မည်သည့်အပင်ကိုမဆို ရာသီချိန်မဟုတ်ချိန်မှာ အသီးသီးအောင် လုပ်နည်း။

(Zawgyi)

မည္သည့္အပင္ကိုမဆို ရာသီခ်ိန္မဟုတ္ခ်ိန္မွာ အသီးသီးေအာင္လုပ္နည္း

ၾကက္ဉဟိုမုန္းေဆးရည္လုပ္နည္း

ၾကက္ ဉအခြံေရာ အသားပါ ၁ ပိသာ။ သၾကား ၁ ပိသာ။ ႏြားႏို႔ ၁ ပုလင္းခြဲ။ ပုဇြန္ေျခာက္ ၃၀ သား။ အုန္စိမ္းအရည္ ၂ ပုလင္း။ ဆန္ေဆးရည္ ၂ ပုလင္း။ အုန္းႏို႔၁ ပုလင္းခြဲ။ ပဲေစ့ အေညႇာက္ေပါက္စ အစိတ္သား။

ပဲေစ့အေညႇာက္ေပါက္စဆိုတာကေတာ့ ပဲတီစိမ္းကို ေရစိမ္းၿပီး အဝတ္နဲ႔ထုတ္လားလိုက္ရင္ နာရီ ၂၀ ေလာက္အၾကာမွာ အေညႇာက္ေပါက္စ ပဲေစ့ကို ရပါလိမ့္မယ္။ မုံံလာ ဉ ၅၀ သား။

အဲ့ဒါေတြအားလုံးကို ေဖ်ာ္ရည္ႀကိတ္စက္နဲ႔ ႀကိတ္ေခ်လို႔ပဲျဖစ္ျဖစ္ ေထာင္းေျခၿပီးေတာ့ျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။ ႀကိတ္စက္နဲ႔ႀကိတ္တဲ့အခါမွာ ေရကို မသုံးပဲ အုန္းရည္၊ ႏို႔ရည္၊ ဆန္ေဆးေရေတြကို ေရာၿပီးႀကိတ္ယူပါ။

အခ်ိဳ႕မႈန႔္က ၁၀ သား။ ဂလူးကိုစ့္မႈန႔္က ၁၀သား။ ဟူးမစ္လို႔ေခၚတဲ့ ေက်ာက္မီးေသြးနဲ႔ဖန္ရည္ အမႈန႔္ေရာက်ိဳထားတဲ့ ေဆးမႈန႔္က အစိတ္သား၊ (ဝယ္လို႔မရရင္ မထည့္လည္း ရတယ္။ သူက မိုလီကြန္းေတြကို အႏုစိတ္ျဖစ္ၿပီး ေပ်ာ္ဝင္မႈအားေကာင္းေအာင္ လုပ္ေပးတာျဖစ္ပါတယ္။) အဲ့ဒါေတြ အားလုံးကို ပုံးတစ္ပုံးမွာ ထည့္ၿပီး ၃ လသိပ္ထားလိုက္ပါ။ ၆ လဆိုရင္ပိုေကာင္းတယ္၊ ၁ႏွစ္အၾကာဆိုရင္ ပိုၿပီးေကာင္းပါတယ္။ အမ်ားနဲ႔ လုပ္မယ္ဆိုရင္ေတာ့ တစ္မ်ိဳးကို တစ္ပုံးဆီခြဲလုပ္ထားၿပီး ေနာက္မွလာေရာသုံးတာက ပိုေကာင္းပါတယ္။

အခ်ိဳးအစားကေတာ့ ၃ ခ်ိဳးတစ္ခ်ိဳးျဖစ္ပါတယ္။ ေျပာခဲ့တဲ့ အရာေတြက ၃ ဆဆိုရင္ သၾကားက တစ္ဆျဖစ္ပါတယ္။ ၾကက္ ဉကေတာ့ တစ္ဆစီျဖစ္ပါတယ္။ ၾကက္ ဉတစ္ဆကို အခ်ိဳကတစ္ဆနဲ႔ ပုံးထဲမွာ သိပ္ထားရမွာျဖစ္ပါတယ္။

ေျမႀကီး (အပင္ရင္း)တြင္ ပက္ဖ်န္းရန္ ၾကက္ဥေဟာ္မုန္းေဆးရည္ ၁ လီတာ ကို ေရလီတာ ၂၀၀ ႏွင့္ ပက္ဖ်န္းရန္။ (၁၅ရက္တစ္ခါ)အ႐ြက္ကို ပက္ဖ်န္းရန္ ၾကက္ဥေဟာ္မုန္းေဆးရည္ ၃၀၀ စီစီ ကို ေရလီတာ ၂၀၀ ႏွင့္ ပက္ဖ်န္းရန္။ (၁၀ ရက္ တစ္ခါ)

Credit-Win Myint IQwin Farm

(Unicode)

မည်သည့်အပင်ကိုမဆို ရာသီချိန်မဟုတ်ချိန်မှာ အသီးသီးအောင်လုပ်နည်း

ကြက်ဉဟိုမုန်းဆေးရည်လုပ်နည်း

ကြက် ဉအခွံရော အသားပါ ၁ ပိသာ။ သကြား ၁ ပိသာ။ နွားနို့ ၁ ပုလင်းခွဲ။ ပုဇွန်ခြောက် ၃၀ သား။ အုန်စိမ်းအရည် ၂ ပုလင်း။ ဆန်ဆေးရည် ၂ ပုလင်း။ အုန်းနို့၁ ပုလင်းခွဲ။ ပဲစေ့ အညှောက်ပေါက်စ အစိတ်သား။

ပဲစေ့အညှောက်ပေါက်စဆိုတာကတော့ ပဲတီစိမ်းကို ရေစိမ်းပြီး အဝတ်နဲ့ထုတ်လားလိုက်ရင် နာရီ ၂၀ လောက်အကြာမှာ အညှောက်ပေါက်စ ပဲစေ့ကို ရပါလိမ့်မယ်။ မုံံလာ ဉ ၅၀ သား။

အဲ့ဒါတွေအားလုံးကို ဖျော်ရည်ကြိတ်စက်နဲ့ ကြိတ်ချေလို့ပဲဖြစ်ဖြစ် ထောင်းခြေပြီးတော့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကြိတ်စက်နဲ့ကြိတ်တဲ့အခါမှာ ရေကို မသုံးပဲ အုန်းရည်၊ နို့ရည်၊ ဆန်ဆေးရေတွေကို ရောပြီးကြိတ်ယူပါ။

အချို့မှုန့်က ၁၀ သား။ ဂလူးကိုစ့်မှုန့်က ၁၀သား။ ဟူးမစ်လို့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ဖန်ရည် အမှုန့်ရောကျိုထားတဲ့ ဆေးမှုန့်က အစိတ်သား၊ (ဝယ်လို့မရရင် မထည့်လည်း ရတယ်။ သူက မိုလီကွန်းတွေကို အနုစိတ်ဖြစ်ပြီး ပျော်ဝင်မှုအားကောင်းအောင် လုပ်ပေးတာဖြစ်ပါတယ်။) အဲ့ဒါတွေ အားလုံးကို ပုံးတစ်ပုံးမှာ ထည့်ပြီး ၃ လသိပ်ထားလိုက်ပါ။ ၆ လဆိုရင်ပိုကောင်းတယ်၊ ၁နှစ်အကြာဆိုရင် ပိုပြီးကောင်းပါတယ်။ အများနဲ့ လုပ်မယ်ဆိုရင်တော့ တစ်မျိုးကို တစ်ပုံးဆီခွဲလုပ်ထားပြီး နောက်မှလာရောသုံးတာက ပိုကောင်းပါတယ်။

အချိုးအစားကတော့ ၃ ချိုးတစ်ချိုးဖြစ်ပါတယ်။ ပြောခဲ့တဲ့ အရာတွေက ၃ ဆဆိုရင် သကြားက တစ်ဆဖြစ်ပါတယ်။ ကြက် ဉကတော့ တစ်ဆစီဖြစ်ပါတယ်။ ကြက် ဉတစ်ဆကို အချိုကတစ်ဆနဲ့ ပုံးထဲမှာ သိပ်ထားရမှာဖြစ်ပါတယ်။

မြေကြီး (အပင်ရင်း)တွင် ပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၁ လီတာ ကို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၅ရက်တစ်ခါ)အရွက်ကို ပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၃၀၀ စီစီ ကို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၀ ရက် တစ်ခါ)

Credit-Win Myint IQwin Farm

Comments

Leave a Reply

Your email address will not be published. Required fields are marked *