ဗဟုတုသ

စန်းပွင့်အားတွေကောင်းပြီး ကံတွေတက်အောင် ရေမွှေးကို ဒီလိုလေး အသုံးပြုကြည့်ပါ။

(Unicode)

စန်းပွင့်အားတွေကောင်းပြီး ကံတွေတက်အောင် ရေမွှေးကို ဒီလိုလေး အသုံးပြုကြည့်ပါ။

ဟိုးရှေးအခါက သဘာဝရဲ့ စွမ်းအားတွေကို သိမြင်ပြီး အသုံးပြုလာကြတဲ့သူတွေဟာ မှော်အတတ်ပညာရှင် တွေအဖြစ် လူတွေရဲ့သတ်မှတ်ခြင်းခံရသလို . . . . . တချို့သေ ာပညာရှင်တွေကျပြန်တော့ စုန်းအဖြစ် သမုတ်ပြီးကြောက်ရွံ့လာကြပါတယ်။ ထိုပညာရှင်တွေ ရှာဖွေသိရှိခဲ့တဲ့ သစ်ပင်တွေရဲ့အစွမ်းနဲ့ မကောင်းသောလှိုင်းတွေကိုပယ်ရှားစေတဲ့ နည်းလမ်းပေါင်းများစွာကို သိရှိခဲ့ကြပြီး လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးကတော့ အယ်လ်ကိုဟောနဲ့ သန့်စင်မှုပြုခြင်းပါ။

ဒါကြောင့် ရှေးဟောင်းဂျစ်ပစီ လူမျိုးတွေဟာ တားရော့ကဒ်တွေကို နိမိတ်ဟောပြောဖို့ပဲဖြစ်ဖြစ် အသုံးပြုခါနီး၎င်းတို့ရဲ့ လက်တွေကို အရက်နဲ့ဦးစွာ ဆေးကြောမှုပြုကြပါတယ်။ သဘောကတော့ သူတို့တစ်နေ့တာမှာ ပြုမူလုပ်ဆောင်မှုတွေက ရရှိခဲ့တဲ့မကောင်းတဲ့ (wave)လှိုင်းတွေဟာ လက်ကနေတစ်ဆင့် သူတို့ရဲ့ တားရော့ကဒ်အပေါ်စီးကူးပြီး နိမိတ်ဖတ် တားရော့မှတဆင့် ကျိန်စာတားရော့တွေ အဖြစ်ရောက်ရှိသွားမှာ စိုးရွံ့သလို တားရော့ကိုလည်း အသက်ရှိတဲ့အရာအဖြစ် သတ်မှတ်ထားလို့ ရှုပ်ထွေးမှုတွေဖြစ်စေပြီး ဟောပြောချက်တွေ လွဲစေမှာစိုးရိမ်ကြတဲ့ အတွက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် အခြားသောမကောင်းတဲ့ ခံစားချက်တွေများတဲ့အခါ အလုပ်အကိုင်တွေ အဆင်မပြေမှုများလာတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် အစီအရင်တွေ ပြုလုပ်ခါနီးပဲဖြစ်ဖြစ် အစီအရင် မပြုလုပ်မီ အရက်နှင့် ရေချိုးသန့်စင်ခြင်းပြုကြပါတယ်။

ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဆက်ဆံ ပေါင်းသင်းလုပ်ကိုင်ရတဲ့ ပတ်ဝန်းကျင်မှ ပြုမူလုပ်ဆောင်မှုတွေကနေတဆင့် မမြင်ရတဲ့(Wave)လှိုင်းတွေဟာ ကပ်ငြိပါလာတတ်ပါတယ်။ ထို့အတူ ထိုလှိုင်းတွေဟာ တူရာစုခြင်း သဘောတရားအတိုင်း တူညီတဲ့ အရာတွေကို ဆင့်ခေါ်တတ်ကြပါတယ်။

ဒါ့အပြင် နေ့စဉ်ပြုမူ လုပ်ဆောင်မှုတွေကနေ တဆင့်သာမက မိမိတို့ခန္ဓာကိုယ်မှထွက်ရှိတဲ့ အညှီအညစ်အကြေးတွေကနေလည်း မကောင်းသောလှိုင်းတွေကို ဆွဲဆောင်တတ်ကြပြီး မိမိမှာ ထိုလှိုင်းတွေကြောင့် လုပ်ကိုင်ရာပတ်ဝန်းကျင်မှာ ဘာပဲလုပ်လုပ် အဆင်ပြေမှုနည်းပါးခြင်း၊ မိမိအပေါ် နိုင့်ထက်စီးနင်း ဆက်ဆံသူပေါများနေတတ်ပြီး မိမိ အိမ်ထောင်ဖက်ချစ်သူ ကိုယ်တိုင်ကအပြင် မိမိအပေါ်နားလည်ပေးနိုင်စွမ်း လျော့ကျမှုတွေဖြစ်ပြီး စွန့်ခွာသွားတတ်ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီဆိုလျှင ်မိမိရဲ့စန်းအားတွေ သုညအောက်ကို ယူဇနာထောင်ချီကိုကျနေပြီလို့သာ မှတ်ပေတော့။

ဦးစွာ မိမိကံဇာတာတွေ ပြန်လည်တက်လာပြီး မိမိခန္ဓာပေါ်မှာကျရောက် ကပ်ငြိစွဲကပ်နေတဲ့ မကောင်းတဲ့အညစ်အကြေး လှိုင်းတွေကို ပယ်ဖျက်ဖို့အတွက် ရေပုံးလေးတစ်ပုံးထဲကို ရေထည့်ပါ။ တရော်ကင်ပွန်းလေး နှစ်ထုပ်လောက်ရောပါ။ ဆားအနည်းငယ်နဲ့ ရှာလကာရည်လေးထည့်ပါ။ တစ်ခုနဲ့တစ်ခု ရောနှောသွားအောင်အနည်းငယ် မွှေရပါမယ်။ မွှေတဲ့အခါမှာလည်း ရှေးဟောင်းအယူအဆလေး တစ်ခုအတိုင်းပေါ့ နာရီလက်တံပြောင်းပြန် လက်ဝဲရစ်လေး မွှေရပါမယ်။ ထိုသို့ပြုလုပ်ပြီးပါက ထိုရေနဲ့ခေါင်းလျှော်ခြင်း အရင်ပြုပါ။ ပြီးလျှင်ကျန်ရှိနေတဲ့ရေကိုဆက်ပြီး မိမိခန္ဓာကိုအနံ့အပြားကို ပတ်ဖြန်းသန့်စင်ပေးပါ။

ဒါလေးပြီးရင်တော့ နှစ်သက်ရာ ရေချိုးဆပ်ပြာကို အသုံးပြုပြီး ရေဝဝ ချိုးချလို့ ရပါပြီ။ ယခုကဲ့သို့ရေချိုးမင်္ဂလာပြုခြင်းလေး ပြုပြီးရင် သင်ဟာသန့်စင်တဲ့ လူတစ်ယောက်ဖြစ်နေပါပြီ။ ဒါကြောင့်ပိုမိုပြီး သန့်စင်မှုလေးရရှိအောင် အလင်းဓာတ်လေး ယူရပါမယ်။ ထွေထူးလုပ်ဖို့မလိုပါဘူး။ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းပြီး ငြိမ်ငြိမ်လေး ထိုဖယောင်းတိုင်လေးရှေ့မှာ ထိုင်နေရုံပါပဲ။ ဒါလေးတွေ အကုန်ပြီးပြီဆိုရင်တော့ ရေမွှေးဆွတ်တဲ့ အပိုင်းလေးရောက်ပါပြီ။ ရေမွှေးကို ဘယ်လိုဆွတ်ဖြန်းရမလဲဆို အထက်ကရှင်းပြခဲ့တဲ့အတိုင်း မိမိခန္ဓာကိုယ်က မကောင်းတဲ့ အညှီတွေ ထွက်ရှိတဲ့နေရာကို ဆွတ်ဖြန်းသန့်စင်ရပါမယ်။

ပြီးရင်တော့ မိမိမျက်နှာရှေ့တည့်တည့် အထက်နားကို ရေမွှေးလေးပတ်ဖြန်းပြီး ထိုနားတဝိုက်ကို အနည်းငယ်ပတ်ပြီး လမ်းလျှောက်ပေးလိုက်ပါ။ မိမိခန္ဓာကိုယ်အနှံ့ ရေမွှေးနံ့လေး ရောက်ရှိသွားစေသလို မိမိလမ်းလျှောက်သွားရာ လမ်းတစ်လျှောက်မှာလည်း ထိုအနံ့သင်းသင်းလေး လေထုထဲမှာ ကျန်ရှိနေတတ်ပါတယ်။

ဒါလေးတွေ အကုန်လုပ်ပြီးရင် သင့်အတွက် စန်းပွင့်စေမယ့် အစီအရင်တစ်ခုပြီးပါပြီ။ ညွှန်ကြားခဲ့တဲ့ ရေချိုးနည်းလေးပြုလုပ်ပြီး (၂၄ )နာရီအကြာမှာ စတင်ပြီး အစွမ်းပြပါလိမ့်မယ်။ သင့်အတွက် ထူးခြားတဲ့ ရလာဘ်ကောင်းလေးတွေ ကြုံလာရသလို ရေမွှေးနဲ့သန့်စင်တဲ့ အစွမ်းကြောင့် မိမိနဲ့ ဆန့်ကျင်ဖက်တွေအပေါ် တမူထူးခြားပြီး ဆွဲဆောင်မှု ရှိနေတာကို ထူးထူးခြားခြား သတိပြုမိနေစေမှာပါ။ စန်းအားကောင်းမွန်လာခြင်းသည် အချစ်ရေးမှာကံကောင်းလာခြင်း တစ်ခုတည်းအတွက် ဆိုလိုခြင်းမဟုတ်ပဲ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ရှင်သန်ရာနေရာတိုင်းမှာ လူချစ်လူခင်များပြားစေပြီး ကူညီစောင်မသူ ပေါများလာခြင်းပါ။

ရေချိုးတဲ့ နည်းလမ်းလေးကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ မဖြစ်မနေလုပ်သင့်ပြီး ရေမွှေးလေးကိုတော့နေ့စဉ်အတွက် ဆွတ်ဖျန်းမှု ပြုလုပ်လို့ရပါတယ်ဆိုတဲ့ အကြောင်းလေးပြောရင်း မိတ်ဆွေများလည်း သိရှိစေအောင် ဝေမျှပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ။

Credit-ချစ်သောစိတ်ဖြင့် . . . . . . ရဲထက်မွန် 09794463221

(Zawgyi)

စန္းပြင့္အားေတြေကာင္းၿပီး ကံေတြတက္ေအာင္ ေရေမႊးကို ဒီလိုေလး အသုံးျပဳၾကည့္ပါ။

ဟိုးေရွးအခါက သဘာဝရဲ႕ စြမ္းအားေတြကို သိျမင္ၿပီး အသုံးျပဳလာၾကတဲ့သူေတြဟာ ေမွာ္အတတ္ပညာရွင္ ေတြအျဖစ္ လူေတြရဲ႕သတ္မွတ္ျခင္းခံရသလို . . . . . တခ်ိဳ႕ေသ ာပညာရွင္ေတြက်ျပန္ေတာ့ စုန္းအျဖစ္ သမုတ္ၿပီးေၾကာက္႐ြံ႕လာၾကပါတယ္။ ထိုပညာရွင္ေတြ ရွာေဖြသိရွိခဲ့တဲ့ သစ္ပင္ေတြရဲ႕အစြမ္းနဲ႔ မေကာင္းေသာလႈိင္းေတြကိုပယ္ရွားေစတဲ့ နည္းလမ္းေပါင္းမ်ားစြာကို သိရွိခဲ့ၾကၿပီး လြယ္ကူ႐ိုးရွင္းတဲ့ နည္းလမ္းေလးကေတာ့ အယ္လ္ကိုေဟာနဲ႔ သန႔္စင္မႈျပဳျခင္းပါ။

ဒါေၾကာင့္ ေရွးေဟာင္းဂ်စ္ပစီ လူမ်ိဳးေတြဟာ တားေရာ့ကဒ္ေတြကို နိမိတ္ေဟာေျပာဖို႔ပဲျဖစ္ျဖစ္ အသုံးျပဳခါနီး၎တို႔ရဲ႕ လက္ေတြကို အရက္နဲ႔ဦးစြာ ေဆးေၾကာမႈျပဳၾကပါတယ္။ သေဘာကေတာ့ သူတို႔တစ္ေန႔တာမွာ ျပဳမူလုပ္ေဆာင္မႈေတြက ရရွိခဲ့တဲ့မေကာင္းတဲ့ (wave)လႈိင္းေတြဟာ လက္ကေနတစ္ဆင့္ သူတို႔ရဲ႕ တားေရာ့ကဒ္အေပၚစီးကူးၿပီး နိမိတ္ဖတ္ တားေရာ့မွတဆင့္ က်ိန္စာတားေရာ့ေတြ အျဖစ္ေရာက္ရွိသြားမွာ စိုး႐ြံ႕သလို တားေရာ့ကိုလည္း အသက္ရွိတဲ့အရာအျဖစ္ သတ္မွတ္ထားလို႔ ရႈပ္ေထြးမႈေတြျဖစ္ေစၿပီး ေဟာေျပာခ်က္ေတြ လြဲေစမွာစိုးရိမ္ၾကတဲ့ အတြက္ပဲျဖစ္ပါတယ္။

ဒါ့အျပင္ အျခားေသာမေကာင္းတဲ့ ခံစားခ်က္ေတြမ်ားတဲ့အခါ အလုပ္အကိုင္ေတြ အဆင္မေျပမႈမ်ားလာတဲ့အခါမ်ိဳးေတြမွာပဲျဖစ္ျဖစ္ အစီအရင္ေတြ ျပဳလုပ္ခါနီးပဲျဖစ္ျဖစ္ အစီအရင္ မျပဳလုပ္မီ အရက္ႏွင့္ ေရခ်ိဳးသန႔္စင္ျခင္းျပဳၾကပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ ေန႔စဥ္ဆက္ဆံ ေပါင္းသင္းလုပ္ကိုင္ရတဲ့ ပတ္ဝန္းက်င္မွ ျပဳမူလုပ္ေဆာင္မႈေတြကေနတဆင့္ မျမင္ရတဲ့(Wave)လႈိင္းေတြဟာ ကပ္ၿငိပါလာတတ္ပါတယ္။ ထို႔အတူ ထိုလႈိင္းေတြဟာ တူရာစုျခင္း သေဘာတရားအတိုင္း တူညီတဲ့ အရာေတြကို ဆင့္ေခၚတတ္ၾကပါတယ္။

ဒါ့အျပင္ ေန႔စဥ္ျပဳမူ လုပ္ေဆာင္မႈေတြကေန တဆင့္သာမက မိမိတို႔ခႏၶာကိုယ္မွထြက္ရွိတဲ့ အညႇီအညစ္အေၾကးေတြကေနလည္း မေကာင္းေသာလႈိင္းေတြကို ဆြဲေဆာင္တတ္ၾကၿပီး မိမိမွာ ထိုလႈိင္းေတြေၾကာင့္ လုပ္ကိုင္ရာပတ္ဝန္းက်င္မွာ ဘာပဲလုပ္လုပ္ အဆင္ေျပမႈနည္းပါးျခင္း၊ မိမိအေပၚ ႏိုင့္ထက္စီးနင္း ဆက္ဆံသူေပါမ်ားေနတတ္ၿပီး မိမိ အိမ္ေထာင္ဖက္ခ်စ္သူ ကိုယ္တိုင္ကအျပင္ မိမိအေပၚနားလည္ေပးႏိုင္စြမ္း ေလ်ာ့က်မႈေတြျဖစ္ၿပီး စြန႔္ခြာသြားတတ္ပါတယ္။ ဒီလိုဆုံးရႈံးမႈေတြ ႀကဳံေတြ႕ေနရၿပီဆိုလွ်င ္မိမိရဲ႕စန္းအားေတြ သုညေအာက္ကို ယူဇနာေထာင္ခ်ီကိုက်ေနၿပီလို႔သာ မွတ္ေပေတာ့။

ဦးစြာ မိမိကံဇာတာေတြ ျပန္လည္တက္လာၿပီး မိမိခႏၶာေပၚမွာက်ေရာက္ ကပ္ၿငိစြဲကပ္ေနတဲ့ မေကာင္းတဲ့အညစ္အေၾကး လႈိင္းေတြကို ပယ္ဖ်က္ဖို႔အတြက္ ေရပုံးေလးတစ္ပုံးထဲကို ေရထည့္ပါ။ တေရာ္ကင္ပြန္းေလး ႏွစ္ထုပ္ေလာက္ေရာပါ။ ဆားအနည္းငယ္နဲ႔ ရွာလကာရည္ေလးထည့္ပါ။ တစ္ခုနဲ႔တစ္ခု ေရာေႏွာသြားေအာင္အနည္းငယ္ ေမႊရပါမယ္။ ေမႊတဲ့အခါမွာလည္း ေရွးေဟာင္းအယူအဆေလး တစ္ခုအတိုင္းေပါ့ နာရီလက္တံေျပာင္းျပန္ လက္ဝဲရစ္ေလး ေမႊရပါမယ္။ ထိုသို႔ျပဳလုပ္ၿပီးပါက ထိုေရနဲ႔ေခါင္းေလွ်ာ္ျခင္း အရင္ျပဳပါ။ ၿပီးလွ်င္က်န္ရွိေနတဲ့ေရကိုဆက္ၿပီး မိမိခႏၶာကိုအနံ႔အျပားကို ပတ္ျဖန္းသန႔္စင္ေပးပါ။

ဒါေလးၿပီးရင္ေတာ့ ႏွစ္သက္ရာ ေရခ်ိဳးဆပ္ျပာကို အသုံးျပဳၿပီး ေရဝဝ ခ်ိဳးခ်လို႔ ရပါၿပီ။ ယခုကဲ့သို႔ေရခ်ိဳးမဂၤလာျပဳျခင္းေလး ျပဳၿပီးရင္ သင္ဟာသန႔္စင္တဲ့ လူတစ္ေယာက္ျဖစ္ေနပါၿပီ။ ဒါေၾကာင့္ပိုမိုၿပီး သန႔္စင္မႈေလးရရွိေအာင္ အလင္းဓာတ္ေလး ယူရပါမယ္။ ေထြထူးလုပ္ဖို႔မလိုပါဘူး။ ဖေယာင္းတိုင္ေလးတစ္တိုင္ ထြန္းၿပီး ၿငိမ္ၿငိမ္ေလး ထိုဖေယာင္းတိုင္ေလးေရွ႕မွာ ထိုင္ေန႐ုံပါပဲ။ ဒါေလးေတြ အကုန္ၿပီးၿပီဆိုရင္ေတာ့ ေရေမႊးဆြတ္တဲ့ အပိုင္းေလးေရာက္ပါၿပီ။ ေရေမႊးကို ဘယ္လိုဆြတ္ျဖန္းရမလဲဆို အထက္ကရွင္းျပခဲ့တဲ့အတိုင္း မိမိခႏၶာကိုယ္က မေကာင္းတဲ့ အညႇီေတြ ထြက္ရွိတဲ့ေနရာကို ဆြတ္ျဖန္းသန႔္စင္ရပါမယ္။

ၿပီးရင္ေတာ့ မိမိမ်က္ႏွာေရွ႕တည့္တည့္ အထက္နားကို ေရေမႊးေလးပတ္ျဖန္းၿပီး ထိုနားတဝိုက္ကို အနည္းငယ္ပတ္ၿပီး လမ္းေလွ်ာက္ေပးလိုက္ပါ။ မိမိခႏၶာကိုယ္အႏွံ႔ ေရေမႊးနံ႔ေလး ေရာက္ရွိသြားေစသလို မိမိလမ္းေလွ်ာက္သြားရာ လမ္းတစ္ေလွ်ာက္မွာလည္း ထိုအနံ႔သင္းသင္းေလး ေလထုထဲမွာ က်န္ရွိေနတတ္ပါတယ္။

ဒါေလးေတြ အကုန္လုပ္ၿပီးရင္ သင့္အတြက္ စန္းပြင့္ေစမယ့္ အစီအရင္တစ္ခုၿပီးပါၿပီ။ ၫႊန္ၾကားခဲ့တဲ့ ေရခ်ိဳးနည္းေလးျပဳလုပ္ၿပီး (၂၄ )နာရီအၾကာမွာ စတင္ၿပီး အစြမ္းျပပါလိမ့္မယ္။ သင့္အတြက္ ထူးျခားတဲ့ ရလာဘ္ေကာင္းေလးေတြ ႀကဳံလာရသလို ေရေမႊးနဲ႔သန႔္စင္တဲ့ အစြမ္းေၾကာင့္ မိမိနဲ႔ ဆန႔္က်င္ဖက္ေတြအေပၚ တမူထူးျခားၿပီး ဆြဲေဆာင္မႈ ရွိေနတာကို ထူးထူးျခားျခား သတိျပဳမိေနေစမွာပါ။ စန္းအားေကာင္းမြန္လာျခင္းသည္ အခ်စ္ေရးမွာကံေကာင္းလာျခင္း တစ္ခုတည္းအတြက္ ဆိုလိုျခင္းမဟုတ္ပဲ မိမိေနထိုင္ရာ ပတ္ဝန္းက်င္နဲ႔ ရွင္သန္ရာေနရာတိုင္းမွာ လူခ်စ္လူခင္မ်ားျပားေစၿပီး ကူညီေစာင္မသူ ေပါမ်ားလာျခင္းပါ။

ေရခ်ိဳးတဲ့ နည္းလမ္းေလးကို တစ္ပတ္ကို တစ္ႀကိမ္ေလာက္ေတာ့ မျဖစ္မေနလုပ္သင့္ၿပီး ေရေမႊးေလးကိုေတာ့ေန႔စဥ္အတြက္ ဆြတ္ဖ်န္းမႈ ျပဳလုပ္လို႔ရပါတယ္ဆိုတဲ့ အေၾကာင္းေလးေျပာရင္း မိတ္ေဆြမ်ားလည္း သိရွိေစေအာင္ ေဝမွ်ေပးပါဦးလို႔ ေမတၱာရပ္ခံပါရေစ။

Credit-ခ်စ္ေသာစိတ္ျဖင့္ . . . . . . ရဲထက္မြန္ 09794463221

Leave a Reply

Your email address will not be published. Required fields are marked *