ဗဟုတုသ
သတိမထားမိတဲ့ အိမ်နဲ့ပတ်သတ်တဲ့ အိမ်နိမိတ်(၁၂)ချက်အကြောင်း။
(Unicode)
လူသိနည်းသော နိမိတ်များ (၉)
၁။ အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်ပါတယ်။
၂။ နာရီ အကွဲ အပျက် ချိတ်မထားပါနဲ့။ ရုတ်တရက် ထမြည်ရင် သေနိမိတ်ပါ။
၃။ ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ ၂ မျိုးတည်း တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်ပါတယ်။
၄။ နံရံကို ဆေးစိမ်း မသုတ်ပါနဲ့။ ရုတ်တရက် အဆိပ်မိတာမျိုး ဖြစ်တတ်ပါတယ်။
၅။ အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး စတာတွေ မထားပါနဲ့။ အိမ်သားတွေ မကြာခဏ ခိုက်ရန်ဖြစ်တတ်ပါတယ်။
၆။ အိမ်ထဲမှာ လှုပ်ကုလားထိုင် မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။
၇။ ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲ မစိုက်ပါနဲ့။ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်တတ်ပါတယ်။
၈။ အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာနား မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ယာထဲကနေ ကြည့်မရအောင် လွှဲချိတ်ပါ။)
၉။ မနက် အိပ်ယာ မသိမ်းပဲ မထားပါနဲ့။ ည တော်တော်နဲ့ အိပ်မပျော် ဖြစ်တတ်ပါတယ်။
၁၀။ တိရိစ္ဆာန် အစစ်တွေရဲ့ အရေခွံ၊ အရိုး၊ ဦးခေါင်း စတာတွေနဲ့ အိမ်ကို အလှမဆင်ပါနဲ့။ ကံညံ့တတ်ပါတယ်။ (ခရု၊ သမင်ချို၊ ရုပ်လုံးသွင်း တိရိစ္ဆာန်)
၁၁။ နံရံမှာ လှေကား ထောင်ရက် မထားပါနဲ့။ အမှုအခင်း ကြုံ၊ အစွပ်အစွဲ ခံရတတ်ပါတယ်။
၁၂။ တစ်အိမ်တည်း ဘုရားစင် နှစ်နေရာ ခွဲ မထားပါနဲ့။ သားသမီးတွေ ကံနိမ့်တတ်ပါတယ်။
Credit-Aung Myo Oo
Via-MiMiTun
(Zawgyi)
Credit-Aung Myo Oo
Via-MiMiTun
Leave a Reply
Your email address will not be published. Required fields are marked *