကို ကြက်သား (သို့) ကြက်အသည်းအမြစ်ဟင်း၊ ပုဇွန်ခြောက်ဘာလချောင်၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ သံပုရာသီး အချဉ်လေးရယ် ဒါမှမဟုတ် သရက်ချဉ်သုပ်လေးရယ်၊ နှစ်သက်ရာ ဟင်းချို တစ်မျိုးမျိုးနဲ့ တွဲဖက်စားလို့ရပါတယ်။ အလွန် စားမြိန်ပါတယ်လို့။

Credit-Original Uploader

(Zawgyi)

ထမင္းေပါင္းအိုးနဲ႔ အုန္းထမင္းခ်က္နည္း

ပါဝင္ပစၥည္းမ်ား-

ဖ်ာပုံေပၚဆန္း ႏို႔ဆီဘူး ၂ ဘူး

အုန္းႏို႔ ၁ ဘူး (၂၅၀ ml)

သၾကား ဇြန္း ၂ ဇြန္း

ဆား လက္ဖက္စားဇြန္း ၁ ဇြန္း

ဆီ ဇြန္း ၁ ဇြန္း

ၾကက္သြန္နီ ၄ လုံး စိတ္ထည့္

ခ်က္နည္း-

ဆန္ကို ေရ ၃-၄ ႀကိမ္ ေဆးၿပီး ပါဝင္ပစၥည္း အားလုံး ေရာထည့္ၿပီး ေမႊေပးပါ။ ဆန္ကို မ်က္ႏွာျပင္ညႇိၿပီး ေရကို ဆန္မ်က္ႏွာျပင္အေပၚ လက္တစ္ဆစ္ေရာက္ေအာင္ ထပ္ျဖည့္ေပးပါ။ ၿပီးရင္ ထမင္းေပါင္းအိုးေလးနဲ႔ ခ်က္ေပးလို႔ရပါၿပီ။ စဆူလာလို႔ အေငြ႕ ထြက္ေပါက္ေလးကေန အေငြ႕ေလးေတြ ထြက္လာရင္ ပထမအႀကိမ္ ခဏေလး ေမႊေပးပါ။

ဆက္ခ်က္ၿပီးေနာက္ ၅ မိနစ္ ေလာက္ေနရင္ ဒုတိယအႀကိမ္ ေမႊေပးပါ။မ်က္ႏွာျပင္ညႇိေပးရင္း ၾကက္သြန္နီဖတ္ေလးေတြ ဆန္ေအာက္ဖက္ ထိုးထည့္ ထားေပးလိုက္ပါ။ ပိုႏူး ပိုအရသာ ဝင္ေအာင္လို႔ပါ။ အစအဆုံး ခ်က္ခ်ိန္ ၁၅ မိနစ္ ေလာက္မွာတင္ဘဲ ခလုပ္တက္ပါၿပီ။ ထမင္း ေသေသခ်ာခ်ာ နပ္ေအာင္ မီးခလုတ္ မပိတ္ေသးဘဲ Warm အတိုင္းေလးကို ဆယ္မိနစ္ေလာက္ ထားလိုက္ပါ။ အရသာရွိၿပီး လြယ္ကူျမန္ဆန္တဲ့ အုန္းထမင္းေလး ရပါၿပီ။ ကိုယ္သုံးတဲ့ဆန္ရဲ႕ဆန္သား အေပ်ာ့အမာလိုက္ၿပီးေတာ့ ေရကို လိုတိုးပိုေလွ်ာ့ ထည့္ေပးႏိုင္ပါတယ္ေနာ္။

အုန္းထမင္းကို ၾကက္သား (သို႔) ၾကက္အသည္းအျမစ္ဟင္း၊ ပုဇြန္ေျခာက္ဘာလေခ်ာင္၊ ၾကက္သြန္နီ၊ င႐ုပ္သီးစိမ္း၊ သံပုရာသီး အခ်ဥ္ေလးရယ္ ဒါမွမဟုတ္ သရက္ခ်ဥ္သုပ္ေလးရယ္၊ ႏွစ္သက္ရာ ဟင္းခ်ိဳ တစ္မ်ိဳးမ်ိဳးနဲ႔ တြဲဖက္စားလို႔ရပါတယ္။ အလြန္ စားၿမိန္ပါတယ္လို႔။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *