ဗဟုတုသ

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ဖေဖော်ဝါရီလအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း။ ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၂၀ေဖေဖာ္ဝါရီလအတြက္ တစ္လစာ ကံၾကမၼာေဟာစာတမ္း။

(Zawgyi)

ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၂၀ေဖေဖာ္ဝါရီလအတြက္ တစ္လစာ ကံၾကမၼာေဟာစာတမ္း

တနဂၤေႏြ သားသမီးမ်ားအတြက္

ဒီလအတြင္းမွာ သင္၏ ရည္႐ြယ္ခ်က္မ်ား ရည္မွန္းခ်က္မ်ား ျပည့္၀ေအာင္ျမင္မည့္ အခ်ိန္ျဖစ္တယ္။ ေျပာရရင္ေတာ့ လိုအင္ဆႏၵေတြ ျပည့္စုံႏိုင္တာေပါ့။ ၿခံကိစၥ၊ ကားကိစၥ၊ ေက်ာက္ကိစၥ၊ ေငြေၾကးကိစၥေတြ ေျပာဆိုေအာင္ျမင္တတ္ပါတယ္။ ဝယ္ဖို႔ရည္႐ြယ္ရင္လည္း ဝယ္ျဖစ္တတ္ပါတယ္။ မိတ္ေဆြသဂၤဟမ်ားကလည္း ကိုယ္ဆီကိုလာၿပီး အလုပ္စီးပြားမ်ား တြဲဖက္ လုပ္ကိုင္ဖို႔ စီစဥ္မည္။ ကိုယ္ကလည္း အလို ျပည့္စုံမည္။ ကိုယ့္မွာရွိတဲ့ လက္ဝတ္တန္ဆာ ေ႐ႊေတြကိုေတာ့သတိထားပါ။ က်ေပ်ာက္တတ္ပါတယ္။ ကိုယ္စီးေနတဲ့ ယဥ္ေတြကေတာ့ အပ်က္အစီးေလးေတြ မ်ားတတ္တဲ့ ကာလျဖစ္ပါတယ္။ ေငြေတြကလည္း အစုလိုက္ အၿပဳံလိုက္ ဝင္လိမ့္မည္။

အင္မတန္ လာဘ္႐ႊင္မယ့္ အခ်ိန္ကာလပါပဲ။ ထီေတြဘာေတြ ကံစမ္းတာေတာင္ မဟုတ္ဘူး။ ေသေသခ်ာခ်ာ ထိုးသင့္ပါတယ္။ လူမ်ိဳးျခား ဘာသာျခား ႏိုင္ငံျခားသားမ်ားႏွင့္ ပူးတြဲေပါင္းစပ္ အက်ိဳးေပးမည္။ ထီးတစ္လက္ ဒါမွမဟုတ္ ဖိနပ္တစ္ရံ လက္ေဆာင္ရဖို႔ ရွိပါတယ္။ အင္မတန္ ေကာင္းပါတယ္။ အိမ္တြင္းေရး ပူပင္ေသာကေလးေတြ ရွိပါတယ္။ ကိုယ့္မိသားစုႏွင့္ အတိုက္အခံ ေျပာဆိုေနရတတ္ပါတယ္။ အိမ္ကိစၥ အေမြကိစၥ ဒီအခ်ိန္မွာ စကားေျပာရတတ္တယ္။ မတင္မက်လည္း ျဖစ္တတ္ပါတယ္။ ကိုယ့္မွာ အ႐ြယ္ေရာက္ၿပီးတဲ့ သားသမီးေတြ ရွိရင္ သူတို႔အတြက္ စိတ္ပူရတတ္ပါတယ္။

လူငယ္ေတြအတြက္ကေတာ့ အခ်စ္ေရး ေမတၱာေရး အင္မတန္ ေကာင္းပါတယ္။ လူငယ္ေတြ စန္းပြင့္မယ့္ အခ်ိန္ကာလပါပဲ။ ခ်စ္သူႏွင့္ စိတ္သေဘာထားျခင္း တိုက္ဆိုင္မႈ႕ ရမယ္။ အိမ္ေထာင္ရွိသူေတြ အေနႏွင့္ကေတာ့ အိမ္ေထာင္ေရးမွာ ကေတာက္ကဆေလးေတြ ျဖစ္တတ္ပါတယ္။ က်န္းမာေရး အေနႏွင့္ကေတာ့ ေလေအာင့္တာ ျဖစ္တတ္ပါတယ္။ ဝက္သား ေရွာင္ပါ။ အရက္ေရွာင္ပါ။ ထီထိုးရင္ေတာ့ (၂-၇-ဝ)ပါေအာင္ ထိုးပါ။ ယၾတာအေနႏွင့္ကေတာ့ နန္းႀကီးသုတ္ အလႉဒါနျပဳပါ။ ေငြထီး လႉပါ။ တံခြန္လႉပါေလ..။

တနလၤာသားသမီးမ်ားအတြက္

ဒီလအတြင္းမွာ ပညာေရးႏွင့္ ပါတ္သက္ေသာ ကိစၥမ်ား အထူးေအာင္ျမင္မည္။ ပညာရပ္ တစ္ဖက္ တြဲဖက္ လုပ္ကိုင္ရေသာ လုပ္ငန္းမ်ား အထူး ေအာင္ျမင္မည္။ မိတ္ေဆြ ဆရာသမားမ်ား အထူးခ်စ္ခင္ အလိုလိုက္ျခင္း ေစာင့္ေရွာက္ျခင္း အက်ိဳးခံစားရျခင္း ျဖစ္မည္။ အက်ိဳးေပးေသာ စက္ပစၥည္းဝင္မည္။ အႀကိမ္ႀကိမ္ အခါခါ လုပ္ေဆာင္ရင္း အဆင္မေျပခဲ့ေသာ လုပ္ငန္းေဆာင္တာမ်ား ယခုတစ္ႀကိမ္ လုပ္ေဆာင္ ေအာင္ျမင္လိမ့္မည္။ စိတ္ပိုင္းဆိုင္ရာအားျဖင့္ အထူးစိတ္ခ်မ္းသာစြာ ေနထိုင္ရမည္။ ရည္႐ြယ္ထားသမွ် ေအာင္ျမင္မည္။ ရည္မွန္းထားသမွ် ခရီးေပါက္မည္။ အေရာင္းအဝယ္ သမားမ်ား ေရာင္းပန္းဝယ္ပန္း အထူးပြင့္လန္းမည္။ လုပ္ငန္းမ်ား အထူး တိုးခ်ဲ႕သင့္ေသာ အခ်ိန္ကာလ ျဖစ္သည္။

ျပည္တြင္း ျပည္ပ ခရီးစဥ္မ်ား လြယ္ကူ ေခ်ာေမာစြာ ေအာင္ျမင္မည္။ ရပ္ေဝးေျမျခားမွ အဆက္အသြယ္ေကာင္းမ်ား ရရွိလိမ့္မည္။ ဘာသာေရးႏွင့္ ပါတ္သက္ေသာ အဓိ႒ာန္မ်ား ထူးထူးျခားျခား ေပါက္ေျမာက္ ေအာင္ျမင္ပါလိမ့္မည္။ ၾကာသပေတးနံ အဂၤါနံႏွင့္ ပါတ္သက္ေသာ လုပ္ငန္းေဆာင္တာမ်ား ထူးေထြ ေအာင္ျမင္မည္။ အထူးအားျဖင့္ မိမိတို႔၏ သက္ႀကီး႐ြယ္အိုမိဘမ်ားကို ေကာင္းမြန္စြာ လုပ္ကိုင္ေကြၽးေမြး ျပဳစုႏိုင္ေသာ အခ်ိန္ကာလ ျဖစ္သည္။ အိုးအိမ္ ေနရာထိုင္ခင္း အသစ္ဝင္ကိန္း ရွိသည္။ ဝန္ထမ္းမ်ား ရာထူးတိုးမည့္ အခ်ိန္ကာလ ျဖစ္ေသာေၾကာင့္ ရာထူးတိုး စာေမးပြဲမ်ား ရွိပါက စိတ္႐ႊင္လန္းစြာ ေျဖဆိုသင့္သည္။ ကာလအတန္ၾကာ အရႈံးေပၚေနေသာ ပစၥည္းမ်ား ခ်က္ခ်င္းဆိုသလို ျမတ္စြန္းသြားလိမ့္မည္။

အခက္အခဲမွန္သမွ် ေျပလည္သြားလိမ့္မည္။ အိမ္ေထာင္ေရးႏွင့္ ပါတ္သက္၍ အထူးသာယာမည္။ မိသားစု ေပ်ာ္႐ႊင္ခ်မ္းေျမ့မည္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရး ေမတၱာေရး အင္မတန္ ကံေကာင္းမည္။ မိမိတို႔၏ ခ်စ္သူႏွင့္ လက္ထပ္ရန္ ရည္႐ြယ္ပါက ေအာင္ျမင္မည္။ မဂၤလာကိစၥ ေဆာင္႐ြက္ရကိန္း ရွိသည္။ လူႀကီး မိဘ သေဘာတူ ၾကည္ျဖဴကိန္း ရွိသည္။ ကံဇာတာ ေကာင္းမြန္ေနေသာေၾကာင့္ ထီကံေကာင္းပါသည္။ ထီထိုးသင့္သည္။ ထီထိုးပါက (၃၅)(၅၃) အတြဲပါေသာ ဂဏန္းကို ရွာထိုးသင့္ပါသည္။ က်န္းမာေရး အေနႏွင့္ ဒူးနာတတ္သည္။ ရင္ဘတ္ေအာင့္တတ္သည္။ သို႔ေသာ္ စိုးရိမ္စရာမလိုပါ။ ယၾတာေခ်လိုပါက ျမတ္စြာဘုရားရွင္အား စံပယ္ပန္း(၈)ကုံး လႉဒါန္း၍ လိုရာ ဆုေတာင္းပါေလ။

အဂၤါသားသမီးမ်ားအတြက္

ဒီလအတြင္းမွာ သင့္အတြက္ ကံဇာတာကေတာ့ မိသားစု အလုပ္အကိုင္ စီးပြားေရးေတြ ထူးထူးျခားျခား တိုးတက္လာမည္။ အိုးအိမ္ကိစၥ၊ ေနရာထိုင္ခင္းကိစၥေတြမွာလည္း ထူးထူးျခားျခား တိုးတက္ ေအာင္ျမင္ျခင္း မိသားစု ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္မ်ား ျပည့္၀ ေအာင္ျမင္မႈ႕ရရွိမည္။ အလုပ္အကိုင္ႏွင့္ ပါတ္သက္၍ ေျမာက္အရပ္၊ အေရွ႕ေျမာက္အရပ္ေတြမွာ အခြင့္အေရး အခြင့္အလန္းမ်ား ရွာေဖြသင့္သည္။ ထိုအရပ္ေဒသမ်ားတြင္ ေအာင္ျမင္မႈ႕ ရရွိႏိုင္သည္။ မိမိေနအိမ္သို႔ အသက္အ႐ြယ္ ႀကီးရင့္ေသာ ရဟန္းသံဃာေတာ္ တစ္ပါး ထူးထူးျခားျခား ႂကြေရာက္လာမည္။ အလြန္ေကာင္းေသာ နိမိတ္ျဖစ္ေသာေၾကာင့္ သင့္အေနႏွင့္ တတ္ႏိုင္သေလာက္ အလႉဒါန ျပဳအပ္ေပသည္။ မိမိတို႔အတြက္ အလုပ္တြင္ အႀကီးအကဲမ်ား၏ ကူညီပံ့ပို႔ေပးျခင္း၊ ခ်စ္ခင္ ေစာင့္ေရွာက္ျခင္းမ်ား ရရွိမည္။

သင္သည္ ဝန္ထမ္းျဖစ္ပါက ဝန္ထမ္းအလုပ္တြင္ ပစ္စာတိုင္စာ ခံရတတ္သည္။ အမႈ႕အခင္း ျပႆနာမ်ား ေျဖရွင္းစရာမ်ား ႀကဳံရတတ္ေပရာ အထူးသတိထားသင့္သည္။ အထူးအားျဖင့္ မိမိ၏ လက္ေအာက္ငယ္သားမ်ား၏ ေတာ္လွန္ပုန္ကန္ျခင္း ခံရတတ္ပါတယ္။ ျပန္လည္ အာခံျခင္း ႀကဳံရတတ္ပါတယ္။ ကားေမာင္း ဆိုင္ကယ္ေမာင္းတာေတြကိုလည္း ဂ႐ုစိုက္သင့္၏။ အသက္ကို မထိခိုက္သည့္တိုင္ေအာင္ ယဥ္အႏၲရယ္ ျဖစ္တတ္၏။ ဤအခ်ိန္ကာလတြင္ သင္သည္ မည္သူ တစ္စုံတစ္ေယာက္ကိုမွ် ယုံၾကည္ျခင္း မျပဳအပ္ေပ။ လူယုံက ဒုကၡေပးျခင္း ခံရတတ္သည္။ ေငြေၾကးကိစၥမ်ားႏွင့္ ပါတ္သက္၍ ေျဖရွင္းရတတ္ေသာေၾကာင့္ ေခ်းငွားျခင္း အာမခံျခင္း မျပဳသင့္၊ ေရွာင္ၾကည္သင့္၏။

မ်က္လုံးပ်က္ေသာသူ မ်က္စိေစြေသာသူ ဒုကၡေပးျခင္း ခံရတတ္တယ္။ လူမႈေရး ျပႆနာ မ်ားတတ္သည္။ က်န္းမာေရး အေနႏွင့္ကေတာ့ ဆီးပူေညာင္းက် ျဖစ္ျခင္း ဆီးေအာင့္ျခင္း မ်က္စိနာျခင္း မ်က္မွန္ပါဝါ တိုးရျခင္း ျဖစ္တတ္ပါတယ္။ ေဆးထိုးေဆးေသာက္ မွားတတ္သည္။ ေလာင္းကစား လုပ္ငန္းမ်ား ျဖတ္လမ္းစီးပြားေရးမ်ား လုံး၀ မျပဳလုပ္သင့္၊ ဘဝပ်က္သည့္အထိ ဒုကၡျဖစ္တတ္သည္။ ထီထိုးျခင္းကို ဝါသနာပါပါက (၁၆) (၆၁) ပါေသာ ထီအတြဲကို ထိုးပါ။ အိမ္ေထာင္ရွိသူမ်ားအတြက္ အိမ္ေထာင္ေရး ကံၾကမၼာ အေကာင္းဘက္မွာ ရွိပါတယ္။ သာယာျခင္း အဆင္ေျပျခင္း ခ်မ္းေျမ့ျခင္းမ်ား ရရွိမည္။ လူငယ္မ်ားအတြက္ အခ်စ္ေရး ရႈပ္ေထြးမည္။ ၾကားလူ အေႏွာင့္အယွက္ ျပဳျခင္း ခံရတတ္သည္။ ၾကားေလေသြးေလ ေဝးရတတ္သည္။ သင္၏ ကံဇာတာ အညံ့အခိုက္မ်ား ေျပေပ်ာက္ေစၿပီး ေကာင္းက်ိဳးမ်ား ျပည့္စုံေစရန္အတြက္ သံဃာေတာ္တို႔အား သတ္သတ္လြတ္ ဟင္းလ်ာ လႉဒါန္းပါေလ။

ဗုဒၶဟူးသမီးမ်ားအတြက္

ဒီလအတြင္း သင္၏ ကံဇာတာကေတာ့ ကံၾကမၼာေကာင္းမ်ား အေျပာင္းအလဲ ျဖစ္ႏိုင္ေသာ အခ်ိန္ကာလ ျဖစ္သည္။ ကံၾကမၼာ အခြင့္အေရး အခြင့္အလန္းေကာင္းမ်ား ရရွိႀကဳံဆုံမည္။ အထူးအားျဖင့္ ဝင္ေငြေကာင္းသလို ေငြေၾကးအကုန္အက်မ်ားလည္း မ်ားတတ္ေသာ အခ်ိန္ကာလ ျဖစ္၏။ ၿပီးခဲ့ေသာ အခ်ိန္ကာလက ႀကဳံေတြ႕ခဲ့ရေသာ အခက္အခဲမ်ား ျပႆနာမ်ား ေျပလည္မည္။ ေျဖရွင္းႏိုင္မည္။ ဒီအခ်ိန္မွာ သင့္အတြက္ တစ္ခုသတိထားရမည္မွာ ကိုယ့္အတြက္ အက်ိဳးလုံး၀ မရွိေသာ အလုပ္မ်ားလည္း လုပ္ကိုင္ေနရတတ္သည္။ တစ္ခု ေပ်ာ္စရာ ေကာင္းသည္မွာ သင္၏ စိတ္သည္ အေပ်ာ္အ႐ႊင္ဆုံး အခ်ိန္ျဖစ္သည္။ သင္ကိုယ္တိုင္ သင္၏ ကံဇာတာမ်ား ေကာင္းမြန္ေနသည္ဟူ မိမိကိုယ္ မိမိ ယုံၾကည္မႈ႕ ရေနမည္။ စိတ္ဓာတ္မ်ားလည္း အလိုလို တက္ႂကြေနလိမ္မည္။

အလုပ္အကိုင္ အသစ္မ်ား ဖန္တီးႏိုင္မည္။ အဆက္အသြယ္ေကာင္းမ်ား အဆက္အသြယ္ အသစ္မ်ား ရမည္။ မိတ္ရင္းေဆြရင္း ဆရာသမားရင္းမ်ားႏွင့္ အဆင္မေျပ ျဖစ္တတ္သည္။ အိမ္ေထာင္သည္မ်ား သားသမီး ရင္ေသြးရတနာ ထြန္းကားမႈ႕ ရရွိမည္။ ေျခႏွစ္ေခ်ာင္း ဝင္ကိန္း ရွိ၏။ ေ႐ႊထြက္ကိန္း ရွိသည္။ ေ႐ႊေပါင္ရတတ္သည္။ ဆရာအတုဆရာေယာင္မ်ားႏွင့္ ႀကဳံရတတ္သည္။ အေမြႏွင့္ ပါတ္သက္ေသာ ကိစၥမ်ား မရွင္းမလင္း ျဖစ္မည္။ မတင္မက် ျဖစ္မည္။ စကားအေျပာအဆို မေအာင္မျမင္ ျဖစ္မည္။ ဒီအခ်ိန္ မေျပာသင့္ေပ။ အိုးအိမ္ေနရာထိုင္ခင္း ႏွင့္ ပါတ္သက္ေသာ ကိစၥမ်ား အဆင္ေျပ တိုးတက္မႈ႕ ေအာင္ျမင္မႈ႕ရရွိမည္။ မိမိ၏ ဖခင္ႏွင့္ ဆက္ႏြယ္ေနေသာ အမ်ိဳးအေဆြမ်ားဘက္မွ ကူညီေထာက္ပံ့ေပးျခင္းမ်ား ရရွိတတ္သည္။

အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ေရးတြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ သံသယ ပြားရတတ္သည္။ အျမင္မၾကည္မလင္ ျဖစ္ရတတ္တယ္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရး ေမတၱာေရးတြင္ အေႏွာက္အယွက္ အနည္းငယ္ ႀကဳံရတတ္သည္။ အထူးအားျဖင့္ ၾကားလူ အေႏွာက္အယွက္ ဝင္တတ္သည္။ သတိထားရမည္မွာ မလြတ္လပ္ေသာ သူမ်ားႏွင့္ ခ်စ္ႀကိဳးသြယ္မိတတ္သည္။ က်န္းမာေရးႏွင့္ ပါတ္သက္၍ ဝမ္းဗိုက္ မေကာင္း ျဖစ္တတ္သည္။ ဝမ္းပ်က္ ဝမ္းေလ်ာ ျဖစ္တတ္သည္။ ထီထိုးျခင္းကို ဝါသနာ ပါသူ ျဖစ္ပါက (၁၃)(၃၁) ပါေသာ ဂဏန္းကို ရွာ၍ ထိုးပါေလ။ ယၾတာအေနႏွင့္ အိမ္ဘုရားတြင္ အုန္းႏို႔ေခါက္ဆြဲ လႉဒါန္း၍ လိုရာဆုေတာင္းပါေလ။

ၾကာသပေတးသားသမီးမ်ားအတြက္

ဒီလအတြင္းမွာ သင့္အတြက္ ကံဇာတာကေတာ့ စိတ္ေမာ လူေမာျဖစ္ရတတ္ပါတယ္။ ကိုယ့္ရဲ႕ လက္ေအာက္ငယ္သားေတြ ကိုယ္ေကြ်းေမြး ျပဳစုထားခဲ့တဲ့ လူေတြက ကိုယ့္ကို ျပန္ၿပီး ေတာ္လွန္တာ ပုန္ကန္တာ ႀကဳံရတတ္တဲ့အတြက္လည္း စိတ္ညစ္ရ ေဒါသျဖစ္ရေတြ ျဖစ္တတ္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ သင့္ကို ေျပာခ်င္တာက စကားနည္းႏိုင္သမွ် နည္းပါ။ လိုအပ္သေလာက္ပဲ ေျပာပါ။ ကိုယ္က အလိုလိုေနရင္း သူတစ္ပါးက လာၿပီး တိုက္ခိုက္တာ ပုတ္ခတ္တာ ရန္စတာေတြလည္း ႀကဳံရတတ္ပါတယ္။ ဒီအခ်ိန္မွာ အပိုင္းႏွစ္ပိုင္း ရွိတယ္။ တစ္ပိုင္းက စိတ္ပိုင္းဆိုင္ရာေပါ့။ စိတ္ပိုင္းဆိုင္ရာကေတာ့ စိတ္ညစ္ရမယ္။ အလုပ္အကိုင္ ရာထူး ႒ာနႏၲရေတြမွာေတာ့ တိုးတက္မႈ႕ေတြ ႀကဳံမယ္။ ႏိုင္ငံျခားတိုင္းျပည္ေတြနဲ႔ ပါတ္သက္တဲ့ ကိစၥေတြမွာဆိုရင္လည္း ေအာင္ျမင္မႈ႕ေတြ အက်ိဳးအျမတ္ေတြ အက်ိဳးခံစားခြင့္ေတြ ရရွိတတ္ပါတယ္။ ေငြေၾကးကိစၥ အတြက္ စိတ္ညစ္ရမယ္။

ျဖစ္ႏိုင္ရင္ ပိုက္ဆံေခ်းတာ ၾကားထဲက အာမခံေပးတာ မလုပ္သင့္ပါဘူး။ ဆုံးရႈံးတတ္တယ္။ ကိုယ္က စိုက္ၿပီး ေလွ်ာ္ေပးရတတ္ပါတယ္။ အလိုလိုေနရင္းက စိတ္ညစ္ေနရာ၊ စိတ္ရႈပ္ေထြးေနတာ၊ ဘာကိုမွ စိတ္မဝင္စားတာေတြ ျဖစ္တတ္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ဘာသာေရး မ်ားမ်ား လုပ္ေပးသင့္ပါတယ္။ စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစေအာင္ တရား ထိုင္ေပးသင့္ပါတယ္။ ေကာင္းတာေလးေတြလည္း ရွိပါေသးတယ္။ အဲဒါက ဘာလဲဆိုေတာ့ အဖြဲ႕အစည္းေတြမွာ ကိုယ္က ဝင္ပါရတတ္ပါတယ္။ ဘာသာေရး လူမႈ႕ေရး စတဲ့ အဖြဲ႕အစည္းေတြမွာ ကိုယ္က ေနရာရတာ နာမည္ ဂုဏ္သတင္း ေက်ာ္ေဇာတာ အရွိန္အဝါ ျမင့္မားတာေတြ ရွိတတ္ပါတယ္။

က်န္းမာေရး အေနနဲ႔ကေတာ့ ေလွကားေပၚက ေျခေခ်ာ္က်တတ္တယ္။ ခါးနာသြားတတ္တယ္။ အျမင့္ေတြ ဘာေတြက ေခ်ာက်တတ္ပါတယ္။ သတိထားပါ။ အခ်စ္ေရး ေမတၱာေရးကေတာ့ အင္မတန္ ရႈပ္ေထြးမယ့္ အခ်ိန္ကာလပါပဲ။ ၾကားေလေသြးလို႔ ေဝးရတတ္ပါတယ္။ မနာလိုမႈ႕ သဝန္တိုမႈ႕ေတြ အျမင့္ဆုံးထိ ထိုးတက္လာတတ္ပါတယ္။ ေလာင္းကစားကေတာ့ အက်ိဳးမေပးဘူး။ လုံး၀ မလုပ္ပါႏွင့္။ ထီထိုးခ်င္တယ္ဆိုရင္ေတာ့ (၅)အစ (ဝ)အဆုံး ကိုရွာၿပီး ထိုးပါ။ဘာပဲျဖစ္ျဖစ္ သင့္ကံဇာတာ အညံ့အခိုက္ေလးမ်ား ေျပေပ်ာက္သြားေအာင္ ယၾတာေတာ့ ေခ်သင့္ပါတယ္။ ဒန္ေပါက္ ထမင္းတစ္ထုပ္ကို ဆြမ္းခံႂကြေသာ သံဃာေတာ္ကို ဒါနျပဳပါေလ.. အထက္ပါ ယၾတာကို မၾကာခန ေဆာင္႐ြက္ပါ။

ေသာၾကာသားသမီးမ်ားအတြက္

ဒီလအတြင္းမွာ မိတ္ေဆြတို႔ရဲ႕ ကံၾကမၼာကို ေျပာရရင္ေတာ့ ကံၾကမၼာက အေကာင္းဘက္မွာ အေလးသာေနပါတယ္။ ဘာလုပ္လုပ္ ဘာကိုင္ကိုင္ အဆင္ေျပမယ့္ အခ်ိန္ပဲ ဆိုပါေတာ့။ ဒါေၾကာင့္ သင္ပိုင္ဆိုင္ေသာ အခ်ိန္ကာလေတြကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေပေတာ့။ ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္ေတြ ျပည့္စုံ ေအာင္ျမင္မယ္။ တနလၤာနံ ( ၿခံ၊ ကား၊ အခန္းကိစၥ၊ ေငြေၾကး) ဆိုင္ရာ ကိစၥမ်ားႏွင့္ ဗုဒၶဟူးနံ (ယဥ္၊ ေ႐ႊ၊ လူ၊ အႏုပညာ၊ အလွပညာ) လုပ္ငန္းမ်ားႏွင့္ ပါတ္သက္၍ တိုက္႐ိုက္၍ေသာ္လည္းေကာင္း သြယ္ဝိုက္၍ ေသာ္လည္းေကာင္း လုပ္ကိုင္ေဆာင္႐ြက္၍ စီးပြားေရး တိုးတက္ ေအာင္ျမင္မည္။ ဤကာတြင္ သင္သည္ ျမတ္ေသာ ထူးျခားေသာ ပုဂၢိဳလ္ထူးမ်ားႏွင့္ ဆုံေတြ႕ ဖူးျမင္ရတတ္သည္။ အင္မတန္ ကံထူးျခင္း ျဖစ္၏။ ရွင္သီဝလိ ပုံေတာ္မ်ား အလိုလို ဝင္ေရာက္လာတတ္သည္။ နိမိတ္ေကာင္းသည္။ အင္မတန္ လာဘ္လာဘ ႐ႊင္မည့္ အခ်ိန္ကာလ ျဖစ္ေသာေၾကာင့္ ထီကို ကံစမ္းသင့္သည္။

ဆုမဲကိစၥ ေငြေၾကးကိစၥမ်ား အထူး ေအာင္ျမင္ႏိုင္သည္။ လက္ဝတ္ရတနာမ်ားလည္း ဝင္ကိန္း ရွိသည္။ မည္သည့္အခက္အခဲမဆို မိမိမွ ေျဖရွင္းစရာ အထူးအေထြမလိုပဲ ေျပလည္သြားမည္။ အခ်ိန္ကာလ အေတာ္ၾကာၾကာ ေဝးကြာေနသူမ်ားႏွင့္ ျပန္လည္ဆုံေတြ႕ရျခင္း အဆက္အသြယ္ရျခင္းမ်ား ႀကဳံမည္။ ငယ္႐ြယ္သူမ်ားအတြက္ အခ်စ္ေရး ေမတၱာေရး အင္မတန္ ေကာင္းမြန္လွသည္။ စန္းပြင့္ျခင္းႏွင့္ ခ်စ္သူႏွင့္ ေျပလည္ျခင္း ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ႏိုင္မည္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရး အေျခအေန အနည္းငယ္ ကေတာက္ကဆ ျဖစ္တတ္သည္။ သို႔ေသာ္ စိုးရိန္စရာ မရွိေပ။ မိတ္ေဆြ အေပါင္းအသင္း ဆရာသမားေကာင္းမ်ား၏ ကူညီမစ ေထာက္ပံ့ေပးျခင္းမ်ား ရရွိမည္။ စီးပြားေရး အလုပ္အကိုင္ႏွင့္ ပါတ္သက္၍ ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္မ်ား စတင္ အေကာင္အထည္ ေဖာ္သင့္သည္။ လုပ္ငန္း တိုးခ်ဲ႕သင့္ေသာ အခ်ိန္ကာလလည္း ျဖစ္သည္။ လုပ္မည္ဟု စိတ္ကူးလိုက္သည္ႏွင့္ အျမန္ဆုံးသာ အေကာင္အထည္ ေဖာ္ဖို႔ တိုက္တြန္းလိုသည္။

စီးပြားေရးႏွင့္ ပါတ္သက္၍ သိသိသာသာ တိုးတက္ကိန္း ရွိသည္။ မိမိအိမ္မွာ ရွိတဲ့ စက္ပစၥည္းမ်ား အပ်က္အစီး မ်ားတတ္သည္။ စက္ပစၥည္း အလဲအလွယ္ မလုပ္သင့္ေသး၊ ကိုယ့္လက္ထဲေရာက္မွ မေကာင္းေသာ ပစၥည္း ျဖစ္ေနတတ္သည္။ က်န္းမာေရးႏွင့္ ပါတ္သက္၍ သင္၏ မ်က္စိႏွင့္ ပါတ္သက္၍ ေဝဒနာ ခံစားရတတ္သည္။ ဆီးေအာင့္ျခင္း ျဖစ္တတ္သည္။ အစာမွား ေဆးမွား ျဖစ္တတ္သည္။ အစာအဆိပ္သင့္တတ္သည္။ မည္သို႔ပင္ ဆိုးေစကာမူ သင္၏ ကံဇာတာ ေကာင္းမြန္ေသာ အခ်ိန္ကာလ ျဖစ္သည့္အတြက္ ထီကံခ်ဲကံ ေကာင္းသည္။ ထီထိုးလိုပါက (၂၄)(၄၂)အတြဲ ပါေအာင္ ထိုးသင့္သည္။ ယၾတာေခ်လိုပါက ဘုရားရင္ဘတ္ေတာ္တြင္ ေ႐ႊသကၤန္းကပ္လႉပါ။ ေခါင္းေလာင္းလႉေပးပါ။ သံဃာေတာ္ အရွင္ျမတ္တို႔အား ေရလႉဒါန္းပါေလ။

စေန သားသမီးမ်ားအတြက္

ဒီလအတြင္းမွာ စီစဥ္ထားျခင္း မရွိဘဲ ႐ုတ္တရက္ ေကာက္ကာငင္ကာႏွင့္ ခရီးသြားရတတ္ပါတယ္။ ေကာင္းေသာခရီး ျဖစ္မယ္။ ကိုယ္ရည္႐ြယ္ထားတာေတြ ရည္မွန္းထားတာေတြ ဒီအခ်ိန္မွာ လြယ္လင့္တကူ ျဖစ္ေျမာက္ ေအာင္ျမင္လိမ့္မည္။ ေငြေတြဘာေတြ က်ေပ်ာက္တာေလးေတာ့ ျဖစ္တတ္ပါတယ္။ မိမိႏွင့္ ေဝးရပ္က အလုပ္အကိုင္ႏွင့္ ပါတ္သက္ၿပီး အဆက္အသြယ္ေလးေတြ ရလာလိမ့္မယ္။ လုပ္ျဖစ္ပါက ေအာင္ျမင္ႏိုင္သည္။ ဘာသာေရးကိစၥ အဓိ႒ာန္ကိစၥ ပညာေရးကိစၥမ်ားအတြက္ ခရီးထြက္ရလိမ့္မည္။ ထူးျခားေသာ ဘာသာေရးႏွင့္ ပါတ္သက္ေသာ ပုံေတာ္မ်ား ႐ုပ္ပြားေတာ္မ်ား ရရွိမည္။ မိတ္ရင္းေဆြရင္း ဆရာရင္း သမားရင္းေတြနဲ႔ အဆင္မေျပ ျဖစ္တတ္ပါတယ္။

အမ်ိဳးသားေတြ မိန္းမကိစၥႏွင့္ ဆက္ႏြယ္ေရး နာမည္ ဂုဏ္သိကၡာ က်ဆင္းတာ၊ စြပ္စြဲေျပာဆိုခံရတာ ႀကဳံရတတ္ပါတယ္။ဂ႐ုစိုက္ပါ။ အလုပ္အကိုင္ ေနရာထိုင္ခင္း အေျပာင္းအေ႐ြ႕ေတြ စီစဥ္ေဆာင္႐ြက္ရင္ ေအာင္ျမင္ႏိုင္တယ္။ ေတာင္အရပ္မွ လူမ်ိဳးျခား ဘာသာျခား ေကာင္းက်ိဳးျပဳမည္။ သားသမီး အလိုရွိသူမ်ား သားသမီး ဝင္ကိန္းရွိသည္။ ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရး ကံေကာင္းသည္။ ခ်စ္သူႏွင့္ အိမ္ေထာင္ျပဳရန္ကိစၥ အဆင္ေျပမည္။ က်န္းမာေရး ထူးထူးေထြေထြ ညံ့ျခင္း မရွိပါ။ ဗိုက္ေအာင့္ျခင္း အနည္းငယ္ ျဖစ္တတ္သည္။ ထီဝါသနာပါသူမ်ား ေရွ႕ဆုံးမွ (၆၄)ပူးေနေသာ ဂဏန္းကို ထိုးသင့္ပါတယ္။ ယၾတာအေနႏွင့္ကေတာ့ ေရွာက္သီးသုတ္ ဆြမ္းေတာ္တင္ပါ။ ကိုယ္တိုင္လည္း စားပါ။ အုန္းႏို႔ေခါက္ဆြဲကို ပဲေသြးႏွင့္ခ်က္ကာ ေလးဆင့္ခ်ိဳင့္ႏွင့္ထည့္၍ အနီးအပါး လႉဒါန္းပါေလ….။

(၇)ရက္သားသမီးအေပါင္း ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစဗ်ာ။

Credit-ဆရာေအာင္ခ်စ္မင္း

(Unicode)

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ဖေဖော်ဝါရီလအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေ သားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များ ပြည့်ဝအောင်မြင်မည့် အချိန်ဖြစ်တယ်။ ပြောရရင်တော့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်တာပေါ့။ ခြံကိစ္စ၊ ကားကိစ္စ၊ ကျောက်ကိစ္စ၊ ငွေကြေးကိစ္စတွေ ပြောဆိုအောင်မြင်တတ်ပါတယ်။ ဝယ်ဖို့ရည်ရွယ်ရင်လည်း ဝယ်ဖြစ်တတ်ပါတယ်။ မိတ်ဆွေသင်္ဂဟများကလည်း ကိုယ်ဆီကိုလာပြီး အလုပ်စီးပွားများ တွဲဖက် လုပ်ကိုင်ဖို့ စီစဉ်မည်။ ကိုယ်ကလည်း အလို ပြည့်စုံမည်။ ကိုယ့်မှာရှိတဲ့ လက်ဝတ်တန်ဆာ ရွှေတွေကိုတော့သတိထားပါ။ ကျပျောက်တတ်ပါတယ်။ ကိုယ်စီးနေတဲ့ ယဉ်တွေကတော့ အပျက်အစီးလေးတွေ များတတ်တဲ့ ကာလဖြစ်ပါတယ်။ ငွေတွေကလည်း အစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။

အင်မတန် လာဘ်ရွှင်မယ့် အချိန်ကာလပါပဲ။ ထီတွေဘာတွေ ကံစမ်းတာတောင် မဟုတ်ဘူး။ သေသေချာချာ ထိုးသင့်ပါတယ်။ လူမျိုးခြား ဘာသာခြား နိုင်ငံခြားသားများနှင့် ပူးတွဲပေါင်းစပ် အကျိုးပေးမည်။ ထီးတစ်လက် ဒါမှမဟုတ် ဖိနပ်တစ်ရံ လက်ဆောင်ရဖို့ ရှိပါတယ်။ အင်မတန် ကောင်းပါတယ်။ အိမ်တွင်းရေး ပူပင်သောကလေးတွေ ရှိပါတယ်။ ကိုယ့်မိသားစုနှင့် အတိုက်အခံ ပြောဆိုနေရတတ်ပါတယ်။ အိမ်ကိစ္စ အမွေကိစ္စ ဒီအချိန်မှာ စကားပြောရတတ်တယ်။ မတင်မကျလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်မှာ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေ ရှိရင် သူတို့အတွက် စိတ်ပူရတတ်ပါတယ်။

လူငယ်တွေအတွက်ကတော့ အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းပါတယ်။ လူငယ်တွေ စန်းပွင့်မယ့် အချိန်ကာလပါပဲ။ ချစ်သူနှင့် စိတ်သဘောထားခြင်း တိုက်ဆိုင်မှု့ ရမယ်။ အိမ်ထောင်ရှိသူတွေ အနေနှင့်ကတော့ အိမ်ထောင်ရေးမှာ ကတောက်ကဆလေးတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ လေအောင့်တာ ဖြစ်တတ်ပါတယ်။ ဝက်သား ရှောင်ပါ။ အရက်ရှောင်ပါ။ ထီထိုးရင်တော့ (၂-၇-ဝ)ပါအောင် ထိုးပါ။ ယတြာအနေနှင့်ကတော့ နန်းကြီးသုတ် အလှူဒါနပြုပါ။ ငွေထီး လှူပါ။ တံခွန်လှူပါလေ..။

တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှာ ပညာရေးနှင့် ပါတ်သက်သော ကိစ္စများ အထူးအောင်မြင်မည်။ ပညာရပ် တစ်ဖက် တွဲဖက် လုပ်ကိုင်ရသော လုပ်ငန်းများ အထူး အောင်မြင်မည်။ မိတ်ဆွေ ဆရာသမားများ အထူးချစ်ခင် အလိုလိုက်ခြင်း စောင့်ရှောက်ခြင်း အကျိုးခံစားရခြင်း ဖြစ်မည်။ အကျိုးပေးသော စက်ပစ္စည်းဝင်မည်။ အကြိမ်ကြိမ် အခါခါ လုပ်ဆောင်ရင်း အဆင်မပြေခဲ့သော လုပ်ငန်းဆောင်တာများ ယခုတစ်ကြိမ် လုပ်ဆောင် အောင်မြင်လိမ့်မည်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် အထူးစိတ်ချမ်းသာစွာ နေထိုင်ရမည်။ ရည်ရွယ်ထားသမျှ အောင်မြင်မည်။ ရည်မှန်းထားသမျှ ခရီးပေါက်မည်။ အရောင်းအဝယ် သမားများ ရောင်းပန်းဝယ်ပန်း အထူးပွင့်လန်းမည်။ လုပ်ငန်းများ အထူး တိုးချဲ့သင့်သော အချိန်ကာလ ဖြစ်သည်။

ပြည်တွင်း ပြည်ပ ခရီးစဉ်များ လွယ်ကူ ချောမောစွာ အောင်မြင်မည်။ ရပ်ဝေးမြေခြားမှ အဆက်အသွယ်ကောင်းများ ရရှိလိမ့်မည်။ ဘာသာရေးနှင့် ပါတ်သက်သော အဓိဋ္ဌာန်များ ထူးထူးခြားခြား ပေါက်မြောက် အောင်မြင်ပါလိမ့်မည်။ ကြာသပတေးနံ အင်္ဂါနံနှင့် ပါတ်သက်သော လုပ်ငန်းဆောင်တာများ ထူးထွေ အောင်မြင်မည်။ အထူးအားဖြင့် မိမိတို့၏ သက်ကြီးရွယ်အိုမိဘများကို ကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေး ပြုစုနိုင်သော အချိန်ကာလ ဖြစ်သည်။ အိုးအိမ် နေရာထိုင်ခင်း အသစ်ဝင်ကိန်း ရှိသည်။ ဝန်ထမ်းများ ရာထူးတိုးမည့် အချိန်ကာလ ဖြစ်သောကြောင့် ရာထူးတိုး စာမေးပွဲများ ရှိပါက စိတ်ရွှင်လန်းစွာ ဖြေဆိုသင့်သည်။ ကာလအတန်ကြာ အရှုံးပေါ်နေသော ပစ္စည်းများ ချက်ချင်းဆိုသလို မြတ်စွန်းသွားလိမ့်မည်။

အခက်အခဲမှန်သမျှ ပြေလည်သွားလိမ့်မည်။ အိမ်ထောင်ရေးနှင့် ပါတ်သက်၍ အထူးသာယာမည်။ မိသားစု ပျော်ရွှင်ချမ်းမြေ့မည်။ ငယ်ရွယ်သူများ အချစ်ရေး မေတ္တာရေး အင်မတန် ကံကောင်းမည်။ မိမိတို့၏ ချစ်သူနှင့် လက်ထပ်ရန် ရည်ရွယ်ပါက အောင်မြင်မည်။ မင်္ဂလာကိစ္စ ဆောင်ရွက်ရကိန်း ရှိသည်။ လူကြီး မိဘ သဘောတူ ကြည်ဖြူကိန်း ရှိသည်။ ကံဇာတာ ကောင်းမွန်နေသောကြောင့် ထီကံကောင်းပါသည်။ ထီထိုးသင့်သည်။ ထီထိုးပါက (၃၅)(၅၃) အတွဲပါသော ဂဏန်းကို ရှာထိုးသင့်ပါသည်။ ကျန်းမာရေး အနေနှင့် ဒူးနာတတ်သည်။ ရင်ဘတ်အောင့်တတ်သည်။ သို့သော် စိုးရိမ်စရာမလိုပါ။ ယတြာချေလိုပါက မြတ်စွာဘုရားရှင်အား စံပယ်ပန်း(၈)ကုံး လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ မိသားစု အလုပ်အကိုင် စီးပွားရေးတွေ ထူးထူးခြားခြား တိုးတက်လာမည်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေမှာလည်း ထူးထူးခြားခြား တိုးတက် အောင်မြင်ခြင်း မိသားစု ရည်ရွယ်ချက် ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မှု့ရရှိမည်။ အလုပ်အကိုင်နှင့် ပါတ်သက်၍ မြောက်အရပ်၊ အရှေ့မြောက်အရပ်တွေမှာ အခွင့်အရေး အခွင့်အလန်းများ ရှာဖွေသင့်သည်။ ထိုအရပ်ဒေသများတွင် အောင်မြင်မှု့ ရရှိနိုင်သည်။ မိမိနေအိမ်သို့ အသက်အရွယ် ကြီးရင့်သော ရဟန်းသံဃာတော် တစ်ပါး ထူးထူးခြားခြား ကြွရောက်လာမည်။ အလွန်ကောင်းသော နိမိတ်ဖြစ်သောကြောင့် သင့်အနေနှင့် တတ်နိုင်သလောက် အလှူဒါန ပြုအပ်ပေသည်။ မိမိတို့အတွက် အလုပ်တွင် အကြီးအကဲများ၏ ကူညီပံ့ပို့ပေးခြင်း၊ ချစ်ခင် စောင့်ရှောက်ခြင်းများ ရရှိမည်။

သင်သည် ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းအလုပ်တွင် ပစ်စာတိုင်စာ ခံရတတ်သည်။ အမှု့အခင်း ပြဿနာများ ဖြေရှင်းစရာများ ကြုံရတတ်ပေရာ အထူးသတိထားသင့်သည်။ အထူးအားဖြင့် မိမိ၏ လက်အောက်ငယ်သားများ၏ တော်လှန်ပုန်ကန်ခြင်း ခံရတတ်ပါတယ်။ ပြန်လည် အာခံခြင်း ကြုံရတတ်ပါတယ်။ ကားမောင်း ဆိုင်ကယ်မောင်းတာတွေကိုလည်း ဂရုစိုက်သင့်၏။ အသက်ကို မထိခိုက်သည့်တိုင်အောင် ယဉ်အန္တရယ် ဖြစ်တတ်၏။ ဤအချိန်ကာလတွင် သင်သည် မည်သူ တစ်စုံတစ်ယောက်ကိုမျှ ယုံကြည်ခြင်း မပြုအပ်ပေ။ လူယုံက ဒုက္ခပေးခြင်း ခံရတတ်သည်။ ငွေကြေးကိစ္စများနှင့် ပါတ်သက်၍ ဖြေရှင်းရတတ်သောကြောင့် ချေးငှားခြင်း အာမခံခြင်း မပြုသင့်၊ ရှောင်ကြည်သင့်၏။

မျက်လုံးပျက်သောသူ မျက်စိစွေသောသူ ဒုက္ခပေးခြင်း ခံရတတ်တယ်။ လူမှုရေး ပြဿနာ များတတ်သည်။ ကျန်းမာရေး အနေနှင့်ကတော့ ဆီးပူညောင်းကျ ဖြစ်ခြင်း ဆီးအောင့်ခြင်း မျက်စိနာခြင်း မျက်မှန်ပါဝါ တိုးရခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးဆေးသောက် မှားတတ်သည်။ လောင်းကစား လုပ်ငန်းများ ဖြတ်လမ်းစီးပွားရေးများ လုံး၀ မပြုလုပ်သင့်၊ ဘဝပျက်သည့်အထိ ဒုက္ခဖြစ်တတ်သည်။ ထီထိုးခြင်းကို ဝါသနာပါပါက (၁၆) (၆၁) ပါသော ထီအတွဲကို ထိုးပါ။ အိမ်ထောင်ရှိသူများအတွက် အိမ်ထောင်ရေး ကံကြမ္မာ အကောင်းဘက်မှာ ရှိပါတယ်။ သာယာခြင်း အဆင်ပြေခြင်း ချမ်းမြေ့ခြင်းများ ရရှိမည်။ လူငယ်များအတွက် အချစ်ရေး ရှုပ်ထွေးမည်။ ကြားလူ အနှောင့်အယှက် ပြုခြင်း ခံရတတ်သည်။ ကြားလေသွေးလေ ဝေးရတတ်သည်။ သင်၏ ကံဇာတာ အညံ့အခိုက်များ ပြေပျောက်စေပြီး ကောင်းကျိုးများ ပြည့်စုံစေရန်အတွက် သံဃာတော်တို့အား သတ်သတ်လွတ် ဟင်းလျာ လှူဒါန်းပါလေ။

ဗုဒ္ဓဟူးသမီးများအတွက်

ဒီလအတွင်း သင်၏ ကံဇာတာကတော့ ကံကြမ္မာကောင်းများ အပြောင်းအလဲ ဖြစ်နိုင်သော အချိန်ကာလ ဖြစ်သည်။ ကံကြမ္မာ အခွင့်အရေး အခွင့်အလန်းကောင်းများ ရရှိကြုံဆုံမည်။ အထူးအားဖြင့် ဝင်ငွေကောင်းသလို ငွေကြေးအကုန်အကျများလည်း များတတ်သော အချိန်ကာလ ဖြစ်၏။ ပြီးခဲ့သော အချိန်ကာလက ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပြဿနာများ ပြေလည်မည်။ ဖြေရှင်းနိုင်မည်။ ဒီအချိန်မှာ သင့်အတွက် တစ်ခုသတိထားရမည်မှာ ကိုယ့်အတွက် အကျိုးလုံး၀ မရှိသော အလုပ်များလည်း လုပ်ကိုင်နေရတတ်သည်။ တစ်ခု ပျော်စရာ ကောင်းသည်မှာ သင်၏ စိတ်သည် အပျော်အရွှင်ဆုံး အချိန်ဖြစ်သည်။ သင်ကိုယ်တိုင် သင်၏ ကံဇာတာများ ကောင်းမွန်နေသည်ဟူ မိမိကိုယ် မိမိ ယုံကြည်မှု့ ရနေမည်။ စိတ်ဓာတ်များလည်း အလိုလို တက်ကြွနေလိမ်မည်။

အလုပ်အကိုင် အသစ်များ ဖန်တီးနိုင်မည်။ အဆက်အသွယ်ကောင်းများ အဆက်အသွယ် အသစ်များ ရမည်။ မိတ်ရင်းဆွေရင်း ဆရာသမားရင်းများနှင့် အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်သည်များ သားသမီး ရင်သွေးရတနာ ထွန်းကားမှု့ ရရှိမည်။ ခြေနှစ်ချောင်း ဝင်ကိန်း ရှိ၏။ ရွှေထွက်ကိန်း ရှိသည်။ ရွှေပေါင်ရတတ်သည်။ ဆရာအတုဆရာယောင်များနှင့် ကြုံရတတ်သည်။ အမွေနှင့် ပါတ်သက်သော ကိစ္စများ မရှင်းမလင်း ဖြစ်မည်။ မတင်မကျ ဖြစ်မည်။ စကားအပြောအဆို မအောင်မမြင် ဖြစ်မည်။ ဒီအချိန် မပြောသင့်ပေ။ အိုးအိမ်နေရာထိုင်ခင်း နှင့် ပါတ်သက်သော ကိစ္စများ အဆင်ပြေ တိုးတက်မှု့ အောင်မြင်မှု့ရရှိမည်။ မိမိ၏ ဖခင်နှင့် ဆက်နွယ်နေသော အမျိုးအဆွေများဘက်မှ ကူညီထောက်ပံ့ပေးခြင်းများ ရရှိတတ်သည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးတွင် တစ်ယောက်နှင့်တစ်ယောက် သံသယ ပွားရတတ်သည်။ အမြင်မကြည်မလင် ဖြစ်ရတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေး မေတ္တာရေးတွင် အနှောက်အယှက် အနည်းငယ် ကြုံရတတ်သည်။ အထူးအားဖြင့် ကြားလူ အနှောက်အယှက် ဝင်တတ်သည်။ သတိထားရမည်မှာ မလွတ်လပ်သော သူများနှင့် ချစ်ကြိုးသွယ်မိတတ်သည်။ ကျန်းမာရေးနှင့် ပါတ်သက်၍ ဝမ်းဗိုက် မကောင်း ဖြစ်တတ်သည်။ ဝမ်းပျက် ဝမ်းလျော ဖြစ်တတ်သည်။ ထီထိုးခြင်းကို ဝါသနာ ပါသူ ဖြစ်ပါက (၁၃)(၃၁) ပါသော ဂဏန်းကို ရှာ၍ ထိုးပါလေ။ ယတြာအနေနှင့် အိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ လှူဒါန်း၍ လိုရာဆုတောင်းပါလေ။

ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ စိတ်မော လူမောဖြစ်ရတတ်ပါတယ်။ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ ကိုယ်ကျွေးမွေး ပြုစုထားခဲ့တဲ့ လူတွေက ကိုယ့်ကို ပြန်ပြီး တော်လှန်တာ ပုန်ကန်တာ ကြုံရတတ်တဲ့အတွက်လည်း စိတ်ညစ်ရ ဒေါသဖြစ်ရတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ သင့်ကို ပြောချင်တာက စကားနည်းနိုင်သမျှ နည်းပါ။ လိုအပ်သလောက်ပဲ ပြောပါ။ ကိုယ်က အလိုလိုနေရင်း သူတစ်ပါးက လာပြီး တိုက်ခိုက်တာ ပုတ်ခတ်တာ ရန်စတာတွေလည်း ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ တစ်ပိုင်းက စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာကတော့ စိတ်ညစ်ရမယ်။ အလုပ်အကိုင် ရာထူး ဋ္ဌာနန္တရတွေမှာတော့ တိုးတက်မှု့တွေ ကြုံမယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာဆိုရင်လည်း အောင်မြင်မှု့တွေ အကျိုးအမြတ်တွေ အကျိုးခံစားခွင့်တွေ ရရှိတတ်ပါတယ်။ ငွေကြေးကိစ္စ အတွက် စိတ်ညစ်ရမယ်။

ဖြစ်နိုင်ရင် ပိုက်ဆံချေးတာ ကြားထဲက အာမခံပေးတာ မလုပ်သင့်ပါဘူး။ ဆုံးရှုံးတတ်တယ်။ ကိုယ်က စိုက်ပြီး လျှော်ပေးရတတ်ပါတယ်။ အလိုလိုနေရင်းက စိတ်ညစ်နေရာ၊ စိတ်ရှုပ်ထွေးနေတာ၊ ဘာကိုမှ စိတ်မဝင်စားတာတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဘာသာရေး များများ လုပ်ပေးသင့်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေအောင် တရား ထိုင်ပေးသင့်ပါတယ်။ ကောင်းတာလေးတွေလည်း ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ အဖွဲ့အစည်းတွေမှာ ကိုယ်က ဝင်ပါရတတ်ပါတယ်။ ဘာသာရေး လူမှု့ရေး စတဲ့ အဖွဲ့အစည်းတွေမှာ ကိုယ်က နေရာရတာ နာမည် ဂုဏ်သတင်း ကျော်ဇောတာ အရှိန်အဝါ မြင့်မားတာတွေ ရှိတတ်ပါတယ်။

ကျန်းမာရေး အနေနဲ့ကတော့ လှေကားပေါ်က ခြေချော်ကျတတ်တယ်။ ခါးနာသွားတတ်တယ်။ အမြင့်တွေ ဘာတွေက ချောကျတတ်ပါတယ်။ သတိထားပါ။ အချစ်ရေး မေတ္တာရေးကတော့ အင်မတန် ရှုပ်ထွေးမယ့် အချိန်ကာလပါပဲ။ ကြားလေသွေးလို့ ဝေးရတတ်ပါတယ်။ မနာလိုမှု့ သဝန်တိုမှု့တွေ အမြင့်ဆုံးထိ ထိုးတက်လာတတ်ပါတယ်။ လောင်းကစားကတော့ အကျိုးမပေးဘူး။ လုံး၀ မလုပ်ပါနှင့်။ ထီထိုးချင်တယ်ဆိုရင်တော့ (၅)အစ (ဝ)အဆုံး ကိုရှာပြီး ထိုးပါ။ဘာပဲဖြစ်ဖြစ် သင့်ကံဇာတာ အညံ့အခိုက်လေးများ ပြေပျောက်သွားအောင် ယတြာတော့ ချေသင့်ပါတယ်။ ဒန်ပေါက် ထမင်းတစ်ထုပ်ကို ဆွမ်းခံကြွသော သံဃာတော်ကို ဒါနပြုပါလေ.. အထက်ပါ ယတြာကို မကြာခန ဆောင်ရွက်ပါ။

သောကြာသားသမီးများအတွက်

ဒီလအတွင်းမှာ မိတ်ဆွေတို့ရဲ့ ကံကြမ္မာကို ပြောရရင်တော့ ကံကြမ္မာက အကောင်းဘက်မှာ အလေးသာနေပါတယ်။ ဘာလုပ်လုပ် ဘာကိုင်ကိုင် အဆင်ပြေမယ့် အချိန်ပဲ ဆိုပါတော့။ ဒါကြောင့် သင်ပိုင်ဆိုင်သော အချိန်ကာလတွေကို ပျော်ရွှင်စွာ ဖြတ်သန်းပေတော့။ ရည်ရွယ်ချက် ရည်မှန်းချက်တွေ ပြည့်စုံ အောင်မြင်မယ်။ တနင်္လာနံ ( ခြံ၊ ကား၊ အခန်းကိစ္စ၊ ငွေကြေး) ဆိုင်ရာ ကိစ္စများနှင့် ဗုဒ္ဓဟူးနံ (ယဉ်၊ ရွှေ၊ လူ၊ အနုပညာ၊ အလှပညာ) လုပ်ငန်းများနှင့် ပါတ်သက်၍ တိုက်ရိုက်၍သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်၍ စီးပွားရေး တိုးတက် အောင်မြင်မည်။ ဤကာတွင် သင်သည် မြတ်သော ထူးခြားသော ပုဂ္ဂိုလ်ထူးများနှင့် ဆုံတွေ့ ဖူးမြင်ရတတ်သည်။ အင်မတန် ကံထူးခြင်း ဖြစ်၏။ ရှင်သီဝလိ ပုံတော်များ အလိုလို ဝင်ရောက်လာတတ်သည်။ နိမိတ်ကောင်းသည်။ အင်မတန် လာဘ်လာဘ ရွှင်မည့် အချိန်ကာလ ဖြစ်သောကြောင့် ထီကို ကံစမ်းသင့်သည်။

ဆုမဲကိစ္စ ငွေကြေးကိစ္စများ အထူး အောင်မြင်နိုင်သည်။ လက်ဝတ်ရတနာများလည်း ဝင်ကိန်း ရှိသည်။ မည်သည့်အခက်အခဲမဆို မိမိမှ ဖြေရှင်းစရာ အထူးအထွေမလိုပဲ ပြေလည်သွားမည်။ အချိန်ကာလ အတော်ကြာကြာ ဝေးကွာနေသူများနှင့် ပြန်လည်ဆုံတွေ့ရခြင်း အဆက်အသွယ်ရခြင်းများ ကြုံမည်။ ငယ်ရွယ်သူများအတွက် အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းမွန်လှသည်။ စန်းပွင့်ခြင်းနှင့် ချစ်သူနှင့် ပြေလည်ခြင်း ရည်ရွယ်ချက် ရည်မှန်းချက်များ အောင်မြင်နိုင်မည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေး အခြေအနေ အနည်းငယ် ကတောက်ကဆ ဖြစ်တတ်သည်။ သို့သော် စိုးရိန်စရာ မရှိပေ။ မိတ်ဆွေ အပေါင်းအသင်း ဆရာသမားကောင်းများ၏ ကူညီမစ ထောက်ပံ့ပေးခြင်းများ ရရှိမည်။ စီးပွားရေး အလုပ်အကိုင်နှင့် ပါတ်သက်၍ ရည်ရွယ်ချက် ရည်မှန်းချက်များ စတင် အကောင်အထည် ဖော်သင့်သည်။ လုပ်ငန်း တိုးချဲ့သင့်သော အချိန်ကာလလည်း ဖြစ်သည်။ လုပ်မည်ဟု စိတ်ကူးလိုက်သည်နှင့် အမြန်ဆုံးသာ အကောင်အထည် ဖော်ဖို့ တိုက်တွန်းလိုသည်။

စီးပွားရေးနှင့် ပါတ်သက်၍ သိသိသာသာ တိုးတက်ကိန်း ရှိသည်။ မိမိအိမ်မှာ ရှိတဲ့ စက်ပစ္စည်းများ အပျက်အစီး များတတ်သည်။ စက်ပစ္စည်း အလဲအလှယ် မလုပ်သင့်သေး၊ ကိုယ့်လက်ထဲရောက်မှ မကောင်းသော ပစ္စည်း ဖြစ်နေတတ်သည်။ ကျန်းမာရေးနှင့် ပါတ်သက်၍ သင်၏ မျက်စိနှင့် ပါတ်သက်၍ ဝေဒနာ ခံစားရတတ်သည်။ ဆီးအောင့်ခြင်း ဖြစ်တတ်သည်။ အစာမှား ဆေးမှား ဖြစ်တတ်သည်။ အစာအဆိပ်သင့်တတ်သည်။ မည်သို့ပင် ဆိုးစေကာမူ သင်၏ ကံဇာတာ ကောင်းမွန်သော အချိန်ကာလ ဖြစ်သည့်အတွက် ထီကံချဲကံ ကောင်းသည်။ ထီထိုးလိုပါက (၂၄)(၄၂)အတွဲ ပါအောင် ထိုးသင့်သည်။ ယတြာချေလိုပါက ဘုရားရင်ဘတ်တော်တွင် ရွှေသင်္ကန်းကပ်လှူပါ။ ခေါင်းလောင်းလှူပေးပါ။ သံဃာတော် အရှင်မြတ်တို့အား ရေလှူဒါန်းပါလေ။

စနေ သားသမီးများအတွက်

ဒီလအတွင်းမှာ စီစဉ်ထားခြင်း မရှိဘဲ ရုတ်တရက် ကောက်ကာငင်ကာနှင့် ခရီးသွားရတတ်ပါတယ်။ ကောင်းသောခရီး ဖြစ်မယ်။ ကိုယ်ရည်ရွယ်ထားတာတွေ ရည်မှန်းထားတာတွေ ဒီအချိန်မှာ လွယ်လင့်တကူ ဖြစ်မြောက် အောင်မြင်လိမ့်မည်။ ငွေတွေဘာတွေ ကျပျောက်တာလေးတော့ ဖြစ်တတ်ပါတယ်။ မိမိနှင့် ဝေးရပ်က အလုပ်အကိုင်နှင့် ပါတ်သက်ပြီး အဆက်အသွယ်လေးတွေ ရလာလိမ့်မယ်။ လုပ်ဖြစ်ပါက အောင်မြင်နိုင်သည်။ ဘာသာရေးကိစ္စ အဓိဋ္ဌာန်ကိစ္စ ပညာရေးကိစ္စများအတွက် ခရီးထွက်ရလိမ့်မည်။ ထူးခြားသော ဘာသာရေးနှင့် ပါတ်သက်သော ပုံတော်များ ရုပ်ပွားတော်များ ရရှိမည်။ မိတ်ရင်းဆွေရင်း ဆရာရင်း သမားရင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။

အမျိုးသားတွေ မိန်းမကိစ္စနှင့် ဆက်နွယ်ရေး နာမည် ဂုဏ်သိက္ခာ ကျဆင်းတာ၊ စွပ်စွဲပြောဆိုခံရတာ ကြုံရတတ်ပါတယ်။ဂရုစိုက်ပါ။ အလုပ်အကိုင် နေရာထိုင်ခင်း အပြောင်းအရွေ့တွေ စီစဉ်ဆောင်ရွက်ရင် အောင်မြင်နိုင်တယ်။ တောင်အရပ်မှ လူမျိုးခြား ဘာသာခြား ကောင်းကျိုးပြုမည်။ သားသမီး အလိုရှိသူများ သားသမီး ဝင်ကိန်းရှိသည်။ ပျိုရွယ်သူများ အချစ်ရေး ကံကောင်းသည်။ ချစ်သူနှင့် အိမ်ထောင်ပြုရန်ကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး ထူးထူးထွေထွေ ညံ့ခြင်း မရှိပါ။ ဗိုက်အောင့်ခြင်း အနည်းငယ် ဖြစ်တတ်သည်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှ (၆၄)ပူးနေသော ဂဏန်းကို ထိုးသင့်ပါတယ်။ ယတြာအနေနှင့်ကတော့ ရှောက်သီးသုတ် ဆွမ်းတော်တင်ပါ။ ကိုယ်တိုင်လည်း စားပါ။ အုန်းနို့ခေါက်ဆွဲကို ပဲသွေးနှင့်ချက်ကာ လေးဆင့်ချိုင့်နှင့်ထည့်၍ အနီးအပါး လှူဒါန်းပါလေ….။

(၇)ရက်သားသမီးအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။

Credit-ဆရာအောင်ချစ်မင်း

Leave a Reply

Your email address will not be published. Required fields are marked *