ဗဟုတုသ

အရသာလဲရှိ အဟာရလဲပြည့်စုံတဲ့ ကန်စွန်းဥပူတင်း။

(Unicode)

ကန်စွန်းဥပူတင်း

အားလပ်ရက်မှာ မိသားစုနဲ့အတူ အရသာလဲရှိပြီး အဟာရလဲပြည့်စုံတဲ့ ကန်စွန်းဥပူတင်းလုပ်စားလို့ရအောင် ပြုလုပ်နည်းအဆင့်ဆင့်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ပါဝင်သောပစ္စည်းများ-

(၁)ကန်စွန်းဥ – ၁၅ ကျပ်သား

(၂)ကြက်ဥ – ၄ လုံး

(၃ နွားနို့- ၅၀၀ ml

(၄)သကြား – ထမင်းစားဇွန်း ၄ ဇွန်း (သို့) ၅ ဇွန်း

(၅)ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

(ထမင်းစားဇွန်း ၁ ဇွန်း = 15ml) (လက်ဖက်ရည်ဇွန်း ၁ ဇွန်း =5 ml)

ပြုလုပ်နည်းအဆင့်ဆင့်-

(၁) မုန့်ဖုတ်စက် (oven)ကို 350’F (175’C) မှာ ဘာမှမထည့်ပဲ အပူပေးထားပါ။ (ပေါင်းအိုးဖြင့်ပေါင်းမည်ဆိုလျှင် ဒီအဆင့်ကို ပြုလုပ်စရာမလိုပါ။)

(၂) ကန်စွန်းဥကို နူးအိနေအောင် ပြုတ်ပါ။ ပြုတ်ထားသော ကန်စွန်းဥများကို အခွံနွှာ၊ ဇကာတိုက်ပြီး ကန်စွန်းဥအနှစ်ရအောင် လုပ်ထားပါ။ မုန့်ဖုတ်မည့်ဘန်း (သို့) ခွက်ကို ထောပတ်သုတ်ထားပါ။

(၃) ဇလုံတခုထဲကို ကြက်ဥများထည့်ပြီး ခလောက်ပါ။ ထို့နောက် နွားနို့၊ သကြား၊ ဆား နှင့် ကန်စွန်းဥအနှစ်များထည့်၍ အားလုံးတသားထဲ ဖြစ်သွားအောင် နာနာလေးခလောက်ပါ။

(၄) ထို့နောက် ခလောက်ထားသောအနှစ်များကိုထောပတ်သုတ်ထားသော ဘန်း (သို့)ခွက်ထဲကိုထည့်ပါ။

(၅) 350’F (175’C) မှာအပူပေးထားသော မုန့်ဖုတ်စက်(oven) ထဲမှာ ထည့်၍ (၁ )နာရီခန့်ဖုတ်ပေးပါ။ (ပေါင်းအိုးဖြင့် ပေါင်းမည်ဆိုလျှင် မိနစ် (၂၀ -၃၀) ခန့်ပေါင်းပါ။)

ဒါဆိုရင်တော့ကန်စွန်းဥ အနံ့မွှေးမွှေးလေးနဲ့ အလွန်အရသာရှိပြီး အဟာရလဲပြည့်စုံတဲ့ ကန်စွန်းဥပူတင်းကို သုံးဆောင်နိုင်ပါပြီနော်။

Credit-swezin

(Zawgyi)

ကန္စြန္းဥပူတင္း

အားလပ္ရက္မွာ မိသားစုနဲ႔အတူ အရသာလဲရွိၿပီး အဟာရလဲျပည့္စုံတဲ့ ကန္စြန္းဥပူတင္းလုပ္စားလို႔ရေအာင္ ျပဳလုပ္နည္းအဆင့္ဆင့္ကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား-

(၁)ကန္စြန္းဥ – ၁၅ က်ပ္သား

(၂)ၾကက္ဥ – ၄ လုံး

(၃ ႏြားႏို႔- ၅၀၀ ml

(၄)သၾကား – ထမင္းစားဇြန္း ၄ ဇြန္း (သို႔) ၅ ဇြန္း

(၅)ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

(ထမင္းစားဇြန္း ၁ ဇြန္း = 15ml) (လက္ဖက္ရည္ဇြန္း ၁ ဇြန္း =5 ml)

ျပဳလုပ္နည္းအဆင့္ဆင့္-

(၁) မုန႔္ဖုတ္စက္ (oven)ကို 350’F (175’C) မွာ ဘာမွမထည့္ပဲ အပူေပးထားပါ။ (ေပါင္းအိုးျဖင့္ေပါင္းမည္ဆိုလွ်င္ ဒီအဆင့္ကို ျပဳလုပ္စရာမလိုပါ။)

(၂) ကန္စြန္းဥကို ႏူးအိေနေအာင္ ျပဳတ္ပါ။ ျပဳတ္ထားေသာ ကန္စြန္းဥမ်ားကို အခြံႏႊာ၊ ဇကာတိုက္ၿပီး ကန္စြန္းဥအႏွစ္ရေအာင္ လုပ္ထားပါ။ မုန႔္ဖုတ္မည့္ဘန္း (သို႔) ခြက္ကို ေထာပတ္သုတ္ထားပါ။

(၃) ဇလုံတခုထဲကို ၾကက္ဥမ်ားထည့္ၿပီး ခေလာက္ပါ။ ထို႔ေနာက္ ႏြားႏို႔၊ သၾကား၊ ဆား ႏွင့္ ကန္စြန္းဥအႏွစ္မ်ားထည့္၍ အားလုံးတသားထဲ ျဖစ္သြားေအာင္ နာနာေလးခေလာက္ပါ။

(၄) ထို႔ေနာက္ ခေလာက္ထားေသာအႏွစ္မ်ားကိုေထာပတ္သုတ္ထားေသာ ဘန္း (သို႔)ခြက္ထဲကိုထည့္ပါ။

(၅) 350’F (175’C) မွာအပူေပးထားေသာ မုန႔္ဖုတ္စက္(oven) ထဲမွာ ထည့္၍ (၁ )နာရီခန႔္ဖုတ္ေပးပါ။ (ေပါင္းအိုးျဖင့္ ေပါင္းမည္ဆိုလွ်င္ မိနစ္ (၂၀ -၃၀) ခန႔္ေပါင္းပါ။)

ဒါဆိုရင္ေတာ့ကန္စြန္းဥ အနံ႔ေမႊးေမႊးေလးနဲ႔ အလြန္အရသာရွိၿပီး အဟာရလဲျပည့္စုံတဲ့ ကန္စြန္းဥပူတင္းကို သုံးေဆာင္ႏိုင္ပါၿပီေနာ္။

Credit-swezin

Leave a Reply

Your email address will not be published. Required fields are marked *