ဗဟုတုသ

အိမ်နီးပါးချင်းတွေကို ကုသိုလ်ယူ ဝေငှဖို့ပဲဖြစ်ဖြစ်၊ မိသားစု အပျော်မုန့်လုပ်စားတာပဲဖြစ်ဖြစ်အတွက် ရွှေရင်အေးလုပ်နည်း။

(Zawgyi)

အိမ္နီးပါးခ်င္းေတြကို ကုသိုလ္ယူ ေဝငွဖို႔ပဲျဖစ္ျဖစ္၊ မိသားစု အေပ်ာ္မုန္႔လုပ္စားတာပဲျဖစ္ျဖစ္ ေရႊရင္ေအးလုပ္နည္း

ေရႊရင္ေအးလုပ္နည္း

အုန္းသီး – ၇ လံုး

ေကာက္ညွင္း – ႏို႔ဆီ ၄ ဘူး

မုန္႔လက္ေဆာင္းဖတ္ – တျပည္

သာကူေစ့ – ၂၅က်ပ္သား

ေက်ာက္ေက်ာမႈန္႔ – အထုပ္ၾကီး ၁ထုပ္

ေပါင္မုန္႔ – အခ်ပ္ ၅၀

သၾကား – ၁ပိႆာ ႏွင့္ ၂၅က်ပ္သား

နည္းနည္း လက္ဝင္တဲ့ အပိုင္းကေတာ့ ေက်ာက္ေက်ာက်ိဳဖို႔ပါပဲ။ ေက်ာက္ေက်ာမက်ိဳခင္ သၾကားေတြကို အိုးတလံုးထဲထည့္ျပီး ေရနဲ႔က်ိဳလို႔ အမႈန္အမိႈက္ေတြကို စစ္ထုတ္ပါ။ ျပီးမွ ေက်ာက္ေက်ာမႈန္႔၊ အုန္းႏို႔တို႔နဲ႔ေရာျပီး မီးေအးေအးနဲ႔ ေမႊျပီးတည္ေပးရပါမယ္။ ေက်ာက္ေက်ာရည္ေတြ အမွ်င္တန္းျပီး ပ်စ္စျပဳလာျပီဆိုရင္ေတာ့ ဗန္းတခ်ပ္ထဲ ေလာင္းခ်ျပီး အေအးခံထားရပါမယ္။

ေနာက္တဆင့္အေနနဲ႔ သာကူခ်က္ရပါမယ္။ သာကူေစ့ေတြကို ပြက္ပြက္ဆူ ေရေႏြးအိုးထဲကို ထည့့္ျပီး ဇြန္းနဲ႔ ခပ္သာသာ ေမႊေပးပါ။ သာကူေစ့ေတြ ခဲမသြားေစဖို႔ အဆက္မျပတ္ ေမႊေပးဖို႔လိုပါတယ္။ သာကူေစ့ေတြ ေၾကမကုန္ဖို႔လည္း သတိျပဳပါ။ သာကူေစ့ေတြ ႏူးလာျပီဆိုရင္ေတာ့ ဇကာတခ်ပ္ထဲ သြန္စစ္ခ်လို႔ ေရေအးနဲ႔ ေလာင္းေပးရပါမယ္။

ေကာက္ညွင္းခ်က္ဖို႔အတြက္ကေတာ့ ထမင္းေရခန္း ခ်က္သလိုပါပဲ။ ေရနည္းနည္းေလွ်ာ့့ျပီး ထည့္ဖို႔ေတာ့ လိုပါတယ္။ ေရႊရင္ေအးမွာ ပါဝင္တဲ့ အဆာပလာေတြ စံုျပီဆိုရင္ေတာ့ ဆမ္းစားရမယ့္ အုန္းႏို႔အတြက္ ျပင္ဆင္ရပါမယ္။ ညွစ္ျပီးသားအုန္းႏို႔ထဲကို သၾကားရည္ကို ေရာစပ္ပါ။ အီဆိမ့္ဆိမ့္အရသာကို ၾကိဳက္တတ္မယ္ဆိုရင္ေတာ့ ႏို႔စိမ္းေလးတဘူးေလာက္ေဖာက္ျပီးလည္း ထည့္ႏိုင္ပါေသးတယ္။ ပြဲ ၅၀ စာအတြက္ေတာ့ ႏို႔စိမ္း ၃ဘူးေလာက္ လိုမွာပါ။

အားလံုးအသင့္ျဖစ္ျပီ ဆိုရင္ေတာ့ ေဇာက္ပါတဲ့ ပန္းကန္တလံုးထဲမွာ ေပါင္မုန္႔တခ်ပ္၊ ေကာက္ညွင္းတဇြန္း၊ သာကူေစ့တဇြန္း၊ ေက်ာက္ေက်ာတံုးအနည္းငယ္တို႔ကို ျပင္ဆင္ျပီးထည့္လို႔ အသင့္စပ္ထားတဲ့ ေရခဲစိမ္အုန္းႏို႔ရည္ေအးေအးေလးဆမ္းျပီး စားလိုက္ရင္ေတာ့ ေႏြရာသီရဲ႕ အပူေတြ အေမာေတြကို ေမ့ပစ္လိုက္ႏိုင္မယ့္ ေရႊရင္ေအး ခ်ိဳခ်ိဳေအးေအးေလးတစ္ပြဲက အသင့္ရွိေနျပီျဖစ္ပါတယ္။

ေရႊရင္ေအးအတြက္ လုပ္ပံုလုပ္နည္းေတြ သိျပီဆိုရင္ေတာ့ ေႏြရာသီ သၾကၤန္ပိတ္ရက္ေတြမွာ အိမ္မွာ နားနားေနေနနဲ႔ မိသားစု အေပ်ာ္မုန္႔လုပ္စားတာပဲျဖစ္ျဖစ္၊ အိမ္နီးပါးခ်င္းေတြကို ကုသိုလ္ယူ ေဝငွဖို႔ပဲျဖစ္ျဖစ္ အဆင္ေျပျပီလို႔ ေမွ်ာ္လင့္ပါတယ္။

Credit-Original Uploader

(Unicode)

အိမ်နီးပါးချင်းတွေကို ကုသိုလ်ယူ ဝေငှဖို့ပဲဖြစ်ဖြစ်၊ မိသားစု အပျော်မုန့်လုပ်စားတာပဲဖြစ်ဖြစ် ရွှေရင်အေးလုပ်နည်း

ရွှေရင်အေးလုပ်နည်း

အုန်းသီး – ၇ လုံး

ကောက်ညှင်း – နို့ဆီ ၄ ဘူး

မုန့်လက်ဆောင်းဖတ် – တပြည်

သာကူစေ့ – ၂၅ကျပ်သား

ကျောက်ကျောမှုန့် – အထုပ်ကြီး ၁ထုပ်

ပေါင်မုန့် – အချပ် ၅၀

သကြား – ၁ပိဿာ နှင့် ၂၅ကျပ်သား

နည်းနည်း လက်ဝင်တဲ့ အပိုင်းကတော့ ကျောက်ကျောကျိုဖို့ပါပဲ။ ကျောက်ကျောမကျိုခင် သကြားတွေကို အိုးတလုံးထဲထည့်ပြီး ရေနဲ့ကျိုလို့ အမှုန်အမှိုက်တွေကို စစ်ထုတ်ပါ။ ပြီးမှ ကျောက်ကျောမှုန့်၊ အုန်းနို့တို့နဲ့ရောပြီး မီးအေးအေးနဲ့ မွှေပြီးတည်ပေးရပါမယ်။ ကျောက်ကျောရည်တွေ အမျှင်တန်းပြီး ပျစ်စပြုလာပြီဆိုရင်တော့ ဗန်းတချပ်ထဲ လောင်းချပြီး အအေးခံထားရပါမယ်။

နောက်တဆင့်အနေနဲ့ သာကူချက်ရပါမယ်။ သာကူစေ့တွေကို ပွက်ပွက်ဆူ ရေနွေးအိုးထဲကို ထည့်ပြီး ဇွန်းနဲ့ ခပ်သာသာ မွှေပေးပါ။ သာကူစေ့တွေ ခဲမသွားစေဖို့ အဆက်မပြတ် မွှေပေးဖို့လိုပါတယ်။ သာကူစေ့တွေ ကြေမကုန်ဖို့လည်း သတိပြုပါ။ သာကူစေ့တွေ နူးလာပြီဆိုရင်တော့ ဇကာတချပ်ထဲ သွန်စစ်ချလို့ ရေအေးနဲ့ လောင်းပေးရပါမယ်။

ကောက်ညှင်းချက်ဖို့အတွက်ကတော့ ထမင်းရေခန်း ချက်သလိုပါပဲ။ ရေနည်းနည်းလျှော့ပြီး ထည့်ဖို့တော့ လိုပါတယ်။ ရွှေရင်အေးမှာ ပါဝင်တဲ့ အဆာပလာတွေ စုံပြီဆိုရင်တော့ ဆမ်းစားရမယ့် အုန်းနို့အတွက် ပြင်ဆင်ရပါမယ်။ ညှစ်ပြီးသားအုန်းနို့ထဲကို သကြားရည်ကို ရောစပ်ပါ။ အီဆိမ့်ဆိမ့်အရသာကို ကြိုက်တတ်မယ်ဆိုရင်တော့ နို့စိမ်းလေးတဘူးလောက်ဖောက်ပြီးလည်း ထည့်နိုင်ပါသေးတယ်။ ပွဲ ၅၀ စာအတွက်တော့ နို့စိမ်း ၃ဘူးလောက် လိုမှာပါ။

အားလုံးအသင့်ဖြစ်ပြီ ဆိုရင်တော့ ဇောက်ပါတဲ့ ပန်းကန်တလုံးထဲမှာ ပေါင်မုန့်တချပ်၊ ကောက်ညှင်းတဇွန်း၊ သာကူစေ့တဇွန်း၊ ကျောက်ကျောတုံးအနည်းငယ်တို့ကို ပြင်ဆင်ပြီးထည့်လို့ အသင့်စပ်ထားတဲ့ ရေခဲစိမ်အုန်းနို့ရည်အေးအေးလေးဆမ်းပြီး စားလိုက်ရင်တော့ နွေရာသီရဲ့ အပူတွေ အမောတွေကို မေ့ပစ်လိုက်နိုင်မယ့် ရွှေရင်အေး ချိုချိုအေးအေးလေးတစ်ပွဲက အသင့်ရှိနေပြီဖြစ်ပါတယ်။

ရွှေရင်အေးအတွက် လုပ်ပုံလုပ်နည်းတွေ သိပြီဆိုရင်တော့ နွေရာသီ သင်္ကြန်ပိတ်ရက်တွေမှာ အိမ်မှာ နားနားနေနေနဲ့ မိသားစု အပျော်မုန့်လုပ်စားတာပဲဖြစ်ဖြစ်၊ အိမ်နီးပါးချင်းတွေကို ကုသိုလ်ယူ ဝေငှဖို့ပဲဖြစ်ဖြစ် အဆင်ပြေပြီလို့ မျှော်လင့်ပါတယ်။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *