ဗဟုတုသ

ဂရန် ဆိုသည်မှာ။ ဂရန်နဲ့ ပတ်သတ်၍ သိထားသင့်သော ဗဟုသုတများ။

(Unicode)

ဂရန်နဲ့ ပတ်သတ်၍ သိထားသင့်သော ဗဟုသုတများ

ဂရန် ဆိုသည်မှာ (၁)

ဂရန်ဆိုတာဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွအများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့်မရှိပါ။ တည်ဆဲဥပဒေများတွင်အာဏာအပ်မထားပါ။ အကြောင်း တစ်ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက် သေခံမြေပုံ ၁၀၅ကိုတောင် ဂရန်မှတ်နေတဲ့သူကရှိသေး။ ဂရန် ကြောင်းသိချင်ရင် ဖတ်ပါ။

“ဂရန်ဆိုသည်မှာ” အပိုင်း – ၁ ဂရန်

၁။ မြို့မြေများမှာလူနေထိုင်ရန်(Residential Purposes) အတွက်ဖြစ်စေ၊စီးပွါးရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊မြို့ပြဖွံ့ဖြိုးရေး၊စည်ပင်သာယာရေးစတဲ့ကိစ္စရပ်များအတွက်ဖြစ်စေ၊ မြို့မြေကိုတနည်းနည်းအသုံးပြုလိုရင်အစိုးရထံကမြေငှားစာချုပ်နဲ့မြေငှါးရမ်းသုံးစွဲခွင့်လျှောက်ထားရပါတယ်။မြေငှားစာချုပ်ကိုဂရန်(Lease)လို့ခေါ်ပါတယ်။အပိုင်သဘောမျိုးချထားတာကတော့Grantလို့ခေါ်ပါတယ်။အခုတော့Grant ရော၊Lease ရောကိုဂရန်လို့ဘဲခေါ်ကြပါတယ်။

ဂရန်လျှောက်ထားခြင်း

အစိုးရမြေကို(ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ဌာနဆိုင် ရာ၊အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကော်လိပ်တော်အရာရှိထံလိပ်မူပြီးဂရန်လျှောက်ထားကြရပါတယ်။(ရန်ကုန် မန္တလေးမှာတော့မြို့တော်စည်ပင်)။အဲဒီအခါမှာသက်ဆိုင်ရာခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကလျှောက်လွှာကိုလက်ခံပြီးအမှုတွဲဖွင့်လှစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ထိုနောက်အမှုတွဲကိုကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့မြို့နယ်မြေစာရင်းဦးစီးဌာနရုံးများထံသို့အစိုးရမှချထားပေးနိုင်သောမြေဟုတ်-မဟုတ်နှင့်မြေရာဇဝင်ကိုစီစစ်မှတ်ချက်ပြုပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။

အဲဒီလိုပေးပို့တဲ့ မြို့/မြေဂရန်အမှုတွဲတွေကိုမြို့နယ်မြေစာရင်းဦးစီးဌာနက မိမိဌာနမှာရှိတဲ့မြို့ကွက်မြေပုံ(Block Maps)၊မြေရာဇဝင်မှတ်တမ်း (1-A Register)တွေနဲ့တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့မြေနေရာအတွက်မြေရာဇဝင်မှတ်တမ်းဖေါ်ပြပေးခြင်း၊ယင်းမြေနေရာသည်အစိုးရမြေလွတ်မြေလပ်ဟုတ်/မဟုတ်နှင့်အစိုးရမှချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ်မှတ်ချက်ပြုခြင်း၊မြို့မြေဧရိယာအတွင်းကျရောက်ခြင်းရှိမရှိနဲ့အစိုးရအဆောက်အဦးနှင့်အခြားကိစ္စများအသုံးပြုရန်လျာထားမြေများအတွင်းကျရောက်ခြင်းရှိ/မရှိတို့ကိုစီစစ်ပေးခြင်း၊မြေတန်ဘိုးနဲ့မြေငှားခများတွက်ချက်ပေးခြင်း၊စတဲ့ကိစ္စရပ်တွေကိုဆောင် ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာကထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာကမြေစာရင်းဌာန ဖြစ်ပါတယ်။ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာအဓိကတာဝန်ခံဆောင်ရွက်ပိုင်ခွင့်ရှိပြီးမြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊မြေရာဇဝင် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှုအခြေအနေကိုသာစိစစ်ပြန်ကြားရန်တာဝန်ခံရတာဖြစ်ပါတယ်။ဒါပေမဲ့မြေဆိုရင်မြေစာရင်းကလုပ်တာဘဲဆိုတဲ့အစွဲရှိလေတော့ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်းဦးတည်ပြီး မြေစာရင်းကမတရားဂရန်ထုတ်ပေးထားပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တိုင် တိုင်နေတာတွေ့ရပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက်မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပ ဒေတို့ကပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့သမားစဉ်လုပ်ငန်းတွေကိုသတ်မှတ်ထားပြီးသားဖြစ်တာကိုတိုင်တန်းတဲ့သူတွေသေသေချာချာသဘောမပေါက်ကြပါဘူး။

ဒါကြောင့်ဂရန်ဆိုမြေစာရင်းကထုတ်ပေးနေတယ်ထင်ကြလို့ ဖြစ်ပါတယ်။ဂရန်ကိစ္စမှာမြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့မြေရာဇဝင်ပြန်ကြားခြင်းသာဖြစ်ပြီးအဓိကတာဝန်ယူဆောင်ရွက်ရတာGADကကော်လိပ်တော်တွေ ဆောင်ရွက်ရတယ်ဆိုတာမသိတဲ့လူအများကြီးပါ။

ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ

အမှန်ကတော့ဂရန်အမှုတွဲကိုတာဝန်ခံဆောင်ရွက်တာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကော်လိပ်တော်အရာရှိရုံးကဖြစ်ပေမဲ့ဂရန်လျှောက်မဲ့မြေကိုမြေပုံရေးဆွဲပေးရတာ၊မြေရာဇဝင်ထုတ်ပြန်ပေးရတာအပြင်ဂရန်ပေးနိုင်တဲ့မြေဟုတ်-မဟုတ်ကိုဌာနရှိမြေပုံ၊မြေရာဇဝင်၊မှတ်တမ်း၊အထောက်အထားများနဲ့တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းကတာဝန်ယူထားရတဲ့ကဏ္ဍကလည်းမသေးပါဘူး။ဂရန်ပေးသင့်တဲ့မြေမဟုတ်ရင်မဟုတ်ကြောင်းမြေစာရင်းဌာနအနေနဲ့ထောက်ပြရမဲ့တာဝန်ရှိပါတယ်။ဒါပေမဲ့ပေါင်းစားရင်အရိုးတောင်နူးတယ်ဆိုတဲ့ခေတ်ကြီးမှာသမားစဉ်တွေလည်းပျက်သွားတယ်ထင်ပါတယ်။

ဒါ့အပြင်စစ်အုပ်ချုပ်ရေးဆိုတဲ့တသွေးတသံတမိန့်နဲ့ အာဏာရှင်ဆန်ဆန်တာဝန်ပေးအပ်မှုကိုစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေအောင့်အည်းဆောင်ရွက်ပေးခဲ့ရတဲ့ကာလတွေကလည်းတမေ့တမောဆိုတော့အာဏာပိုင်တွေအကြိုက်လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊လုပ်ထုံးလုပ်နည်းတွေကိုအလေးမထား အဖတ်အရှုအလေ့အလာမရှိတော့ဘဲကြုံသလိုဖြစ်သလိုလုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုးစွဲသွားကြတာဌာနတိုင်းလိုလိုဖြစ်တော့ကာထွေအုပ်နဲ့ မြေစာရင်းလည်းမိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာမဆန်းပါ။

အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား

လုပ်ထုံးလုပ်နည်းကိုအလေးမထားခဲ့တဲ့ကာလတွေရဲ့အကျိုးဆက်အဖြစ်ယခုအခါမှာတော့ဂရန်အမှုတွဲတွေမြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာမြို့နဲ့ ကျေးရွာမြေများလက်စွဲဥပဒေမှာပြဌာန်းထားတဲ့လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ကိစ္စတွေကိုဥပဒေပြဌာန်းချက်နဲ့အညီနည်းလမ်းတကျ၊စနစ်ကျနစွာဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ပြည့်စုံစွာစီစစ်မှတ်ချက်မပြုတော့တာတွေကိုတွေ့ရှိလာရပါတယ်။မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလိုနေရာတကာပါနေရတော့တခြားအလုပ်တွေပိလွန်းတဲ့အခါမြို့မြေကိစ္စတွေကိုလှည့်မကြည့်နိုင်တာလဲပါပါတယ်။

စနစ်တကျမစိစစ်တော့ဘဲအလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါအားနည်းချက်တွေရှိသွားပြီးအစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့အခြားမြေများ (ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊မီးရထားမြေ၊လမ်းမြေ၊ဆည်မြောင်းမြေ၊စည်ပင်သာယာပိုင်မြေ၊အစိုးရ ဌာန/ပုဂ္ဂလိကသို့ချထား ပြီးမြေ)စတာတွေကိုအစိုးရကချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ယင်းမြေများကိုဂရန်ချထားပေးရန်ထောက်ခံခြင်း၊စတဲ့လွဲမှားတဲ့မှတ်ချက်ပြုပြန်ကြားမှုတွေဖြစ်လာရပြီးအခြားမသက်ဆိုင်သူတွေအတွက်၊ချထားမပေးသင့်တဲ့အစိုးရဌာနပိုင်မြေများ၊အစိုးရသီးသန့်ထားတဲ့မြေများပေါ်မှာပုဂ္ဂလိကများကိုဂရန်ထုတ်ပေးရန်အထိထောက်ခံပေးခဲ့ခြင်းများရှိသွားကြပါတယ်။

မြေစာရင်းဌာနရဲ့မြေရာဇဝင်ကိုလွဲမှားစွာမှတ်ချက်ပြုထောက်ခံပေးချက်အပေါ် မူတည်ပြီးမချထားသင့်တဲ့မြေများ/ဂရန်ချထားမပေးနိုင်တဲ့မြေများကိုမြေငှါးဂရန်ထုတ်ပေးမိခဲ့လို့ပြဿနာဖြစ်ပွါးရတဲ့ကိစ္စရပ်တွေ၊အရှုပ်အရှင်းဖြစ်ရတာတွေအများကြီးပေါ် ပေါက်လာပါတယ်။

မနေ့တနေ့ကထိမြေစာရင်းနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာဂရန်မြေ အရှုပ် အရှင်းအတွက်အရေးယူခဲ့ရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။မြေစာရင်းဝန်ထမ်းတွေကိုမြေရာဇဝင်မှတ်တမ်းမှားယွင်းထုတ်ပေးမှုအတွက်နဲ့မြေပုံအမှားထုတ်ပေးမှုအတွက်အရေးယူခံရတဲ့ဖြစ်စဉ်တွေလည်းနားမဆန့်အောင်ကြားဘူးကြမှာပါ။

G.A နဲ့ အခြားဌာနကဆရာတွေလည်းထိတာပါဘဲ၊စစ်ကိုင်းတိုင်းကဂရန်မှားပေးမိတဲ့ခရိုင်အုပ်ချုပ်ရေးမှူးတို့၊မော်လမြိုင်ရဲတပ်ဖွဲ့မြေအငှါးချတဲ့ကိစ္စအတွက်သက်ဆိုင်ရာတိုင်းအဆင့်တာဝန်ရှိသူတို့စသည်ဖြင့်မြေကိုင်သွားတာတွေအများကြီးပါ။

မြေဆိုတာဒီဖက်ခေတ်မှာတန်ဘိုးမြင့်ပစ္စည်းတစ်ရပ်ဖြစ်လာနေတော့အကိုင်အတွယ်မှားခဲ့ရင်တစ်ချိန်မှာအရိုးတွန်တတ်ပါတယ်။အဲဒါကြောင့်မို့ဌာနကလူငယ်သွေးသစ်တွေအတွက်ရောပြင်ပကဗဟုသုတအဖြစ်သိမှတ်ချင်တဲ့ပုဂ္ဂိုလ်များအတွက်ပါဂရန်ချထားမှုနဲ့ပတ်သက်တဲ့သိသင့်တဲ့အချက်လေးတွေ၊သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကိုတင်ပြပေးလိုက်ပါတယ်။

မည်သည့်မြေများကိုဂရန်ချထားနိုင်သလဲဂရန်အကြောင်း ပြောကြတဲ့အခါမြို့မြေဆိုတာဘာလဲ၊အစိုးရမှစီမံချထားနိုင်သောမြေဆိုတာဘာလဲဆိုတာကိုအစပြုပြောရပါတယ်။မြို့မြေအဝန်းအဝိုင်းအတွင်းကျရောက်ပြီးအစိုးရမှချထားနိုင်သောမြေ ဖြစ်မှ သာလျှင်ဂရန်ပေးလို့ရပါတယ်။ဒါကြောင့်မို့မြို့မြေနဲ့ပတ်သက်တဲ့တည်ဆဲဥပဒေညွှန်ကြားချက်၊လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကိုအောက်ပါအတိုင်းအ ကျဉ်းချုပ်ဖေါ်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့် ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)၊အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့မြို့မြေမှာအသုံးများတဲ့ဝေါဟာရတစ်ခုပါ။Disposal Land လို့ဖေါ်ကြပါတယ်။

အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ(၄)တို့မှာဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ်သတ်မှတ်ထားတဲ့ဧရိယာအတွင်းကျရောက်ပြီးမည်သူ တစ်ဦးတစ်ယောက်ကိုမျှအစိုးရအနေဖြင့်အပိုင်ဖြစ်စေ၊အငှားဖြစ်စေပေးအပ်ချထားခြင်း၊မြေပိုင်ဆိုင်ခွင့်(သို့)မြေရှင် ဆိုင်ရာဆိုင်ခွင့်အတွက်မည်သူ့ကိုမျှပေးအပ်ထားခြင်းမရှိသေးတဲ့ မြေများ၊လက်ရှိ ဦးပိုင်ပေါက်ပိုင်ဆိုင်ထားခြင်းမရှိတဲ့မြေများ၊မည်သူမျှလက်ဝယ်ထားရှိပိုင်ခွင့်မရရှိသေးတဲ့မြေများကိုခေါ်တာဖြစ်ပါတယ်။

အဲဒီအစိုးရမှချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာလူနေထိုင်ရန်အတွက်လည်းကောင်း၊စိုက်ပျိုးရေးအတွက်လည်းကောင်း အသုံးပြုခွင့်ရရှိထားတဲ့၊ သုံးနေတဲ့မြေတွေ မပါရပါဘူး။ထို့အတူ ရုံး၊စက်ရုံအလုပ်ရုံ၊တပ်ရင်းတပ်ဖွဲ့၊မီးရထား၊သစ်တော၊ဆည် မြောင်း၊လမ်းတံတားစတဲ့အစိုးရဌာနများမှအသုံးပြုရန်သတ်မှတ်ထားပြီးတဲ့မြေများလည်းမပါဝင်ပါဘူး။

ထို့အတူသာသနာ၊သုဿန်၊အင်းအိုင်စတဲ့သီးခြားသတ်မှတ်ချထားပေးပြီး မြေများလည်းမပါဝင်ပါဘူး။ယခင်က Disposal Land ဖြစ်ခဲ့လို့မြေငှားဂရန်ထုတ်ပေးထားတဲ့မြေသည်ပင် နိုင်ငံတော်ပိုင်မြေဖြစ်သော်လည်းအဆိုပါထုတ်ပေးထားတဲ့မြေငှားဂရန်သက်တမ်းကုန်ဆုံးခြင်းမရှိသေးသမျှအစိုးရမှချထားပေးနိုင်မြေအဖြစ်ချထားပေးလို့မရနိုင်သေးပါဘူး။

ဂရန်သက်တမ်းအရသုံးစွဲခွင့်ကျန်ရှိနေသေးတဲ့မြေကို(Land at the disposal of Government)အစိုးရမှချထားနိုင်သောမြေလို့မသတ်မှတ်နိုင်ပါဘူး။တစ်ဦးတစ်ယောက်ကိုချပေးပြီးဖြစ်နေတဲ့သက်တမ်းအတွင်းသက်တမ်းမကုန်မချင်းယင်းမြေ ကွက်ကိုအခြားတစ်ယောက်သို့ပြောင်းလဲချထား၍မရပါဘူး။

ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည်ဖျက်သိမ်းပေးရပါမယ်။(မူလချထားပေးမှုကိုပြန်ဖျက်မှအစိုးရမြေလွတ်ပြန်ဖြစ်၊ဒါမှသာနောက်တစ်ယောက် ကိုချနိုင်ပါတယ်)။သက်တန်းမကုန်သေးတဲ့မြေကိုချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကိုဖေါက်ဖျက်ရာကျပါတယ်။

မြေတစ်ကွက်ကိုဂရန်ချထားပေးနိုင်ရန်မှာအစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေဖြစ်မှသာလျှင်ချထားပေးနှိုင်တာဖြစ်တဲ့အတွက်အစိုးရမှချထားပေးပိုင်ခွင့် ရှိသောမြေဟုတ်/မဟုတ်အတွက်မြေယာ မှတ်တမ်းထိန်းသိမ်းကိုင်တွယ်တဲ့မြေစာရင်းဌာနရဲ့မှတ်ချက်ဟာအလွန်အရေးပါတယ်ဆိုတာသတိပြုရပါမယ်။

အစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင်မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ပြန်ကြားချက်မှာတိတိကျကျဖေါ်ပြရန် လိုပါတယ်။(မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာဘာလဲဆိုတာမသိရင်တော့မှတ်ချက်အမှားအယွင်းတွေကိုကော်လိပ်တော်အကြိုက်လိုက်လို့ဘဲဖြစ်ဖြစ်၊မိမိကိုယ်တိုင်အဂတိတရား မကင်းလို့ဖြစ်ဖြစ်မှတ်ချက်ပြုမိနိုင်ပါတယ်)။

အစိုးရဌာနပိုင်မြေ၊အခြားပုဂ္ဂလိကမှတရားဝင်ဂရန် ရရှိ၍လက်ရှိထားသောမြေ၊သာသနာမြေ၊လမ်းမြေ၊ မီးရထားမြေ၊သစ်တောမြေ၊မြို့မြေမဟုတ်တဲ့ လ/န(၃၉)မရရှိသေးတဲ့လယ်ယာမြေ၊ စသည်တို့ကိုအစိုးရမှချထားပေးပိုင်ခွင့် ရှိသောမြေဆိုပြီးမြေ စာရင်းဌာနတာဝန်ရှိသူများအနေနဲ့လုံးဝမှတ်ချက်မပြုဘို့သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာရှိတဲ့မြေတွေကို အစိုးရကချထားသတ်မှတ်ပေးတဲ့မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများအက်ဥပဒေအခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာအောက်ပါအတိုင်းဖေါ်ပြထားပါတယ်။အဲဒီအချက်များနှင့်ညီညွတ်မှသာမြေပေါ်နေထိုင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါမြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပအခြားမည်သည့်ဆိုင်ရာဆိုင်ခွင့်ကိုမျှမြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။(က) အစိုးရမှချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရရှိသည့်ပိုင်ဆိုင်ခွင့်၊

(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရပိုင်ဆိုင်သောအခွင့်အရေး။(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀တို့တွင်သတ်မှတ်ဖေါ်ပြထားသောပိုင်ဆိုင်ခွင့်၊(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါအခွင့်အရေးကိုမူလပိုင် ဆိုင်သူထံမှတရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ(Scheduled Town)နှင့်အစိုးရမှအမိန့်ထုတ်ပြန်ကင်းလွတ်ခွင့်ပေးထားသောမြေများမှအပအောက်ပါအချက်များနှင့်ညီညွတ်သူမည်သူမဆို (Landholder’s right) မြေရှင်ဆိုင်ရာအခွင့်အရေးကိုရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများပြဌာန်းအတည်မဖြစ်မီလွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊စက်တင်ဘာလ၉ရက်နေ့ထိ မြေကိုတဆက်တည်းပိုင်ဆိုင်လက်ရှိထားလာသူ၊(ခ)သို့မဟုတ် ၁၈၉၉ ခုနှစ်စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီအချို့သောကာလနှင့်ယင်းနေ့နောက်ပိုင်းလက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင်မြေကိုလက်ရှိ ထားပိုင်ဆိုင်လာသောသူ၊

(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊စက်တင် ဘာလ-၉ ရက်နေ့မှစ၍နောက်ပိုင်း ၁၂ နှစ်ကာလတိုင်တဆက်တည်းမြေကို ပိုင်ဆိုင်လက်ရှိထားလာပြီးယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့်အရပ်ရပ်မြေခွန်တော်များ၊အစိုးရသို့ပေးသွင်းရမည့်အခွန်အခများ public demands ကိုထမ်းဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေးရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ပုသိမ်နှင့်ပြည်မြို့များအတွက်(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ်လက်ရှိဖြစ်နေပါက၊

(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှစ၍ယခုအက် ဥပဒေအတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊စက်တင်ဘာလ-၉ ရက်နေ့ထိအဆက်မပြတ်လက်ရှိဖြစ်နေပါက(ဂ)ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ယခုအက်ဥပဒေ အတည်ဖြစ်သည့်၁၈၉၉ ခုနှစ်၊စက်တင်ဘာလ-၉ ရက်နေ့ထိအဆက်မပြတ်လက်ရှိဖြစ်နေပါက၊ မည်သူမဆို မြေပိုင်အခွင့်အရေးရရှိစေရမည်ဆိုပြီး မြို့မြေပေါ်မှာပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါသည်။

Credit-Linlinaung

(Zawgyi)

ဂရန္နဲ႔ ပတ္သတ္၍ သိထားသင့္ေသာ ဗဟုသုတမ်ား

ဂရန္ ဆိုသည္မွာ (၁)

ဂရန္ဆိုတာဘာလဲ မသိတဲ့အျပင္ ေၾကးတိုင္နဲ႔ ေျမစာရင္းက ဂရန္ေပးတယ္လို႔ ထင္ေနသူတြအမ်ားႀကီး ေတြ႕ေနရပါတယ္။ ေျမစာရင္းက ဂရန္ေပးခြင့္မရွိပါ။ တည္ဆဲဥပေဒမ်ားတြင္အာဏာအပ္မထားပါ။ အေၾကာင္း တစ္ရပ္အတြက္ သက္ေသခံအျဖစ္ ကူးေပးရတဲ့ သက္ ေသခံေျမပုံ ၁၀၅ကိုေတာင္ ဂရန္မွတ္ေနတဲ့သူကရွိေသး။ ဂရန္ ေၾကာင္းသိခ်င္ရင္ ဖတ္ပါ။

“ဂရန္ဆိုသည္မွာ” အပိုင္း – ၁ ဂရန္

၁။ ၿမိဳ႕ေျမမ်ားမွာလူေနထိုင္ရန္(Residential Purposes) အတြက္ျဖစ္ေစ၊စီးပြါးေရး၊လူမႈေရး၊ပညာေရး၊က်န္းမာေရး၊ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး၊စည္ပင္သာယာေရးစတဲ့ကိစၥရပ္မ်ားအတြက္ျဖစ္ေစ၊ ၿမိဳ႕ေျမကိုတနည္းနည္းအသုံးျပဳလိုရင္အစိုးရထံကေျမငွားစာခ်ဳပ္နဲ႔ေျမငွါးရမ္းသုံးစြဲခြင့္ေလွ်ာက္ထားရပါတယ္။ေျမငွားစာခ်ဳပ္ကိုဂရန္(Lease)လို႔ေခၚပါတယ္။အပိုင္သေဘာမ်ိဳးခ်ထားတာကေတာ့Grantလို႔ေခၚပါတယ္။အခုေတာ့Grant ေရာ၊Lease ေရာကိုဂရန္လို႔ဘဲေခၚၾကပါတယ္။

ဂရန္ေလွ်ာက္ထားျခင္း

အစိုးရေျမကို(ငွါးရမ္း)အသုံးျပဳလိုတဲ့ ပုဂၢလိကမ်ား၊ဌာနဆိုင္ ရာ၊အဖြဲ႕အစည္းမ်ား၊အသင္းမ်ားအေနနဲ႔သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ေကာ္လိပ္ေတာ္အရာရွိထံလိပ္မူၿပီးဂရန္ေလွ်ာက္ထားၾကရပါတယ္။(ရန္ကုန္ မႏၲေလးမွာေတာ့ၿမိဳ႕ေတာ္စည္ပင္)။အဲဒီအခါမွာသက္ဆိုင္ရာခ႐ိုင္/ၿမိဳ႕နယ္မ်ားရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမ်ားကေလွ်ာက္လႊာကိုလက္ခံၿပီးအမႈတြဲဖြင့္လွစ္ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ထိုေနာက္အမႈတြဲကိုေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာနရဲ႕ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာန႐ုံးမ်ားထံသို႔အစိုးရမွခ်ထားေပးႏိုင္ေသာေျမဟုတ္-မဟုတ္ႏွင့္ေျမရာဇဝင္ကိုစီစစ္မွတ္ခ်က္ျပဳျပန္ၾကားေပးရန္လႊဲေျပာင္းေပးပို႔ေလ့ရွိပါတယ္။

အဲဒီလိုေပးပို႔တဲ့ ၿမိဳ႕/ေျမဂရန္အမႈတြဲေတြကိုၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနက မိမိဌာနမွာရွိတဲ့ၿမိဳ႕ကြက္ေျမပုံ(Block Maps)၊ေျမရာဇဝင္မွတ္တမ္း (1-A Register)ေတြနဲ႔တိုက္ဆိုင္စိစစ္ၿပီး ေလွ်ာက္ထားတဲ့ေျမေနရာအတြက္ေျမရာဇဝင္မွတ္တမ္းေဖၚျပေပးျခင္း၊ယင္းေျမေနရာသည္အစိုးရေျမလြတ္ေျမလပ္ဟုတ္/မဟုတ္ႏွင့္အစိုးရမွခ်ထားေပးႏိုင္ေသာေျမ Disposal Land ဟုတ္/မဟုတ္မွတ္ခ်က္ျပဳျခင္း၊ၿမိဳ႕ေျမဧရိယာအတြင္းက်ေရာက္ျခင္းရွိမရွိနဲ႔အစိုးရအေဆာက္အဦးႏွင့္အျခားကိစၥမ်ားအသုံးျပဳရန္လ်ာထားေျမမ်ားအတြင္းက်ေရာက္ျခင္းရွိ/မရွိတို႔ကိုစီစစ္ေပးျခင္း၊ေျမတန္ဘိုးနဲ႔ေျမငွားခမ်ားတြက္ခ်က္ေပးျခင္း၊စတဲ့ကိစၥရပ္ေတြကိုေဆာင္ ႐ြက္ေပးရပါတယ္။

ဂရန္ထုတ္ေပးတာကေထြ/အုပ္ ျဖစ္ၿပီး ေျမကို စိစစ္ေပးတာကေျမစာရင္းဌာန ျဖစ္ပါတယ္။ဂရန္ခ်ထားေပးမႈအတြက္ ေထြ/အုပ္(G.A)ကသာအဓိကတာဝန္ခံေဆာင္႐ြက္ပိုင္ခြင့္ရွိၿပီးေျမစာရင္းဌာနက ေျမပုံ(ေျမစာရင္း-၁၀၅)၊ေျမရာဇဝင္ (ေျမစာရင္း-၁၀၆)နဲ႔ ေျမေပၚလက္ရွိျဖစ္မႈအေျခအေနကိုသာစိစစ္ျပန္ၾကားရန္တာဝန္ခံရတာျဖစ္ပါတယ္။ဒါေပမဲ့ေျမဆိုရင္ေျမစာရင္းကလုပ္တာဘဲဆိုတဲ့အစြဲရွိေလေတာ့ဂရန္ကိစၥဆိုရင္ ေျမစာရင္းဌာနကိုခ်ည္းဦးတည္ၿပီး ေျမစာရင္းကမတရားဂရန္ထုတ္ေပးထားပါတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔တိုင္ တိုင္ေနတာေတြ႕ရပါတယ္။

ဂရန္ခ်ထားျခင္းလုပ္ငန္းအတြက္ေအာက္ျမန္မာျပည္ေျမႏွင့္အခြန္ေတာ္လက္စြဲဥပေဒ၊အထက္ျမန္မာျပည္ေျမႏွင့္အခြန္ေတာ္စည္းမ်ဥ္းဥပေဒ၊ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားဥပ ေဒတို႔ကျပဌာန္းထားရွိတဲ့လုပ္ထုံးလုပ္နည္းေတြနဲ႔ ဌာန ၂ ခုရဲ႕သမားစဥ္လုပ္ငန္းေတြကိုသတ္မွတ္ထားၿပီးသားျဖစ္တာကိုတိုင္တန္းတဲ့သူေတြေသေသခ်ာခ်ာသေဘာမေပါက္ၾကပါဘူး။

ဒါေၾကာင့္ဂရန္ဆိုေျမစာရင္းကထုတ္ေပးေနတယ္ထင္ၾကလို႔ ျဖစ္ပါတယ္။ဂရန္ကိစၥမွာေျမစာရင္းတာဝန္ကေျမပုံေရးကူးေပးျခင္းနဲ႔ေျမရာဇဝင္ျပန္ၾကားျခင္းသာျဖစ္ၿပီးအဓိကတာဝန္ယူေဆာင္႐ြက္ရတာGADကေကာ္လိပ္ေတာ္ေတြ ေဆာင္႐ြက္ရတယ္ဆိုတာမသိတဲ့လူအမ်ားႀကီးပါ။

ဂရန္လုပ္ငန္း၌ ေၾကး/ေျမ၏အခန္းက႑

အမွန္ကေတာ့ဂရန္အမႈတြဲကိုတာဝန္ခံေဆာင္႐ြက္တာအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနေကာ္လိပ္ေတာ္အရာရွိ႐ုံးကျဖစ္ေပမဲ့ဂရန္ေလွ်ာက္မဲ့ေျမကိုေျမပုံေရးဆြဲေပးရတာ၊ေျမရာဇဝင္ထုတ္ျပန္ေပးရတာအျပင္ဂရန္ေပးႏိုင္တဲ့ေျမဟုတ္-မဟုတ္ကိုဌာနရွိေျမပုံ၊ေျမရာဇဝင္၊မွတ္တမ္း၊အေထာက္အထားမ်ားနဲ႔တိုက္ဆိုင္စိစစ္မွတ္ခ်က္ျပဳရတာကေျမစာရင္းဌာနျဖစ္ေလေတာ့ဂရန္ထုတ္ေပးႏိုင္ဘို႔ ေျမစာရင္းကတာဝန္ယူထားရတဲ့က႑ကလည္းမေသးပါဘူး။ဂရန္ေပးသင့္တဲ့ေျမမဟုတ္ရင္မဟုတ္ေၾကာင္းေျမစာရင္းဌာနအေနနဲ႔ေထာက္ျပရမဲ့တာဝန္ရွိပါတယ္။ဒါေပမဲ့ေပါင္းစားရင္အ႐ိုးေတာင္ႏူးတယ္ဆိုတဲ့ေခတ္ႀကီးမွာသမားစဥ္ေတြလည္းပ်က္သြားတယ္ထင္ပါတယ္။

ဒါ့အျပင္စစ္အုပ္ခ်ဳပ္ေရးဆိုတဲ့တေသြးတသံတမိန႔္နဲ႔ အာဏာရွင္ဆန္ဆန္တာဝန္ေပးအပ္မႈကိုစိတ္ပါသည္ျဖစ္ေစမပါသည္ျဖစ္ေစေအာင့္အည္းေဆာင္႐ြက္ေပးခဲ့ရတဲ့ကာလေတြကလည္းတေမ့တေမာဆိုေတာ့အာဏာပိုင္ေတြအႀကိဳက္လိုက္လုပ္ေပးရာကစာအုပ္ႀကီးေတြ၊လုပ္ထုံးလုပ္နည္းေတြကိုအေလးမထား အဖတ္အရႈအေလ့အလာမရွိေတာ့ဘဲႀကဳံသလိုျဖစ္သလိုလုပ္ေပးတတ္သြားတဲ့ အက်င့္ဆိုးစြဲသြားၾကတာဌာနတိုင္းလိုလိုျဖစ္ေတာ့ကာေထြအုပ္နဲ႔ ေျမစာရင္းလည္းမိုးခါးေရေသာက္တဲ့အထဲေရာေယာင္ပါသြားတာမဆန္းပါ။

အခုေခတ္ ဂရန္တခ်ိဳ႕ဥပေဒနဲ႔ ညီရဲ႕လား

လုပ္ထုံးလုပ္နည္းကိုအေလးမထားခဲ့တဲ့ကာလေတြရဲ႕အက်ိဳးဆက္အျဖစ္ယခုအခါမွာေတာ့ဂရန္အမႈတြဲေတြေျမစာရင္းဌာနကိုေပးပို႔လာတဲ့အခါၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာန႐ုံးေတြဟာၿမိဳ႕နဲ႔ ေက်း႐ြာေျမမ်ားလက္စြဲဥပေဒမွာျပဌာန္းထားတဲ့လုပ္ငန္းစဥ္မ်ားအတိုင္း မိမိတို႔ေဆာင္႐ြက္ေပးရမဲ့ကိစၥေတြကိုဥပေဒျပဌာန္းခ်က္နဲ႔အညီနည္းလမ္းတက်၊စနစ္က်နစြာေဆာင္႐ြက္ေပးမႈ မရွိေတာ့တာေတြ၊ျပည့္စုံစြာစီစစ္မွတ္ခ်က္မျပဳေတာ့တာေတြကိုေတြ႕ရွိလာရပါတယ္။ေျမစာရင္းဌာနအေနနဲ႔ ပဲခူးဆားလိုေနရာတကာပါေနရေတာ့တျခားအလုပ္ေတြပိလြန္းတဲ့အခါၿမိဳ႕ေျမကိစၥေတြကိုလွည့္မၾကည့္ႏိုင္တာလဲပါပါတယ္။

စနစ္တက်မစိစစ္ေတာ့ဘဲအလြယ္တကူ ေဆာင္႐ြက္လိုက္တဲ့အခါအားနည္းခ်က္ေတြရွိသြားၿပီးအစိုးရေျမလြတ္ေျမလပ္ မဟုတ္တဲ့အျခားေျမမ်ား (ဥပမာ- သစ္ေတာႀကိဳးဝိုင္းေျမ၊မီးရထားေျမ၊လမ္းေျမ၊ဆည္ေျမာင္းေျမ၊စည္ပင္သာယာပိုင္ေျမ၊အစိုးရ ဌာန/ပုဂၢလိကသို႔ခ်ထား ၿပီးေျမ)စတာေတြကိုအစိုးရကခ်ထားေပးႏိုင္သည့္ေျမ Land at the disposal by Government လို႔ မွားယြင္းမွတ္ခ်က္ျပဳျခင္း၊ယင္းေျမမ်ားကိုဂရန္ခ်ထားေပးရန္ေထာက္ခံျခင္း၊စတဲ့လြဲမွားတဲ့မွတ္ခ်က္ျပဳျပန္ၾကားမႈေတြျဖစ္လာရၿပီးအျခားမသက္ဆိုင္သူေတြအတြက္၊ခ်ထားမေပးသင့္တဲ့အစိုးရဌာနပိုင္ေျမမ်ား၊အစိုးရသီးသန႔္ထားတဲ့ေျမမ်ားေပၚမွာပုဂၢလိကမ်ားကိုဂရန္ထုတ္ေပးရန္အထိေထာက္ခံေပးခဲ့ျခင္းမ်ားရွိသြားၾကပါတယ္။

ေျမစာရင္းဌာနရဲ႕ေျမရာဇဝင္ကိုလြဲမွားစြာမွတ္ခ်က္ျပဳေထာက္ခံေပးခ်က္အေပၚ မူတည္ၿပီးမခ်ထားသင့္တဲ့ေျမမ်ား/ဂရန္ခ်ထားမေပးႏိုင္တဲ့ေျမမ်ားကိုေျမငွါးဂရန္ထုတ္ေပးမိခဲ့လို႔ျပႆနာျဖစ္ပြါးရတဲ့ကိစၥရပ္ေတြ၊အရႈပ္အရွင္းျဖစ္ရတာေတြအမ်ားႀကီးေပၚ ေပါက္လာပါတယ္။

မေန႔တေန႔ကထိေျမစာရင္းနဲ႔အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွာဂရန္ေျမ အရႈပ္ အရွင္းအတြက္အေရးယူခဲ့ရသူေတြ ရွိေနဆဲ ျဖစ္ပါတယ္။ေျမစာရင္းဝန္ထမ္းေတြကိုေျမရာဇဝင္မွတ္တမ္းမွားယြင္းထုတ္ေပးမႈအတြက္နဲ႔ေျမပုံအမွားထုတ္ေပးမႈအတြက္အေရးယူခံရတဲ့ျဖစ္စဥ္ေတြလည္းနားမဆန႔္ေအာင္ၾကားဘူးၾကမွာပါ။

G.A နဲ႔ အျခားဌာနကဆရာေတြလည္းထိတာပါဘဲ၊စစ္ကိုင္းတိုင္းကဂရန္မွားေပးမိတဲ့ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးတို႔၊ေမာ္လၿမိဳင္ရဲတပ္ဖြဲ႕ေျမအငွါးခ်တဲ့ကိစၥအတြက္သက္ဆိုင္ရာတိုင္းအဆင့္တာဝန္ရွိသူတို႔စသည္ျဖင့္ေျမကိုင္သြားတာေတြအမ်ားႀကီးပါ။

ေျမဆိုတာဒီဖက္ေခတ္မွာတန္ဘိုးျမင့္ပစၥည္းတစ္ရပ္ျဖစ္လာေနေတာ့အကိုင္အတြယ္မွားခဲ့ရင္တစ္ခ်ိန္မွာအ႐ိုးတြန္တတ္ပါတယ္။အဲဒါေၾကာင့္မို႔ဌာနကလူငယ္ေသြးသစ္ေတြအတြက္ေရာျပင္ပကဗဟုသုတအျဖစ္သိမွတ္ခ်င္တဲ့ပုဂၢိဳလ္မ်ားအတြက္ပါဂရန္ခ်ထားမႈနဲ႔ပတ္သက္တဲ့သိသင့္တဲ့အခ်က္ေလးေတြ၊သမားစဥ္ လုပ္ထုံး လုပ္နည္းေလးေတြကိုတင္ျပေပးလိုက္ပါတယ္။

မည္သည့္ေျမမ်ားကိုဂရန္ခ်ထားႏိုင္သလဲဂရန္အေၾကာင္း ေျပာၾကတဲ့အခါၿမိဳ႕ေျမဆိုတာဘာလဲ၊အစိုးရမွစီမံခ်ထားႏိုင္ေသာေျမဆိုတာဘာလဲဆိုတာကိုအစျပဳေျပာရပါတယ္။ၿမိဳ႕ေျမအဝန္းအဝိုင္းအတြင္းက်ေရာက္ၿပီးအစိုးရမွခ်ထားႏိုင္ေသာေျမ ျဖစ္မွ သာလွ်င္ဂရန္ေပးလို႔ရပါတယ္။ဒါေၾကာင့္မို႔ၿမိဳ႕ေျမနဲ႔ပတ္သက္တဲ့တည္ဆဲဥပေဒၫႊန္ၾကားခ်က္၊လုပ္ထုံးလုပ္နည္းလမ္းၫႊန္ခ်က္အခ်ိဳ႕နဲ႔ ေဝါဟာရရွင္းလင္းခ်က္ေတြကိုေအာက္ပါအတိုင္းအ က်ဥ္းခ်ဳပ္ေဖၚျပလိုပါတယ္။

(က) အစိုးရစီမံခ်ထားပိုင္ခြင့္ ရွိေသာေျမ ( LAND AT THE DISPOSAL OF GOVERNMENT)၊အစိုးရမွစီမံခ်ထားပိုင္ခြင့္ရွိေသာေျမ (Land atthe disposal of Government) ဆိုတာကေတာ့ၿမိဳ႕ေျမမွာအသုံးမ်ားတဲ့ေဝါဟာရတစ္ခုပါ။Disposal Land လို႔ေဖၚၾကပါတယ္။

ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားအက္ဥပေဒပုဒ္မ (၂)၊ ပုဒ္မ (၃)၊ ပုဒ္မ(၄)တို႔မွာေဖၚျပထားခ်က္အရ ၿမိဳ႕ေျမ ႐ြာေျမအျဖစ္သတ္မွတ္ထားတဲ့ဧရိယာအတြင္းက်ေရာက္ၿပီးမည္သူ တစ္ဦးတစ္ေယာက္ကိုမွ်အစိုးရအေနျဖင့္အပိုင္ျဖစ္ေစ၊အငွားျဖစ္ေစေပးအပ္ခ်ထားျခင္း၊ေျမပိုင္ဆိုင္ခြင့္(သို႔)ေျမရွင္ ဆိုင္ရာဆိုင္ခြင့္အတြက္မည္သူ႔ကိုမွ်ေပးအပ္ထားျခင္းမရွိေသးတဲ့ ေျမမ်ား၊လက္ရွိ ဦးပိုင္ေပါက္ပိုင္ဆိုင္ထားျခင္းမရွိတဲ့ေျမမ်ား၊မည္သူမွ်လက္ဝယ္ထားရွိပိုင္ခြင့္မရရွိေသးတဲ့ေျမမ်ားကိုေခၚတာျဖစ္ပါတယ္။

အဲဒီအစိုးရမွခ်ထားပိုင္ခြင့္ရွိတယ္ဆိုတဲ့ ေျမထဲမွာလူေနထိုင္ရန္အတြက္လည္းေကာင္း၊စိုက္ပ်ိဳးေရးအတြက္လည္းေကာင္း အသုံးျပဳခြင့္ရရွိထားတဲ့၊ သုံးေနတဲ့ေျမေတြ မပါရပါဘူး။ထို႔အတူ ႐ုံး၊စက္႐ုံအလုပ္႐ုံ၊တပ္ရင္းတပ္ဖြဲ႕၊မီးရထား၊သစ္ေတာ၊ဆည္ ေျမာင္း၊လမ္းတံတားစတဲ့အစိုးရဌာနမ်ားမွအသုံးျပဳရန္သတ္မွတ္ထားၿပီးတဲ့ေျမမ်ားလည္းမပါဝင္ပါဘူး။

ထို႔အတူသာသနာ၊သုႆန္၊အင္းအိုင္စတဲ့သီးျခားသတ္မွတ္ခ်ထားေပးၿပီး ေျမမ်ားလည္းမပါဝင္ပါဘူး။ယခင္က Disposal Land ျဖစ္ခဲ့လို႔ေျမငွားဂရန္ထုတ္ေပးထားတဲ့ေျမသည္ပင္ ႏိုင္ငံေတာ္ပိုင္ေျမျဖစ္ေသာ္လည္းအဆိုပါထုတ္ေပးထားတဲ့ေျမငွားဂရန္သက္တမ္းကုန္ဆုံးျခင္းမရွိေသးသမွ်အစိုးရမွခ်ထားေပးႏိုင္ေျမအျဖစ္ခ်ထားေပးလို႔မရႏိုင္ေသးပါဘူး။

ဂရန္သက္တမ္းအရသုံးစြဲခြင့္က်န္ရွိေနေသးတဲ့ေျမကို(Land at the disposal of Government)အစိုးရမွခ်ထားႏိုင္ေသာေျမလို႔မသတ္မွတ္ႏိုင္ပါဘူး။တစ္ဦးတစ္ေယာက္ကိုခ်ေပးၿပီးျဖစ္ေနတဲ့သက္တမ္းအတြင္းသက္တမ္းမကုန္မခ်င္းယင္းေျမ ကြက္ကိုအျခားတစ္ေယာက္သို႔ေျပာင္းလဲခ်ထား၍မရပါဘူး။

ခ်ထားလိုရင္ေတာ့မူလအမႈတြဲကို ျပန္လည္ဖ်က္သိမ္းေပးရပါမယ္။(မူလခ်ထားေပးမႈကိုျပန္ဖ်က္မွအစိုးရေျမလြတ္ျပန္ျဖစ္၊ဒါမွသာေနာက္တစ္ေယာက္ ကိုခ်ႏိုင္ပါတယ္)။သက္တန္းမကုန္ေသးတဲ့ေျမကိုခ်ထားမိရင္ Law of Contract ပဋိဉာဥ္ဥပေဒကိုေဖါက္ဖ်က္ရာက်ပါတယ္။

ေျမတစ္ကြက္ကိုဂရန္ခ်ထားေပးႏိုင္ရန္မွာအစိုးရမွခ်ထားေပးပိုင္ခြင့္ရွိေသာေျမျဖစ္မွသာလွ်င္ခ်ထားေပးႏႈိင္တာျဖစ္တဲ့အတြက္အစိုးရမွခ်ထားေပးပိုင္ခြင့္ ရွိေသာေျမဟုတ္/မဟုတ္အတြက္ေျမယာ မွတ္တမ္းထိန္းသိမ္းကိုင္တြယ္တဲ့ေျမစာရင္းဌာနရဲ႕မွတ္ခ်က္ဟာအလြန္အေရးပါတယ္ဆိုတာသတိျပဳရပါမယ္။

အစိုးရမွခ်ထားေပးပိုင္ခြင့္ရွိေသာေျမ မဟုတ္ရင္မဟုတ္ေၾကာင္းကိုေျမစာရင္းရဲ႕ျပန္ၾကားခ်က္မွာတိတိက်က်ေဖၚျပရန္ လိုပါတယ္။(ၿမိဳ႕ေျမမႉးကိုယ္တိုင္က Disposal Land ဆိုတာဘာလဲဆိုတာမသိရင္ေတာ့မွတ္ခ်က္အမွားအယြင္းေတြကိုေကာ္လိပ္ေတာ္အႀကိဳက္လိုက္လို႔ဘဲျဖစ္ျဖစ္၊မိမိကိုယ္တိုင္အဂတိတရား မကင္းလို႔ျဖစ္ျဖစ္မွတ္ခ်က္ျပဳမိႏိုင္ပါတယ္)။

အစိုးရဌာနပိုင္ေျမ၊အျခားပုဂၢလိကမွတရားဝင္ဂရန္ ရရွိ၍လက္ရွိထားေသာေျမ၊သာသနာေျမ၊လမ္းေျမ၊ မီးရထားေျမ၊သစ္ေတာေျမ၊ၿမိဳ႕ေျမမဟုတ္တဲ့ လ/န(၃၉)မရရွိေသးတဲ့လယ္ယာေျမ၊ စသည္တို႔ကိုအစိုးရမွခ်ထားေပးပိုင္ခြင့္ ရွိေသာေျမဆိုၿပီးေျမ စာရင္းဌာနတာဝန္ရွိသူမ်ားအေနနဲ႔လုံးဝမွတ္ခ်က္မျပဳဘို႔သတိခ်ပ္ေစလိုပါတယ္။

( ခ ) ၿမိဳ႕ေျမေနထိုင္ပိုင္ဆိုင္ခြင့္( Right of Land)ၿမိဳ႕မ်ားအတြင္းမွာရွိတဲ့ေျမေတြကို အစိုးရကခ်ထားသတ္မွတ္ေပးတဲ့ေျမပိုင္ဆိုင္ခြင့္နဲ႔ပတ္သက္လို႔ ၁၈၉၈ခုႏွစ္ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ေက်း႐ြာ ေျမမ်ားအက္ဥပေဒအခန္း-၂၊ ပုဒ္မ-၇ ႏွင့္ ၈ တို႔မွာေအာက္ပါအတိုင္းေဖၚျပထားပါတယ္။အဲဒီအခ်က္မ်ားႏွင့္ညီၫြတ္မွသာေျမေပၚေနထိုင္ပိုင္ဆိုင္ခြင့္ရွိပါတယ္။

ပုဒ္မ ၇ ။ ေအာက္ပါေျမပိုင္ဆိုင္ခြင့္ အခြင့္အေရးမ်ားမွအပအျခားမည္သည့္ဆိုင္ရာဆိုင္ခြင့္ကိုမွ်ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားတြင္ မရွိေစရ။(က) အစိုးရမွခ်ထားသည့္ အပိုင္ဂရန္၊ အငွါးဂရန္အရရွိသည့္ပိုင္ဆိုင္ခြင့္၊

(ခ) ကာလစည္းကမ္းသတ္ဥပေဒ (Limitition Act) အရပိုင္ဆိုင္ေသာအခြင့္အေရး။(ဂ) ပုဒ္မ ၈၊ ပုဒ္မ ၉၊ ပုဒ္မ ၁၀တို႔တြင္သတ္မွတ္ေဖၚျပထားေသာပိုင္ဆိုင္ခြင့္၊(ဃ) အထက္ ပုဒ္မ ၇၊ ပုဒ္မခြဲ (က)၊ (ခ)၊ (ဂ)၊ တို႔ပါအခြင့္အေရးကိုမူလပိုင္ ဆိုင္သူထံမွတရားဥပေဒႏွင့္အညီ လႊဲေျပာင္းရယူခံစားခြင့္၊

ပုဒ္မ ၈ ။ စာရင္းဝင္ၿမိဳ႕မ်ား(Scheduled Town)ႏွင့္အစိုးရမွအမိန႔္ထုတ္ျပန္ကင္းလြတ္ခြင့္ေပးထားေသာေျမမ်ားမွအပေအာက္ပါအခ်က္မ်ားႏွင့္ညီၫြတ္သူမည္သူမဆို (Landholder’s right) ေျမရွင္ဆိုင္ရာအခြင့္အေရးကိုရရွိေစရမည္။

(က) ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားျပဌာန္းအတည္မျဖစ္မီလြန္ခဲ့ေသာ ၁၂ ႏွစ္မွ ၁၈၉၉ ခုႏွစ္၊စက္တင္ဘာလ၉ရက္ေန႔ထိ ေျမကိုတဆက္တည္းပိုင္ဆိုင္လက္ရွိထားလာသူ၊(ခ)သို႔မဟုတ္ ၁၈၉၉ ခုႏွစ္စက္တင္ဘာလ-၉ ရက္ေန႔ မတိုင္မီအခ်ိဳ႕ေသာကာလႏွင့္ယင္းေန႔ေနာက္ပိုင္းလက္ရွိျဖစ္ေနေသာကာလ ၂ ရပ္ေပါင္း ၁၂ ႏွစ္ကာလျပည့္ေအာင္ေျမကိုလက္ရွိ ထားပိုင္ဆိုင္လာေသာသူ၊

(ဂ) သို႔မဟုတ္ ၁၈၉၉ ခုႏွစ္၊စက္တင္ ဘာလ-၉ ရက္ေန႔မွစ၍ေနာက္ပိုင္း ၁၂ ႏွစ္ကာလတိုင္တဆက္တည္းေျမကို ပိုင္ဆိုင္လက္ရွိထားလာၿပီးယင္းကာလမ်ား၌ ၎ေျမႏွင့္သက္ဆိုင္သည့္အရပ္ရပ္ေျမခြန္ေတာ္မ်ား၊အစိုးရသို႔ေပးသြင္းရမည့္အခြန္အခမ်ား public demands ကိုထမ္းေဆာင္လာသူ၊မည္သူမဆို ေျမပိုင္အခြင့္အေရးရရွိေစရမည္။

ပုဒ္မ ၉ ။ စစ္ေတြ၊ပုသိမ္ႏွင့္ျပည္ၿမိဳ႕မ်ားအတြက္(က) စစ္ေတြေျမမ်ားအတြက္ ၁၈၅၂ ဧၿပီလ ၁ ရက္မွစ၍ယခုအက္ဥပေဒ အတည္ျဖစ္သည့္ ၁၈၉၉ ခုႏွစ္၊စက္တင္ဘာလ-၉ ရက္ေန႔ထိ အဆက္မျပတ္လက္ရွိျဖစ္ေနပါက၊

(ခ) ပုသိမ္ၿမိဳ႕တြင္၁၈၇၆ ဇန္နဝါရီလ ၁ ရက္မွစ၍ယခုအက္ ဥပေဒအတည္ျဖစ္သည့္ ၁၈၉၉ ခုႏွစ္၊စက္တင္ဘာလ-၉ ရက္ေန႔ထိအဆက္မျပတ္လက္ရွိျဖစ္ေနပါက(ဂ)ျပည္ၿမိဳ႕တြင္ ၁၈၇၀ ဇန္နဝါရီလ ၁ ရက္မွ အစျပဳ၍ယခုအက္ဥပေဒ အတည္ျဖစ္သည့္၁၈၉၉ ခုႏွစ္၊စက္တင္ဘာလ-၉ ရက္ေန႔ထိအဆက္မျပတ္လက္ရွိျဖစ္ေနပါက၊ မည္သူမဆို ေျမပိုင္အခြင့္အေရးရရွိေစရမည္ဆိုၿပီး ၿမိဳ႕ေျမေပၚမွာပိုင္ဆိုင္ရမဲ့ အခြင့္အေရးေတြ သတ္မွတ္ေပးခဲ့တာေတြ႕ရပါသည္။

Credit-Linlinaung

Leave a Reply

Your email address will not be published. Required fields are marked *