ဗဟုတုသ

ဘဝတူ ေတာင္သူမ်ား ပိုးသတ္ေဆးကို ေဈးႀကီးေပးဝယ္သုံးေနရတာ ေလ်ာ့ခ်ႏိူင္မယ့္ ‌ေအာင္ျမင္စြာကိုယ္တိုင္‌သုံး‌ေနတဲ့နည္း။

(Zawgyi)

ဘဝတူ ေတာင္သူမ်ား ပိုးသတ္ေဆးကို ေဈးႀကီးေပးဝယ္စရာမလိုဘဲ ကိုယ္တိုင္လုပ္လို႔ရတဲ့နည္း

ဘဝတူ ေတာင္သူလယ္သမားအတြက္ စပါးေဈး သီးႏွံေဈး က်ေနတဲ့အတြက္ သြင္းအားစုတစ္ခုျဖစ္တဲ့ ပိုးသတ္ေဆးမ်ားကို ေဈးႀကီးေပးဝယ္ သုံးေနရတာေတြကို ေလ်ာ့ခ်ႏိူင္ေအာင္ ဓာတုအႏၲရယ္လဲ ကင္းလြတ္ဖို႔အတြက္ ကြၽန္ေတာ္စမ္းသပ္သုံးစြဲေနတာ ၂ႏွစ္ စပါးရာသီ ၄ ရာသီ ရွိၿပီးျဖစ္တဲ့ အစြမ္းထက္တဲ့ ေဆး႐ြက္ႀကီး ပိုသတ္ေဆးကို ယုံၾကည္စိတ္ခ်စြာ ကိုယ္တိုင္ျပဳလုပ္ သုံးစြဲခ်င္းျဖင့္ သြင္းအားစုသက္သာၿပီး အက်ိဳးအမ်ားႀကီး ျဖစ္ထြန္းပါတယ္။

ေဆး႐ြက္ႀကီးေဖာ္စပ္ပုံကို နားလည္လြယ္ေအာင္ ေဖာ္ျပေရးေပးပါမယ္ လိုအပ္တဲ့ပစၥည္းမ်ား

(၁) မိုးၿဗဲ ဒယ္ ၁ လုံး ေရ ၅ ဂါလံ ဆန႔္ ဒယ္ျဖစ္ရပါမည္

(၂) ထင္း နဲ႔မီးဖို

(၃) ေဆး႐ြက္ႀကီး ၁ ပိသာ (ကုန္က်ေငြ ၄၀၀၀က်ပ္ခန႔္) ေဆး႐ြက္ႀကီးကိုေနလွန္းၿပီးက်ိဳလွ်င္အရည္ေပ်ာ္ ျမန္ေအာင္ ႏုတ္ႏုတ္စင္းထားပါ

(၄) ေ႐ႊဝါဆပ္ျပာ ၆ ပိုင္း( ကုန္က်ေငြ ၁၂၀၀က်ပ္ခန႔္)

က်ိဳလွ်င္အရည္ေပ်ာ္ျမန္ေအာင္ ဓါးႏွင့္ပါးပါးလွီးထားပါ အားလုံးျပည့္စုံရင္ ေရ ၅ ဂါလံကို မိုးၿဗဲထဲထဲ့ၿပီးေရဆူေအာင္က်ိဳပါ။

ေဆး႐ြက္ႀကီး ၁ ပိသာထည့္က်ိဳပါ။ ၿပီးလွ်င္ ေရျပန္ဆူလွ်င္ေ႐ႊဝါဆပ္ျပာ ပါးပါးလွီးထားတာထည့္ၿပီး ဆပ္ျပာေပ်ာ္ၿပီဆိုလွ်င္ မီးဖိုေပၚမွခ်ၿပီး အေအးနည္းနည္းခံပါ။

အပူနည္းနည္းခ်န္ၿပီး မိုးၿဗဲဒယ္ထဲမွ ေကာ္ပုံး သို႔မဟုတ္အစဥ္ေျပတဲ့ ထည့္စရာထဲ ဇာျဖင့္အရည္စစ္ယူပါ။ နည္းနည္းေတာ့ ပူပါမည္ သတိထားပါ။ ေအးလွ်င္ အရည္ညႇစ္လို႔မေကာင္းလို႔ပါ ရရွိအရည္ ၃ ဂါလံခန႔္ရပါမည္။

အဖက္မ်ားကိုလဲ ေနလွန္းၿပီး အျခားအပင္ေတြ အေျခမွာထားၿပီး ပိုးသတ္ေဆးလုပ္လို႔ရပါသည္။ ေကာ္ပုံထဲထည့္ သိမ္းထားလွ်င္ ေလဟာနယ္ထားပါ။ အဖုံးကို မၾကာခဏဖြင့္ေပးပါ။

ရက္အတန္ၾကာလွ်င္ အဖုံးပိတ္ထားလို႔ ရပါၿပီ။ ရရွိေဆးအရည္ကို ေဆးဖ်န္းပုံး ၄ဂါလံ ပုံးဆိုရင္ ေရသန္းဗူးခြံ ၁ လီတာ ဗူးနဲ႔ ၁ ဗူးထည့္သုံးၿပီး ပိုးက်ေနတဲ့ စပါးခင္းေတြမွာ ဖ်န္းေပးပါ။

ပိုးမထြက္ေသးလွ်င္ ၂ ရက္ေလာက္ေနရင္ ထပ္ဖ်န္းပါ ေသခ်ာေပါက္ ပိုးထြက္ပါမည္။ မေက်နပ္ေသးရင္ ၃ ႀကိမ္ဖ်န္းေပါ့ ႀကိဳတင္ကာကြယ္ခ်င္လွ်င္ ေျမဆီေကြၽးၿပီး ၂ ရက္၃ ရက္ေနရင္ႀကိဳဖ်န္းလွ်င္ ပိုးလုံးဝ မက်ပါဘူး လက္ေတြ စမ္းသပ္သုံးစြဲၿပီးပါၿပီ ခ႐ုက်လွ်င္လဲ ေရေလ်ာ့ၿပီး ေဆးျပင္းျပင္းသုံးၿပီး ဖ်န္းေပးပါ ခ႐ုပါေသပါသည္။

ဘဝတူ ေတာင္သူလယ္သမားမ်ားအက်ိဳးေမ်ာ္ကိုး၍ ကုန္က်ေငြနည္းနည္းနဲ႔ ပိုးသတ္ေဆး ကိုယ္တိုင္ထုတ္လုပ္ သုံးစြဲေစခ်င္ပါသည္။

ကုန္က်ေငြ စုစုေပါင္း၆၀၀၀ ခန႔္ျဖင့္ေဆးရည္ ၃ ဂါလံရပါမည္ ေပါေပါမ်ားမ်ား သုံးစြဲလို႔ရပါသည္။ ေဆး႐ြက္ႀကီး ဆပ္ျပာေဆးရည္စားမိတဲ့ပိုး တစ္ခါထဲ မ်ိဳးျပဳတ္သြားမယ္ ပိုးေတြအားလုံးေရွာသြားေစရမယ္။

အားလုံးကိုေက်းဇူးတင္ပါတယ္။

Credit-Tuntun Lin

(Unicode)

ဘဝတူ တောင်သူများ ပိုးသတ်ဆေးကို ဈေးကြီးပေးဝယ်စရာမလိုဘဲ ကိုယ်တိုင်လုပ်လို့ရတဲ့နည်း

ဘဝတူ တောင်သူလယ်သမားအတွက် စပါးဈေး သီးနှံဈေး ကျနေတဲ့အတွက် သွင်းအားစုတစ်ခုဖြစ်တဲ့ ပိုးသတ်ဆေးများကို ဈေးကြီးပေးဝယ် သုံးနေရတာတွေကို လျော့ချနိူင်အောင် ဓာတုအန္တရယ်လဲ ကင်းလွတ်ဖို့အတွက် ကျွန်တော်စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ ရာသီ ရှိပြီးဖြစ်တဲ့ အစွမ်းထက်တဲ့ ဆေးရွက်ကြီး ပိုသတ်ဆေးကို ယုံကြည်စိတ်ချစွာ ကိုယ်တိုင်ပြုလုပ် သုံးစွဲချင်းဖြင့် သွင်းအားစုသက်သာပြီး အကျိုးအများကြီး ဖြစ်ထွန်းပါတယ်။

ဆေးရွက်ကြီးဖော်စပ်ပုံကို နားလည်လွယ်အောင် ဖော်ပြရေးပေးပါမယ် လိုအပ်တဲ့ပစ္စည်းများ

(၁) မိုးဗြဲ ဒယ် ၁ လုံး ရေ ၅ ဂါလံ ဆန့် ဒယ်ဖြစ်ရပါမည်

(၂) ထင်း နဲ့မီးဖို

(၃) ဆေးရွက်ကြီး ၁ ပိသာ (ကုန်ကျငွေ ၄၀၀၀ကျပ်ခန့်) ဆေးရွက်ကြီးကိုနေလှန်းပြီးကျိုလျှင်အရည်ပျော် မြန်အောင် နုတ်နုတ်စင်းထားပါ

(၄) ရွှေဝါဆပ်ပြာ ၆ ပိုင်း( ကုန်ကျငွေ ၁၂၀၀ကျပ်ခန့်)

ကျိုလျှင်အရည်ပျော်မြန်အောင် ဓါးနှင့်ပါးပါးလှီးထားပါ အားလုံးပြည့်စုံရင် ရေ ၅ ဂါလံကို မိုးဗြဲထဲထဲ့ပြီးရေဆူအောင်ကျိုပါ။

ဆေးရွက်ကြီး ၁ ပိသာထည့်ကျိုပါ။ ပြီးလျှင် ရေပြန်ဆူလျှင်ရွှေဝါဆပ်ပြာ ပါးပါးလှီးထားတာထည့်ပြီး ဆပ်ပြာပျော်ပြီဆိုလျှင် မီးဖိုပေါ်မှချပြီး အအေးနည်းနည်းခံပါ။

အပူနည်းနည်းချန်ပြီး မိုးဗြဲဒယ်ထဲမှ ကော်ပုံး သို့မဟုတ်အစဉ်ပြေတဲ့ ထည့်စရာထဲ ဇာဖြင့်အရည်စစ်ယူပါ။ နည်းနည်းတော့ ပူပါမည် သတိထားပါ။ အေးလျှင် အရည်ညှစ်လို့မကောင်းလို့ပါ ရရှိအရည် ၃ ဂါလံခန့်ရပါမည်။

အဖက်များကိုလဲ နေလှန်းပြီး အခြားအပင်တွေ အခြေမှာထားပြီး ပိုးသတ်ဆေးလုပ်လို့ရပါသည်။ ကော်ပုံထဲထည့် သိမ်းထားလျှင် ေလဟာနယ်ထားပါ။ အဖုံးကို မကြာခဏဖွင့်ပေးပါ။

ရက်အတန်ကြာလျှင် အဖုံးပိတ်ထားလို့ ရပါပြီ။ ရရှိဆေးအရည်ကို ဆေးဖျန်းပုံး ၄ဂါလံ ပုံးဆိုရင် ရေသန်းဗူးခွံ ၁ လီတာ ဗူးနဲ့ ၁ ဗူးထည့်သုံးပြီး ပိုးကျနေတဲ့ စပါးခင်းတွေမှာ ဖျန်းပေးပါ။

ပိုးမထွက်သေးလျှင် ၂ ရက်လောက်နေရင် ထပ်ဖျန်းပါ သေချာပေါက် ပိုးထွက်ပါမည်။ မကျေနပ်သေးရင် ၃ ကြိမ်ဖျန်းပေါ့ ကြိုတင်ကာကွယ်ချင်လျှင် မြေဆီကျွေးပြီး ၂ ရက်၃ ရက်နေရင်ကြိုဖျန်းလျှင် ပိုးလုံးဝ မကျပါဘူး လက်တွေ စမ်းသပ်သုံးစွဲပြီးပါပြီ ခရုကျလျှင်လဲ ရေလျော့ပြီး ဆေးပြင်းပြင်းသုံးပြီး ဖျန်းပေးပါ ခရုပါသေပါသည်။

ဘဝတူ တောင်သူလယ်သမားများ အကျိုးမျော်ကိုး၍ ကုန်ကျငွေနည်းနည်းနဲ့ ပိုးသတ်ဆေး ကိုယ်တိုင်ထုတ်လုပ် သုံးစွဲစေချင်ပါသည်။

ကုန်ကျငွေ စုစုပေါင်း၆၀၀၀ ခန့်ဖြင့်ဆေးရည် ၃ ဂါလံရပါမည် ပေါပေါများများ သုံးစွဲလို့ရပါသည်။ ဆေးရွက်ကြီး ဆပ်ပြာဆေးရည်စားမိတဲ့ပိုး တစ်ခါထဲ မျိုးပြုတ်သွားမယ် ပိုးတွေအားလုံးရှောသွားစေရမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Credit-Tuntun Lin

Leave a Reply

Your email address will not be published. Required fields are marked *