ဗဟုတုသ

သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင် ဒါတွေလုပ်ပေးပါ။

(Unicode)

သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ

သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါ ပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။ ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။

၁။ နေရောင်ခြည်

သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။

၂။ ရေ

အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းကသံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။ စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ ဖြစ်သင့်ပြီး အမြဲခြောက်သွေ့နေတဲ့မြေမှာ မစိုက်သင့်ပါဘူး။ မြေကိုလည်း အမြဲစမ်းစစ်သင့်ပြီး အနက်(၂) လက်မလောက်ထိ မြေကခြောက်နေတယ်ဆိုရင်တော့ ရေများများပေးဖို့ လိုအပ်နေပါပြီဗျ။ အရွက်တွေ ငိုက်ကျနေတယ်ဆိုရင်လည်း ရေလိုအပ်နေပါပြီ။ တစ်ပတ် (၁)ကြိမ် ပုံမှန် ရေရွှဲရွှဲလောင်းပေးသင့်ပါတယ်။

၃။ အာဟာရဓာတ်

အာဟာရဓာတ်ရရှိဖို့ အပင်စစိုက်ကတည်းက သဘာဝမြေသြဇာတွေ ထည့်ပေးသင့်ပါတယ်ဗျ။ ရှောက်သံပုရာအုပ်စုဝင်တွေကိုကျွေးတဲ့ ဓာတ်မြေသြဇာ (citrus fertilizer)တချို့ကို တစ်နှစ်ကို လေးကြိမ်လောက် ကျွေးပေးပါ။သံပုရာပင်က နိုက်ထရိုဂျင်ကို ပိုပြီးစားသုံးတဲ့ကောင်မို့ (N:P:K) အချိုး (၃:၁:၁) နဲ့ (၂:၁:၁) လိုမျိုး နိုက်ထရိုဂျင်အချိုးပိုပါတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီးသုံးသင့်ပါတယ်။

၄။ အပူချိန်

သံပုရာပင်တွေက အပူချိန်( ၂၀ )ဒီဂရီစင်တီဂရိတ် လောက်ထိ လျော့ကျပြီး အေးသွားတာကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမယ့် (၂၀) ဒီဂရီစင်တီဂရိတ်ရဲ့အောက်ရောက်ပြီး အလွန်အေးသွားရင်တော့ အသီးသီးနှုန်း ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် အိုးနဲ့စိုက်တဲ့အပင်တွေကို အလွန်အေးလာတဲ့အခါ အအေးဒဏ်သက်သာမယ့်နေရာဆီပြောင်းထားပေးသင့်ပါတယ်။ နေပွင့်လာပြီး အအေးပေါ့လာတဲ့ နေ့လည်ခင်းလိုအချိန်တွေမှာတော့ အပြင်ပြန်ထုတ်ပေးပါ။ အအေးဒဏ်ရှောင်ဖို့ အဆောက်အအုံထဲ ပြောင်းရွှေ့ထားတဲ့အခါ အရွက်တွေခြောက်လာတတ်တာမို့ ရေဖျန်းပေးဖို့ မမေ့ပါနဲ့ဗျ။

၅။ ဝတ်မှုန်ကူးခြင်း

သံပုရာပင်တွေက အများအားဖြင့် တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်ကြပေမယ့် အဓိကအားဖြင့်တော့ မိုးရာသီနဲ့ နွေဦးပိုင်းမှာ ပန်းအများဆုံးပွင့်တတ်ကြပါတယ်ဗျ။ ပန်းတွေပွင့်တိုင်းမှာ ဝတ်မှုန်ကူးဖို့ လိုအပ်ပါတတယ်။ ဆိုလိုတာကပန်းတော့ပွင့်ပေမယ့် ဝတ်မှုန်မကူးပဲ ကြွေသွားရင် အသီးလည်း မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ပွင့်တည်းဝတ်မှုန်ကူးခြင်းက အကောင်းဆုံးဖြစ်ပေမယ့် အသီးအထွက်ကောင်းဖို့ဆိုရင်တော့ လက်နဲ့ဝတ်မှုန်ကူးခြင်းကို လုပ်ပေးဖို့ လိုပါတယ်ဗျ။ လက်နဲ့ဝတ်မှုန်ကူးခြင်းဆိုတာကတော့ စုပ်တံခပ်သေးသေး (သို့) ဂွမ်းစလေးနဲ့ အဖိုဝတ်မှုန်တွေကိုခြစ်ယူပြီး အမအင်္ဂါပေါ် သုတ်ပေးခြင်းဖြစ်ပါတယ်။ အသေးစိတ်ဆန်ပြီး လက်ဝင်တာမို့ တစ်နိုင်တစ်ပိုင် စိုက်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်ဗျ။

၆။ ကိုင်းချိုင်ပေးခြင်း

အသီးများများသီးဖို့ရန် အပင်ကရှည်စရာမလိုပါဘူးဗျ။ ဒါ့ကြောင့် မိုးဦးပိုင်းမှာ ကိုင်းချိုင်ခြင်းတွေ ပြုလုပ်ပေးပါ။အပေါ်ကို ရှည်ထွက်နေတဲ့ ကိုင်းတွေက ပုံမှန်အားဖြင့် အသီးမသီးကြပါဘူး။ ဒါကြောင့်မို့ အဲ့လိုကိုင်းတွေကိုဦးစားပေး ချိုင်ပါ။ ထို့ပြင် ခြောက်နေတဲ့ကိုင်းတွေနဲ့ ရောဂါကျနေတဲ့ကိုင်းတွေကို (၄၅) ဒီဂရီစောင်း၍ ဖြတ်ပေးပါ။ပင်မပင်စည်ကို နေရောင်မဝင်နိုင်လောက်အောင် ပိတ်စို့နေတဲ့ ကိုင်းတချို့ကိုလည်း ချိုင်ပေးပါ။ ဒါမှ ပင်စည်ကိုနေရောင်ရရှိမှာဖြစ်ပြီး လေဝင်လေထွက်လည်းကောင်းကာ မှိုရောဂါတွေဖြစ်ခြင်းမှ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်ဗျ။ ပြုံပြွတ်ပြီး သီးနေတဲ့အထဲမှ တချို့အသီးတွေကို ခြွေပေးခြင်းက အရည်အသွေးကောင်းပြီး အရွယ်အစားကြီးတဲ့အသီးတွေရရှိမှာလည်းဖြစ်ပါတယ်ဗျ။

ဒီအချက်တွေကို လုပ်ဆောင်ပေးပြီး ဦးကြီးတို့ရဲ့ သံရာပုပင်တွေ အသီးထွက်ကောင်း၍ ဈေးကောင်းရကြပါစေဗျာ။

Credit-ထွန်းရာဇာ

(Zawgyi)

သံပုရာပင္ေတြ အသီးတင္ဖို႔ ဘာေတြလုပ္ဖို႔လိုလဲ

သံပုရာပင္စိုက္တဲ့ ဦးႀကီးတခ်ိဳ႕ စိုက္ထားတာ (၃-၄) ႏွစ္ရွိၿပီ အပြင့္ေတြလည္း ပြင့္တဲ့အခါ ပြင့္ေပမယ့္ အသီးမတင္ဘူး ႀကဳံေတြ႕ေနပါသလား။ ဒါဆိုရင္ေတာ့ ေအာက္ကအခ်က္ေတြ လုပ္ဖို႔ လိုအပ္ေနပါၿပီဗ်။

၁။ ေနေရာင္ျခည္

သံပုရာပင္က အသီးေတြ မသီးခင္အခ်ိန္မွာ ေနေရာင္ျခည္ေကာင္းေကာင္းရဖို႔လိုပါတယ္ဗ်။ ေနေရာင္ေကာင္းစြာမရရင္ေတာ့ ပန္းလည္းမ်ားမ်ားစားစားပြင့္မွာ မဟုတ္ပါဘူး။ ပန္းမပြင့္ရင္ေတာ့ အသီးလဲ မတင္ေတာ့ပါဘူး။ သံပုရာပင္က တစ္ရက္ကို အနည္းဆုံး (၆)နာရီေလာက္ ေနေရာင္ရဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဦးႀကီးတို႔ရဲ႕ သံပုရာပင္ေတြက အရိပ္ေအာက္ေရာက္ေနတယ္ဆိုရင္ေတာ့ အရိပ္ျဖစ္ေစတဲ့အပင္ေတြကို ကိုင္းခ်ိဳင္တာမ်ိဳးလုပ္ၿပီး အလင္းရရွိေအာင္ လုပ္ေပးလိုက္ပါ။

၂။ ေရ

အသီးတင္ဖို႔ ဒုတိယအေရးႀကီးဆုံးအခ်က္ကေတာ့ ေရရရွိမႈပါ။ ေရကို လုံလုံေလာက္ေလာက္ ေပးသြင္းျခင္းကသံပုရာသီးေတြ အထြက္ေကာင္းဖို႔ ကူညီပါလိမ့္မယ္။ စိုက္တဲ့ေျမကလည္း ေရစီးေရလာေကာင္းတဲ့ေျမ ျဖစ္သင့္ၿပီး အၿမဲေျခာက္ေသြ႕ေနတဲ့ေျမမွာ မစိုက္သင့္ပါဘူး။ ေျမကိုလည္း အၿမဲစမ္းစစ္သင့္ၿပီး အနက္(၂) လက္မေလာက္ထိ ေျမကေျခာက္ေနတယ္ဆိုရင္ေတာ့ ေရမ်ားမ်ားေပးဖို႔ လိုအပ္ေနပါၿပီဗ်။ အ႐ြက္ေတြ ငိုက္က်ေနတယ္ဆိုရင္လည္း ေရလိုအပ္ေနပါၿပီ။ တစ္ပတ္ (၁)ႀကိမ္ ပုံမွန္ ေရ႐ႊဲ႐ႊဲေလာင္းေပးသင့္ပါတယ္။

၃။ အာဟာရဓာတ္

အာဟာရဓာတ္ရရွိဖို႔ အပင္စစိုက္ကတည္းက သဘာဝေျမၾသဇာေတြ ထည့္ေပးသင့္ပါတယ္ဗ်။ ေရွာက္သံပုရာအုပ္စုဝင္ေတြကိုေကြၽးတဲ့ ဓာတ္ေျမၾသဇာ (citrus fertilizer)တခ်ိဳ႕ကို တစ္ႏွစ္ကို ေလးႀကိမ္ေလာက္ ေကြၽးေပးပါ။သံပုရာပင္က ႏိုက္ထ႐ိုဂ်င္ကို ပိုၿပီးစားသုံးတဲ့ေကာင္မို႔ (N:P:K) အခ်ိဳး (၃:၁:၁) နဲ႔ (၂:၁:၁) လိုမ်ိဳး ႏိုက္ထ႐ိုဂ်င္အခ်ိဳးပိုပါတဲ့ ဓာတ္ေျမၾသဇာေတြကို ေ႐ြးခ်ယ္ၿပီးသုံးသင့္ပါတယ္။

၄။ အပူခ်ိန္

သံပုရာပင္ေတြက အပူခ်ိန္( ၂၀ )ဒီဂရီစင္တီဂရိတ္ ေလာက္ထိ ေလ်ာ့က်ၿပီး ေအးသြားတာကို ခံႏိုင္ရည္ရွိၾကပါတယ္။ ဒါေပမယ့္ (၂၀) ဒီဂရီစင္တီဂရိတ္ရဲ႕ေအာက္ေရာက္ၿပီး အလြန္ေအးသြားရင္ေတာ့ အသီးသီးႏႈန္း က်သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ အိုးနဲ႔စိုက္တဲ့အပင္ေတြကို အလြန္ေအးလာတဲ့အခါ အေအးဒဏ္သက္သာမယ့္ေနရာဆီေျပာင္းထားေပးသင့္ပါတယ္။ ေနပြင့္လာၿပီး အေအးေပါ့လာတဲ့ ေန႔လည္ခင္းလိုအခ်ိန္ေတြမွာေတာ့ အျပင္ျပန္ထုတ္ေပးပါ။ အေအးဒဏ္ေရွာင္ဖို႔ အေဆာက္အအုံထဲ ေျပာင္းေ႐ႊ႕ထားတဲ့အခါ အ႐ြက္ေတြေျခာက္လာတတ္တာမို႔ ေရဖ်န္းေပးဖို႔ မေမ့ပါနဲ႔ဗ်။

၅။ ဝတ္မႈန္ကူးျခင္း

သံပုရာပင္ေတြက အမ်ားအားျဖင့္ တစ္ႏွစ္ပတ္လုံး ပန္းပြင့္ႏိုင္ၾကေပမယ့္ အဓိကအားျဖင့္ေတာ့ မိုးရာသီနဲ႔ ေႏြဦးပိုင္းမွာ ပန္းအမ်ားဆုံးပြင့္တတ္ၾကပါတယ္ဗ်။ ပန္းေတြပြင့္တိုင္းမွာ ဝတ္မႈန္ကူးဖို႔ လိုအပ္ပါတတယ္။ ဆိုလိုတာကပန္းေတာ့ပြင့္ေပမယ့္ ဝတ္မႈန္မကူးပဲ ေႂကြသြားရင္ အသီးလည္း မရႏိုင္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ပြင့္တည္းဝတ္မႈန္ကူးျခင္းက အေကာင္းဆုံးျဖစ္ေပမယ့္ အသီးအထြက္ေကာင္းဖို႔ဆိုရင္ေတာ့ လက္နဲ႔ဝတ္မႈန္ကူးျခင္းကို လုပ္ေပးဖို႔ လိုပါတယ္ဗ်။ လက္နဲ႔ဝတ္မႈန္ကူးျခင္းဆိုတာကေတာ့ စုပ္တံခပ္ေသးေသး (သို႔) ဂြမ္းစေလးနဲ႔ အဖိုဝတ္မႈန္ေတြကိုျခစ္ယူၿပီး အမအဂၤါေပၚ သုတ္ေပးျခင္းျဖစ္ပါတယ္။ အေသးစိတ္ဆန္ၿပီး လက္ဝင္တာမို႔ တစ္ႏိုင္တစ္ပိုင္ စိုက္တဲ့သူေတြအတြက္ ပိုသင့္ေတာ္ပါတယ္ဗ်။

၆။ ကိုင္းခ်ိဳင္ေပးျခင္း

အသီးမ်ားမ်ားသီးဖို႔ရန္ အပင္ကရွည္စရာမလိုပါဘူးဗ်။ ဒါ့ေၾကာင့္ မိုးဦးပိုင္းမွာ ကိုင္းခ်ိဳင္ျခင္းေတြ ျပဳလုပ္ေပးပါ။အေပၚကို ရွည္ထြက္ေနတဲ့ ကိုင္းေတြက ပုံမွန္အားျဖင့္ အသီးမသီးၾကပါဘူး။ ဒါေၾကာင့္မို႔ အဲ့လိုကိုင္းေတြကိုဦးစားေပး ခ်ိဳင္ပါ။ ထို႔ျပင္ ေျခာက္ေနတဲ့ကိုင္းေတြနဲ႔ ေရာဂါက်ေနတဲ့ကိုင္းေတြကို (၄၅) ဒီဂရီေစာင္း၍ ျဖတ္ေပးပါ။ပင္မပင္စည္ကို ေနေရာင္မဝင္ႏိုင္ေလာက္ေအာင္ ပိတ္စို႔ေနတဲ့ ကိုင္းတခ်ိဳ႕ကိုလည္း ခ်ိဳင္ေပးပါ။ ဒါမွ ပင္စည္ကိုေနေရာင္ရရွိမွာျဖစ္ၿပီး ေလဝင္ေလထြက္လည္းေကာင္းကာ မႈိေရာဂါေတြျဖစ္ျခင္းမွ ကင္းလြတ္မွာလည္း ျဖစ္ပါတယ္ဗ်။ ၿပဳံႁပြတ္ၿပီး သီးေနတဲ့အထဲမွ တခ်ိဳ႕အသီးေတြကို ေႁခြေပးျခင္းက အရည္အေသြးေကာင္းၿပီး အ႐ြယ္အစားႀကီးတဲ့အသီးေတြရရွိမွာလည္းျဖစ္ပါတယ္ဗ်။

ဒီအခ်က္ေတြကို လုပ္ေဆာင္ေပးၿပီး ဦးႀကီးတို႔ရဲ႕ သံရာပုပင္ေတြ အသီးထြက္ေကာင္း၍ ေဈးေကာင္းရၾကပါေစဗ်ာ။

Credit-ထြန္းရာဇာ

Leave a Reply

Your email address will not be published. Required fields are marked *