ဗဟုတုသ

လက် ချောင်းကလေးများကို ကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းနိုင်။

(Unicode)

လက် ချောင်းကလေးများကို ကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းနိုင်

၁။ ရှည်လျားသောလက်ချောင်းများ

စိတ်ရှည်တယ်။ မေတ္တာကြီးတယ်။ စေ့စပ်သေချာတယ်။ ဘာသာတရားလေးစားကိုင်းရှိုင်းတယ်။ ကံတရားကို ယုံကြည်တယ်။ အုပ်ချုပ်ရေး၊ သဘောတရားရေး၊ ပညာရေးတို့ကိုတတ်ကျွမ်းလိုတယ်။ ဇွဲ၊ လုံ့လ ပြင်းထန်ရင် ထွန်းပေါက်တတ်တယ်။

၂။ တိုသောလက်ချောင်း

စိတ်တိုလွယ်တယ်။ ဒေါသအဖြစ်မြန်တယ်။ အလောသုံးဆယ် ပြုလုပ်တတ်တယ်။ ပျာယာခတ်တတ်တယ်။ ဟောဟောဒိုင်းဒိုင်း ပြောတတ်ပေမဲ့ ပြေပျောက်လွယ်တယ်။ အရပ်အမောင်းပုတက်တက် ရှိတတ်ကြတယ်။ ဗြောင်ပြောတတ်လို့ စေတနာကို ဝေဒနာအထင်ခံရတတ်တယ်။တစ်ကိုယ်ကောင်း ဆန်တတ်တယ်။ လက်ဝါးပြင်အနေအထား၊ လက်မအနေအထားတို့ကောင်းရင် ခေါင်းဆောင်ဖြစ်တတ်တယ်။

၃။ အဆစ်ကြီးသောလက်ချောင်း

အဆစ်လည်းကြီးမယ်၊ လက်ချောင်းလည်းရှည်လျားမယ်ဆို အနုပညာသဘောဆန်တယ်။အနုပညာဗီဇ ပါတယ်။ တိုရင်တော့အင်ဂျင်နီယာ၊ ဗိသုကာရှင်တွေ ဖြစ်တတ်တယ်။ စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်ရတဲ့ နေရာမှာ ထူးချွန်တတ်မယ်။ များသောအားဖြင့် အဆစ်ကြီးပြီး ရှည်တဲ့လက်ချောင်းပိုင်ရှင်တွေက သေမှကျော်ကြားတတ်တယ်။ လက်ဆစ်ကြီးသူတွေဟာ နမော်နမဲ့ မနေတတ်သူတွေဖြစ်ကြတယ်။

၄။ ပြေပြစ်သောလက်ချောင်း

စိတ်ပိုင်းနာမ်ပိုင်းဆန်တယ်။ ဖော်ရွေလွန်းအားကြီးပြီး အရာရာကို ခပ်ပေါ့ပေါ့ပြောရင်း ကတိလွယ်လွယ် ပေးမိတတ်ကြတယ်။ အပူ အပင်ကင်းခြင်းနဲ့ ချုံးပွဲချငိုကြွေးခြင်းဆိုတဲ့ အစွန်းနှစ်ဖက်မှာ တစ်လှည့်စီနေတတ်တယ်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ကံတရားအရစည်းစိမ် စံစားရတတ်သည်က များတယ်။ လူမှုဝန်ထိမ်းစိတ်ရှိတယ်။ တစ်ကိုယ်ကောင်းမဆန်တတ်။ ကြားနေဝါဒသမားတွေလို့ ပြောလို့ရပါတယ်။

လက်ညှိုး-

လက်ခလယ်နီးပါးရှည်နေရင် ဒေါသကြီးတယ် ။စိတ်ဆတ်တယ်။ သြဇာပေးတတ်တယ်။ အရာရာမှ ာအနိုင်ယူလိုစိတ်ရှိတယ်။ စစ်ကိုလိုလားပြီး တစ်ကမ္ဘာလုံး သူ့လက်အောက်ရောက်ဖို့ကြိုးစားခဲ့တဲ့ ပြင်သစ်ဘုရင်နပိုလီယံရဲ့လက်ညှိုးဟာ ရှည်လျားရုံမက လက်ချောင်းအားလုံးက လက်ညှိုးဘက်ကို ယိုင်နေတာကတာ့ ထူခြားတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အကောင်းဆုံးကတော့ လက်ညှိုးနဲ့ လက်ခလယ် အရှည်ညီမျှနေတာပဲ ဖြစ်ပါတယ်။

လက်ခလယ်-

ဖြောင့်တန်းညီညာပြီး လေးထောင့်သဘော ဆန်နေမယ်ဆိုရင်စိတ်ဓာတ် ဖြောင့်မတ်တယ်။တည်ကြည်တယ်။ ပြတ်သားမယ်။စဉ်းစားချင့်ချိန်တတ်တယ်။ စွန့်စားလိုစိတ်ရှိတယ်။လက်ညှိုးဘက်ကို ယိုင်နေရင်အလှအပခုံမင်တယ်။ အဖျားချွန်နေရင် ဟိုမရောက်ဒီမရောက် လူစားမျိုး ဖြစ်တတ်တယ်။ လက်ခလယ် တိုလွန်းနေမယ်ဆိုရင်တော့ ဘာကိုဘယ်က စလုပ်ရမှန်း မသိအောင် ဝေဝါးထွေပြား စိုးရိမ်မှုများနေတတ်တယ်။

လက်သူကြွယ်-

လက်ညှိုးနဲ့ ညီမျှစွာရှိနေရင်မြော်မြင်စဉ်းစားခြင်း၊ရည်ရွယ်ချက်ရှိခြင်း၊ကျော်စောမှုကိုလိုလားခြင်း၊ငွေမက်ခြင်းစတဲ့ သဘောတွေရှိတတ်တယ်။လက်ခလယ်လောက်ရှည်လျားရင်တော့ လောင်း ကစားဝါသနာထုံတယ်။ဇွတ်တရွတ်လုပ်တတ်တယ်။အနုပညာသဘောလည်း သက်ဝင်နေတယ်။လက်ဖဝါးမှာ အောင် မြင်ရေးလမ်းကြောင်းဖြောင့်တန်းနေရင်လောင်းကစားနဲ့မုချအကျိုးပေးတတ်တယ်။

လက်ညှိုးထက်ရှည်ရင်အလှအပမက်ပြီးကဗျာအနုပညာဆန်တတ်တယ်။ လေး ကန်ဖင့်နွဲ့တတ်တယ်။တဖက်သားစိတ်တိုရလောက်အောင်ရှင်ဘုရင်တစ်ခါထွက်လုပ်နေတတ်တယ်။လက်ညှိုးထက်တိုရင် ဖြစ်ကတတ်ဆန်းနေတတ်တယ်။မဟုတ်မခံစိတ်ရှိတယ်။သြဇာပေးလို့မရ။ချော့ပြောရင်တော့ပုဆိုးပါချွတ်ပေးမယ့်လူ မျိုး ဖြစ်တယ်။

လက်သန်း-

ရှည်ရင်ပရိယာယ်ကြွယ်တယ်။အရေးအပြောကောင်းတယ်။တိုမယ်ဆိုရင်တော့ အပြတ်သမားတွေ ဖြစ်တယ်။ရှည်ရှည် ဝေးဝေးပြောဆိုလုပ်မနေတတ်ကြဘူး။ ရှည်ပြီးအနည်းငယ်ကောက်နေရင် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်တယ်။ တပတ်ရိုက်လိုစိတ်အနည်းငယ်ရှိတတ်ကြတယ်။အကောင်းဆုံးကတော့ ဖြောင့် တန်းရှည်လျားပြီးထိပ်ပြန့်တဲ့လက်သန်းမျိုးပဲဖြစ်ပါတယ်။ဒီလိုလက်ချောင်း ပိုင် ရှင်တွေဟာဖြောင့်မတ်တည်ကြည်တဲ့ ဆရာသမားတွေအဖြစ်များတတ်ပါတယ်။

အခုတင်ပြခဲ့တာကတော့ လက်ချောင်းမျာ းအနေအထားကိုကြည့်တဲ့ အဟောပဲ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အကျင့်စရိုက်ကို လက်ကိုကြည့်ပြီး အကဲဖြတ်သုံးသပ်ရာမှာ လက်ချောင်းအနေအထား တစ်ခုတည်းမဟုတ်ဘဲ လက်မအနေအထား၊ လက်ဖဝါးပြင်ပုံသဏ္ဍာန်၊ လက္ခဏာအရေးအကြောင်း၊ လက်သည်းပုံစံတို့ကိုပါ ကြည့်ရှုဆန်းစစ် သုံးသပ်ကောက်ချက်ချမယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင်။

Credit-ဗေဒင် ဆရာမ အင်ကြင်းမေ

09402637556, 09773509779 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။

(Zawgyi)

လက္ ေခ်ာင္းကေလးမ်ားကို ၾကည့္ၿပီး လူတစ္ေယာက္ရဲ႕စိတ္ကို ခန႔္မွန္းႏိုင္

၁။ ရွည္လ်ားေသာလက္ေခ်ာင္းမ်ား

စိတ္ရွည္တယ္။ ေမတၱာႀကီးတယ္။ ေစ့စပ္ေသခ်ာတယ္။ ဘာသာတရားေလးစားကိုင္းရႈိင္းတယ္။ ကံတရားကို ယုံၾကည္တယ္။ အုပ္ခ်ဳပ္ေရး၊ သေဘာတရားေရး၊ ပညာေရးတို႔ကိုတတ္ကြၽမ္းလိုတယ္။ ဇြဲ၊ လုံ႔လ ျပင္းထန္ရင္ ထြန္းေပါက္တတ္တယ္။

၂။ တိုေသာလက္ေခ်ာင္း

စိတ္တိုလြယ္တယ္။ ေဒါသအျဖစ္ျမန္တယ္။ အေလာသုံးဆယ္ ျပဳလုပ္တတ္တယ္။ ပ်ာယာခတ္တတ္တယ္။ ေဟာေဟာဒိုင္းဒိုင္း ေျပာတတ္ေပမဲ့ ေျပေပ်ာက္လြယ္တယ္။ အရပ္အေမာင္းပုတက္တက္ ရွိတတ္ၾကတယ္။ ေျဗာင္ေျပာတတ္လို႔ ေစတနာကို ေဝဒနာအထင္ခံရတတ္တယ္။တစ္ကိုယ္ေကာင္း ဆန္တတ္တယ္။ လက္ဝါးျပင္အေနအထား၊ လက္မအေနအထားတို႔ေကာင္းရင္ ေခါင္းေဆာင္ျဖစ္တတ္တယ္။

၃။ အဆစ္ႀကီးေသာလက္ေခ်ာင္း

အဆစ္လည္းႀကီးမယ္၊ လက္ေခ်ာင္းလည္းရွည္လ်ားမယ္ဆို အႏုပညာသေဘာဆန္တယ္။အႏုပညာဗီဇ ပါတယ္။ တိုရင္ေတာ့အင္ဂ်င္နီယာ၊ ဗိသုကာရွင္ေတြ ျဖစ္တတ္တယ္။ စိတ္ကူးကို လက္ေတြ႕ အေကာင္အထည္ေဖာ္ရတဲ့ ေနရာမွာ ထူးခြၽန္တတ္မယ္။ မ်ားေသာအားျဖင့္ အဆစ္ႀကီးၿပီး ရွည္တဲ့လက္ေခ်ာင္းပိုင္ရွင္ေတြက ေသမွေက်ာ္ၾကားတတ္တယ္။ လက္ဆစ္ႀကီးသူေတြဟာ နေမာ္နမဲ့ မေနတတ္သူေတြျဖစ္ၾကတယ္။

၄။ ေျပျပစ္ေသာလက္ေခ်ာင္း

စိတ္ပိုင္းနာမ္ပိုင္းဆန္တယ္။ ေဖာ္ေ႐ြလြန္းအားႀကီးၿပီး အရာရာကို ခပ္ေပါ့ေပါ့ေျပာရင္း ကတိလြယ္လြယ္ ေပးမိတတ္ၾကတယ္။ အပူ အပင္ကင္းျခင္းနဲ႔ ခ်ဳံးပြဲခ်ငိုေႂကြးျခင္းဆိုတဲ့ အစြန္းႏွစ္ဖက္မွာ တစ္လွည့္စီေနတတ္တယ္။ ဆင္းရဲသည္ျဖစ္ေစ၊ ခ်မ္းသာသည္ျဖစ္ေစ ကံတရားအရစည္းစိမ္ စံစားရတတ္သည္က မ်ားတယ္။ လူမႈဝန္ထိမ္းစိတ္ရွိတယ္။ တစ္ကိုယ္ေကာင္းမဆန္တတ္။ ၾကားေနဝါဒသမားေတြလို႔ ေျပာလို႔ရပါတယ္။

လက္ညႇိဳး-

လက္ခလယ္နီးပါးရွည္ေနရင္ ေဒါသႀကီးတယ္ ။စိတ္ဆတ္တယ္။ ၾသဇာေပးတတ္တယ္။ အရာရာမွ ာအႏိုင္ယူလိုစိတ္ရွိတယ္။ စစ္ကိုလိုလားၿပီး တစ္ကမာၻလုံး သူ႔လက္ေအာက္ေရာက္ဖို႔ႀကိဳးစားခဲ့တဲ့ ျပင္သစ္ဘုရင္နပိုလီယံရဲ႕လက္ညႇိဳးဟာ ရွည္လ်ား႐ုံမက လက္ေခ်ာင္းအားလုံးက လက္ညႇိဳးဘက္ကို ယိုင္ေနတာကတာ့ ထူျခားတဲ့ လကၡဏာတစ္ရပ္ပါပဲ။ အေကာင္းဆုံးကေတာ့ လက္ညႇိဳးနဲ႔ လက္ခလယ္ အရွည္ညီမွ်ေနတာပဲ ျဖစ္ပါတယ္။

လက္ခလယ္-

ေျဖာင့္တန္းညီညာၿပီး ေလးေထာင့္သေဘာ ဆန္ေနမယ္ဆိုရင္စိတ္ဓာတ္ ေျဖာင့္မတ္တယ္။တည္ၾကည္တယ္။ ျပတ္သားမယ္။စဥ္းစားခ်င့္ခ်ိန္တတ္တယ္။ စြန႔္စားလိုစိတ္ရွိတယ္။လက္ညႇိဳးဘက္ကို ယိုင္ေနရင္အလွအပခုံမင္တယ္။ အဖ်ားခြၽန္ေနရင္ ဟိုမေရာက္ဒီမေရာက္ လူစားမ်ိဳး ျဖစ္တတ္တယ္။ လက္ခလယ္ တိုလြန္းေနမယ္ဆိုရင္ေတာ့ ဘာကိုဘယ္က စလုပ္ရမွန္း မသိေအာင္ ေဝဝါးေထြျပား စိုးရိမ္မႈမ်ားေနတတ္တယ္။

လက္သူႂကြယ္-

လက္ညႇိဳးနဲ႔ ညီမွ်စြာရွိေနရင္ေျမာ္ျမင္စဥ္းစားျခင္း၊ရည္႐ြယ္ခ်က္ရွိျခင္း၊ေက်ာ္ေစာမႈကိုလိုလားျခင္း၊ေငြမက္ျခင္းစတဲ့ သေဘာေတြရွိတတ္တယ္။လက္ခလယ္ေလာက္ရွည္လ်ားရင္ေတာ့ ေလာင္း ကစားဝါသနာထုံတယ္။ဇြတ္တ႐ြတ္လုပ္တတ္တယ္။အႏုပညာသေဘာလည္း သက္ဝင္ေနတယ္။လက္ဖဝါးမွာ ေအာင္ ျမင္ေရးလမ္းေၾကာင္းေျဖာင့္တန္းေနရင္ေလာင္းကစားနဲ႔မုခ်အက်ိဳးေပးတတ္တယ္။

လက္ညႇိဳးထက္ရွည္ရင္အလွအပမက္ၿပီးကဗ်ာအႏုပညာဆန္တတ္တယ္။ ေလး ကန္ဖင့္ႏြဲ႕တတ္တယ္။တဖက္သားစိတ္တိုရေလာက္ေအာင္ရွင္ဘုရင္တစ္ခါထြက္လုပ္ေနတတ္တယ္။လက္ညႇိဳးထက္တိုရင္ ျဖစ္ကတတ္ဆန္းေနတတ္တယ္။မဟုတ္မခံစိတ္ရွိတယ္။ၾသဇာေပးလို႔မရ။ေခ်ာ့ေျပာရင္ေတာ့ပုဆိုးပါခြၽတ္ေပးမယ့္လူ မ်ိဳး ျဖစ္တယ္။

လက္သန္း-

ရွည္ရင္ပရိယာယ္ႂကြယ္တယ္။အေရးအေျပာေကာင္းတယ္။တိုမယ္ဆိုရင္ေတာ့ အျပတ္သမားေတြ ျဖစ္တယ္။ရွည္ရွည္ ေဝးေဝးေျပာဆိုလုပ္မေနတတ္ၾကဘူး။ ရွည္ၿပီးအနည္းငယ္ေကာက္ေနရင္ စကားကို ႐ႊန္း႐ႊန္းေဝေအာင္ေျပာတတ္တယ္။ တပတ္႐ိုက္လိုစိတ္အနည္းငယ္ရွိတတ္ၾကတယ္။အေကာင္းဆုံးကေတာ့ ေျဖာင့္ တန္းရွည္လ်ားၿပီးထိပ္ျပန႔္တဲ့လက္သန္းမ်ိဳးပဲျဖစ္ပါတယ္။ဒီလိုလက္ေခ်ာင္း ပိုင္ ရွင္ေတြဟာေျဖာင့္မတ္တည္ၾကည္တဲ့ ဆရာသမားေတြအျဖစ္မ်ားတတ္ပါတယ္။

အခုတင္ျပခဲ့တာကေတာ့ လက္ေခ်ာင္းမ်ာ းအေနအထားကိုၾကည့္တဲ့ အေဟာပဲ ျဖစ္ပါတယ္။လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထား အက်င့္စ႐ိုက္ကို လက္ကိုၾကည့္ၿပီး အကဲျဖတ္သုံးသပ္ရာမွာ လက္ေခ်ာင္းအေနအထား တစ္ခုတည္းမဟုတ္ဘဲ လက္မအေနအထား၊ လက္ဖဝါးျပင္ပုံသ႑ာန္၊ လကၡဏာအေရးအေၾကာင္း၊ လက္သည္းပုံစံတို႔ကိုပါ ၾကည့္ရႈဆန္းစစ္ သုံးသပ္ေကာက္ခ်က္ခ်မယ္ဆိုရင္ေတာ့ အေကာင္းဆုံးပဲျဖစ္ပါတယ္။

(၇)ရက္ သားသမီးမ်ား စိတ္၏ခ်မ္းသာ၊ ကိုယ္၏က်န္းမာျခင္း တို႔ျဖင့္ ျပည့္စုံၾကပါေစရွင္။

Credit-ေဗဒင္ ဆရာမ အင္ၾကင္းေမ

09402637556, 09773509779 ကို ဆက္သြယ္ ေမးျမန္းႏိုင္ပါတယ္ရွင္။

Leave a Reply

Your email address will not be published. Required fields are marked *