ဗဟုတုသ

မိသားစု လုပ်စားစား၊ စီးပွားဖြစ်လုပ်လုပ် လွယ်လွယ်ကူကူ အစုံသုပ်

(Zawgyi)

ေ႐ႊျမန္မာတို႔ရဲ႕ အႀကိဳက္ရဆုံး မနက္စာထဲကတစ္ခုျဖစ္ေသာ အစုံသုပ္

လြယ္လြယ္ကူကူ အစုံသုပ္

ေခါက္ဆြဲ၊ ဆန္ၾကာဇံ၊ သခြားသီးပါးပါးလွီး၊ သေဘၤာသီးျခစ္၊ ပဲျပားေၾကာ္၊ အာလူးျပဳတ္၊ ပဲပင္ေပါက္ေလွာ္၊ တိုဟူး၊ င႐ုတ္ဆီနဲ႔နယ္ထားတဲ့ထမင္း ( ဆီပူပူထဲ င႐ုတ္သီးအေရာင္တင္မႈန္႔ထည့္…ၿပီးခ်က္ခ်င္းအေအးခံထားတဲ့င႐ုတ္ဆီ)၊ ေဂၚဖီထုပ္ပါးပါးလွီး။ ဒါေတြကထည့္သုပ္စားမယ့္ပစၥည္းေတြပါ။

ၾကက္သြန္ျဖဴဆီခ်က္၊ ၾကက္သြန္နီဆီခ်က္၊ ပုစြန္ေျခာက္မႈန္႔၊ ငံျပာရည္၊ ပဲအက်က္မႈန္႔၊ င႐ုတ္သီးအက်က္မႈန္႔၊ မန္က်ည္းမွည့္ရည္၊ ၾကက္သြန္နီပါးပါးလွီး ၊ နံနံပင္၊ ေရွာက္႐ြက္ပါးပါးလွီး ေတြလိုအပ္ပါတယ္။ သုပ္မယ္ဆို ဆီခ်က္ရည္နဲ႔ ပဲမႈန္႔ကို အခ်ိဳးအစားမွ်ဖို႔ ဂ႐ုစိုက္ပါ။ ပဲမႈန္႔လတ္လတ္ဆတ္ဆတ္နဲ႔ သုပ္ရင္ အလြန္အရသာရွိပါတယ္။ င႐ုတ္သီးစိမ္းနဲ႔ ၾကက္သြန္ျဖဴကေတာ့ ႏွစ္သက္ရင္ထည့္စားပါ

Credit-ခန္႔ခန္႔ႀကီး

(Unicode)

ရွှေမြန်မာတို့ရဲ့ အကြိုက်ရဆုံး မနက်စာထဲကတစ်ခုဖြစ်သော အစုံသုပ်

လွယ်လွယ်ကူကူ အစုံသုပ်

ခေါက်ဆွဲ၊ ဆန်ကြာဇံ၊ သခွားသီးပါးပါးလှီး၊ သင်္ဘောသီးခြစ်၊ ပဲပြားကြော်၊ အာလူးပြုတ်၊ ပဲပင်ပေါက်လှော်၊ တိုဟူး၊ ငရုတ်ဆီနဲ့နယ်ထားတဲ့ထမင်း ( ဆီပူပူထဲ ငရုတ်သီးအရောင်တင်မှုန့်ထည့်…ပြီးချက်ချင်းအအေးခံထားတဲ့ငရုတ်ဆီ)၊ ဂေါ်ဖီထုပ်ပါးပါးလှီး။ ဒါတွေကထည့်သုပ်စားမယ့်ပစ္စည်းတွေပါ။

ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ပဲအကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ မန်ကျည်းမှည့်ရည်၊ ကြက်သွန်နီပါးပါးလှီး ၊ နံနံပင်၊ ရှောက်ရွက်ပါးပါးလှီး တွေလိုအပ်ပါတယ်။ သုပ်မယ်ဆို ဆီချက်ရည်နဲ့ ပဲမှုန့်ကို အချိုးအစားမျှဖို့ ဂရုစိုက်ပါ။ ပဲမှုန့်လတ်လတ်ဆတ်ဆတ်နဲ့ သုပ်ရင် အလွန်အရသာရှိပါတယ်။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကတော့ နှစ်သက်ရင်ထည့်စားပါ

Credit-ခန့်ခန့်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *