ဗဟုတုသ

ဆရာကြီးဦးရန်အောင်၏ အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့် ခေါင်းလျှော်နည်း။

(Unicode)

အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့် ခေါင်းလျှော်နည်း

ရေချိုးနည်း

ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။

သေချာခံစားကြည့်ရင် ရေကို ငုံပြီးတော့ ကိုယ့်ရဲ့လက်မောင်းတစ်နေရာ ပြန်ထွေးကြည့်လိုက်။ နည်းနည်းလေး ပူတယ်။ အဲဒါက ဘယ်ကပါလာတာလဲ… ခံတွင်းထဲက။ ဒါဆိုရင် ဒီလိုလေး လုပ်တာနဲ့ကို ဒေါ်ထွေးကြည်ရဲ့ ငယ်ထိပ် မခံမရပ်နိုင်အောင် ပူတယ်ဆိုတာ ပိုဆိုးသွားစရာ အကြောင်းရှိလား။ မုချ သက်သာသွားနိုင်သလား။ သက်သာသွားမှာပါ။ သာမန် သက်သာသွားမှာလား။ မုချ သက်သာသွားမှာလား၊ မုချ သက်သာသွားမှာပါ။ အကုန်အကျများလား။ မများပါဘူးနော်။

အဲဒါလေးကို ပြီးပြီဆိုတော့မှ လက်ခုပ်ထဲ ရေလေးထည့်ပြီး နှာခေါင်းလေးထဲကို အသာလေးမော့ပြီး ထည့်လိုက်။နှာသီးဆိုတာ နှာခေါင်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရှိတယ်။ ဆိတ်ခွာ ပုံသဏ္ဌာန် ရှိတယ်။ အဲဒါလေး ထိပြီဆို မွှန်ထူသွားတာပဲ။ ပူနေတာကိုး။ ပူနေတဲ့ အိုးတစ်အိုးကို ရေနှင့် ပတ်ကြည့်။ ရှဲခနဲဆို ပူသွားတယ်။ ရေလေးသွင်း၊ တစ်ခါ ပြန်ညှစ်ထုတ် (၅)ကြိမ်စီလောက်၊ ပါးစပ်ကလည်း ငုံမယ်။ နှာခေါင်းကိုလည်း ရေလေးထည့်မယ့်။ မျက်စိကိုလည်း ရေနဲ့ ပုတ်ခတ်၊ ပုတ်ခတ် လုပ်မယ်။ ပြီးရင် နားထဲတော့ ရေသွားမထည့်နဲ့နော်။ နားထဲမှာ နားအုံ ရှိတယ်။ နားအုံကို ရေလေးနှင့် နည်းနည်းဆွတ်ပေးမယ်။ အဲသလို လုပ်ခြင်းအားဖြင့် အပူတွေ လျော့နေပြီ။

ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

ဥပမာ- အပူချိန် ( ၁၀၃ – ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။ ဒါက ဆရာကြီးတို့ စာအတွေ့ကြုံရော၊ ဘဝအတွေ့ကြုံရော၊ ကုထုံးအတွေ့အကြုံရော ပေါင်းစပ်ပြောနေတာလို့ တလေးတနက် ဒေါ်ထွေးကြည် နားလည်စေချင်တယ်နော်။

အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေ ငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလိုအေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။ ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။

အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ အခြေခံ ရူပဗေဒသိပ္ပံဘာသာအရ အပူတွေဟာ တစ်နေရာကနေ တစ်နေရာကို လျှောက်တယ်၊ စီးတယ်၊ ဟတ်တယ်ပေါ့။ ဥပမာ – မီးပုံရှိတယ်။ ခမ်းလှမ်းလှမ်းမှာ ထိုင်နေရင်တောင် လာဟတ်နေတာ။ ရေနွေးအိုးတစ်အိုး မီးပူပေးထားရင် တည်စက ရေကို လက်ညှိးလေးထောက်ကြည့်။ လုံးဝ မပူဘူး။ တော်တော်ကြာရင် ရေက အပူစီးလာတယ်။ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ဆယ်ပေလောက်သံချောင်းကြီး အဖျားတစ်ဖက်ကို မီးပုံထဲ ထည့်ထားမယ်။ ကြာရင် အပူကဘယ်ရောက်လာလဲ။ ဒီဘက်ထိပ်အထိ စီးလာတယ်။ အပူစီးလာတာ။ အပူ လျှောက်လာတာ။

ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

ခေါင်းလျှော်နည်း

ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။

ရေခဲမုန့်လုပ်တဲ့သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတစ်ခု ရေခဲတွေ။ အတွင်း ဆလင်ဒါကြီးတစ်ခုထဲမှာတော့ ရေခဲမုန့်တွေပေါ့။ ဆလင်ဒါဆိုတာ အိုးကြီးနှစ်ခုပေါ့။ အတွင်းဆလင်ဒါကို ကလိကလှည့်နှင့် လှည့်ပေးတဲ့အခါ စလင်ဒါနှစ်ခုကြားက ရေခဲတွေ ချက်ချင်းပျော်တာပေါ့။ ပူတာကိုး။ အဲဒီတော့ အဲဒီအပူကို စုပ်နိုင်မှ ရေခဲချက်ချင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်။ ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး။ ထွက်သမျှအပူ ဆားကစုပ်ယူတာကိုး။

ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အစာဝ၊ အနာကင်း၊ ဘယာရှင်း – ကြပါစေ။

Credit-ဆရာကြီးဦးရန်အောင်

(Zawgyi)

အပူၿငိမ္းဖို႔အတြက္ ေရခ်ိဳးနည္းႏွင့္ ေခါင္းေလွ်ာ္နည္း

ေရခ်ိဳးနည္း

ေရမခ်ိဳးခင္ ေရကို ပါးစပ္ထဲမွာ ငုံမယ္။ ျပန္ေထြး ထုတ္မယ္။ ဘာေတြ ပါသြားမယ္ထင္လဲ။ အပူေတြပါသြားမယ္။ၿပီးရင္ လက္ခုပ္ထဲမွာ ေရေလး ထည့္မယ္။ မ်က္လုံးေလးကို အဲဒီလက္ခုပ္ထဲမွာ က်င္းေပးမယ္။ မွိတ္လိုက္ ဖြင့္လိုက္ေပါ့။ မ်က္လုံးထဲက အပူေတြ ပါသြားမယ္။ အပူေတြေရာ၊ အညစ္အေၾကး ဖုန္ေတြေရာ ပါသြားမွာေပါ့ေနာ္။

ေသခ်ာခံစားၾကည့္ရင္ ေရကို ငုံၿပီးေတာ့ ကိုယ့္ရဲ႕လက္ေမာင္းတစ္ေနရာ ျပန္ေထြးၾကည့္လိုက္။ နည္းနည္းေလး ပူတယ္။ အဲဒါက ဘယ္ကပါလာတာလဲ… ခံတြင္းထဲက။ ဒါဆိုရင္ ဒီလိုေလး လုပ္တာနဲ႔ကို ေဒၚေထြးၾကည္ရဲ႕ ငယ္ထိပ္ မခံမရပ္ႏိုင္ေအာင္ ပူတယ္ဆိုတာ ပိုဆိုးသြားစရာ အေၾကာင္းရွိလား။ မုခ် သက္သာသြားႏိုင္သလား။ သက္သာသြားမွာပါ။ သာမန္ သက္သာသြားမွာလား။ မုခ် သက္သာသြားမွာလား၊ မုခ် သက္သာသြားမွာပါ။ အကုန္အက်မ်ားလား။ မမ်ားပါဘူးေနာ္။

အဲဒါေလးကို ၿပီးၿပီဆိုေတာ့မွ လက္ခုပ္ထဲ ေရေလးထည့္ၿပီး ႏွာေခါင္းေလးထဲကို အသာေလးေမာ့ၿပီး ထည့္လိုက္။ႏွာသီးဆိုတာ ႏွာေခါင္းရဲ႕ သုံးပုံႏွစ္ပုံေလာက္မွာ ရွိတယ္။ ဆိတ္ခြာ ပုံသဏၭာန္ ရွိတယ္။ အဲဒါေလး ထိၿပီဆို မႊန္ထူသြားတာပဲ။ ပူေနတာကိုး။ ပူေနတဲ့ အိုးတစ္အိုးကို ေရႏွင့္ ပတ္ၾကည့္။ ရွဲခနဲဆို ပူသြားတယ္။ ေရေလးသြင္း၊ တစ္ခါ ျပန္ညႇစ္ထုတ္ (၅)ႀကိမ္စီေလာက္၊ ပါးစပ္ကလည္း ငုံမယ္။ ႏွာေခါင္းကိုလည္း ေရေလးထည့္မယ့္။ မ်က္စိကိုလည္း ေရနဲ႔ ပုတ္ခတ္၊ ပုတ္ခတ္ လုပ္မယ္။ ၿပီးရင္ နားထဲေတာ့ ေရသြားမထည့္နဲ႔ေနာ္။ နားထဲမွာ နားအုံ ရွိတယ္။ နားအုံကို ေရေလးႏွင့္ နည္းနည္းဆြတ္ေပးမယ္။ အဲသလို လုပ္ျခင္းအားျဖင့္ အပူေတြ ေလ်ာ့ေနၿပီ။

ဒါေတြၿပီးလို႔ ခႏၶာကိုယ္ကို ေရေလာင္းေတာ့မယ္ဆိုလည္း အရမ္းမေလာင္းလိုက္ပါနဲ႔။ စနစ္တက် ဘယ္ေျခေထာက္ကို ေရအရင္ေလာင္းၾကည့္ပါ။ ၿပီးရင္ ညာဘက္လက္ကို ေလာင္းပါ။ ဘယ္ေျခညာလက္ ေလာင္းတာကလည္းပဲ ေနာင္အခြင့္သာရင္ အက်ယ္ေျပာမယ္ေနာ္။ ေလာင္းတာခ်င္းအတူတူ အဲသလို ေလာင္းၾကည့္ရင္ အပူ သိသိသာသာ ေလ်ာ့ေစပါတယ္။

ဥပမာ- အပူခ်ိန္ ( ၁၀၃ – ၁၀၄ ) ေလာက္ျဖစ္လို႔ တက္ေတာ့မယ့္ကေလးလည္း ဘာမွ မလုပ္ႏွင့္။ သနပ္ခါးေရက်ဲက်ဲေလးကိုသာ ဘယ္ေျခ၊ ညာလက္ ႏွစ္ေက်ာ့ေလာက္ လိမ္းၾကည့္လိုက္။ အလိုလို အပူခ်ိန္က ၿငိမ္ၿပီး က်လာမယ္။ေသြးသိပ္တိုးေနတဲ့သူ ဘာေဆးမွ မေသာက္နဲ႔။ ဘယ္ေျခ၊ ညာလက္ကို ေရေလးေလာင္းၿပီးေတာ့ သနပ္ခါးသာ လိမ္းၾကည့္လိုက္။ ျပန္ၿပီး တိုင္းၾကည့္လိုက္ပါ။ ဒါက ဆရာႀကီးတို႔ စာအေတြ႕ႀကဳံေရာ၊ ဘဝအေတြ႕ႀကဳံေရာ၊ ကုထုံးအေတြ႕အႀကဳံေရာ ေပါင္းစပ္ေျပာေနတာလို႔ တေလးတနက္ ေဒၚေထြးၾကည္ နားလည္ေစခ်င္တယ္ေနာ္။

အခုက ဘာအေၾကာင္းေျပာေနလဲဆို ေရအသုံးအေၾကာင္း ေျပာေနတာေနာ္။ သူ႔ရဲ႕ အပူေတြ ၿငိမ္းဖို႔အတြက္ပါ။ ၿပီးေတာ့မွ ျဖည္းျဖည္းေလးခ်င္း လက္ဖ်ား၊ တံေတာင္ဆစ္၊ လက္ေမာင္း၊ ေျခအစြန္၊ တံေတာင္ဆစ္ အဲသလိုေအးေအးေဆးေဆးနဲ႔ ေရေလာင္းၿပီး ခ်ိဳးေပးလို႔ရွိရင္ ေဒၚေထြးၾကည္ရဲ႕ က်န္းမာေရးဟာ ေရမွ တစ္ပါး ေဆးမရွိပါဘူးလို႔ အဲဒီအပူကို ေလ်ာ့ခ်င္ပါတယ္ဆိုရင္ ေမးခြန္းတစ္ခု လွမ္းေမးၾကည့္ခ်င္တယ္။ ငယ္ငယ္က င႐ုတ္သီးေထာင္းလို႔ မ်က္စိထဲ ဝင္သြားရင္ အေမ (သို႔ ) အေဒၚေရ . . . သား/သမီး ေတာ့ မ်က္စိထဲ င႐ုတ္သီးဝင္သြားၿပီဆိုရင္ အေမတို႔၊ အေဒၚတို႔ ဘယ္ကို ေရေလာင္းခိုင္းလဲ။ ေျခမကို ေရေလာင္းခိုင္းတယ္။ သိပ္ကို အဓိပၸာယ္ရွိတယ္။

အပူရဲ႕သဘာဝက ေလွ်ာက္သြားတယ္၊ စီးသြားတယ္၊ ဟတ္သြားတယ္။ အေျခခံ ႐ူပေဗဒသိပၸံဘာသာအရ အပူေတြဟာ တစ္ေနရာကေန တစ္ေနရာကို ေလွ်ာက္တယ္၊ စီးတယ္၊ ဟတ္တယ္ေပါ့။ ဥပမာ – မီးပုံရွိတယ္။ ခမ္းလွမ္းလွမ္းမွာ ထိုင္ေနရင္ေတာင္ လာဟတ္ေနတာ။ ေရေႏြးအိုးတစ္အိုး မီးပူေပးထားရင္ တည္စက ေရကို လက္ညႇိးေလးေထာက္ၾကည့္။ လုံးဝ မပူဘူး။ ေတာ္ေတာ္ၾကာရင္ ေရက အပူစီးလာတယ္။ ဟိုး . . . ခပ္လွမ္းလွမ္းမွာ ဆယ္ေပေလာက္သံေခ်ာင္းႀကီး အဖ်ားတစ္ဖက္ကို မီးပုံထဲ ထည့္ထားမယ္။ ၾကာရင္ အပူကဘယ္ေရာက္လာလဲ။ ဒီဘက္ထိပ္အထိ စီးလာတယ္။ အပူစီးလာတာ။ အပူ ေလွ်ာက္လာတာ။

ကိုယ့္မွာ အ႐ိုးေတြ ရွိတယ္။ ေသြးေတြ အသားေတြ ရွိတယ္။ အ႐ိုးေတြထဲ အပူေလွ်ာက္လာမယ္။ ေသြးေတြ သားေတြထဲ အပူစီးလာမယ္။ ဒါေၾကာင့္မို႔ ေျခေထာက္ကို ေရေလာင္းလိုက္ရင္ အေပၚကပူတာ သက္သာမယ္။ ဒါအပူေတြ ေအာက္ကို ဆင္းတာ။ ေမးခြန္းေလးက မခံမရပ္ႏိုင္ေအာင္ ပူေနတာဆိုေတာ့ အဲဒီအပူေတြ ေအာက္ကို တစ္ခ်က္လွည့္ေပးရမွာေပါ့ေနာ္။

ေခါင္းေလွ်ာ္နည္း

ေရခ်ိဳးတာႏွင့္ ေခါင္းေလွ်ာ္တာအေပၚမွာ တစ္ခုသတိထားရပါမယ္။ ေခါင္းေလွ်ာ္ၿပီးမွ ဘယ္ေတာ့မွ ေရမခ်ိဳးပါႏွင့္။ ေရခ်ိဳးၿပီးမွ ေခါင္းေလွ်ာ္ပါ။ ေနာက္တစ္ခုက ေရခ်ိဳးခါနီးေလးမွာ ေျခဖဝါးကို ဆားပြတ္ၿပီးမွ ေရခ်ိဳးပါလို႔ ေျပာခ်င္ပါတယ္။ ဆားက ဘာလဲဆို အပူစုပ္တယ္။

ေရခဲမုန႔္လုပ္တဲ့သူေတြဆိုရင္ အျပင္မွာ ဆလင္ဒါႀကီးတစ္ခု ေရခဲေတြ။ အတြင္း ဆလင္ဒါႀကီးတစ္ခုထဲမွာေတာ့ ေရခဲမုန႔္ေတြေပါ့။ ဆလင္ဒါဆိုတာ အိုးႀကီးႏွစ္ခုေပါ့။ အတြင္းဆလင္ဒါကို ကလိကလွည့္ႏွင့္ လွည့္ေပးတဲ့အခါ စလင္ဒါႏွစ္ခုၾကားက ေရခဲေတြ ခ်က္ခ်င္းေပ်ာ္တာေပါ့။ ပူတာကိုး။ အဲဒီေတာ့ အဲဒီအပူကို စုပ္ႏိုင္မွ ေရခဲခ်က္ခ်င္း မေပ်ာ္မွာမို႔ ေရခဲေပၚ ဆားေလးတင္လိုက္တယ္။ ေရခဲေပၚ ဆားတင္လိုက္ရင္ မေပ်ာ္ေတာ့ဘူး။ ထြက္သမွ်အပူ ဆားကစုပ္ယူတာကိုး။

ေရကို တစ္ေန႔ကို သာမန္ဖန္ခြက္ ( ၅ ) ခြက္ကေန ( ၇ )ခြက္ေလာက္ထိ ေသာက္မယ္။ ေရကို စနစ္တက် ခ်ိဳးမယ္။ ေရကို ငုံမယ္ဆိုရင္ အပူအေၾကာင္းခံၿပီးျဖစ္ေနတဲ့ေရာဂါေတြ ပိန္းၾကာ႐ြက္တြင္ ေရမတင္သကဲ့သို႔ ေပ်ာက္မွာပါလို႔ေျပာၾကားရင္း နိဂုံးခ်ဳပ္ပါတယ္။

အစာဝ၊ အနာကင္း၊ ဘယာရွင္း – ၾကပါေစ။

Credit-ဆရာႀကီးဦးရန္ေအာင္

Leave a Reply

Your email address will not be published. Required fields are marked *