ဗဟုတုသ
သစ်တံခါးဆရာတော်ကြီး၏ ”ကော်ဖီ” ဓာတ်ဖွင့်ပြီး ထူးခြားစွာလာဘ်ပွင့် ငွေကံထူနည်း။
(Unicode)
သစ်တံခါးဆရာတော်ကြီး၏ ”ကော်ဖီ” ဓာတ်ဖွင့်ပြီး ထူးခြားစွာလာဘ်ပွင့် ငွေကံထူနည်း
မိမိတို့တွင် ငွေကံမပွင့်၍ ကျပ်တည်းမှု တွေ့နေ ရပါက လွယ်ကူပြီး ထိရောက်လှသောဆောင်ရွက်မှု့ဖြစ်သည့် အဓိဋ္ဌာန်ကျင့်စဉ်ဖြစ်သော ”ကော်ဖီ ” ဓာတ်ဖွင့် ပြီး ငွေကံထူ ပေးရမည်ဖြစ်သည်။ထူးခြားစွာ ငွေကံလာဘ်ပွင့်၍ အံ့သြစွာ တွေ့ရမည်ဖြစ်သည်။
ဆောင် ရွက်ပုံကား
(၁) တနင်္ဂနွေ သားသမီး ငွေကံပိတ်နေပါက ..ကြာသပတေး နေ့ နနက် (၇) နာရီ (၃) မိနစ် အချိန်တွင်” ဘီစကွတ်” မုန့် (၁၀) ခု ကို ပန်းကန်တစ်ခုတွင် ထည့်၍ ဘုရားတွင် ကပ်ပါ။ ကော်ဖီ (၁၀) ခွက် ဖျော်ပြီးဘုရား ကပ်လှုပါ။ မေမြို့ပန်း (၁၀) ပွင့် လှုပါ။ ” အရဟံ သိဒ္ဓိ ဘဂဝါ အောင် “ပုတီး (၁၀) ပတ် စိပ်ပါ။ လာဘ်ခေါ် ဂါထာ (၁၀) ခေါက် ရွတ်ပါ။ လူ နတ် ဗြဟ္မာ သတ္တဝါနှင့် ရုက္ခစိုး နတ်များအား အမျှဝေပါ။ သာဓုခေါ် ပါ။ ထူးခြားပါ၏။
ကျန်နေ့ သားသမီးများ အတွက် ကပ်လှုရမည့်အချိန်မှာ မနက် (7:03) နာရီအချိန် အတူတူပင်ဖြစ်ပြီး ဘီစကွတ် (၁၀) ချပ်၊ ကော်ဖီ (၁၀) ခွက်အလှူနှင့် စိပ်ရမည့် ပုတီးပတ်ရေမှာလည်း အတူတူဖြစ် ပါသည်။ ကပ်ရမည့် ပန်းနင့် ရက်ကို ဖော်ပြပေးသွားပါမည်။
တနင်္လာသားသမီးများသည် သောကြာနေ့လှုရမည့်ပန်းမှာ သပြေ ပန်း (၁၀) ညွန့်
အင်္ဂါသားသမီးများသည် စနေ နေ့လှုရမည့် ပန်းမှာ နှင်းဆီ (၁၀) ပွင့်
ဗုဒ္ဓဟူးသားသမီးများသည် တနင်္ဂနွေ နေ့လှုရမည့် ပန်း မှာ အုန်း ညွန့် (၁၀) ညွန့်
ကြာသပတေး သားသမီးများသည် တနင်္လာနေ့ လှုရမည်မှာ ကံကော် (၁၅) ညွန့် သို့ မဟုတ် ကန်စွန်း(၁၅)ညွန့်
သောကြာသားသမီးများသည် အင်္ဂါနေ့လှုရမည် မှာ စိန်ပန်း (၈) ညွန့်
စနေ သားသမီးများသည် ဗုဒ္ဓဟူး နေ့လှုရမည် မှာ ရွက်လှ (၁၇) ညွန့် ဖြစ်ပါသည် ။
လာဘ်ခေါ်ဂါထာ-
အရဟံ ဗုဒ္ဓေါ အရဟံ
အရဟံ ဗုဒ္ဓေါ ဗုဒ္ဓဿ
ဂုဏ တေဇသာ သဗ္ဗသိဒ္ဓိ
လာဘံ မေ ဘဝိဿတိ
လုပ်သမျှ အဆင်မပြေ ငွေကံပိတ်နေသူများသည် အထက်ပါ နေ့နံ အလိုက် မိမိအိမ်ဘုရားတွင် ကပ်လှုပူဇော်ပြီး အဓိဋ္ဌာန်ပြု့ ပူဇော်မှု့ပြု့ကာ သစ္စာဆိုပြီး ဘုရားတပည့်တော်တွင် ပိတ်ဆို့နေသောအလုပ်ကိစ္စနှင့် အခက်အခဲများ ငွေကံပွင့်လေအောင် ” ကော်ဖီ” ဓာတ်ဖွင့်သည့် နေ့ မှစ၍ ထူးထူးခြားခြား ထူထူထောင်ထောင်အောင် မြင်မှုရပြီးအေးချမ်းရပါစေ။ အောင်မြင်ရပါစေ။ဆုတောင်းပါ။ ထူးခြားစွာ ကံပွင့် လာဘ်ပွင့် လာပါလိမ့်မည်။
သစ်တံခါး ဆရာတော် ( ကံပွင့် လာဘ်ပွင့်ဥစ္စာမြှင့် နည်းစနစ်ယူကာ အဓိဋ္ဌာန်ကျင့် )
Credit-အလင်းစေတမာန် ဆု
(Zawgyi)
ဆောင် ရွက်ပုံကား
လာဘ်ခေါ်ဂါထာ-
အရဟံ ဗုဒ္ဓေါ အရဟံ
အရဟံ ဗုဒ္ဓေါ ဗုဒ္ဓဿ
ဂုဏ တေဇသာ သဗ္ဗသိဒ္ဓိ
လာဘံ မေ ဘဝိဿတိ
Leave a Reply
Your email address will not be published. Required fields are marked *