ဗဟုတုသ

သင်လုံးဝ လျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခုနဲ့ အဓိပ္ပါယ်။

(Zawgyi)

အိမ္မက္ပညာရွင္ေတြအဆိုအရ အိမ္မက္ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ဘဝနဲ႔ မသိစိတ္ေတြမွာ ျဖစ္ပ်က္ေနတဲ့အရာေတြနဲ႔ ပက္သက္တဲ့ အေရးႀကီး အခ်က္အလက္ေတြကို ေျပာျပႏိုင္တယ္လို႔ ဆိုပါတယ္။ ခုေျပာျပခ်င္တာက Oneirologyလို႔ေခၚတဲ့ အိမ္မက္ေတြ ေနာက္ကြယ္က အဓိပၸါယ္ကို ေလ့လာတဲ့ပညာအရ စိတ္ပညာရွင္ေတြဖြင့္ဆိုထားတဲ့ အရာေတြ ျဖစ္ပါတယ္။ ကဲ..ဒီေတာ့ သင္မက္ခဲ့ဖူးေပမယ့္ လ်စ္လ်ဴရႈထားတတ္တဲ့ အိမ္မက္ ေတြက ဘာကိုဆိုလိုတယ္ဆိုတာ ေအာက္မွာ ဖတ္ၾကည့္လိုက္ၾကရေအာင္။

ထိခိုက္ဒဏ္ရာရတာနဲ႔ ေသျခင္းတရားနဲ႔ ပက္သက္တဲ့အိမ္မက္-

အိမ္မက္ထဲမွာ ထိခိုက္ဒဏ္ရာရတာေတြ ေသပီးသားလူေတြ စသျဖင့္ မက္ခဲ့ရင္ ဒါကဘာကို ေျပာတာလဲဆိုရင္ “သင့္ဘဝအတြက္ အေရးႀကီးတဲ့ လူတစ္ေယာက္ေယာက္ အေရးႀကီးတဲ့အရာေတြကို ဆုံးရႈံးသြားမွာကိုေၾကာက္တာ ဒါမွမဟုတ္ သင့္ကိုသင္ လုံၿခဳံမႈမရွိတာကို ခံစားေနရတယ္”လို႔ ဆိုလိုတာပါ။ သင့္အိမ္မက္ထဲမွာ ေသပီးသားလူကို ျပန္မက္တာဟာ သင့္ရဲ႕မသိစိတ္က အဲ့ဒီ ဆုံးရႈံးမႈအတြက္ ဝမ္းနည္းမေျဖသိမ့္ႏိုင္ေသးတာမ်ိဳးျဖစ္ပါတယ္။ အိမ္မက္ပညာရွင္ေတြ အဆိုအရေတာ့ “ေသျခင္းတရားနဲ႔ ထိခိုက္ဒဏ္ရာရတာေတြ”နဲ႔ ပက္သက္တဲ့ အိမ္မက္ေတြ ျမင္မက္တာဟာ “သင္ဟာ သင့္ထက္အသက္ႀကီးသူေတြ သင္ခ်စ္ရခင္ရသူေတြ”အတြက္ စိုးရီမ္ပူပင္ေသာက ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒီေသျခင္းနဲ႔ပက္သက္တဲ့ အိမ္မက္ေတြအရ “သင့္ရဲ႕ အစိတ္အပိုင္းတစ္ခုခု အေရးပါတဲ့တစ္ခုခု ဆုံးရႈံးသြားသလို ခံစားေနရၿပီး သင္ဟာ အရင္ကထက္ပိုေကာင္းမြန္တဲ့ ပုံစံနဲ႔ ျပန္လည္ေမြးဖြားရွင္သန္လာမယ္”လို႔ ဆိုလိုတာပါ။

အျမင့္တေနရာရာက ျပဳတ္က်ျခင္း-

အိမ္မက္စိတ္ပညာရွင္ IAN WALLANCE အဆိုအရ တေနရာရာက ျပဳတ္က်ျခင္းနဲ႔ ပက္သက္တဲ့ အိမ္မက္က သင့္ဘဝမွာ “ထိန္းခ်ဳပ္မႈ ဆုံးရႈံးသြားတာ ေၾကာက္႐ြံစိုးထိတ္ေနတာ”ကို ေဖာ္ျပေနတယ္လို႔ ဆိုပါတယ္။ ေျပာရရင္ သင္ယူထားရတဲ့ တာဝန္ေတြအတြက္ ဝန္ေလးေနသလိုခံစားေနရတာ အဲ့ဒီအရာေတြကေန မလြတ္ေျမာက္ႏိုင္ပဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ စိတ္ဖိစီးမႈကို ခံစားေနရတာလို႔ အိမ္မက္က ဆိုပါတယ္။ ဒါေပမယ့္ သိပၸံပညာအရ ျဖစ္ႏိုင္ေခ်ရွိတာတစ္ခုက ခႏၶာကိုယ္ဟာ အိပ္စက္ျခင္းကို ကူးေျပာင္းလိုက္တာနဲ႔ အာ႐ုံေၾကာစနစ္ ေသြးေပါင္ခ်ိန္နဲ႔ ႏွလုံးခုန္ႏႈန္းက်ဆင္းသြားၿပီး သင့္ဦးေႏွာက္လုပ္ေဆာင္မႈလည္း ေႏွးေကြးသြားပါတယ္။

သင္တေန႔တာ ႐ုန္းကန္လႈပ္ရွားခဲ့ရတဲ့ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြဟာ Hypnic Jerksလို႔ေခၚတဲ့ လူတစ္ဦးစအိပ္ေပ်ာ္ဖို႔ ႀကိဳးစားေနခ်ိန္အတြင္း ခႏၶာကိုယ္ႂကြက္သားေတြ ႐ုတ္တရက္က်ဳံ.လိုက္ျခင္းေၾကာင့္ ႐ုတ္တရက္လန႔္ႏိုးတာ တခါတရံ လူတစ္ေယာက္ကို ဆတ္ခနဲ ထခုန္မိေစတာမ်ိဳးေတြလည္း ျဖစ္ေစတတ္တယ္လို႔ဆိုပါတယ္။ ါေပမယ့္ သင့္ျပဳတ္က်တဲ့ အိမ္မက္ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျပဳတ္က်ေနတယ္ဆိုရင္ေတာ့ သင္ဟာေျပာင္းလဲမႈေတြကို ေၾကာက္႐ႊံမေနဘူးဆိုတာကို ေဖာ္ျပေနတာပါ။

တစ္စုံတစ္ခုက သင့္ကိုလိုက္လံဖမ္းဆီးသတ္ျဖတ္ဖို႔ လုပ္ေနတယ္

ဒီအိမ္မက္အရ သင္လက္ေတြ႕ဘဝမွာ သင့္ကို စိုးရိမ္ပူပန္ေစတဲ့ အရာေတြ ေၾကာက္႐ြံစိတ္ကို ျဖစ္ေစတဲ့အရာေတြကေန သင္ထြက္ေျပးေနတာကို ဆိုလိုတာပါ။ ေျပာရရင္ သင္ေျဖရွင္းရမယ့္ ျပႆနာကို ေရွာင္ေျပးေနတာမ်ိဳးပါတဲ့။ တကယ္ေတာ့ အိမ္မက္ထဲက လိုက္လံဖမ္းဆီးသူက သင့္မသိစိတ္ရဲ႕ အစိတ္အပိုင္းေတြျဖစ္တဲ့ သင္ေရွာင္ေျပးေနတဲ့ ျပႆနာေတြ ေၾကာက္႐ႊံမႈေတြပါပဲတဲ့။

ဒီအိမ္မက္အရ လက္ေတြ႕ဘဝမွာ သင္ ေရွာင္ရွားဖို႔ႀကိဳးစားေနတဲ့ စိုးရိမ္ပူပန္စရာေတြ ဥပမာ ေႂကြးၿမီ၊ စြဲလမ္းမႈ၊ ခ်စ္သူကို ဆုံးရႈံးလိုက္ရတာကို ဘာမွမျဖစ္သလို ဟန္ေဆာင္ထားမႈ စတာေတြက ဒီအိမ္မက္ရဲ႕ ေနာက္ကြယ္မွာ ရွိတဲ့ လ်ိဳ႕ဝွက္ အေၾကာင္းအရင္းမ်ား ျဖစ္ႏိုင္ပါတယ္တဲ့။ ေနာက္ထပ္ေျပာရရင္ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ေအာင္မလုပ္ေဆာင္ႏိုင္တာ၊ အတိတ္တစ္ခုခုထဲက ထြက္ေျပးဖို႔ႀကိဳးစားတာ၊ သင့္ဘဝကိုမလဲၿပိဳေအာင္ခက္ခက္ခဲခဲ ႀကိဳးစားေနရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

ပ်ံသန္းျခင္းအိမ္မက္

အိမ္မက္ထဲမွာ သင္ဟာ တစ္ေနရာရာကို ပ်ံသန္းေနတယ္လို႔ အိမ္မက္မက္ရင္ ဒါဟာ”သင့္မွာရည္မွန္းခ်က္ခ်ထားတာေတြရွိတယ္ သင္လုပ္ေနတယ္ ဒါေပမယ့္ ထင္သေလာက္မျဖစ္ဘူး”လို႔ ဆိုလိုပါတယ္။ သင့္ပ်ံသန္းမႈပုံစံက” အျမင့္ကိုမဟုတ္ပဲ အလ်ားလိုက္ ျပဳတ္က်ေတာ့မလိုပ်ံသန္းေနတယ္ ျပဳတ္က်မလိုျဖစ္လိုက္ နိမ့္နိမ့္သြားလိုက္နဲ႔ အားအင္ကုန္ေလာက္ေအာင္ ပ်ံသန္းေနရတာဟာ သင္ထားထားတဲ့ ဘဝရည္မွန္းခ်က္ေတြအတြက္ အထီးက်န္ဆန္ၿပီး ႐ုန္းကန္ေနရတယ္၊ သင္မတတ္ႏိုင္တဲ့ အခက္အခဲေတြ”ရွိေနတယ္လို႔ ေဖာ္ျပေနတာပါ။

ေနာက္တစ္ခ်က္က သင့္ကိုသင္ ဟန္ေဆာင္ယုံၾကည္ထားတာမ်ိဳး ျဖစ္ေနနိင္ၿပီး တစ္စုံတစ္ေယာက္ ဒါမွမဟုတ္ တစုံတရာက သင့္ဘဝရဲ႕ ေနာက္တစ္ဆင့္ကို ေရာက္ဖို႔ တားဆီးေနတာမ်ိဳး ျဖစ္တယ္လို႔ ဆိုလိုတာပါ။ဒါေပမယ့္ အိမ္မက္ထဲမွာ သင္ဟာေပ်ာ္႐ႊင္စြာ မိုးသားေကာင္းကင္ေတြထဲ ပ်ံသန္းေနတယ္ အျမင့္ဆုံးေနရာေတြထိ ႐ုန္းကန္ရမႈမရွိ ပ်ံသန္းေနရတယ္ဆို သင့္ရည္မွန္းခ်က္ေတြအတြက္ အားအင္အျပည့္ရွိတယ္လို႔ ဆိုလိုတာပါ။

သြားမ်ားျပဳတ္ထြက္ျခင္း၊ သြားေတြ ပ်က္စီးႂကြက်သြားတာကို ျမင္မက္ျခင္း

ကြၽန္ေတာ္တို႔ သြားေတြ ကြၽတ္ထြက္သြားတယ္ ျပဳတ္ထြက္သြားတယ္ ဒါမွမဟုတ္ သြားေတြပ်က္စီးတာကို ကိုယ္တိုင္ၾကည့္ေနရတယ္ဆိုတဲ့ အိမ္မက္ကို ျမင္မက္ရင္ ဒါဟာ “ကိုယ့္ကိုကိုယ္ တန္ဖိုးထားမႈ ၊ ယုံၾကည္မႈ ကင္းမဲ့ေနတယ္”ဆိုတာကို ေဖာ္ျပေနတာလို႔ ဆိုပါတယ္။

အိမ္မက္ကြၽမ္းက်င္သူေတြအဆိုအရအၿပဳံးဆိုတာ လူေတြ သတိထားမိေစတဲ့ ပထမဦးစားေပး အရာတစ္ခုျဖစ္ၿပီးေတာ့ သင့္ကို ယ္သင္ ယုံၾကည္စိတ္ခ်မႈ ဘယ္ေလာက္ရွိေနတယ္ဆိုတာကို ျပေနတာပါ။ ဒါေၾကာင့္ သင့္သြားေတြ ဆုံးရႈံးသြားတာကို ျမင္မက္တာဟာ “သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ ျပင္ပလကၡဏာေတြနဲ႔ ပက္သက္ၿပီး ယုံၾက ည္မႈ ေပ်ာက္ဆုံးေနတာ”ကို ေဖာ္ျပေနတာပါ။ ေနာက္အိမ္မက္ကြၽမ္းက်င္သူေတြ အဆိုအရ သြားေတြကြၽတ္ထြက္ျခင္းက စိတ္ဆိုး ေဒါသထြက္ေနတာေတြကို ဖိႏွိပ္ထားတယ္ ယုံၾကည္မႈ တကယ္မရွိပဲ ယုံၾကည္မႈ ရွိဟန္ေဆာင္ထားတာကို ေဖာ္ျပေနတယ္လို႔ဆိုပါတယ္။

ဒီေတာ့ ကြၽန္ေတာ္တို႔မက္ဖူးတဲ့ အိမ္မက္ေတြေနာက္ကြယ္က အေၾကာင္းတရားေတြကိုလည္း သိေလာက္ၿပီ။အိမ္မက္ေတြက ကြၽန္ေတာ္တို႔ ဘဝတေလ်ာက္လုံး ျဖစ္ေနတဲ့ ျပႆနာေတြကို ကူညီေျဖရွင္းေပးႏိုင္တဲ့အတြက္ အိမ္မက္ေတြကို လ်စ္လ်ဴမရႈလိုက္ပါနဲ႔။

Credit- Lifestyle_Myanmar

Mg_Htet

REF_Power of possotivity

(Unicode)

အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့ မသိစိတ်တွေမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ ပက်သက်တဲ့ အရေးကြီး အချက်အလက်တွေကို ပြောပြနိုင်တယ်လို့ ဆိုပါတယ်။ ခုပြောပြချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေ နောက်ကွယ်က အဓိပ္ပါယ်ကို လေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့ အရာတွေ ဖြစ်ပါတယ်။ ကဲ..ဒီတော့ သင်မက်ခဲ့ဖူးပေမယ့် လျစ်လျူရှုထားတတ်တဲ့ အိမ်မက် တွေက ဘာကိုဆိုလိုတယ်ဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်။

ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ ပက်သက်တဲ့အိမ်မက်-

အိမ်မက်ထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ရင် ဒါကဘာကို ပြောတာလဲဆိုရင် “သင့်ဘဝအတွက် အရေးကြီးတဲ့ လူတစ်ယောက်ယောက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကိုသင် လုံခြုံမှုမရှိတာကို ခံစားနေရတယ်”လို့ ဆိုလိုတာပါ။ သင့်အိမ်မက်ထဲမှာ သေပီးသားလူကို ပြန်မက်တာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် ဝမ်းနည်းမဖြေသိမ့်နိုင်သေးတာမျိုးဖြစ်ပါတယ်။ အိမ်မက်ပညာရှင်တွေ အဆိုအရတော့ “သေခြင်းတရားနဲ့ ထိခိုက်ဒဏ်ရာရတာတွေ”နဲ့ ပက်သက်တဲ့ အိမ်မက်တွေ မြင်မက်တာဟာ “သင်ဟာ သင့်ထက်အသက်ကြီးသူတွေ သင်ချစ်ရခင်ရသူတွေ”အတွက် စိုးရီမ်ပူပင်သောက ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီသေခြင်းနဲ့ပက်သက်တဲ့ အိမ်မက်တွေအရ “သင့်ရဲ့ အစိတ်အပိုင်းတစ်ခုခု အရေးပါတဲ့တစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရပြီး သင်ဟာ အရင်ကထက်ပိုကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လည်မွေးဖွားရှင်သန်လာမယ်”လို့ ဆိုလိုတာပါ။

အမြင့်တနေရာရာက ပြုတ်ကျခြင်း-

အိမ်မက်စိတ်ပညာရှင် IAN WALLANCE အဆိုအရ တနေရာရာက ပြုတ်ကျခြင်းနဲ့ ပက်သက်တဲ့ အိမ်မက်က သင့်ဘဝမှာ “ထိန်းချုပ်မှု ဆုံးရှုံးသွားတာ ကြောက်ရွံစိုးထိတ်နေတာ”ကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ပြောရရင် သင်ယူထားရတဲ့ တာဝန်တွေအတွက် ဝန်လေးနေသလိုခံစားနေရတာ အဲ့ဒီအရာတွေကနေ မလွတ်မြောက်နိုင်ပဲ အချိန်တော်တော်များများမှာ စိတ်ဖိစီးမှုကို ခံစားနေရတာလို့ အိမ်မက်က ဆိုပါတယ်။ ဒါပေမယ့် သိပ္ပံပညာအရ ဖြစ်နိုင်ချေရှိတာတစ်ခုက ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းကို ကူးပြောင်းလိုက်တာနဲ့ အာရုံကြောစနစ် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်းသွားပြီး သင့်ဦးနှောက်လုပ်ဆောင်မှုလည်း နှေးကွေးသွားပါတယ်။

သင်တနေ့တာ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ Hypnic Jerksလို့ခေါ်တဲ့ လူတစ်ဦးစအိပ်ပျော်ဖို့ ကြိုးစားနေချိန်အတွင်း ခန္ဓာကိုယ်ကြွက်သားတွေ ရုတ်တရက်ကျုံ.လိုက်ခြင်းကြောင့် ရုတ်တရက်လန့်နိုးတာ တခါတရံ လူတစ်ယောက်ကို ဆတ်ခနဲ ထခုန်မိစေတာမျိုးတွေလည်း ဖြစ်စေတတ်တယ်လို့ဆိုပါတယ်။ ါပေမယ့် သင့်ပြုတ်ကျတဲ့ အိမ်မက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုတ်ကျနေတယ်ဆိုရင်တော့ သင်ဟာပြောင်းလဲမှုတွေကို ကြောက်ရွှံမနေဘူးဆိုတာကို ဖော်ပြနေတာပါ။

တစ်စုံတစ်ခုက သင့်ကိုလိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့ လုပ်နေတယ်-

ဒီအိမ်မက်အရ သင်လက်တွေ့ဘဝမှာ သင့်ကို စိုးရိမ်ပူပန်စေတဲ့ အရာတွေ ကြောက်ရွံစိတ်ကို ဖြစ်စေတဲ့အရာတွေကနေ သင်ထွက်ပြေးနေတာကို ဆိုလိုတာပါ။ ပြောရရင် သင်ဖြေရှင်းရမယ့် ပြဿနာကို ရှောင်ပြေးနေတာမျိုးပါတဲ့။ တကယ်တော့ အိမ်မက်ထဲက လိုက်လံဖမ်းဆီးသူက သင့်မသိစိတ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သင်ရှောင်ပြေးနေတဲ့ ပြဿနာတွေ ကြောက်ရွှံမှုတွေပါပဲတဲ့။

ဒီအိမ်မက်အရ လက်တွေ့ဘဝမှာ သင် ရှောင်ရှားဖို့ကြိုးစားနေတဲ့ စိုးရိမ်ပူပန်စရာတွေ ဥပမာ ကြွေးမြီ၊ စွဲလမ်းမှု၊ ချစ်သူကို ဆုံးရှုံးလိုက်ရတာကို ဘာမှမဖြစ်သလို ဟန်ဆောင်ထားမှု စတာတွေက ဒီအိမ်မက်ရဲ့ နောက်ကွယ်မှာ ရှိတဲ့ လျို့ဝှက် အကြောင်းအရင်းများ ဖြစ်နိုင်ပါတယ်တဲ့။ နောက်ထပ်ပြောရရင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်မလုပ်ဆောင်နိုင်တာ၊ အတိတ်တစ်ခုခုထဲက ထွက်ပြေးဖို့ကြိုးစားတာ၊ သင့်ဘဝကိုမလဲပြိုအောင်ခက်ခက်ခဲခဲ ကြိုးစားနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပျံသန်းခြင်းအိမ်မက်-

အိမ်မက်ထဲမှာ သင်ဟာ တစ်နေရာရာကို ပျံသန်းနေတယ်လို့ အိမ်မက်မက်ရင် ဒါဟာ”သင့်မှာရည်မှန်းချက်ချထားတာတွေရှိတယ် သင်လုပ်နေတယ် ဒါပေမယ့် ထင်သလောက်မဖြစ်ဘူး”လို့ ဆိုလိုပါတယ်။ သင့်ပျံသန်းမှုပုံစံက” အမြင့်ကိုမဟုတ်ပဲ အလျားလိုက် ပြုတ်ကျတော့မလိုပျံသန်းနေတယ် ပြုတ်ကျမလိုဖြစ်လိုက် နိမ့်နိမ့်သွားလိုက်နဲ့ အားအင်ကုန်လောက်အောင် ပျံသန်းနေရတာဟာ သင်ထားထားတဲ့ ဘဝရည်မှန်းချက်တွေအတွက် အထီးကျန်ဆန်ပြီး ရုန်းကန်နေရတယ်၊ သင်မတတ်နိုင်တဲ့ အခက်အခဲတွေ”ရှိနေတယ်လို့ ဖော်ပြနေတာပါ။

နောက်တစ်ချက်က သင့်ကိုသင် ဟန်ဆောင်ယုံကြည်ထားတာမျိုး ဖြစ်နေနိင်ပြီး တစ်စုံတစ်ယောက် ဒါမှမဟုတ် တစုံတရာက သင့်ဘဝရဲ့ နောက်တစ်ဆင့်ကို ရောက်ဖို့ တားဆီးနေတာမျိုး ဖြစ်တယ်လို့ ဆိုလိုတာပါ။ဒါပေမယ့် အိမ်မက်ထဲမှာ သင်ဟာပျော်ရွှင်စွာ မိုးသားကောင်းကင်တွေထဲ ပျံသန်းနေတယ် အမြင့်ဆုံးနေရာတွေထိ ရုန်းကန်ရမှုမရှိ ပျံသန်းနေရတယ်ဆို သင့်ရည်မှန်းချက်တွေအတွက် အားအင်အပြည့်ရှိတယ်လို့ ဆိုလိုတာပါ။

သွားများပြုတ်ထွက်ခြင်း၊ သွားတွေ ပျက်စီးကြွကျသွားတာကို မြင်မက်ခြင်း

ကျွန်တော်တို့ သွားတွေ ကျွတ်ထွက်သွားတယ် ပြုတ်ထွက်သွားတယ် ဒါမှမဟုတ် သွားတွေပျက်စီးတာကို ကိုယ်တိုင်ကြည့်နေရတယ်ဆိုတဲ့ အိမ်မက်ကို မြင်မက်ရင် ဒါဟာ “ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ၊ ယုံကြည်မှု ကင်းမဲ့နေတယ်”ဆိုတာကို ဖော်ပြနေတာလို့ ဆိုပါတယ်။

အိမ်မက်ကျွမ်းကျင်သူတွေအဆိုအရအပြုံးဆိုတာ လူတွေ သတိထားမိစေတဲ့ ပထမဦးစားပေး အရာတစ်ခုဖြစ်ပြီးတော့ သင့်ကို ယ်သင် ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိနေတယ်ဆိုတာကို ပြနေတာပါ။ ဒါကြောင့် သင့်သွားတွေ ဆုံးရှုံးသွားတာကို မြင်မက်တာဟာ “သင့်ရဲ့ ရုပ်ရည်သွင်ပြင် ပြင်ပလက္ခဏာတွေနဲ့ ပက်သက်ပြီး ယုံကြ ည်မှု ပျောက်ဆုံးနေတာ”ကို ဖော်ပြနေတာပါ။ နောက်အိမ်မက်ကျွမ်းကျင်သူတွေ အဆိုအရ သွားတွေကျွတ်ထွက်ခြင်းက စိတ်ဆိုး ဒေါသထွက်နေတာတွေကို ဖိနှိပ်ထားတယ် ယုံကြည်မှု တကယ်မရှိပဲ ယုံကြည်မှု ရှိဟန်ဆောင်ထားတာကို ဖော်ပြနေတယ်လို့ဆိုပါတယ်။

ဒီတော့ ကျွန်တော်တို့မက်ဖူးတဲ့ အိမ်မက်တွေနောက်ကွယ်က အကြောင်းတရားတွေကိုလည်း သိလောက်ပြီ။အိမ်မက်တွေက ကျွန်တော်တို့ ဘဝတလျောက်လုံး ဖြစ်နေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့အတွက် အိမ်မက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။

Credit- Lifestyle_Myanmar

Mg_Htet

REF_Power of possotivity

Leave a Reply

Your email address will not be published. Required fields are marked *