ဗဟုတုသ

အလွယ်ကူဆုံးနဲ့ အကောင်းဆုံးလက်ဖက်နှပ်နည်း။

(Zawgyi)

လက္ဖက္ႏွပ္နည္း

အလြယ္ကူဆုံး လက္ဖက္ႏွပ္နည္း

လက္ဖက္ကို ေရမေဆးခင္ အရင္ဆုံး လက္ဖက္႐ိုးတံ၊ အ႐ြက္ၾကမ္းေလးေတြ ေ႐ြးဖယ္ပစ္ပါ။ ၿပီးရင္ ေရ ၂ ခါ ၃ခါေလာက္ သဲမပါေအာင္ ေဆးၿပီး လက္ဖက္ကို ေရစင္ေအာင္ ညႇစ္ေပးပါ။ ေရညႇစ္ၿပီးသား လက္ဖက္ကို နဲနဲဖြၿပီး ဆား၊ အခ်ိဳမႈန႔္နဲ႔ လက္ဖက္ အသားထဲ အရသာဝင္ေအာင္ ဆုပ္ညႇပ္ၿပီး နယ္ေပးပါ။

( ဆား၊ အခ်ိဳမႈန႔္နဲ႔ နယ္တဲ့အခ်ိန္မွာ ဆီလုံးဝ မထည့္ပါဘူးေနာ္။ အရသာ ငံသြားရင္ ေရနဲ႔ အလြယ္တကူ ျပန္ေဆးၿပီး အရသာ ျပန္ျပင္လို႔ ရေအာင္လို႔ပါ။)

နယ္ၿပီးသား လက္ဖက္ကို အရသာ အခ်ိဳ၊ အငံ ျမည္းၾကည့္ပါ။ အဆင္ေျပၿပီဆိုရင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္ျဖဴနဲ႔ င႐ုပ္သီးစိမ္းကို လက္ဖက္ထဲထည့္၊ ဆီအနည္းငယ္ထည့္ၿပီး နယ္ပါရွင္။

အခ်ဥ္ႀကိဳက္ရင္ေတာ့ သံပုရာသီးေလး နည္းနည္း ညႇစ္ထည့္ပါရွင္။ သံပုရာသီး ထည့္နယ္ေတာ့ အနံ႔ေလးလဲ ပိုေမႊးတာေပါ့။ ၿပီးရင္ ဗူးအလြတ္ထဲထည့္၊ ဆီကို လက္ဖက္ျမဳပ္သြားေအာင္ မ်ားမ်ားေလး ထည့္ၿပီး ႏွပ္ထားႏိုင္ပါၿပီေနာ္။

ႏွပ္ထားတဲ့ လက္ဖက္ကို ေလလုံေအာင္ ပိတ္ဖို႔မေမ့နဲ႔ေနာ္။ ေလမလုံရင္ လက္ဖက္က မည္းမည္းႀကီးျဖစ္ၿပီး စားလို႔လည္း မေကာင္း၊ လွလည္း မလွေတာ့ဘူးရွင့္။

Credit- ေမတၱာျဖင့္…TKW

(Unicode)

လက်ဖက်နှပ်နည်း

အလွယ်ကူဆုံး လက်ဖက်နှပ်နည်း

လက်ဖက်ကို ရေမဆေးခင် အရင်ဆုံး လက်ဖက်ရိုးတံ၊ အရွက်ကြမ်းလေးတွေ ရွေးဖယ်ပစ်ပါ။ ပြီးရင် ရေ ၂ ခါ ၃ခါလောက် သဲမပါအောင် ဆေးပြီး လက်ဖက်ကို ရေစင်အောင် ညှစ်ပေးပါ။ ရေညှစ်ပြီးသား လက်ဖက်ကို နဲနဲဖွပြီး ဆား၊ အချိုမှုန့်နဲ့ လက်ဖက် အသားထဲ အရသာဝင်အောင် ဆုပ်ညှပ်ပြီး နယ်ပေးပါ။

( ဆား၊ အချိုမှုန့်နဲ့ နယ်တဲ့အချိန်မှာ ဆီလုံးဝ မထည့်ပါဘူးနော်။ အရသာ ငံသွားရင် ရေနဲ့ အလွယ်တကူ ပြန်ဆေးပြီး အရသာ ပြန်ပြင်လို့ ရအောင်လို့ပါ။)

နယ်ပြီးသား လက်ဖက်ကို အရသာ အချို၊ အငံ မြည်းကြည့်ပါ။ အဆင်ပြေပြီဆိုရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို လက်ဖက်ထဲထည့်၊ ဆီအနည်းငယ်ထည့်ပြီး နယ်ပါရှင်။

အချဉ်ကြိုက်ရင်တော့ သံပုရာသီးလေး နည်းနည်း ညှစ်ထည့်ပါရှင်။ သံပုရာသီး ထည့်နယ်တော့ အနံ့လေးလဲ ပိုမွှေးတာပေါ့။ ပြီးရင် ဗူးအလွတ်ထဲထည့်၊ ဆီကို လက်ဖက်မြုပ်သွားအောင် များများလေး ထည့်ပြီး နှပ်ထားနိုင်ပါပြီနော်။

နှပ်ထားတဲ့ လက်ဖက်ကို လေလုံအောင် ပိတ်ဖို့မမေ့နဲ့နော်။ လေမလုံရင် လက်ဖက်က မည်းမည်းကြီးဖြစ်ပြီး စားလို့လည်း မကောင်း၊ လှလည်း မလှတော့ဘူးရှင့်။

Credit- မေတ္တာဖြင့်…TKW

Leave a Reply

Your email address will not be published. Required fields are marked *