ဗဟုတုသ

ရာသီခွင်တွေထဲမှာ သစ္စာအရှိဆုံး ရာသီခွင် (၄) ခု။

(Zawgyi)

ရာသီခြင္ေတြထဲမွာ သစၥာအရွိဆုံး ရာသီခြင္ (၄) ခု

ရာသီခြင္အလိုက္ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ေနစိတ္ထား ခံယူခ်က္ေတြ ကြဲျပားတတ္ပါတယ္။ ဒီရာသီခြင္ (၄) ခုကေတာ့ သစၥာရွိတဲ့ ရာသီခြင္ေတြပါ။ သူတို႔က သူငယ္ခ်င္းအေပၚ ခ်စ္သူအေပၚ သစၥာရွိၾကပါတယ္။ ဒီေတာ့လက္တြဲေဖာ္ ရွာမယ္ဆိုရင္ ဒီရာသီခြင္ေတြကို ဦးစားေပးလိုက္ေတာ့ေနာ္။

မကာရရာသီဖြား

မကာရရာသီဖြား Capricorn ေတြက ရည္းစားထားဖို႔ စိတ္မဝင္စားသူေတြ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔စိတ္ဝင္စားတာေတြ၊ ဝါသနာေတြ၊ ရည္မွန္းခ်က္ေတြေနာက္လိုက္ေနရလို႔ပါ။ တကယ္လို႔ ခ်စ္မိၿပီဆိုရင္ေတာ့ Capricorn ေတြက သူတို႔အခ်ိန္ေတြအားလုံးကို ခ်စ္သူဆီ အခ်ိန္ျပည့္ေပးတတ္ပါတယ္။ သစၥာေဖာက္ဖို႔ထက္ စိတ္မပါေတာ့ရင္ေတာင္ လမ္းခြဲတာပဲ လုပ္တတ္တဲ့ ရာသီခြင္ေတြျဖစ္ပါတယ္။

ကရကဋ္ရာသီဖြား

ကရကဋ္ရာသီဖြား Cancer ေတြက သူတို႔ခ်စ္ရင္ ခ်စ္တဲ့အတိုင္း ထုတ္ေဖာ္ျပသတတ္ၾကပါတယ္။ သူတို႔က ဘဝမွာ တကယ္ခ်စ္တဲ့သူနဲ႔ေတြ႕တဲ့အခ်ိန္ သစၥာေဖာက္မယ့္ အေတြးမ်ိဳး ဘယ္ေတာ့မွ မေတြးၾကေတာ့ပါဘူး။ ခ်စ္တဲ့သူရွိေနၿပီပဲ ဘာလို႔ ေနာက္တစ္ေယာက္အေၾကာင္းေတြးရမွာလဲ ဆိုတဲ့ အေတြးရွိသူေတြပါ။

ၿပိႆရာသီဖြား

ၿပိႆ Taurus ရာသီဖြားေတြက သစၥာေဖာက္တာကို သက္သက္ႀကီး အခ်ိန္ကုန္စရာ အရာလို႔ ျမင္သူေတြပါ။ လူတစ္ေယာက္ကို ခင္မင္ရင္းႏွီးဖို႔ အခ်ိန္ယူရတတ္သူေတြ ျဖစ္ပါတယ္။ သူတို႔ဘဝရဲ႕ ဖူးစာရွင္ကို သတ္မွတ္လိုက္ၿပီဆိုတာနဲ႔ ဒီလူအနားက တစ္သက္လုံး ခြဲခြာေတာ့မွာမဟုတ္ပါဘူး။

ၿဗိစာၦ ရာသီဖြား

ၿဗိစာၦ Scorpio ေတြက လူတစ္ေယာက္ကို ယုံၾကည္ဖို႔ အခ်ိန္ယူတတ္ၾကပါတယ္။ ခ်စ္မိတဲ့ အခ်ိန္က်ရင္လည္း သစၥာရွိသူေတြ ျဖစ္ပါတယ္။ သင္က ဒီရာသီခြင္ (၄) ခုထဲ ပါၿပီလား။ မပါေပမယ့္ သင္က သင့္ခ်စ္သူကို သစၥာရွိရွိ ခ်စ္တတ္တဲ့သူလား။

Credit-MyStyle Myanmar

(Unicode)

ရာသီခွင်တွေထဲမှာ သစ္စာအရှိဆုံး ရာသီခွင် (၄) ခု

ရာသီခွင်အလိုက် တစ်ယောက်နဲ့ တစ်ယောက် စိတ်နေစိတ်ထား ခံယူချက်တွေ ကွဲပြားတတ်ပါတယ်။ ဒီရာသီခွင် (၄) ခုကတော့ သစ္စာရှိတဲ့ ရာသီခွင်တွေပါ။ သူတို့က သူငယ်ချင်းအပေါ် ချစ်သူအပေါ် သစ္စာရှိကြပါတယ်။ ဒီတော့လက်တွဲဖော် ရှာမယ်ဆိုရင် ဒီရာသီခွင်တွေကို ဦးစားပေးလိုက်တော့နော်။

မကာရရာသီဖွား

မကာရရာသီဖွား Capricorn တွေက ရည်းစားထားဖို့ စိတ်မဝင်စားသူတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့စိတ်ဝင်စားတာတွေ၊ ဝါသနာတွေ၊ ရည်မှန်းချက်တွေနောက်လိုက်နေရလို့ပါ။ တကယ်လို့ ချစ်မိပြီဆိုရင်တော့ Capricorn တွေက သူတို့အချိန်တွေအားလုံးကို ချစ်သူဆီ အချိန်ပြည့်ပေးတတ်ပါတယ်။ သစ္စာဖောက်ဖို့ထက် စိတ်မပါတော့ရင်တောင် လမ်းခွဲတာပဲ လုပ်တတ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။

ကရကဋ်ရာသီဖွား

ကရကဋ်ရာသီဖွား Cancer တွေက သူတို့ချစ်ရင် ချစ်တဲ့အတိုင်း ထုတ်ဖော်ပြသတတ်ကြပါတယ်။ သူတို့က ဘဝမှာ တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အချိန် သစ္စာဖောက်မယ့် အတွေးမျိုး ဘယ်တော့မှ မတွေးကြတော့ပါဘူး။ ချစ်တဲ့သူရှိနေပြီပဲ ဘာလို့ နောက်တစ်ယောက်အကြောင်းတွေးရမှာလဲ ဆိုတဲ့ အတွေးရှိသူတွေပါ။

ပြိဿရာသီဖွား

ပြိဿ Taurus ရာသီဖွားတွေက သစ္စာဖောက်တာကို သက်သက်ကြီး အချိန်ကုန်စရာ အရာလို့ မြင်သူတွေပါ။ လူတစ်ယောက်ကို ခင်မင်ရင်းနှီးဖို့ အချိန်ယူရတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဘဝရဲ့ ဖူးစာရှင်ကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဒီလူအနားက တစ်သက်လုံး ခွဲခွာတော့မှာမဟုတ်ပါဘူး။

ဗြိစ္ဆာ ရာသီဖွား

ဗြိစ္ဆာ Scorpio တွေက လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူတတ်ကြပါတယ်။ ချစ်မိတဲ့ အချိန်ကျရင်လည်း သစ္စာရှိသူတွေ ဖြစ်ပါတယ်။ သင်က ဒီရာသီခွင် (၄) ခုထဲ ပါပြီလား။ မပါပေမယ့် သင်က သင့်ချစ်သူကို သစ္စာရှိရှိ ချစ်တတ်တဲ့သူလား။

Credit-MyStyle Myanmar

Leave a Reply

Your email address will not be published. Required fields are marked *