ဗဟုတုသ

မိမိကိုမုန်းနေသူက ချစ်ခင်လာသည့်နည်းလမ်း၊ ၁၅ရက်မကြာ။ (တောင်တန်းသာသနာပြု ဆရာတော်ဘုရား၏ နည်း)။

(Unicode)

မုန်းနေသူကို ချစ်စေလိုလျှင်

အရှင်ဘုရား တပည့်တော် ကို လူတစ်ယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလားဘုရား၊ အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊ ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေနဲ့ စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာမကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘဝထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား။

စာရေးသူက ဖြေလိုက်တယ်။ အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်းကို ပြောပြပါ့မယ်။ လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲပြေလည်နိုင်မယ် လို့ ထင်တယ်။ ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေးကို အကြောင်းပြုပြီး အားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ ကျန်တဲ့ စီးပွားရေး၊ လူမှု့ရေး၊ ဘာသာရေး စတာတွေမှာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောကရောက်နေရင်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ကဲ ကောင်းပါပြီ။ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်။အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်။ တပည့်တော် ပြောတဲ့လူတယောက်ဆိုတာအရှင်ဘုရား ဒကာကြီးပါ။ သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီ တောင်း၇တာပါတဲ့။

တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာမှတ်သားပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်။

အစီအစဉ်များ-

၁။ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါး ထည့်ပါ။

၂။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်။

၃။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကို ဖန်ခွက်ဘေးမှာထောင်ထားရပါမယ်။ ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်။ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။

ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် – –

ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက်ချစ်ခင်နေလျက်ပါ၊ ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊ ရေထဲမှာ ရှိတဲ့ကျောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ရေထဲမှာ စိမ်ထားလိုက်ပြီ၊ မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ရော လူရော အေးချမ်းလာပြီး ငါ့အပေါ်မေတ္တာသက်ဝင်လာပါစေ၊ ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ။ လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ – စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်။ ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊အကြိမ်များစွာ ဆိုရင်တော့ အကောင်းဆုံးပေါ့။

၄။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့ နတ်ဗြဟ္မာတွေကို တိုင်တည်ပြီးမေတ္တာပို့ အမျှေ၀ ရပါမယ်။

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။ မြန်မာနိုင်ငံ သာသနာ့သမိုင်းမှာ မေတ္တာအရာမှာထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက် ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ။

မှတ်ချက်-ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်။ ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်။ မေတ္တာဖြင့် လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ။

Credit-အရှင်သုနန္ဒာလင်္ကာရ–M A (ပန်းကမ္ဘာ)

(Zawgyi)

မုန္းေနသူကို ခ်စ္ေစလိုလွ်င္

အရွင္ဘုရား တပည့္ေတာ္ ကို လူတစ္ေယာက္က မုန္းေနပါတယ္၊ အဲဒါ ျပန္ခ်စ္လာေအာင္ ဘယ္လိုလုပ္ရမလဲ နည္းလမ္းရွိပါသလားဘုရား၊ အဲဒီလူက အရင္ကေတာ့ တပည့္ေတာ္ကို ခ်စ္ႏွစ္သက္ပါတယ္။ အခုမွ မုန္းသြားတယ္ ထင္တယ္၊နည္းလမ္း ရွိတယ္ ဆိုရင္ကူညီပါအုံးဘုရ႕ား၊ ဒါက ရန္ကုန္က ဒါယကာမ တစ္ေယာက္ကေျပာျပအကူအညီ ေတာင္းတဲ့ စကားေလးပါ၊

ေလာကမွာ လူတိုင္းလူတိုင္းအတြက္ကိုယ့္ကို မုန္းတဲ့ရန္သူေတြ၊ ခ်စ္ခင္ၿပီးမွ စိမ္းကားရက္စက္သြားသူေတြ၊ ကိုယ္ႀကီးပြားေအာင္ျမင္ေက်ာ္ၾကားေနတာကို မနာလိုသူေတြနဲ႔ စီးပြားၿပိဳင္ဘက္အခ်င္းခ်င္း ၿပိဳင္ဘက္ကို မေကာင္းႀကံၿပီး အႏိုင္ယူတာေတြ အားလုံးဟာမႀကဳံခ်င္လည္း ႀကဳံရ၊ မဆုံခ်င္လည္း ဆုံရတဲ့ လူ႔ဘဝထဲက အျဖစ္အပ်က္ေတြပဲ မဟုတ္လား။

စာေရးသူက ေျဖလိုက္တယ္။ ေအာ္ ရွိပါတယ္၊ ေဗဒင္ ယၾတာေတြ အင္းအိုင္ ခလွဲ႔ေတြေတာ့ မတတ္ပါဘူး၊ ဒါေပမယ့္ ဘုရားေဟာထားတဲ့ နည္းလမ္းကို ေျပာျပပါ့မယ္။ လူေတာ္ေတာ္မ်ားမ်ား အဆင္ေျပသြားၾကတာ ဆိုေတာ့ ဒကာမေလးလဲေျပလည္ႏိုင္မယ္ လို႔ ထင္တယ္။ ယုံယုံၾကည္ၾကည္နဲ႔ ေျပာျပထားတဲ့ အစီအစဥ္အတိုင္း လုပ္ရင္ တကယ္ပဲ အဆင္ေျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ ဒကာမေလးကို အေၾကာင္းျပဳၿပီး အားလုံးကို သိေစခ်င္လို႔ ဒီကေနပဲ ေျဖေပးလိုက္ပါမယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီနည္းလမ္းကို ႏွလုံးသားအတြက္ သက္သက္သာ မဟုတ္ပဲ က်န္တဲ့ စီးပြားေရး၊ လူမႈ႕ေရး၊ ဘာသာေရး စတာေတြမွာ နားလည္မႈ႕လြဲၿပီး စိတ္ဝမ္းကြဲေနရင္ျဖစ္ေစရန္သူေတြလို ဆက္ဆံေနရရင္ ျဖစ္ေစ မိတ္ေဆြ သူငယ္ခ်င္းအေပါင္းအသင္းအခ်င္းခ်င္း မညီၫြတ္ပဲ စိတ္ညစ္ ေသာကေရာက္ေနရင္ျဖစ္ေစ အသုံးျပဳႏိုင္ပါတယ္။

ကဲ ေကာင္းပါၿပီ။ ေအာက္မွာ ေဖာ္ျပမယ့္ နည္းလမ္းေလးကို ေပးလိုက္တာ ၁၅ ရက္ေတာင္ မၾကာလိုက္ဘူး၊ အဲဒီ ဒကာမေလးဆီက ဖုန္းဆက္ေျပာျပပါတယ္။အရွင္ဘုရား အဆင္ေျပသြားပါၿပီ၊ ေက်းဇူး အမ်ားႀကီး တင္ပါတယ္။ တပည့္ေတာ္ ေျပာတဲ့လူတေယာက္ဆိုတာအရွင္ဘုရား ဒကာႀကီးပါ။ သူက အိမ္ကို ျပန္မလာေတာ့လို႔ အကူအညီ ေတာင္း၇တာပါတဲ့။

တကယ္ေတာ့ ဒီနည္းလမ္းကို အသုံ႔းျပဳရင္ ကိုယ့္အေပၚ မေကာင္းႀကံထားသူေတြေတာင္ လာၿပီး ဒူးေထာက္ေတာင္းပန္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စာဖတ္ ပရိသတ္မ်ား ေသေသခ်ာခ်ာမွတ္သားၿပီး အက်ိဳးရွိရွိ အသုံးျပဳေစခ်င္ပါတယ္။

အစီအစဥ္မ်ား-

၁။ ဘုရားစင္ေရွ႕မွာ သန႔္စင္တဲ့ ဖန္ခြက္တစ္ခြက္ထဲကို ေသာက္ေရသန႔္သန႔္အျပည့္နီးပါး ထည့္ပါ။

၂။ ၿပီးတာနဲ႔ ေက်ာက္ခဲေသးေသးတလုံးကို ေဆးေၾကာၿပီး ဖန္ခြက္ထဲ ထည့္၇ပါမည္။

၃။ ကိုယ့္ကို မုန္းေနသူ မခ်စ္မႏွစ္သက္သူ ကို ဓာတ္ပုံရွိက ဓာတ္ပုံကို ဖန္ခြက္ေဘးမွာေထာင္ထားရပါမယ္။ ဓာတ္ပုံမရွိလဲ သူ႔ပုံရိပ္ကို အာ႐ုံျပဳၿပီး ပြားမ်ားႏိုင္ပါတယ္။ တခါမွ မျမင္ဘူးသူ တစ္ေယာက္ကို ပို႔လိုရင္ေတာ့ သူ႔ နာမည္ကို ပါးစပ္က ႐ြတ္ဆိုၿပီး ပို႔ႏိုင္ပါတယ္။

ဆိုၾကပါစို႔ ေမာင္ေက်ာ္ကို ဥပမာ အေနနဲ႔ ပို႔ၾကည့္ရေအာင္ – –

ကဲ ေမာင္ေက်ာ္၊ မင္းက ငါ့အေပၚ မုန္းတီးေနေပမယ့္ ငါကေတာ့ ေမတၱာမပ်က္ခ်စ္ခင္ေနလ်က္ပါ၊ ဒါေၾကာင့္ မင္း အမုန္းေတြေျပေပ်ာက္ၿပီး ငါ့အေပၚ ခ်စ္ခင္ေစခ်င္ပါတယ္၊ ေရထဲမွာ ရွိတဲ့ေက်ာက္ခဲေလးဟာ ေအးျမေနသလို အခု မင္းကို ေအးျမတဲ့ေရထဲမွာ စိမ္ထားလိုက္ၿပီ၊ မင္းရဲ႕ ေဒါသေတြ ေျပေပ်ာက္ၿပီး စိတ္ေရာ လူေရာ ေအးခ်မ္းလာၿပီး ငါ့အေပၚေမတၱာသက္ဝင္လာပါေစ၊ ငါကေတာ့ မင္းကို အျပစ္မျမင္ပါဘူး၊ ဆက္လက္ ခ်စ္ခင္ေနမွာပါ။ လက္ထပ္ထားသူ ျဖစ္က အရင္လို ခ်စ္ခင္ပါေစ – စသည္ျဖင့္ ပါးစပ္က ႐ြတ္ဆို၇ပါမယ္။ ေက်ာက္ခဲေလးကို လူအမွတ္နဲ႔ အာ႐ုံျပဳႏိုင္ေအာင္ ႀကိဳးစားၿပီးတစ္ေန႔ ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ ပို႔ရပါမယ္၊အႀကိမ္မ်ားစြာ ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့။

၄။ တစ္ဦးတေယာက္အေပၚ ရည္စူးေမတၱာပို႔ၿပီးရင္ေတာ့ သတၱဝါအားလုံးနဲ႔ နတ္ျဗဟၼာေတြကို တိုင္တည္ၿပီးေမတၱာပို႔ အေမွ်၀ ရပါမယ္။

နည္းလမ္းေလးကေတာ့ ဒီေလာက္ပါပဲ။ ျမန္မာႏိုင္ငံ သာသနာ့သမိုင္းမွာ ေမတၱာအရာမွာထင္ရွားေက်ာ္ၾကားတဲ့ ေတာင္တန္းသာသနာျပဳ ဆရာေတာ္ႀကီး ဦးဥတၱမသာရကိုယ္ေတာ္တိုင္ ေပးသနားထားခဲ့တဲ့အတြက္ ယုံယုံၾကည္ၾကည္ အသုံးျပဳၿပီး မုန္းသူ မနာလိုသူ ရန္သူအားလုံးကို ခ်စ္ခင္ၾကင္နာႏိုင္ပါေစ။

မွတ္ခ်က္-ကိုယ္က အမုန္းခံေနရမွ အသုံးျပဳသင့္ပါတယ္။ ကိုယ္က မုန္းေနသူဆိုရင္ေတာ့ အခ်ိန္ယူၿပီး ပြားမ်ားမွ သက္ေရာက္ပါလိမ့္မယ္။ ေမတၱာျဖင့္ လူအားလုံး ၿငိမ္းေအးႏိုင္ၾကပါေစ။

Credit-အရွင္သုနႏၵာလကၤာရ–M A (ပန္းကမာၻ)

Leave a Reply

Your email address will not be published. Required fields are marked *