ဗဟုတုသ
အိမ်မှာ ဂျုံဘဲရှိတယ်၊ ဘာလုပ်စားလို့ရလဲ ဆိုသူတွေအတွက် အရမ်းလွယ်ကူတဲ့ အာလူးပူရီ လုပ်စားကြမယ်။
(Unicode)
အိမ်မှာ ဂျုံဘဲရှိတယ်၊ ဘာလုပ်စားလို့ရလဲ ဆိုသူတွေအတွက် အရမ်းကို လွယ်ကူတဲ့ ပူရီလေး လုပ်စားကြမယ်။
ဂျုံ၊ ဆီ၊ ဆား၊ ရေ။ ဒါနဲ့ဘဲ မုန့်သားလုပ်ပြီး ဆီပူပူနဲ့ ကြော်ရုံဘဲနော် (ဆီနေရာမှာ ထောပတ်ဆီထည့်ချင်ထည့်လဲရ ရိုးရိုးဆီလည်းရ)။ ဂျုံကို ဆီနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်။ ပြီးရင် ရေလေးနည်းနည်းစီ ထည့်ထည့်ပြီး နယ်သွား။ ဂျုံစေးသွားရင် လုံးထားပြီး၊ ဂျုံးသားပွအောင် အိအောင် အဝတ်ပါးလေးနဲ့အုပ်ပြီး နာရီဝက်တစ်နာရီလောက်နှပ်ထား။ ရပြီဆို အလုံးလေးတွေ အနေတော် ကိုယ်အဆင်ပြေသလိုလုပ်ပြီး ဒလိမ့်တုံးနဲ့ ဖိပြီးလှိမ့်။
ဒလှိမ့်တုံး မရှိရင် ပုလင်းနဲ့ လှိမ့်ပါ။ ကြွပ်ကြွပ်ကြိုက်ရင် ပါးနိုင်သလောက်ပါး။ အထူအိအိလေး ကြိုက်ရင် ထူထူလေးလုပ်။ အဝိုင်းလေးတွေ ရပြီဆို ဆီပူပူမှာ ကြော်ရုံပါဘဲ။ ကဲ ကြော်ပြီးရင်တော့ ပဲဟင်း အချဉ်လေးတွေနဲ့ တွဲစားလို့ရပြီနော်။ ဟုတ်ကဲ့ ဝါသနာရှင်လေးက ပြန်မျှဝေလိုက်ပါတယ်။
Credit-winelaymaymay
(Zawgyi)
Credit-winelaymaymay
Leave a Reply
Your email address will not be published. Required fields are marked *