ဗဟုတုသ

လူတိုင်းအကျိုးထူးတဲ့ ခင်ပွန်းကြီးဆယ်ပါး ယတြာ။

(Unicode)

ခင်ပွန်းကြီးဆယ်ပါး ယတြာ

ကုသိုလ်ပွားများနေသူများအတွက် ခင်ပွန်းကြီးဆယ်ပါး ယတြာလေးအား ဖော်ပြပေးလိုက်ရပါအံ့ဗျာ။ ခင်ပွန်းကြီးဆယ်ပါး စော်ကားမိရင် အဆောင် ဆောင်ထားလည်း အဆောင်မစွမ်းပါ။ အစီအရင် ယတြာတွေလည်း အစွမ်းမထက်ဘဲ ရှိတတ်ပါတယ်။ ဒါကြောင့် ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်ကန်တော့ပြီးမှ မိမိ၏ ဖြစ်လိုသည့်ကိစ္စများကို ပြုလုပ်စီမံကြပါကုန်လော့။ လူတွေမှာက ဘယ်တော့မှ မပြစ်မှားရမယ့် ခင်ပွန်းကြီးဆယ်ပါး ရှိပါတယ်။ပြစ်မှားမိရင် အန္တရာယ်ဆိုး ကျရင်ကျ မကျရင်လည်း အခုလို ဘာလုပ်လုပ် အရာမထင်တဲ့ အဖြစ်ဆိုးမျိုးနဲ့ ကြုံရတတ်တယ်။

ယတြာချေလို့ ဘယ်တော့မှ မရဘူး။ ဒီဘဝမှာတင် မဟုတ်ဘူး။ အတိတ်ဘဝ တစ်ခုခုတုန်းက ကျူးလွန်မိရင်တောင် ဒီဘဝမှာ လာပြီး ဒုက္ခပေးနိုင်တယ်။

ခင်ပွန်းကြီး(၁၀)ပါးပုဂ္ဂိုလ်များကို စော်ကားပြစ်မှားလျှင်

(၁)ရောဂါဆန်းတွေ ဖြစ်တတ်တယ်။

(၂)စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်တယ်။

(၃)ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်တယ်။

(၄)ပွေး၊ ဝဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်တယ်။

(၅)ဘေးရန် အန္တာရာယ် ကျရောက်တတ်တယ်။

(၆)မင်းဘေးမင်းဒဏ် သင့်တတ်တယ်။

(၇)အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်တယ်။

(၈)ဇနီး၊ မယား၊ သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်တယ်။

(၉)လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်တယ်။

(၁၀)ဥစ္စာ ပစ္စည်းများ အရောင်းအဝယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှုံးသွားတတ်ပါတယ်။ စော်ကားပြစ်မှားပြီးမှ ရှိခိုးတောင်းပန်တာထက် နောက်နောင် မစော်ကား မပြစ်မှားမိအောင် သတိထားဂရုစိုက်ဖို့ လည်း အရေးကြီးလှပါတယ်။ အဲဒါမျိုးဆိုရင် ခင်ပွန်းကြီးဆယ်ပါးကိုတောင်းပန်ပွဲတွေ လုပ်ပြီး တောင်းပန်ရတယ်။

ဒီယတြာကို ဘယ်နေ့မှာ ပြုလုပ်ရမလဲ့ဆိုတော့ မွေးနေ့မှာ ပြုလုပ်တာကောင်းပါတယ်။ မိမိမွေးနေ့မှာ လုပ်ဖို့အဆင်မပြေရင်လည်း မိမိအဆင်ပြေတဲ့နေ့ကိုလည်း လုပ်နိုင်ပါတယ်။ အာရုဏ်တက်ချိန်ဆိုရင် မနက်စောစော ငါးနာရီအချိန်မှာပြုလုပ်ရမှာပါ။ အကယ်၍ အချိန်ကိုလည်း နေ့ဆွမ်းအချိန်မကျော်မီအချိန်ထိ ပြုလုပ်နိုင်ပါတယ်။ အာရုဏ်ဆွမ်းအလှူသည် လောကုတ္တရာ နွယ်သောအလှူ ဖြစ်လေသည်။

နံနက် ( ၉ )နာရီသည် လောကီ အကျိုးစီးပွား ရည်ညွှန်းအလှူပါ။ ဒါက သမားစဉ် အဘိုးဆရာတော်တစ်ပါးပြောကြားသည်ကို ထည့်သွင်းရခြင်းပါ။ မနက်စောစော အဆင်မပြေသူများအနေနဲ့ပါ။ ခင်ပွန်းကြီးဆယ်ပါးမှာ ဦးဆုံးက ဗုဒ္ဓဘုရားရှင်ဆိုတော့ ဘုရားစင်ရှေ့မှာပဲ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီ၏ လပြည့်နေ့တိုင်း ခင်ပွန်းကြီး ဆယ်ပါး ကို ဓာတ်ကြီးလေးပါးဖြင့် ပူဇော်ကန်တော့နိုင်ရင်လည်း အတိုင်းထက်အလွန်ပါပဲ။

ဘုရားစင်ရှေ့မှာ ထမင်းစားပွဲဝိုင်းကြီး ခင်းပြီးတော့ အဲဒီစားပွဲ ဝိုင်းပေါ်မှာ ပန်းကန်ဆယ်ချပ်တင်။ အလယ်မှာက ပန်းကန်ပြား အကြီးတစ်ချပ်ထား။ ပန်းကန်ပြား လတ်လတ် (၉)လုံးကိုတော့ ဘေးမှာထားရမယ်။ မိမိ မိတ်ဘက် မိမိ ဓာတ်ဘက်ကျသော သစ်သီး (၇)မျိုး ( သို့ ) (၉) မျိုးယူပါ။

မိတ်ဘက်ဆိုတာက ( အောင်ပ ကုလား ဆွေသား တော်ရင်း )-

အောင်ပ = တနင်္ဂနွေ – ကြာသပတေး

ကုလား = တနင်္လာ – ဗုဒ္ဓဟူး

ဆွေသား = အဂါၤ – သောကြာ

တော်ရင်း = စနေ – ရာဟု

ဓာတ်ဘက်ကတော့ ( အန္တော ဂဗ္ဗေ စရေ ဝံသေ )-

အန္တော = တနင်္ဂနွေ – စနေ

ဂဗ္ဗေ = တနင်္လာ – ကြာသပတေး

စရေ = အဂါၤ – ရာဟု

ဝံသေ = ဗုဒ္ဓဟူး – သောကြာ

ကံနိမ့်ပါက မွေးနေ့တွင် လှူပါ။ စီးပွားတက်စေလိုပါက အညွန့်နေ့ တွင် လှူပါ။ ပညာ / လုပ်ငန်းချဲ့လိုပါက ပဉ္စပွတ်နေ့တွင် လှူပါ။ သစ်သီး ဆယ်မျိုးကို လှီးချွတ်ပြီး ပန်းကန်ပြား တစ်ချပ်ဆီမှာ ထည့်ရမယ်။ (၉)ချပ်ပြည့်အောင် ထည့်ရမယ်။ အလယ်က ပန်းကန်ပြားကြီးမှာတော့ သစ်သီးဆယ်မျိုး လှီးချွတ်ပြီး ထည့်ရမယ်။ နောက်ပြီး ပန်းကန်ပြားတိုင်းမှာ ဖယောင်းတိုင် တစ်တိုင်ဆီ ထွန်းရမယ်။ သောက်တော်ရေ တစ်ခွက်စီလဲ ပါရ မယ်။ အမွှေးတိုင် တစ်တိုင်စီလည်း ပါရမယ်။ လစဉ် လပြည့်နေတိုင်း ကန်တော့ဖွယ်ပစ္စည်းများနှင့် ကန်တော့ပါက ပိုကောင်းပါတယ်။ခင်ပွန်းကြီးဆယ်ပါးအား လပြည့်နေ့တွင် ကန်တော့ပါက ရေ မြေ လေ မီး ဓာတ်ကြီးလေးပါးစုံအောင် ထည့်ပြီး ကန်တော့ရပါတယ်။

ရေဓာတ်အတွက် – သောက်တော်ရေ ၁၀ ခွက်

မြေဓာတ်အတွက် – ဆွမ်း သို့မဟုတ် အသီးအနှံ ၁၀ လုံး

လေဓာတ်အတွက် – အမွှေးတိုင် သို့မဟုတ် မွှေးပျံ့သောရနံ့ရှိသည့် ပန်း (၁၀) ပွင့် (၁၀) တိုင်

မီးဓာတ်အတွက် – ဖယောင်းတိုင် ၁၀ တိုင်

ခင်ပွန်းကြီးဆယ်ပါး ဆိုသည်မှာ-

၁။ ဘုရား

၂။ ပစ္စေက ဗုဒ္ဓါ

၃။ ရဟန္တာ အရှင်မြတ်

၄။ မြတ်စွာဘုရားရှင်၏ သာဝကကြီးများ

၅။ မွေးမိခင်

၆။ မွေးဖခင်

၇။ ပညာသင်ပေးသောဆရာ

၈။ ဆုံးမပဲ့ပြင်ပေးသောဆရာ

၉။ မိမိကိုတစ်စုံတစ်ရာကျွေးမွေးထောက်ပံ့ပေးခဲ့ဖူးသူ

၁၀။ မိမိကိုတရားစကား သို့မဟုတ် ကောင်းမြတ်သော စေတနာဖြင့် ကောင်းသောစကားပြောကြားပေးခဲ့သူများ သို့မဟုတ် မိမိကို နှုတ်ဖြင့်စောင်မပေးခဲ့ဖူးသူ။

ပြုလုပ်မည့်ရက်မတိုင်ခင် အရင်ဖိတ်ကြားထားရမည်။ အစမထင်တဲ့ သံသရာတစ်လျှောက် ဘဝတစ်ကွေ့ကွေ့မှာ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိခဲ့ရင် ထိုအပြစ်က ပြေစေကြောင်း လေးလေးနက်နက် တောင်းပန်ရမယ်။ အောက်က ဂါထာကိုလည်း ရွတ်ရမယ်။ မရွတ်ဖတ် မပူဇော်ခင် အရင်တောင်းပန်စကား ပဏာမ ပြောကြားပါ။ ပြောရမည့်စကားများမှာ-

ကျွန်ုပ်သည် ဘဝအဆက်ဆက်ကတော်ဆက်ခဲ့ဖူးသော ခင်ပွန်းကြီးဆယ်ပါးနှင့် ယခုဘဝတွင်တော်ဆက်သော ခင်ပွန်းကြီးဆယ်ပါးအား သိသိနှင့်သော်လည်းကောင်း မသိ၍သော်လည်းကောင်း ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်၍ သော်လည်းကောင်း ပြစ်မှားကျူးလွန်မိခဲ့ခြင်း ရှိခဲ့ပါလျှင် ကျေအေးပေးတော်မူပါ သနားသည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်ကန်တော့ပါ၏ဘုရားဟု ပထမ ပြောကြားရပါမယ်။ ပြီးပါက ဆုတောင်းလေးရွတ်ဆိုရပါ့မယ်။

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်

၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း

၂။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း

၃။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း

၄။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း

၅။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့အပေါ်၌ လည်းကောင်း

၆။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌ လည်းကောင်း

၇။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ဆုံးမတတ်သောဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း

၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌ လည်းကောင်း

၉။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ လည်းကောင်း

၁၀။ ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌ လည်းကောင်း

ကာယကံ ၊ ဝစီကံ ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား

ဤသို့ ရှိခိုး ပူးဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား … လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်းတောင်းတတိုင်း လွယ်ကူလျင်မြန်စွာပြည့်စုံ၍ နုလုံးစိတ်ဝမ်းအေးချမ်းရပါစေသား အရှင်ဘုရား …

ထို့နောက် ခင်ပွန်းကြီးဆယ်ပါးကန်တော့ဂါထာကို သုံးခေါက်ရွတ်ပါ-

ဗုဒ္ဓါစ၊ ဘုရားရှင်အား၎င်း။ ပစ္စေကဗုဒ္ဓါ၊ ပစ္စေကဗုဒ္ဓါအား၎င်း။ ရဟန္တာစ၊ ရဟန္တာအရှင်မြတ်တို့အား၎င်း။ အဂ္ဂသာဝကာစ၊ အရှင်သာရိ ပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အပေါ်၌၎င်း။

မာတာစ ၊ မွေးကျေးဇူးရှင် မိခင်အပေါ်၌၎င်း။ ပိတုစ၊ ကျွေးကျေးဇူးရှင် ဖခင်အပေါ်၌၎င်း။ ဒါယကာစ၊ ပေးကမ်းထောက်ပံ့ ဖူးသော သူတို့အပေါ်၌၎င်း။ ဓမ္မဒေသကာစ၊ တရားတော်မြတ် ဟောညွန်အပ်သည့် ပုဂ္ဂိုလ်မြတ်တို့ အပေါ်၌၎င်း။

ဣမေ ဒသ မဟာဂုဏေ ၊ ဤကျေးဇူးတော်မြတ် (၁၀)ပါးသော ပုဂ္ဂိုလ်တို့အား။ အဟံ၊ အကျွန်ုပ်သည်။ သဗ္ဗဒါ၊ အခါမလတ်။ ဝန္ဒာမိ၊ ရှိခိုးအပ်ပါသည် အရှင်ဘုရား။

အဲဒီနည်းနဲ့ တစ်ပါတ်ကို တစ်ကြိမ်ကျ (၁၀)ခါပြည့်အောင် လေးလေးနက်နက် လုပ်ရမယ်။ မိမိရဲ့ စိတ်ထဲမှာ အဲဒီအပြစ်တွေ မရှိတော့ဘူးလို့ ယုံကြည်သွားတဲ့အထိ လုပ်ရပါမည်။ ပြုလုပ် ကပ်လှူပြီးစီးပါက လှူဒါန်းထားသည့်ပစ္စည်းများကို ပြန်စွန့်လို့ရပါပြီ။

ထိုပစ္စည်းများကို အိမ်အပြင်သို့ထုတ်ကာ အခင်းခပ်သန့်သန့်ခင်းပြီး ရေမြေလေမီးတွင် ကျက်စားနေကြကုန်သော ဝေမာနိက သတ္တဝါများကို စွန့်ကျဲလှူဒါန်းလိုက်ပါ။ သူတို့ကလည်း စားသုံးရသည့်အတွက် ပြန်လည်မေတ္တာပေးပို့ပါလိမ့်မယ်။

Credit-လင်းညို့တာရာ

(Zawgyi)

ခင္ပြန္းႀကီးဆယ္ပါး ယၾတာ

ကုသိုလ္ပြားမ်ားေနသူမ်ားအတြက္ ခင္ပြန္းႀကီးဆယ္ပါး ယၾတာေလးအား ေဖာ္ျပေပးလိုက္ရပါအံ့ဗ်ာ။ ခင္ပြန္းႀကီးဆယ္ပါး ေစာ္ကားမိရင္ အေဆာင္ ေဆာင္ထားလည္း အေဆာင္မစြမ္းပါ။ အစီအရင္ ယၾတာေတြလည္း အစြမ္းမထက္ဘဲ ရွိတတ္ပါတယ္။ ဒါေၾကာင့္ ခင္ပြန္းႀကီးဆယ္ပါးကို ပူေဇာ္ကန္ေတာ့ၿပီးမွ မိမိ၏ ျဖစ္လိုသည့္ကိစၥမ်ားကို ျပဳလုပ္စီမံၾကပါကုန္ေလာ့။ လူေတြမွာက ဘယ္ေတာ့မွ မျပစ္မွားရမယ့္ ခင္ပြန္းႀကီးဆယ္ပါး ရွိပါတယ္။ျပစ္မွားမိရင္ အႏၲရာယ္ဆိုး က်ရင္က် မက်ရင္လည္း အခုလို ဘာလုပ္လုပ္ အရာမထင္တဲ့ အျဖစ္ဆိုးမ်ိဳးနဲ႔ ႀကဳံရတတ္တယ္။

ယၾတာေခ်လို႔ ဘယ္ေတာ့မွ မရဘူး။ ဒီဘဝမွာတင္ မဟုတ္ဘူး။ အတိတ္ဘဝ တစ္ခုခုတုန္းက က်ဴးလြန္မိရင္ေတာင္ ဒီဘဝမွာ လာၿပီး ဒုကၡေပးႏိုင္တယ္။

ခင္ပြန္းႀကီး(၁၀)ပါးပုဂၢိဳလ္မ်ားကို ေစာ္ကားျပစ္မွားလွ်င္

(၁)ေရာဂါဆန္းေတြ ျဖစ္တတ္တယ္။

(၂)စီးပြားကို ခက္ခဲ ဆင္းရဲ ပင္ပန္းစြာ ရွာရတတ္တယ္။

(၃)ခႏၶာကိုယ္ နာက်င္ က်ိဳးကန္း ထိခိုက္ဒဏ္ရာ ရတတ္တယ္။

(၄)ေပြး၊ ဝဲ၊ ယားနာ အေရျပားေရာဂါ ျဖစ္တတ္တယ္။

(၅)ေဘးရန္ အႏၲာရာယ္ က်ေရာက္တတ္တယ္။

(၆)မင္းေဘးမင္းဒဏ္ သင့္တတ္တယ္။

(၇)အကဲ့ရဲ႕ အစြပ္စြဲ ခံရတတ္တယ္။

(၈)ဇနီး၊ မယား၊ သမီး သားႏွင့္ ရွင္ကြဲ၊ ေသကြဲ ကြဲတတ္တယ္။

(၉)လြန္စြာ ဆင္းရဲ ဒုကၡေရာက္တတ္တယ္။

(၁၀)ဥစၥာ ပစၥည္းမ်ား အေရာင္းအဝယ္ မျဖစ္၊ အလိမ္ခံရ၊ အခိုးခံရ၊ ဓားျပတိုက္ခံရ၊ မီးေလာင္ခံရ စသည္ျဖင့္ တနည္းနည္းျဖင့္ ဆုံးရႈံးသြားတတ္ပါတယ္။ ေစာ္ကားျပစ္မွားၿပီးမွ ရွိခိုးေတာင္းပန္တာထက္ ေနာက္ေနာင္ မေစာ္ကား မျပစ္မွားမိေအာင္ သတိထားဂ႐ုစိုက္ဖို႔ လည္း အေရးႀကီးလွပါတယ္။ အဲဒါမ်ိဳးဆိုရင္ ခင္ပြန္းႀကီးဆယ္ပါးကိုေတာင္းပန္ပြဲေတြ လုပ္ၿပီး ေတာင္းပန္ရတယ္။

ဒီယၾတာကို ဘယ္ေန႔မွာ ျပဳလုပ္ရမလဲ့ဆိုေတာ့ ေမြးေန႔မွာ ျပဳလုပ္တာေကာင္းပါတယ္။ မိမိေမြးေန႔မွာ လုပ္ဖို႔အဆင္မေျပရင္လည္း မိမိအဆင္ေျပတဲ့ေန႔ကိုလည္း လုပ္ႏိုင္ပါတယ္။ အာ႐ုဏ္တက္ခ်ိန္ဆိုရင္ မနက္ေစာေစာ ငါးနာရီအခ်ိန္မွာျပဳလုပ္ရမွာပါ။ အကယ္၍ အခ်ိန္ကိုလည္း ေန႔ဆြမ္းအခ်ိန္မေက်ာ္မီအခ်ိန္ထိ ျပဳလုပ္ႏိုင္ပါတယ္။ အာ႐ုဏ္ဆြမ္းအလႉသည္ ေလာကုတၱရာ ႏြယ္ေသာအလႉ ျဖစ္ေလသည္။

နံနက္ ( ၉ )နာရီသည္ ေလာကီ အက်ိဳးစီးပြား ရည္ၫႊန္းအလႉပါ။ ဒါက သမားစဥ္ အဘိုးဆရာေတာ္တစ္ပါးေျပာၾကားသည္ကို ထည့္သြင္းရျခင္းပါ။ မနက္ေစာေစာ အဆင္မေျပသူမ်ားအေနနဲ႔ပါ။ ခင္ပြန္းႀကီးဆယ္ပါးမွာ ဦးဆုံးက ဗုဒၶဘုရားရွင္ဆိုေတာ့ ဘုရားစင္ေရွ႕မွာပဲ ျပဳလုပ္ရမွာပဲ ျဖစ္ပါတယ္။ ဆယ့္ႏွစ္လရာသီ၏ လျပည့္ေန႔တိုင္း ခင္ပြန္းႀကီး ဆယ္ပါး ကို ဓာတ္ႀကီးေလးပါးျဖင့္ ပူေဇာ္ကန္ေတာ့ႏိုင္ရင္လည္း အတိုင္းထက္အလြန္ပါပဲ။

ဘုရားစင္ေရွ႕မွာ ထမင္းစားပြဲဝိုင္းႀကီး ခင္းၿပီးေတာ့ အဲဒီစားပြဲ ဝိုင္းေပၚမွာ ပန္းကန္ဆယ္ခ်ပ္တင္။ အလယ္မွာက ပန္းကန္ျပား အႀကီးတစ္ခ်ပ္ထား။ ပန္းကန္ျပား လတ္လတ္ (၉)လုံးကိုေတာ့ ေဘးမွာထားရမယ္။ မိမိ မိတ္ဘက္ မိမိ ဓာတ္ဘက္က်ေသာ သစ္သီး (၇)မ်ိဳး ( သို႔ ) (၉) မ်ိဳးယူပါ။

မိတ္ဘက္ဆိုတာက ( ေအာင္ပ ကုလား ေဆြသား ေတာ္ရင္း )-

ေအာင္ပ = တနဂၤေႏြ – ၾကာသပေတး

ကုလား = တနလၤာ – ဗုဒၶဟူး

ေဆြသား = အဂါၤ – ေသာၾကာ

ေတာ္ရင္း = စေန – ရာဟု

ဓာတ္ဘက္ကေတာ့ ( အေႏၲာ ဂေဗၺ စေရ ဝံေသ )-

အေႏၲာ = တနဂၤေႏြ – စေန

ဂေဗၺ = တနလၤာ – ၾကာသပေတး

စေရ = အဂါၤ – ရာဟု

ဝံေသ = ဗုဒၶဟူး – ေသာၾကာ

ကံနိမ့္ပါက ေမြးေန႔တြင္ လႉပါ။ စီးပြားတက္ေစလိုပါက အၫြန႔္ေန႔ တြင္ လႉပါ။ ပညာ / လုပ္ငန္းခ်ဲ႕လိုပါက ပၪၥပြတ္ေန႔တြင္ လႉပါ။ သစ္သီး ဆယ္မ်ိဳးကို လွီးခြၽတ္ၿပီး ပန္းကန္ျပား တစ္ခ်ပ္ဆီမွာ ထည့္ရမယ္။ (၉)ခ်ပ္ျပည့္ေအာင္ ထည့္ရမယ္။ အလယ္က ပန္းကန္ျပားႀကီးမွာေတာ့ သစ္သီးဆယ္မ်ိဳး လွီးခြၽတ္ၿပီး ထည့္ရမယ္။ ေနာက္ၿပီး ပန္းကန္ျပားတိုင္းမွာ ဖေယာင္းတိုင္ တစ္တိုင္ဆီ ထြန္းရမယ္။ ေသာက္ေတာ္ေရ တစ္ခြက္စီလဲ ပါရ မယ္။ အေမႊးတိုင္ တစ္တိုင္စီလည္း ပါရမယ္။ လစဥ္ လျပည့္ေနတိုင္း ကန္ေတာ့ဖြယ္ပစၥည္းမ်ားႏွင့္ ကန္ေတာ့ပါက ပိုေကာင္းပါတယ္။ခင္ပြန္းႀကီးဆယ္ပါးအား လျပည့္ေန႔တြင္ ကန္ေတာ့ပါက ေရ ေျမ ေလ မီး ဓာတ္ႀကီးေလးပါးစုံေအာင္ ထည့္ၿပီး ကန္ေတာ့ရပါတယ္။

ေရဓာတ္အတြက္ – ေသာက္ေတာ္ေရ ၁၀ ခြက္

ေျမဓာတ္အတြက္ – ဆြမ္း သို႔မဟုတ္ အသီးအႏွံ ၁၀ လုံး

ေလဓာတ္အတြက္ – အေမႊးတိုင္ သို႔မဟုတ္ ေမႊးပ်ံ႕ေသာရနံ႔ရွိသည့္ ပန္း (၁၀) ပြင့္ (၁၀) တိုင္

မီးဓာတ္အတြက္ – ဖေယာင္းတိုင္ ၁၀ တိုင္

ခင္ပြန္းႀကီးဆယ္ပါး ဆိုသည္မွာ-

၁။ ဘုရား

၂။ ပေစၥက ဗုဒၶါ

၃။ ရဟႏၲာ အရွင္ျမတ္

၄။ ျမတ္စြာဘုရားရွင္၏ သာဝကႀကီးမ်ား

၅။ ေမြးမိခင္

၆။ ေမြးဖခင္

၇။ ပညာသင္ေပးေသာဆရာ

၈။ ဆုံးမပဲ့ျပင္ေပးေသာဆရာ

၉။ မိမိကိုတစ္စုံတစ္ရာေကြၽးေမြးေထာက္ပံ့ေပးခဲ့ဖူးသူ

၁၀။ မိမိကိုတရားစကား သို႔မဟုတ္ ေကာင္းျမတ္ေသာ ေစတနာျဖင့္ ေကာင္းေသာစကားေျပာၾကားေပးခဲ့သူမ်ား သို႔မဟုတ္ မိမိကို ႏႈတ္ျဖင့္ေစာင္မေပးခဲ့ဖူးသူ။

ျပဳလုပ္မည့္ရက္မတိုင္ခင္ အရင္ဖိတ္ၾကားထားရမည္။ အစမထင္တဲ့ သံသရာတစ္ေလွ်ာက္ ဘဝတစ္ေကြ႕ေကြ႕မွာ ခင္ပြန္းႀကီးဆယ္ပါးကို ျပစ္မွားမိခဲ့ရင္ ထိုအျပစ္က ေျပေစေၾကာင္း ေလးေလးနက္နက္ ေတာင္းပန္ရမယ္။ ေအာက္က ဂါထာကိုလည္း ႐ြတ္ရမယ္။ မ႐ြတ္ဖတ္ မပူေဇာ္ခင္ အရင္ေတာင္းပန္စကား ပဏာမ ေျပာၾကားပါ။ ေျပာရမည့္စကားမ်ားမွာ-

ကြၽႏ္ုပ္သည္ ဘဝအဆက္ဆက္ကေတာ္ဆက္ခဲ့ဖူးေသာ ခင္ပြန္းႀကီးဆယ္ပါးႏွင့္ ယခုဘဝတြင္ေတာ္ဆက္ေသာ ခင္ပြန္းႀကီးဆယ္ပါးအား သိသိႏွင့္ေသာ္လည္းေကာင္း မသိ၍ေသာ္လည္းေကာင္း ရည္႐ြယ္၍ေသာ္လည္းေကာင္း မရည္႐ြယ္၍ေသာ္လည္းေကာင္း ျပစ္မွားက်ဴးလြန္မိခဲ့ျခင္း ရွိခဲ့ပါလွ်င္ ေက်ေအးေပးေတာ္မူပါ သနားသည္းခံခြင့္လႊတ္ေပးပါရန္ ေတာင္းပန္ကန္ေတာ့ပါ၏ဘုရားဟု ပထမ ေျပာၾကားရပါမယ္။ ၿပီးပါက ဆုေတာင္းေလး႐ြတ္ဆိုရပါ့မယ္။

ဘုရားတပည့္ေတာ္သည္ သံသရာအစမွစ၍ ယေန႔တိုင္ေအာင္

၁။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးတို႔အေပၚ၌ လည္းေကာင္း

၂။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ ပေစၥကဗုဒၶါအရွင္ကိုယ္ေတာ္ျမတ္ႀကီးတို႔အေပၚ၌ လည္းေကာင္း

၃။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ အဂၢသာဝက၊မဟာသာဝက ရဟႏၲာ အရွင္ျမတ္ႀကီးတို႔အေပၚ၌ လည္းေကာင္း

၄။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ ရဟႏၲာ အရွင္ျမတ္ႀကီးတို႔အေပၚ၌ လည္းေကာင္း

၅။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ မိခင္တို႔အေပၚ၌ လည္းေကာင္း

၆။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ ဖခင္တို႔အေပၚ၌ လည္းေကာင္း

၇။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ လိမၼာေစရန္ က်ိဳးေၾကာင္းျပ၍ဆုံးမတတ္ေသာဆရာသမားတို႔ ၏ အေပၚ၌ လည္းေကာင္း

၈။ ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ သီလဂုဏ္၊ပညာဂုဏ္ တို႔ကို ဆည္းပူးျဖည့္က်င့္လွ်က္ရွိၾကကုန္ေသာ လူပုဂၢိဳလ္ ရဟန္းပုဂၢိဳလ္တို႔၏အေပၚ၌ လည္းေကာင္း

၉။ ဂုဏ္ေက်းဇူး ႀကီးမားၾကကုန္ေသာ တရားဓမၼတို႔ကို ေဟာေျပာျပသ ဆုံးမတတ္ေသာ ဆရာသမားတို႔၏အေပၚ၌ လည္းေကာင္း

၁၀။ ထမင္းတစ္လုပ္ ၊ ေရတစ္မႈတ္ စသည္ျဖင့္ေပးကမ္းခ်ီးျမႇင့္ေထာက္ပံ့ဖူးေသာ ေက်းဇူးရွင္ပုဂၢိဳလ္တို႔၏အေပၚ၌ လည္းေကာင္း

ကာယကံ ၊ ဝစီကံ ၊ မေနာကံ သုံးပါးေသာ ကံတို႔ျဖင့္ျပစ္မွားမိခဲ့သည္ ရွိခဲ့ပါေသာ္ ထိုအျပစ္တို႔ကိုေပ်ာက္ပါေစျခင္းအက်ိဳးငွာ ႐ိုေသျမတ္ႏိုး လက္စုံမိုး၍ ရွိခိုးပါ၏ ဘုရား

ဤသို႔ ရွိခိုး ပူးေဇာ္ ဖူးေျမာ္ မာန္ေလွ်ာ့ ကန္ေတာ့ရေသာေကာင္းမႈကံ ေစတနာတို႔ေၾကာင့္ အလုံးစုံေသာ ေဘးေရာဂါအႏၲရာယ္အေပါင္းတို႔မွ ကင္းေဝးၿပီးလွ်င္ ျမတ္စြာဘုရားရွင္ ေဟာၾကားေတာ္မႈေသာ သစၥာေလးပါး ျမတ္တရားကို ေကာင္းစြာ သိျမင္၍ နိဗၺာန္သို႔ ဝင္ႏိုင္ေသာကိုယ္ ျဖစ္ရပါေစသား အရွင္ဘုရား … ေလာကီမဂၤလာ အျဖာျဖာတို႔သည္လည္း စိတ္ႀကံတိုင္းေတာင္းတတိုင္း လြယ္ကူလ်င္ျမန္စြာျပည့္စုံ၍ ႏုလုံးစိတ္ဝမ္းေအးခ်မ္းရပါေစသား အရွင္ဘုရား …

ထို႔ေနာက္ ခင္ပြန္းႀကီးဆယ္ပါးကန္ေတာ့ဂါထာကို သုံးေခါက္႐ြတ္ပါ-

ဗုဒၶါစ၊ ဘုရားရွင္အား၎။ ပေစၥကဗုဒၶါ၊ ပေစၥကဗုဒၶါအား၎။ ရဟႏၲာစ၊ ရဟႏၲာအရွင္ျမတ္တို႔အား၎။ အဂၢသာဝကာစ၊ အရွင္သာရိ ပုတၱရာႏွင့္ အရွင္ေမာဂၢလာန္တို႔ အေပၚ၌၎။

မာတာစ ၊ ေမြးေက်းဇူးရွင္ မိခင္အေပၚ၌၎။ ပိတုစ၊ ေကြၽးေက်းဇူးရွင္ ဖခင္အေပၚ၌၎။ ဒါယကာစ၊ ေပးကမ္းေထာက္ပံ့ ဖူးေသာ သူတို႔အေပၚ၌၎။ ဓမၼေဒသကာစ၊ တရားေတာ္ျမတ္ ေဟာၫြန္အပ္သည့္ ပုဂၢိဳလ္ျမတ္တို႔ အေပၚ၌၎။

ဣေမ ဒသ မဟာဂုေဏ ၊ ဤေက်းဇူးေတာ္ျမတ္ (၁၀)ပါးေသာ ပုဂၢိဳလ္တို႔အား။ အဟံ၊ အကြၽႏ္ုပ္သည္။ သဗၺဒါ၊ အခါမလတ္။ ဝႏၵာမိ၊ ရွိခိုးအပ္ပါသည္ အရွင္ဘုရား။

အဲဒီနည္းနဲ႔ တစ္ပါတ္ကို တစ္ႀကိမ္က် (၁၀)ခါျပည့္ေအာင္ ေလးေလးနက္နက္ လုပ္ရမယ္။ မိမိရဲ႕ စိတ္ထဲမွာ အဲဒီအျပစ္ေတြ မရွိေတာ့ဘူးလို႔ ယုံၾကည္သြားတဲ့အထိ လုပ္ရပါမည္။ ျပဳလုပ္ ကပ္လႉၿပီးစီးပါက လႉဒါန္းထားသည့္ပစၥည္းမ်ားကို ျပန္စြန႔္လို႔ရပါၿပီ။

ထိုပစၥည္းမ်ားကို အိမ္အျပင္သို႔ထုတ္ကာ အခင္းခပ္သန႔္သန႔္ခင္းၿပီး ေရေျမေလမီးတြင္ က်က္စားေနၾကကုန္ေသာ ေဝမာနိက သတၱဝါမ်ားကို စြန႔္က်ဲလႉဒါန္းလိုက္ပါ။ သူတို႔ကလည္း စားသုံးရသည့္အတြက္ ျပန္လည္ေမတၱာေပးပို႔ပါလိမ့္မယ္။

Credit-လင္းညိဳ႕တာရာ

Leave a Reply

Your email address will not be published. Required fields are marked *