ဗဟုတုသ

မျက်နှာသစ်ရင်း လုပ်ရတဲ့ သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း။

(Unicode)

သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ။ အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္ဆာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ။ သံဃံ သရဏံ ဂစ္ဆာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ။ (ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ)

အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ။ သွားတိုက်ရင်း စိတ်ထဲကဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ်။ ကိုယ်ပြောတဲ့စကား အောင်စေပါတယ်။ သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင် ပထမဆုံး – မိမိကိုယ်မိမိဆုတောင်းပါ။ ဤရေ အေးမြသလို အကျွနိုပ်လည်းအေးမြပါစေ) မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ။

အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ။ (ဤရေ အေးမြသလို ………… လည်း အေးမြပါစေ) မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ။ ကိုယ်မေတ္တာပို့တဲ့သူရဲ့ မျက်နှာကို စိတ်ထဲမှာ မြင်နေရပါမယ်။ ပြီးရင် ကိုယ် မျက်နှာကိုသပ်ချတဲ့ ရေရဲ့ အေးမျှမှုကို သတိပြုရမယ်။

ပြီးရင် သင့်မိသားစု မိဘများကို မေတ္တာပို့နိုင်ပါတယ်။(ဤရေ အေးမြသလို ရှေးရှေးဘဝများမှ ယခုဘဝတိုင်အောင်တော်စပ်ခဲ့ဖူးသော အမိအဖဆွေမျိုးများအားလုံး အေးမြပါစေ) မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ။ ပြီးရင် ကိုယ် အမုန်းဆုံးလူ ကိုယ့်အပေါ် မကောင်းတဲ့သူကိုယ့်ကိုယ် အမြဲတမ်း ဒုက္ခပေးနေတဲ့သူကို မေတ္တာပို့ပါ ..(ဤရေ အေးမြသလို …………. လည်းအေးမြပါစေ) အဲ့လိုလူတွေများရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းစီရဲ့ မျက်နှာကိုစိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ်။

ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တကယ် အေးမြစေလိုတဲ့စိတ်သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှထိရောက်မှာဖြစ်ပါတယ်။ အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကျည်းမုန်းတီးအောင် လုပ်ထားဖူးတဲ့သူ ဖြစ်ရင်လည်း အဲ့ဒီအချိန်လေးခဏမှာတော့ ခွင့်လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ်။ အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကိုဘယ်လိုခွင့်လွှတ်ရမလဲ မေးလိမ့်မယ်။

ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာအတွက် ခွင့်လွှတ်နည်း-

ပထမဆုံး မလွဲသာတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်မှာ.. သူ့နေရာမှာ ငါဆိုရင်လည်း လုပ်ချင်လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ။ မရရင်၊ လူဆိုတာ သူ့အကျင့်စရိုက်နဲ့သူလာတာ မွေးကထဲက သူ့မှာ အဲ့လိုမကောင်းတဲ့စိတ်ပါလာလို့ ငါ့အပေါ်မှာလည်း အကောက်ကြံတာပါလားလို့စိတ်ဖြေပြီး ခွင့်လွှတ်ပါ။ သူက ကိုယ့်အထက်လူကြီး ကိုယ့်အလုပ်ရှင်ဖြစ်နေခဲ့ရင် ကိုယ့်အပေါ် မောက်မာရိုင်းစိုင်းခဲ့ရင်ငါလည်း သူ့ရာထူး သူ့လိုချမ်းသာတဲ့သူဖြစ်ခဲ့ရင် ဒီထက်တောင် ဆဲမိဆိုမိချင် ဆိုမိမှာဆိုပြီးခွင့်လွှတ်ပါ။

အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင်၊ ငါဝဋ်ကြွေးရှိလို့ ခံရတာပဲလို့ တွေးပြီး သူ့ကို အပြစ်မမြင်မိအောင် စိတ်ဖြေပြီး ခွင့်လွှတ်ပါ။ အဲ့ဒါဆိုရင်တော့ သင်ရေကိုင်ပြီး မျက်နှာသစ်တဲ့ အချိန် ၂ စက္ကန့်လောက်အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ။

( သေချာပါတယ် .. သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့နိုင်သလောက် သူသင့်အပေါ် ထူးထူးခြားခြား အမြင်ကြည်လာပါလိမ့်မယ် .. ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသာ ရွက်နေရင်တော့ဘာမှ ထူးမှာ မဟုတ်ပါဘူး)

ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာသစ်ရင်း မေတ္တာပို့တဲ့အလုပ်ပြီးပါပြီ။ သင့်အတွက် အချိန် ၅ မိနစ်စာလောက်ဘဲလိုပါလိမ့်မယ်။ ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက်၂ မိနစ်စာလောက်ဘဲ ပိုမှာပါ။

ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါ။ နောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလိုသရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်။ ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါ။အခုလက်ရှိ အလုပ်ထဲမှာရော ပတ်ဝန်းကျင်မှာရော ကျွန်တော်နဲ့ မတည့်တဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူး။

လူတော်တော်များများပြောကြပါတယ်။ မေတ္တာပို့လိုက်မယ် မေတ္တာပို့လိုက်ရ မကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့စကားတစ်ခုလိုဖြစ်နေတာပါ။ တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိမ်စာတိုက်တာမဟုတ်ပါဘူး။ ရန်မရှိဘဲ အားလုံး အေးချမ်းစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ်နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

Credit-

မန္တလေးစာကြည့်တိုက်

ကျနော်မောင်ဇော်ဇော်

(Zawgyi)

သင္ နံနက္ အိပ္ယာထလို႔ မ်က္ႏွာသစ္ေတာ့မယ္ ေရကို စကိုင္ၿပီးဆိုတာနဲ႔ ဗုဒၶံသရဏံ ဂစာၦမိဆိုၿပီး တစ္ခါ႐ြတ္ မ်က္ႏွာကို ေရနဲ႔ တစ္ခါသပ္ခ်။ အဲ့လိုဘဲ ဓမၼံသရဏံ ဂစာၦမိဆိုၿပီး တစ္ခါ႐ြတ္ မ်က္ႏွာကို ေရနဲ႔ တစ္ခါသပ္ခ်။ သံဃံ သရဏံ ဂစာၦမိဆိုၿပီး တစ္ခါ႐ြတ္ ေရနဲ႔ တစ္ခါသပ္ခ်ပါ။ (ဆိုလိုတာကေတာ့ ေမတၱာမပို႔မွီ သရဏဂုံ သုံးပါးကို အရင္႐ြတ္လိုက္ပါ)

အဲ့ဒါၿပီးရင္ေတာ့ သြားတိုက္ခ်င္တိုက္ပါ။ သြားတိုက္ရင္း စိတ္ထဲကဂုဏ္ေတာ္ ကိုးပါးကို႐ြက္ရင္ ပိုေကာင္းပါတယ္။ ကိုယ္ေျပာတဲ့စကား ေအာင္ေစပါတယ္။ သြားတိုက္ၿပီးလို႔ ေရကို ထပ္ကိုင္တဲ့အခ်ိန္က်ရင္ ပထမဆုံး – မိမိကိုယ္မိမိဆုေတာင္းပါ။ ဤေရ ေအးျမသလို အကြၽႏိုပ္လည္းေအးျမပါေစ) မ်က္ႏွာကို ေရနဲ႔ တစ္ခါသပ္ခ်ပါ။

အဲ့ဒါၿပီးရင္ သင္အခ်စ္ဆုံးသူကို ေမတၱာပို႔ပါ။ (ဤေရ ေအးျမသလို ………… လည္း ေအးျမပါေစ) မ်က္ႏွာကို ေရနဲ႔ တစ္ခါသပ္ခ်ပါ။ ကိုယ္ေမတၱာပို႔တဲ့သူရဲ႕ မ်က္ႏွာကို စိတ္ထဲမွာ ျမင္ေနရပါမယ္။ ၿပီးရင္ ကိုယ္ မ်က္ႏွာကိုသပ္ခ်တဲ့ ေရရဲ႕ ေအးမွ်မႈကို သတိျပဳရမယ္။

ၿပီးရင္ သင့္မိသားစု မိဘမ်ားကို ေမတၱာပို႔ႏိုင္ပါတယ္။(ဤေရ ေအးျမသလို ေရွးေရွးဘဝမ်ားမွ ယခုဘဝတိုင္ေအာင္ေတာ္စပ္ခဲ့ဖူးေသာ အမိအဖေဆြမ်ိဳးမ်ားအားလုံး ေအးျမပါေစ) မ်က္ႏွာကို ေရနဲ႔ တစ္ခါသပ္ခ်ပါ။ ၿပီးရင္ ကိုယ္ အမုန္းဆုံးလူ ကိုယ့္အေပၚ မေကာင္းတဲ့သူကိုယ့္ကိုယ္ အၿမဲတမ္း ဒုကၡေပးေနတဲ့သူကို ေမတၱာပို႔ပါ ..(ဤေရ ေအးျမသလို …………. လည္းေအးျမပါေစ) အဲ့လိုလူေတြမ်ားရင္ အဲ့ဒီလူေတြ တစ္ေယာက္ခ်င္းစီရဲ႕ မ်က္ႏွာကိုစိတ္ထဲက ျမင္ေယာင္ၿပီး တစ္ေခါက္ခ်င္းစီ လုပ္ရပါမယ္။

ဒီေနရာမွာ အေရးႀကီးတာက သူ႔ကို အမွန္တကယ္ ေအးျမေစလိုတဲ့စိတ္သူ႔ကို အမွန္တကယ္ ေအာင္ျမင္ႀကီးပြားေစလိုတဲ့စိတ္နဲ႔ ေမတၱာပို႔မွထိေရာက္မွာျဖစ္ပါတယ္။ အဲ့ဒီလူက ကိုယ့္အေပၚ အခ်ိန္တိုင္း ဒုကၡေပးေနတဲ့သူ အရမ္းနာက်ည္းမုန္းတီးေအာင္ လုပ္ထားဖူးတဲ့သူ ျဖစ္ရင္လည္း အဲ့ဒီအခ်ိန္ေလးခဏမွာေတာ့ ခြင့္လႊတ္နားလည္စိတ္နဲ႔ ေမတၱာပို႔ရမယ္။ အဲ့ဒါဆိုရင္ အဲ့ေလာက္မုန္းတီးေနတဲ့သူကိုဘယ္လိုခြင့္လႊတ္ရမလဲ ေမးလိမ့္မယ္။

ကိုယ္ အရမ္းမုန္းတဲ့သူကို အခ်ိန္ခဏတာအတြက္ ခြင့္လႊတ္နည္း-

ပထမဆုံး မလြဲသာတဲ့အေျခအေနတစ္ခုေၾကာင့္ျဖစ္မွာ.. သူ႔ေနရာမွာ ငါဆိုရင္လည္း လုပ္ခ်င္လုပ္မိမွာပါလို႔ စိတ္ေျဖၿပီး ခြင့္လႊတ္ပါ။ မရရင္၊ လူဆိုတာ သူ႔အက်င့္စ႐ိုက္နဲ႔သူလာတာ ေမြးကထဲက သူ႔မွာ အဲ့လိုမေကာင္းတဲ့စိတ္ပါလာလို႔ ငါ့အေပၚမွာလည္း အေကာက္ႀကံတာပါလားလို႔စိတ္ေျဖၿပီး ခြင့္လႊတ္ပါ။ သူက ကိုယ့္အထက္လူႀကီး ကိုယ့္အလုပ္ရွင္ျဖစ္ေနခဲ့ရင္ ကိုယ့္အေပၚ ေမာက္မာ႐ိုင္းစိုင္းခဲ့ရင္ငါလည္း သူ႔ရာထူး သူ႔လိုခ်မ္းသာတဲ့သူျဖစ္ခဲ့ရင္ ဒီထက္ေတာင္ ဆဲမိဆိုမိခ်င္ ဆိုမိမွာဆိုၿပီးခြင့္လႊတ္ပါ။

အဲ့ဒါေတြအားလုံးမွ မရဘူးဆိုရင္၊ ငါဝဋ္ေႂကြးရွိလို႔ ခံရတာပဲလို႔ ေတြးၿပီး သူ႔ကို အျပစ္မျမင္မိေအာင္ စိတ္ေျဖၿပီး ခြင့္လႊတ္ပါ။ အဲ့ဒါဆိုရင္ေတာ့ သင္ေရကိုင္ၿပီး မ်က္ႏွာသစ္တဲ့ အခ်ိန္ ၂ စကၠန႔္ေလာက္အတြက္ သူ႔ကို ခြင့္လႊတ္ႏိုင္မွာပါ။

( ေသခ်ာပါတယ္ .. သင္သူ႔ကို ခြင့္လႊတ္ၿပီး ေမတၱာပို႔ႏိုင္သေလာက္ သူသင့္အေပၚ ထူးထူးျခားျခား အျမင္ၾကည္လာပါလိမ့္မယ္ .. ဒီေနရာမွာ မုန္းတီးနာက်ည္းစိတ္နဲ႔ ပါးစပ္ကသာ ႐ြက္ေနရင္ေတာ့ဘာမွ ထူးမွာ မဟုတ္ပါဘူး)

ကိုယ္အရမ္းမုန္းတဲ့သူကို ေမတၱာပို႔ၿပီးရင္ေတာ့ နံနက္ခင္း မ်က္ႏွာသစ္ရင္း ေမတၱာပို႔တဲ့အလုပ္ၿပီးပါၿပီ။ သင့္အတြက္ အခ်ိန္ ၅ မိနစ္စာေလာက္ဘဲလိုပါလိမ့္မယ္။ ဒါကလည္း သင္ အၿမဲတမ္းမ်က္ႏွာသစ္ေနတဲ့ အခ်ိန္ထက္၂ မိနစ္စာေလာက္ဘဲ ပိုမွာပါ။

ပထမေတာ့ မ်က္ႏွာသစ္တိုင္း အဲ့ဒါေလးလုပ္ဖို႔ သင္ေမ့ခ်င္ ေမ့မွာပါ။ ေနာက္ဆိုရင္ မ်က္ႏွာသစ္ဖို႔ ေရကိုင္လိုက္တာနဲ႔ ႏႈတ္က အလိုလိုသရဏဂုံ သုံးပါးကို႐ြက္မိၿပီး အေလ့အက်င့္တစ္ခုလိုျဖစ္သြားပါလိမ့္မယ္။ ကြၽန္ေတာ္ အဲ့ဒီအတိုင္းဘဲ ေမတၱာပို႔ဆုေတာင္းေနက် တကယ္လက္ေတြ႕ပါ။အခုလက္ရွိ အလုပ္ထဲမွာေရာ ပတ္ဝန္းက်င္မွာေရာ ကြၽန္ေတာ္နဲ႔ မတည့္တဲ့ေပါင္းသင္းဆက္ဆံေရးအဆင္မေျပတဲ့ သူရယ္လို႔ မရွိပါဘူး။

လူေတာ္ေတာ္မ်ားမ်ားေျပာၾကပါတယ္။ ေမတၱာပို႔လိုက္မယ္ ေမတၱာပို႔လိုက္ရ မေကာင္းရွိေတာ့မယ္ ဆိုၿပီးေတာ့ အဲ့ဒါက လူေတြၾကားမွာ မေကာင္းတဲ့စကားတစ္ခုလိုျဖစ္ေနတာပါ။ တကယ္ေတာ့ ေမတၱာပို႔တယ္ဆိုတာ က်ိမ္စာတိုက္တာမဟုတ္ပါဘူး။ ရန္မရွိဘဲ အားလုံး ေအးခ်မ္းေစမယ့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္တယ္ဆိုတဲ့အေၾကာင္း ေျပာၾကားရင္း ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာသစ္နည္းေလးကို ျပန္လည္မွ်ေဝလိုက္ပါတယ္။

Credit-

မႏၲေလးစာၾကည့္တိုက္

က်ေနာ္ေမာင္ေဇာ္ေဇာ္

Leave a Reply

Your email address will not be published. Required fields are marked *