(Unicode)
ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့် အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊အစားအသောက် မှားယွင်းခြင်းပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။အစားအစာနှင့် ပတ်သက်လျှင် ကင်ဆာအားပေးသော အစားအစာများကို ရှောင်ကြဉ်ပြီးကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သော အစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင်ကင်ဆာဖြစ်ရန် အလားအလာ လျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။
သာမန်အားဖြင့် မင်းကွတ်သီး၏ အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့် အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှအဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။
အပြင်ပိုင်း အခွံအမာသားသည် အလွန်ခါးသည့်အတွက် အတွင်းပိုင်း ပျော့သည့်အခွံကိုသာ ဇွန်းဖြင့်ခြစ်ယူပြီး အဖြူရောင်အတွင်းသား (White flesh) နှင့်ရောကာ ရေနွေးဖြင့်ဖျော်ပြီးနောက် သစ်သီးမွှေဖျော်စက်ထဲတွင် ထည့်မွှေ၍ သောက်သုံးရပါမည်။ အနံ့အရသာ ပိုကောင်းစေချင်လျှင် ပျားရည်၊ ထောပတ်သီးအနှစ် အနည်းငယ် ထည့်ပေးနိုင်ပါသည်။ သို့မဟုတ် နွားနို့နှင့်လည်း ဖျော်သောက်နိုင်ပါသည်။
Credit- Dr. Khin Maung Lwin – FAME
(Zawgyi)
ယေန႔ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ကင္ဆာေရာဂါျဖစ္ပြားသည့္ႏႈန္းမွာ တျဖည္းျဖည္း ျမင့္တက္လာေနပါသည္။ ကင္ဆာျဖစ္ရသည့္ အေၾကာင္းရင္းမ်ားတြင္ အဓိကက်သည္မွာ အေနအထိုင္၊အစားအေသာက္ မွားယြင္းျခင္းပင္ ျဖစ္သည္။ ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္း၊ အရက္ အလြန္အကြၽံေသာက္ျခင္းစသည့္ ကင္ဆာအားေပးအျပဳအမူမ်ားကို ေရွာင္ၾကဥ္ၾကရပါမည္။အစားအစာႏွင့္ ပတ္သက္လွ်င္ ကင္ဆာအားေပးေသာ အစားအစာမ်ားကို ေရွာင္ၾကဥ္ၿပီးကင္ဆာကို ကာကြယ္တိုက္ဖ်က္ႏိုင္ေသာ အစားအစာမ်ားကို ေန႔စဥ္စားေပးမည္ဆိုလွ်င္ကင္ဆာျဖစ္ရန္ အလားအလာ ေလ်ာ့နည္းမည္ျဖစ္ပါသည္။ ယင္းတို႔အနက္ မင္းကြတ္သီးေဖ်ာ္ရည္သည္လည္း ကင္ဆာမျဖစ္ေစရန္ ကာကြယ္ႏိုင္စြမ္းရွိေသာေၾကာင့္ မၾကာခဏေသာက္သုံးသင့္ပါေၾကာင္း အႀကံျပဳေျပာၾကားလိုပါသည္။
သာမန္အားျဖင့္ မင္းကြတ္သီး၏ အတြင္းသား (White flesh) ကိုသာ စားေလ့ရွိၾကၿပီး ေဆးဖက္ဝင္သည့္ အျပင္အခြံကိုမူ စားေလ့မရွိၾကပါ။ ထို႔ေၾကာင့္ ေဖ်ာ္ရည္လုပ္ေသာက္မွအဆင္ေျပပါသည္။ အတြင္းသားကို ဇြန္းျဖင့္ဖယ္လိုက္လွ်င္ အျပင္အခြံမ်ား က်န္ရွိပါမည္။ ယင္းအခြံတြင္ အျပင္ပိုင္းမာေက်ာသည့္အခြံႏွင့္ အတြင္းပိုင္းေပ်ာ့သည့္အခြံဟူ၍ (၂) ပိုင္းရွိသည္။
အျပင္ပိုင္း အခြံအမာသားသည္ အလြန္ခါးသည့္အတြက္ အတြင္းပိုင္း ေပ်ာ့သည့္အခြံကိုသာ ဇြန္းျဖင့္ျခစ္ယူၿပီး အျဖဴေရာင္အတြင္းသား (White flesh) ႏွင့္ေရာကာ ေရေႏြးျဖင့္ေဖ်ာ္ၿပီးေနာက္ သစ္သီးေမႊေဖ်ာ္စက္ထဲတြင္ ထည့္ေမႊ၍ ေသာက္သုံးရပါမည္။ အနံ႔အရသာ ပိုေကာင္းေစခ်င္လွ်င္ ပ်ားရည္၊ ေထာပတ္သီးအႏွစ္ အနည္းငယ္ ထည့္ေပးႏိုင္ပါသည္။ သို႔မဟုတ္ ႏြားႏို႔ႏွင့္လည္း ေဖ်ာ္ေသာက္ႏိုင္ပါသည္။
Credit- Dr. Khin Maung Lwin – FAME
Leave a Reply