ဗဟုတုသ

လွယ်ကူပြီး အရသာကောင်းလွန်းတဲ့ အိမ်ချက်ထောပတ်ထမင်း။ လြယ္ကူျပီး အရသာေကာင္းလြန္းတဲ့ အိမ္ခ်က္ေထာပတ္ထမင္း။

(Zawgyi)

ေထာပတ္နံ႔သင္းသင္းေလးနဲ႔ အရသာရွိစြာသုံးေဆာင္ႏိုင္မယ့္ အိမ္ခ်က္ေထာပတ္ထမင္း

ဒီတစ္ပါတ္မွာေတာ့ အိမ္မွာ ကုန္က်စရိတ္သက္သာစြာနဲ႔ အလြယ္ကူဆုံး ခ်က္ျပဳတ္စားႏိုင္မယ့္ ေထာပတ္ထမင္းခ်က္နည္းကို မွ်ေဝလိုက္ပါတယ္။

ပါဝင္ပစၥည္းမ်ား-

ဆန္ေကာင္း- ႏို႔ဆီဗူးႏွစ္ဗူး

ေထာပတ္- ငါးက်ပ္သားခန႔္

ဆီ- ထမင္းစားဇြန္းေလးဇြန္း

ႏို႔စိမ္း- ထမင္းစားဇြန္းေလးဇြန္း

သၾကား- ထမင္းစားဇြန္းတစ္ဇြန္း

ဆား- အနည္းငယ္

အရသာမူန႔္- အနည္းငယ္

ကရေဝး႐ြက္၊ သစ္ဂ်ပိုးေခါက္- အနည္းငယ္

ၾကက္သြန္နီ- တစ္လုံး

ပဲစိမ္းလုံး/ေျပာင္းဖူး/မုန္လာဥနီ- အနည္းငယ္နဲ႔ ၾကက္သားဟင္းတို႔ပဲ ျဖစ္ပါတယ္။

ခ်က္ျပဳတ္နည္း-

ေပါင္းအိုးထဲကို ဆန္ကိုေရေဆးၿပီး အသီးအနံွေတြမွလြဲကာ ၾကက္သြန္နီနဲ႔ က်န္တဲ့ပါဝင္ပစၥည္းမ်ား အားလုံးေရာထည့္ၿပီး ထမင္းခ်က္သလိုခ်က္ပါ။ ထည့္တဲ့ဆန္အေနအထားအေပၚမူတည္ၿပီး ေရကို ခ်င့္ခ်ိန္ထည့္ပါ (ပုံမွန္ထက္ အနည္းငယ္ေလ်ာ့ထည့္ဖို႔ေတာ့ လိုပါတယ္)။

ေပါင္းအိုးခလုတ္ တက္ခါနီးေလာက္မွာ အဖုံးဖြင့္ၿပီး အထက္ေအာက္လွန္ေပးပါ။ ပဲစိမ္းလုံး/ေျပာင္းဖူး/မုန္လာဥနီကို ထည့္ေပးပါ။ ၿပီးရင္ အဖုံးျပန္ပိတ္ၿပီး ထမင္းအိုးေကာင္းစြာႏွပ္တဲ့အထိ ျပန္တည္ထားေပးလိုက္ရင္ရပါၿပီ။ အရမ္းကိုလြယ္ကူျမန္ဆန္တဲ့ ေထာပတ္ထမင္းခ်က္နည္း တစ္ခုျဖစ္ပါတယ္။

ေထာပတ္ထမင္း က်က္သြားၿပီဆိုရင္ေတာ့ ၾကက္သားဟင္း၊ သရက္ခ်ဥ္သုပ္၊ ပုဇြန္ေျခာက္ေၾကာ္၊ ခ်ဥ္ေပါင္ဟင္းစသည္တို႔ကို ႏွစ္သက္သလိုျပင္ဆင္ၿပီး အရသာရွိလွတဲ့ ေထာပတ္ထမင္းကို သုံးေဆာင္ႏိုင္ပါၿပီ။

Credit-Psyche (MY Yangon), Ref: Foods Around The Worl

Via-Yangon Directory

(Unicode)

ထောပတ်နံ့သင်းသင်းလေးနဲ့ အရသာရှိစွာသုံးဆောင်နိုင်မယ့် အိမ်ချက်ထောပတ်ထမင်း

ဒီတစ်ပါတ်မှာတော့ အိမ်မှာ ကုန်ကျစရိတ်သက်သာစွာနဲ့ အလွယ်ကူဆုံး ချက်ပြုတ်စားနိုင်မယ့် ထောပတ်ထမင်းချက်နည်းကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ-

ဆန်ကောင်း- နို့ဆီဗူးနှစ်ဗူး

ထောပတ်- ငါးကျပ်သားခန့်

ဆီ- ထမင်းစားဇွန်းလေးဇွန်း

နို့စိမ်း- ထမင်းစားဇွန်းလေးဇွန်း

သကြား- ထမင်းစားဇွန်းတစ်ဇွန်း

ဆား- အနည်းငယ်

အရသာမူန့်- အနည်းငယ်

ကရဝေးရွက်၊ သစ်ဂျပိုးခေါက်- အနည်းငယ်

ကြက်သွန်နီ- တစ်လုံး

ပဲစိမ်းလုံး/ပြောင်းဖူး/မုန်လာဥနီ- အနည်းငယ်နဲ့ ကြက်သားဟင်းတို့ပဲ ဖြစ်ပါတယ်။

ချက်ပြုတ်နည်း-

ပေါင်းအိုးထဲကို ဆန်ကိုရေဆေးပြီး အသီးအနံှတွေမှလွဲကာ ကြက်သွန်နီနဲ့ ကျန်တဲ့ပါဝင်ပစ္စည်းများ အားလုံးရောထည့်ပြီး ထမင်းချက်သလိုချက်ပါ။ ထည့်တဲ့ဆန်အနေအထားအပေါ်မူတည်ပြီး ရေကို ချင့်ချိန်ထည့်ပါ (ပုံမှန်ထက် အနည်းငယ်လျော့ထည့်ဖို့တော့ လိုပါတယ်)။

ပေါင်းအိုးခလုတ် တက်ခါနီးလောက်မှာ အဖုံးဖွင့်ပြီး အထက်အောက်လှန်ပေးပါ။ ပဲစိမ်းလုံး/ပြောင်းဖူး/မုန်လာဥနီကို ထည့်ပေးပါ။ ပြီးရင် အဖုံးပြန်ပိတ်ပြီး ထမင်းအိုးကောင်းစွာနှပ်တဲ့အထိ ပြန်တည်ထားပေးလိုက်ရင်ရပါပြီ။ အရမ်းကိုလွယ်ကူမြန်ဆန်တဲ့ ထောပတ်ထမင်းချက်နည်း တစ်ခုဖြစ်ပါတယ်။

ထောပတ်ထမင်း ကျက်သွားပြီဆိုရင်တော့ ကြက်သားဟင်း၊ သရက်ချဉ်သုပ်၊ ပုဇွန်ခြောက်ကြော်၊ ချဉ်ပေါင်ဟင်းစသည်တို့ကို နှစ်သက်သလိုပြင်ဆင်ပြီး အရသာရှိလှတဲ့ ထောပတ်ထမင်းကို သုံးဆောင်နိုင်ပါပြီ။

Credit-Psyche (MY Yangon), Ref: Foods Around The Worl

Via-Yangon Directory

Leave a Reply

Your email address will not be published. Required fields are marked *