ဗဟုတုသ

ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အိမ်တွင်းဖြစ် ချက်နို့ဆီပြုလုပ်နည်း

(Zawgyi)

ပါဝင္ပစၥည္း ၂ မ်ိဳးတည္းနဲ႔ ခ်က္ႏို႔ဆီျပဳလုပ္နည္း

အားလုံးပဲမဂၤလာပါ။ ခ်ိဳၿမိန္ၿပီး အရသာရွိတဲ့ အစားအေသာက္ေတြအတြက္ မပါမျဖစ္တဲ့ ပါဝင္ပစၥည္းတစ္ခုက ႏို႔ဆီပဲျဖစ္ပါတယ္။ ႏို႔ဆီကို ေနရာတိုင္းမွာ အလြယ္တကူ ဝယ္ယူလို႔ရေပမယ့္ တာရွည္ခံပစၥည္းမပါပဲ က်န္းမာေရးနဲ႔အညီ အိမ္မွာကိုယ္တိုင္ ျပဳလုပ္ခ်င္တဲ့သူေတြအတြက္ လြယ္ကူ႐ိုးရွင္းတဲ့ ႏို႔ဆီျပဳလုပ္နည္းေလး မွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား-

ႏြားႏို႔ ၅၀၀ မီလီလီတာ

သၾကားအျဖဴ ၁၅၀ ဂရမ္

ျပဳလုပ္နည္း အဆင့္ဆင့္-

(၁) အရင္ဆုံးႏြားႏို႔က်ိဳရန္ သန႔္ရွင္းတဲ့ ဒယ္အိုးတစ္ခုယူပါ။ ထို႔ေနာက္မီးခပ္ေအးေအးျဖင့္ ႏြားႏို႔ ၅၀၀ မီလီလီတာ ကိုက်ိဳေပးရပါမယ္။

(၂) ႏြားႏို႔ဆူလာၿပီဆိုရင္ေတာ့ သၾကားအျဖဴ ၁၅၀ ကိုေရာထည့္ၿပီး က်ိဳေပးပါ။သၾကားမ်ားအားလုံး ေပ်ာ္ဝင္သြားသည္အထိ ေျဖးေျဖးခ်င္းေမႊ၍ က်ိဳေပးရပါမယ္။သၾကားအားလုံး ေပ်ာ္သြားၿပီဆိုပါက ေနာက္ထပ္ မိနစ္၃၀ခန႔္ ဆက္က်ိဳေပးရပါမယ္။

(၃) ထို႔ေနာက္ ဒယ္အိုးအေပၚကို တက္လာတဲ့ အျမဳပ္ေတြကို ဇြန္းနဲ႔အသာေလးခပ္ထုတ္ၿပီး ဖယ္ေပးရပါမယ္။ အျမဳပ္ေတြ ဖယ္ထုတ္ေနခ်ိန္မွာ ႏြားႏို႔ကို မေမႊဖို႔ေတာ့ သတိျပဳရပါမယ္။ ႏြားႏို႔ရဲ႕အေရာင္က ခရမ္မ္အေရာင္ေျပာင္းၿပီး ခပ္ပ်စ္ပ်စ္ျဖစ္လာၿပီဆိုရင္ေတာ့ တူးမသြားေအာင္ ခပ္သြက္သြက္ေလး ေမႊေပးရပါမယ္။

(၄) ေနာက္ဆုံးအဆင့္အေနနဲ႔ ႏြားႏို႔က လုံးဝပ်စ္ပ်စ္ေလး ျဖစ္လာၿပီး ႏို႔ဆီအျဖစ္ေျပာင္းသြားဆိုရင္ေတာ့ မီးပိတ္ၿပီး ပန္းကန္ထဲသို႔ ေျပာင္းထည့္ကာ အေအးခံေပးပါ။ ထို႔ေနာက္ေရခဲေသတၱာထဲတြင္ အေအးခံၿပီး က်န္းမာေရးနဲ႔ညီၫႊတ္တဲ့ အိမ္ခ်က္ႏို႔ဆီေလးကို မိမိႏွစ္သစ္ရာ အခ်ိဳပြဲ ေကာ္ဖီမ်ားႏွင့္ တြဲဖက္သုံးေဆာင္လို႔ရပါၿပီ။

Source-biggerboderbaking

Credit-MyFood Myanmar

(Unicode)

ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ ချက်နို့ဆီပြုလုပ်နည်း

အားလုံးပဲမင်္ဂလာပါ။ ချိုမြိန်ပြီး အရသာရှိတဲ့ အစားအသောက်တွေအတွက် မပါမဖြစ်တဲ့ ပါဝင်ပစ္စည်းတစ်ခုက နို့ဆီပဲဖြစ်ပါတယ်။ နို့ဆီကို နေရာတိုင်းမှာ အလွယ်တကူ ဝယ်ယူလို့ရပေမယ့် တာရှည်ခံပစ္စည်းမပါပဲ ကျန်းမာရေးနဲ့အညီ အိမ်မှာကိုယ်တိုင် ပြုလုပ်ချင်တဲ့သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ နို့ဆီပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ-

နွားနို့ ၅၀၀ မီလီလီတာ

သကြားအဖြူ ၁၅၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်-

(၁) အရင်ဆုံးနွားနို့ကျိုရန် သန့်ရှင်းတဲ့ ဒယ်အိုးတစ်ခုယူပါ။ ထို့နောက်မီးခပ်အေးအေးဖြင့် နွားနို့ ၅၀၀ မီလီလီတာ ကိုကျိုပေးရပါမယ်။

(၂) နွားနို့ဆူလာပြီဆိုရင်တော့ သကြားအဖြူ ၁၅၀ ကိုရောထည့်ပြီး ကျိုပေးပါ။သကြားများအားလုံး ပျော်ဝင်သွားသည်အထိ ဖြေးဖြေးချင်းမွှေ၍ ကျိုပေးရပါမယ်။သကြားအားလုံး ပျော်သွားပြီဆိုပါက နောက်ထပ် မိနစ်၃၀ခန့် ဆက်ကျိုပေးရပါမယ်။

(၃) ထို့နောက် ဒယ်အိုးအပေါ်ကို တက်လာတဲ့ အမြုပ်တွေကို ဇွန်းနဲ့အသာလေးခပ်ထုတ်ပြီး ဖယ်ပေးရပါမယ်။ အမြုပ်တွေ ဖယ်ထုတ်နေချိန်မှာ နွားနို့ကို မမွှေဖို့တော့ သတိပြုရပါမယ်။ နွားနို့ရဲ့အရောင်က ခရမ်မ်အရောင်ပြောင်းပြီး ခပ်ပျစ်ပျစ်ဖြစ်လာပြီဆိုရင်တော့ တူးမသွားအောင် ခပ်သွက်သွက်လေး မွှေပေးရပါမယ်။

(၄) နောက်ဆုံးအဆင့်အနေနဲ့ နွားနို့က လုံးဝပျစ်ပျစ်လေး ဖြစ်လာပြီး နို့ဆီအဖြစ်ပြောင်းသွားဆိုရင်တော့ မီးပိတ်ပြီး ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အအေးခံပေးပါ။ ထို့နောက်ရေခဲသေတ္တာထဲတွင် အအေးခံပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိမ်ချက်နို့ဆီလေးကို မိမိနှစ်သစ်ရာ အချိုပွဲ ကော်ဖီများနှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ။

Source-biggerboderbaking

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *