ဗဟုတုသ
(Zawgyi)
(နှစ်ဆန်းတစ်ရက်နေ့)
ယနေ့ ၊ နံနက်(၁၀း၇)နာရီမိနစ်အတွင်း အနေကဇာတင်ခြင်း၊ ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ ဖက်ရှင်ဒီဇိုင်းသစ်များထွင် ခြင်း၊ လက်မှတ်ရေးထိုး၊ အင်တာဗျူး ၊ စာရေသားခြင်းတို့ကောင်း၏။
စိုးမိုးသောအကျိုးပးအက္ခရာနှင့် ဂဏန်းများမှာ (စ၊ဇ၊လ၊ယ)၊(၆၊ ၃၊ ၈၊ ဝ)။
အကျိုးပေးအရောင် – အနီရောင်၊ အဖြူ ရောင်၊လိမ္မော်ရောင်
ဆောင်ရန် – စိန်ရတနာ
(Unicode)
သောကြာနေ့ဖွား သားသမီးများ အတွက် ၂၀၂၀ ခုနစ် တစ်နှစ်စာ ဟောစာတမ်း
ယခုနှစ်တွင် စွန့်စွန့်စားစား လုပ်ကိုင်ရမည်။ မိမိကိုယ်ယုံကြည်မှု အပြည့်အဝ ထားရှိသူဖြစ်ပါက ဘဝအတွက်အောင်မြင်ခြင်းပန်းတိုင်က လက်ကမ်းကြိုဆိုလျက် ရှိနေပါသည်။ မထင်မှတ်ဘဲ ငွေကြေးအစုလိုက် အပြုံးလိုက် ဝင်ကိန်းရှိသည်။ ထီပေါက်ကိန်းရှိသည်။ အသက်အရွယ် ကြီးသူများရှိပါက ကျန်းမာရေးဂရုစိုက်ရမည်။ နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ လူသစ်၊ မိတ်သစ်များနှင့် ပူးတွဲလုပ်ခြင်းများအကျိုးပေးမည်။ ဇိမ်ခံပစ္စည်းများ ဝင်မည်။ မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စများ ထူးခြားစွာ အောင်မြင်လာလိမ့်မည်။
သောကြာနေ့ဖွား သားသမီးများ ထီထိုးပါ။ အက္ခရာက (စ၊ဇ၊လ၊ယ) (၆) အစ (ဝ) အဆုံးဖြင့် ထီထိုးပါ။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၃)ရက်၁၃၈၁-ခု ပြာသိုလဆန်း(၉)ရက် သောကြာနေ့ နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(ရး၅၁)နာရီလွန် ဘုရားတည်၊ နားသ၊ ပဉ္စင်းခံ၊ ဧည့်ခံပွဲဖွင့်လှစ်ခြင်း၊ အာမခံ၊ ရေကြောင်း၊ လေကြောင်းခရီးသွားခြင်းတို့ ကောင်း၏။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၁၇)ရက်၁၃၈၁-ခု ပြာသိုလဆုတ်(၈)ရက် သောကြာနေ့နတ်ပြည်ပြဿဒါး
ယနေ့ နေ့စက်(၁၂)နာရီအတွင်း ပန္နက်ရိုက်၊ ကျင်းတူ၊ အုတ်မြစ်ချ တိုင်ထူ၊ လှေကားတင်၊ စေ့စပ်၊ လက်ထပ်၊ သတ္တုတွင်းစူးစမ်းရှာဖွေခြင်း၊ အစုရှယ်ယာဝင်၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ငွေကြေးချေးငှားခြင်း၊ ဆေးဖော်၊ ဆေးဝါဖြန့်ခြင်း၊ ရေကြောင်းခရီးသွားခြင်း တို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၂၄)ရက်၁၃၈၁-ခု ပြာသိုလဆုတ်(၁၅)ရက် သောကြာနေ့လကွယ်နေ့ နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၈း၇)နာရီ မိနစ်လွန် ဘုရားအနေ့ကဇာတင်၊ မြေသန့်မင်္ဂလာ၊ အိမ်ပြောင်း၊ ဆိုင်ဘုတ်တင်ခြင်း၊ နည်းပညာသစ်တီထွင်ခြင်း၊ ခရီးသွားခြင်း၊ ဘာသာရေးစကားပြောဆိုခြင်း ကောင်း၏။
သောကြာသားသမီးတို့သည် ယခုနှစ်တွင် January လ မှ March လအထိ စီးပွားရေးများ သတိနှင့်ဆောင်ရွက်ရမည်။ စကားအပြောအဆို မှားယွင်းမှုကြောင့် ပြဿနာပုံကြီးထိ ဖြစ်ပွားနိုင်၏။ စက်ပစ္စည်းနှင့် ထိခိုက်ဒဏ်ရာရတတ်သည်။ လူမှုရေး…ဘာသာရေးနှင့် လူမှုရေး၊ အဖွဲ့အစည်းသက်ဆိုင်သူ သောကြာနေ့ဖွား အပေါင်းတို့သည်လည်း မိမိသြဇာအာဏာလွှမ်းမိုးနိုင်ရန် အဖက်ဖက်မှ ရုန်းကန်လှုပ်ရှားရန် ကြိုတင် အသိပေးအပ်သည်။
၂၀၂၀-ခုနှစ် မတ်လ (၆)ရက်၁၃၈၁-ခု တပေါင်းလဆန်း(၁၃)ရက် သောကြာနေ့
ယနေ့ နံနက်(၈း၁၅)နာရီလွန် ရှင်ပြု၊နားသ၊ လက်ထက်၊နာမည်မှည့်၊ ရေတွင်းတူး၊ တိုင်ထူ၊ ငွေကြေးချေးငှားခြင်း တို့ကောင်း၏။
၂၀၂၀-ခုနှစ် မတ်လ (၂၇)ရက်၁၃၈၁-ခု နှောင်းတန်ခူးလဆန်း(၄)ရက် သောကြာနေ့ရက်ရာဇာ
ယနေ့ နံနက်(၁၀း၂)နာရီ မိနစ်အတွင်း ဘုရားအနေ့ကဇာတင်၊ ရှင်ပြု နားသ၊ စေ့စပ်၊ ရေတွင်း၊ရေကန်နှင့်အဝီစိတွင်းတူးဖော်ခြင်း၊ ပန္နက်ရိုက်၊ အုတ်မြစ်ချ ၊ ကုမ္ပဏီထူထောင်ခြင်း၊ အသင်းဖွဲ့စည်းခြင်း၊ စူးစမ်းရှာဖွေ့ခြင်း၊ ခွဲစိတ်ကုသခံယူခြင်း တို့ကောင်း၏။သောကြာသားသမီးများ August, February လများတွင် ညီအစ်ကို မောင်နှမဆွေမျိုးများနှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းတွင် အကျိုးအမြတ်များ ပျက်စီးတတ်သည်။ တစ်ဦးထက်ပိုသော အချစ်ရေးမျိုး ခံစားရလိမ့်မည်။ အပေါင်းအသင်းများနှင့် တွဲဖက်၍ အောင်သွယ်ခြင်းများကြောင့် အိမ်ထောင်ကျတတ်သွားသည်။ အိမ်ထောင်ရေးတွင် အသိုင်းအဝိုင်း၊ ဆွေမျိုးစကားများကြောင့် အိမ်ထောင်ရေး အထင်အမြင်လွဲမှုများ ပေါ်ပေါက်တတ်သည်။ စက်ပ္စည်းများ ကိုင်တွယ်ရာတွင် အထူးဂရုစိုက်ပြီးဆောင်ရွက်ရမည်။ ဘုရားဖူးခရီးသွားလားခြင်း၊ ခရီးတို၊ ခရီးရှည်များသွား ရကိန်းရှိသည်။
၂၀၂၀-ခုနှစ် ဧပြီလ (၁၇) ရက်၁၃၈၂-ခုနှစ် ဦးတန်ခူးလဆုတ် (၁ဝ) ရက် သောကြာနေ့ရက်ရာဇာ
ယနေ့ ဘုရားပင့်ဆောင်ခြင်း၊ အနေကဇာတင်ခြင်း၊ ထီးထင်၊ ဘုရားကျောင်းရေစက်ချ၊ တိရိစ္ဆာန်များဘေးမဲ့လွတ်ခြင်း၊ အိမ်သစ်၊ အိမ်တတ်၊ ဆိုင်းဘုတ်တင်၊ နာမည်မှည့်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ စေတီပုထိုးများ သန့်ရှင်းရေးလုပ်ခြင်း၊ သင်္ကန်းကပ်လှူခြင်း၊ လူမှုရေးနှင့်ဘာသာရေး စကားပြောဆိုခြင်းတို့ ကောင်း၏။
(နှစ်ဆန်းတစ်ရက်နေ့)
၂၀၂၀-ခုနှစ် ဧပြီလ (၂၄)ရက်၁၃၈၂-ခုနှစ် ကဆုန်လဆန်း(၃)ရက် သောကြာနေ့နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၁၀း၅၆)နာရီ မိနစ်လွန် ကြေးသွန်းလောင်းခြင်း၊ စက်မှုလက်မှုပညာသင်ယူခြင်း၊ မြေသန့်မင်္ဂလာ၊ကျောက်မျက်ရတနာရောင်းဝယ်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊တံတားမြောင်းပြု၊ ဆည်ပြုပြင်ခြင်း၊ ခရီးသွာခြင်းတို့ကောင်း၏။ (စလွယ်တင် နက္ခတ်မရပါ)
စီးပွားရေး…တရားရှေနေ့၊ ကုန်သွယ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ အသီးဝံလံလုပ်ငန်း၊ ကုန်စိမ်း၊ ကုန်ခြောက် ကုန်သွင်းရေးအရောင်အဝယ်များ အကျိူးသက်ရာက်မှုများသည်။ ထိုအပြင် ရွှေသန့်စင်လုပ်ငန်း၊ စားသောက်ဆိုင်၊ မိတ္တူ ၊စာစီစာရိုက်၊ ဓာတ်ပုံလုပ်ငန်း အကျိူးပေးကောင်း၏။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူဆိုလျှင် ရင်းနှီးမြှင်နှံမှုအစုစုကို ရဲရဲဝံ့ဝံ့ပြု လုပ်နိုင်ပါသည်။ လုပ်ငန်းကိစ္စများအတွက် ရာဟုနှင့် တနင်္လာသားသမီးများ တွဲဖက်ဆောင်ရွက်ခြင်းများ ဂရုစိုက်ပေးပါ။ ကြာသပတေးနှင့် စနေသားသမီးများ အကျိူးပေးကောင်း၏။ မိမိရင်းနှီးမြှပ်နံှမှု ရှိသလောက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်သောနှစ် ဖြစ်သည်။ ရည်ရွယ်ချက်ထားတိုင်း အတိုက်အခံများနှင့် ကြုံတွေ့ရမည်။
၂၀၂၀-ခုနှစ် မေလ (၁)ရက်၁၃၈၂-ခုနှစ် ကဆုန်လဆန်း(၁ဝ)ရက် သောကြာနေ့နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၉း၃၅)နာရီအတွင်း ဘုရားပင့်ဆောင်ခြင်း၊ပန္နက်ရိုက်၊ တိုင်တူ၊ အုတ်မြစ်ချ ရေကြောင်းခရီးတို့ကောင်း၏။
ပညာရေး… ပညာစာပေသင်ကြားနေသူများ မိမိတို့၏ ဆုံးဖြတ်ချက်ခိုင်မာစွာ ထားရှိရန် လိုအပ်ပါသည်။ နိုင်ငံတကာအဆင့်မြင့် ပညာရေးအတွက် မျှော်လင့်ချက်ထားရှိသူများ အလိုဆန္ဒပြည့်ဝပါမည်။ မိမိတို့၏ ကံတရားက ရှေဆောင်ပြီး အကျိုးရှိသော ပညာရေးဆိုင်ရာနှင့် အကြီးအကဲများ၏ ယုံကြည်အားထာပြီး အကြီးအကဲနေရာကနေ ကိုယ်စားလှယ်အနေနှင့်သော်လည်းကောင်း၊ အလုပ်စီးပွားအတွက် ပြည်တွင်း၊ပြည်ပ ခရီးသွာရကိန်း ကြုံတွေ့ရအံ့။ ကျန်းမာရေးကြောင့် ပညာရေးတွင် အနှောင့်အယှက် အနည်းငယ်ရှိနိုင်သည်။
၂၀၂၀ – ခုနှစ် ဇွန်လ (၁၉) ရက် ၁၃၈၂ – ခုနှစ် နယုန်လဆုတ်(၁၄)ရက် သောကြာနေ့
ယနေ နေ့စက် (၁၂) နာရီအတွင်း ဘုရားအနေ့ကဇာတင်၊ ထီးထင်၊ စေတီပုထိုးပြုပြင်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်း၊ စာပေကျမ်းဂန်ပြုစုခြင်း၊ ကျောက်ဆစ်ထုခြင်း၊ လူမှုရေးစကားပြောခြင်း တို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇွန်လ (၂၆)ရက်၁၃၈၂-ခုနှစ် ပ-ဝါဆိုလဆန်း(၇)ရက် သောကြာနေ့ယနေ့ နံနက်(ရး၄၅)နာရီအတွင်း ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊ နာမည်မှည့်၊ သတ္တုတွင်း စူးစမ်းရှာဖွေခြင်း၊ ထီထိုး၊ ဆေးဝါးဖော်ခြင်း၊ ခရီးသွားခြင်းကောင်း၏။
အချစ်ရေးနှင့် အိမ်ထောင်းရေး…သောကြာသားသမီးများ ပျိုရွယ်သူများ နှလုံးသားချစ်ရေးရာ ဦးစာမပေးဘဲ ပညာရေးကို ဦးစားပေးကြိုးစားပါက အထူးအောင်မြင်မည်။ ပျိုရွယ်သူများ အချစ်ကို ဖွင့်ပြောရန် ဝန်လေးပြီး နှုတ်ခမ်းနှေးခြင်းကြောင့်တစ်ပါးသူလက်သို့ ချစ်သူပါသွားတတ်သည်။ အချစ်ရေးသမားအတွက် မိမိတို့ရရှိလာသော အခွင့်အရေးများကို ပိုင်နိုင်စွာ အသုံးချတတ်မှသာလျှင် ပန်းပန်နိုင်သူဖြစ်ပါမည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး သာယာပြီးစည်းစိမ်ဥစ္စာတိုးပွားသောနှစ် ဖြစ်သည်။ သို့သော်တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကောင်းစွာရရှိသူများအတွက် အကျိုးပေး ကောင်းမွန်ပါမည်။
အိမ်ထောင်ရေး၊ အချစ်ရေးနှင့်ပတ်သက်၍ မိမိအိမ်ထောင်ဖက်ကို အထူးချစ်ခင်၊ အနစ်နာခံ အနွံအတာခံလိုစိတ် ရှိကြလိမ့်မည်။ အိမ်ထောင်ရေးမှာ မကြာခဏဆိုသလို အထင်လွဲမှားမှု ကြုံတွေ့ရတတ်သလို တစ်ခုလပ်၊ မုဆိုးမ မလွတ်သူများနှင့် ဆုံရတတ်၍ အိမ်ထောင်ရေ ကွဲကိန်းခြင်းများ ဖြစ်လာနိုင်သည်မို့ အထူးဂရုပြုပါ။ လူယုံလွယ်မှုကို သတိထားဆင်ခြင်သင့်၏။ အမွေအနှစ် ကိစ္စအတွက် ဆွေမျိုးများနှင့် အငြင်းပွားပြီး ဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။
၂၀၂၀ – ခုနှစ် ဇူလိုင်လ ၃ ရက် ၁၃၈၂-ခုနှစ် ပ – ဝါဆိုလဆန် ၁၄ ရက် သောကြာနေ့
ယနေ့ ၊ နေစက (၁း၅၂) နာရီမိနစ်လွန် ဘုရားအနေ့ကဇာတင်၊ ကြေးသွန်းလောင်းခြင်း၊ ရှင်ပြု၊ နားသ၊ ရတနာစူးစမ်းရှာဖွေ့ခြင်း၊ ဆိုင်သစ်ဖွင့်၊ ကုမ္ပဏီထူထောင်ခြင်း ခရီးသွားခြင်းကောင်း၏။
သောကြာသားသမီးများ၏ အိမ်ထောင်ဘက် တနင်္လာ,စနေ ထိုနေနံသားသမီးနှင့် ပြုထားသူနှင့် ချစ်သူ၊ ရည်းစားအိမ်ထောင်ရှင်များတွေကတော့ အထူးသတိထားသင့်။ အထူးညံ့ပါလိမ့်မည်။ အသက်ပိုင်းခြားကတော့ အိမ်ထောင်ဘက် အသက် ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁ နှစ်တွေက အထူးသဖြင့် ညံ့မည်။
လူငယ်လူရွယ်များ ချစ်သူပေါ် သံသယာစိတ်ဝင်လာတတ်လို့ နှစ်ဖက်မိဘများ သဘောထား ကွဲလွဲမှုကြောင့် မိမိအချစ်ရေးများ ကျန်ကြာနှောင့်နှေးတတ်သည်။ အိမ်ထောင်ရှင်များ ရံဖန်ရံခါ စကားငြင်းဆိုမှုများ ပတ်ဝန်းကျင်ကြောင့် ပေါ်လာမည်။ မိသားစုအတွင်း ပြင်ပပြဿနာများ ဝင်လာပြီး အပြောအဆိုခံရတတ်သည်။ စိတ်အနှောက်အယှက်ဖြစ်နေမည်။ အိမ်ထောင်ဘက်နှင့် ချစ်ရေးရာကိစ္စများတွင် ဆုတ်ကံစန်းထပြီး မိမိတို့ဘဝလက်တွဲဖို့ ကြင်ဖက်ရွေးချယ်မှန်ရန် အရေးကြီးသော နှစ်ကာလပင်ဖြစ်သည်။ အလောတကြီးလုပ်ဆောင်မှု၊ ဒေါသအလိုအလျှောက် စိတ်မြန်လုပ်ဆောင်ခြင်း ရှောင်ကြဉ်၍ မိမိတို၏ စိတ်ကို တည်ငြိမ်စွာနှင့် စိတ်လေ့လွင့်မှုကို အကောင်းဆုံးထိန်းချုပ်ပြီး ကြိုစားအားထုတ်လျှင် အောင်မြင်မှုကို လက်ဆုတ်လက်ကိုင် ရလဒ်ကောင်းများ ရရှိမည်။
၂၀၂၀-ခုနှစ် စက်တင်ဘာလ (၁၈) ရက်၁၃၈၂-ခုနှစ် တော်သလင်းလဆန်း (၂) ရက် သောကြာနေ့
ယနေ့ ၊ နံနက်(၁၀း၇)နာရီမိနစ်အတွင်း အနေကဇာတင်ခြင်း၊ ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ ဖက်ရှင်ဒီဇိုင်းသစ်များထွင်ခြင်း၊ လက်မှတ်ရေးထိုး၊ အင်တာဗျူ ၊ စာရေသားခြင်းတို့ကောင်း၏။
အသက် ၆၊ ၇၊ ၁၅၊ ၁၄၊ ၂၂၊ ၂၃၊ ၃၀၊ ၃၁၊ ၃၈၊ ၃၉၊ ၄၆၊ ၄၇၊ ၅၄၊ ၅၅၊ ၆၂၊ ၆၃၊ ၇၀၊ ၇၁၊ ၇၈၊ ၇၉နှစ်တွေ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် အချစ်ရေး၊ အိမ်ထောင်ရေး ဘာသာရေး အလှူတန်း ပေးရခြင်း ကံကောင်း၍ အကျိုးခံစားရမှုရရှိမည်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စများ ထူးခြားစွာ အောင်မြင်လာလိမ့်မည်။ မထင်မှတ်ထားသော နေရာဒေသ၊ ပြည်ပရပ်ခြား ခရီးတို ခရီးရှည်များ သွားရကိန်းရှိသည်။ ပြည်ပခရီးသွားလုပ်ငန်းနှင့် ခေတ်မီအပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ အထူးအကျိုးပေးနှစ် ဖြစ်သည်။
မိတ်ဆွေအဟောင်းများ တွေ့တတ်ပြိး လုပ်ငန်းသစ်များလုပ်ရမည်။ ယခုနှစ်တွင် မမျော်လင့်ထားသော စည်းစိမ်ဥစ္စာ ရရှိခံစားရမည်။ မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇော်မည်။ မိမိအလိုရှိရာကို ကြိုးဆွဲ၍ ဖန်းတီးခြင်း ရယူပိုင်ဆိုင်နိုင်သည့်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်စိတ်ကျစွာ ရင်းနှီး မတည်မှု ရဲရဲဝံ့ဝံ့ ပြုလုပ်ပါ။ ဒါပေမယ့် ခိုင်မာတိကျတဲ့လုပ်ငန်း၊ ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ဖို့တော့ လိုအပ်ပြီး ကြိုးစားလုပ်ကိုင်ပါ။ အောင်မြင်မှုရပါလိမ့်မည်။
၂၀၂၀ – ခုနှစ် အောက်တိုဘာလ (၂) ရက် ၁၃၈၂ – ခုနှစ် တော်သလင်းလဆုတ် (၁)ရက် သောကြာနေ့
ယနေ့၊ နံနက်(၁၀း၂)နာရီမိနစ်လွန် ရေတွင်းရေကန်၊အဝိစီတူးဖော်ခြင်း၊ မြေသန့်မင်္ဂလာ၊ ဆေးဖော်၊ ဆေးခန့်ဖွင့် ဆိုင်းဘုတ်တင်၊ ဒီဇိုင်းတီထွင်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ ခရီးသွားလာခြင်း၊ လူမှုရေးစကားပြောခြင်းကောင်း၏။
ဤနှစ် အသက်ပိုင်းခြားအထူး ၃နှစ်, ၁၁နှစ်, ၁၉နှစ်,၂၇နှစ်, ၃၅နှစ်, ၄၃နှစ်, ၅၁နှစ်, ၅၉နှစ်, ၆၇နှစ်, ၇၅နှစ်တွေမှာ သတိနှင့်လုပ်ဆောင်ရမည်။ စီးပွားကူးသန်း ကုန်သွယ်ရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်မှုများ အထူးအကျိုးရလဒ်ရရှိပြိး သို့သော် ကုန်သွယ်မှု ဥပဒေများ ပြောင်းလဲမှု အခက်တွေ့ရခြင်း၊ တရားမဝင် ကုန်သွယ်ခြင်း၊ ပြည်တွင်းကုန်စည် အစိုးရအကြီးအကဲပုဂ္ဂိများ အရေးယူဆောင်ရွက်ခြင်း ထိန်းသိမ်း ယာယီပိတ်ပင်ခြင်းနှင့် ရပ်စဲခံရခြင်းများ ဖြစ်လာတတ်သည်။
အကောင်းအဆိုး ဒွန်းစဏ္ဍား ဒွန်တွဲနေသော်လည်း မိမိတို၏ ကံ၊ဉာဏ်၊ဝိရိယ အားဖြင့် နည်းလမ်းမှန်ကန်စွာ လုပ်ဆောင်သွားမယ်ဆိုလျှင် မိမိတို့၏ လုပ်ငန်းစီးပွားရေး အောင်မြင်ဖြစ်ထွန်း၍ ငွေကြေးဥစ္စာများစွာ ရရှိနိုင်လိမ့်မည်။ ပညာရေးတွင် အရှေ့ပိုင်းတွင်ကြိုးစားမှု အားကောင်းပြီး နောက်ပိုင်းတွင် အပေါင်းအသင်းများကြောင့် မိမိရည်မှန်းချက်များနှင့်ဝေးကွာတတ်သည်။ ပြည်ပသို့ ပညာသင်ယူခွင့် အခွင့်အရေးများ ဝင်လာမည်။ မကောင်းမှု့များရှောင်ပြီး ကောင်းမှု့ကုသိုလ် များများလုပ်ပါ။ ရတနာသုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထားပါ။ဘာသာရေး ဘုရားတရားများများ လုပ်ပါ။ အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများ ပြုလုပ်ပါ။
၂၀၂၀ – ခုနှစ် နိုဝင်ဘာလ (၂၇) ရက် ၁၃၈၂ – ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၃)ရက် သောကြာနေ့
ယနေ့ ဘုရားအနေ့ကဇာတင်၊ နံနက်(၁၀း၂)နာရီ မိနစ်အတွင်း ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက်၊ ရတနာစူးစမ်းရှာဖွေ့ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်၊ မိတ်ဆွေဖွဲ့ခြင်း၊ ကလေးထမင်းခွံ့၊ နာမည်မှည့် ကင်းပွန်တပ်၊ အာမခံလက်မှတ်ရေးထိုးခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်၁၃၈၂-ခုနှစ် နတ်တော်လဆန်း(၁၁)ရက် သောကြာနေ့
ယနေ့ နံနက်(၁၀း၁၃)နာရီ မိနစ်အတွင်း ဘုရားအနေ့ကဇာတင်၊ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက်၊ ရေတွင်းရေကန်၊အဝိစီတူးဖော်ခြင်း၊ ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ ထီးထိုး၊ ဆိုင်ဘုတ်တင်ခြင်း၊ ခွဲစိတ်ကုသခံယူခြင်း ခရီးသွာခြင်းကောင်း၏။
ကျန်မားရေး…ကျန်းမာရေးအတွက် သောကြာနေ့ဖွား ဂရုစိုက်ရပါမည်။ သွား၊ ခံတွင်းဝေဒနာ အရိုးနှင့်ပတ်သတ်သော ဝေဒနာ၊ မီးယပ်၊ ဝမ်းဗိုက်ဝေဒနာ တို့ဖြစ်တတ်သည်။ အနာရောဂါရှိသူများ ဖြစ်ပါက ဆေးဝါးကုသမှု ခံယူခြင်းဖြင့်၎င်း၊တရားဓမ္မနည်း၊ ယောဂကျင့်စဉ်နည်းတို့ဖြင့် ကုသသောနည်းများပါ ကျင့်သုံးရန် သင့်တော်ပါသည်။ ဆေးဝါးကုသ ဆေးဖိုးဝါးခ အကုန်ခံနိုင်ပါသော်လည်း ရောဂါပျောက်ကင်းမှုမရှိပေ။
ဆောင်ရွက်စရာကိစ္စ- ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအတွက် အရှေ့အရပ်မျက်နာမူ၍ (မေတ္တာသုတ်) ရွတ်ဆိုပြီး ခရီးသွားခြင်း၊ အနီရောင်၊ အဖြူရောင်၊လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။
တောင်အရပ်သို့ ရေလမ်းခရီးသွားခြင်း ရှောင်ကျဉ်ပေးပါ။
စိုးမိုးသောအကျိူးပးအက္ခရာနှင့် ဂဏန်းများမှာ (စ၊ဇ၊လ၊ယ)၊(၆၊ ၃၊ ၈၊ ဝ)။
အကျိူးပေးအရောင် – အနီရောင်၊ အဖြူ ရောင်၊လိမ္မော်ရောင်
ဆောင်ရန် – စိန်ရတနာ
ယတြာ – မိမိအိမ်ဘုရားစင်မှာ မိမိမွေးနေ့တွင်အဖြူ ရောင်သစ္စာပန်း၊ အဖြူ ရောင်နှင်းဆီပန်း၊ သဇင်ပန်း၊ ဇီးညွန့်(၁၁)ညွှန့် ဘုရားတွင်လှူ ပေးပါ။ မိမိမွေးနေ့တွင် ဆီမီး(၅)ခွက်လှူပေးပါ။ ပဲပြုတ်၊ ငချိတ်ပေါင်း၊ ဘရာကြော် ဆွမ်းကပ်လှူ ပေးပါ။ တန်ခိုးကြီးဘုရားမှာ မွေးနေ့ နံနက်(၉)အချိန် ကြာသပတေးနံဘုရားတွင် ခဲရောင်ဝတ်ဆင်ပြီး တောင်ဇလပ်ပန်း(၅)ပွင့် ကပ်လှူပါ။ ရွှေထီး၊ ငွေထီး၊ တံခွန်၊ ကုက္ကားများလှူ ပေးပါ။
Credit–ဆရာမင်းသူရ ဗေဒင်ယတြာ 09751089826
Leave a Reply
Your email address will not be published. Required fields are marked *