ဗဟုတုသ

စေန သားသမီးမ်ားအတြက္ ၂၀၂၀ ခုနွစ္ တစ္ႏွစ္စာေဟာစာတမ္း။စနေ သားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာဟောစာတမ်း။

(Zawgyi)

စေန သားသမီးမ်ားအတြက္ ၂၀၂၀ ခုနွစ္ တစ္ႏွစ္စာေဟာစာတမ္း

ဤႏွစ္တြင္ လုပ္ငန္းသစ္စတင္ျခင္း၊ ထူေထာင္ျခင္းမ်ား ျပဳလုပ္ရမည္။ ရပ္ေဝး၌ လုပ္ငန္းျဖစ္ထြန္း ေအာင္ျမင္မႈရရိွမည္။ အမ်ားေကာင္းက်ိဴး အတြက္ လူအမ်ားကို လႊမ္းမိုး ဦးေဆာင္ႏိုင္ေသာ အစြမ္းသတိၱျပည့္စံုမည္။ မိမိ လက္ေအာက္ငယ္သား တပည့္တပန္းတို႔မွ အကူညီရမည္။ ႏွစ္႐ွည္ ဘဝတစ္ခုလံုး ဝန္းထမ္းအတြက္ သစၥာရိွေပးဆပ္ေနသူမ်ား ကံအေျပာင္းအလဲ မိမိနာမည္ ဂုဏ္သတင္း ေက်ာ္ေဇာ္ၿပိး ရာထူးႀကီးေနရာ ထမ္းေဆာင္ရမည္ႏွစ္ျဖစ္သည္။

အထူးသျဖင့္

ဤႏွစ္ စေနသားသမီမ်ားတို႔သည္ လုပ္ငန္းကိစၥရပ္မ်ား အတြက္ေတာ့ “ရာဟု,ၾကာသပေတး” ထိုေန့နံ သားသမီးမ်ား နွင့္ ေဆာင္ရြက္ျခင္းမ်ား၊ ခရီးသြားရာတြင္ အထူးသတိထားသင့္သည္။

စေနသားသမီမ်ားတို႔သည္ ထီထိုရန္ အကၡရာႏွင့္ဂဏန္းမွ (အ၊ရ၊လ၊သ၊) ၇စ, ၀ အဆံုး ထီပါ။ စပ္တူ႐ွယ္ယာႏွင့္ ဤႏွစ္ေမြးေသာ ကေလးနာမည္နဲ႔ ထီထိုးပါ။

၂၀၂၀ – ခုႏွစ္ ဇန္နဝါရီလ(၁၈)ရက္ ၊ ၁၃၈၁ – ခု ျပာသိုလဆုတ္ (၉) ရက္

စေနေန႔ ရက္ရာဇာ ယေန႔ နံနက္ ( ၉နာရီ ၄၉ မိနစ္ ) အတြင္း ဘုရားတည္၊ ထီးတင္၊ ေလွကားတင္၊ အိမ္ေျပာင္း၊ နာမည္မွည့္၊ ေၾကးသြန္းေလာင္းျခင္း၊ ေက်ာက္ေသြးေလာင္း၊ နည္းပညာသစ္တီထြင္ျခင္း၊ ေဆးေဖာ္၊ ေဆးခန္႔ဖြင့္၊ ကုမၸဏီဖြင့္လွစ္ျခင္းတို႔ေကာင္း၏။

၂၀၂၀ ခု ယခုႏွစ္တြင္ January လ,May လ,November လမ်ားတြင္

မည့္သည္ ကိစၥေဆာင္ရြက္ရာတြင္ သတိထားေဆာက္ရြင္သင့္သည္။ အေရးႀကီးစာခ်ဴပ္စာတမ္း၊ ဖုန္းႏွင့္ ဥစၥာပစၥည္း အဖိုးတန္ပစၥည္းမ်ားက် ေပ်ာက္တတ္သည္။ စာနယ္ဇင္း၊သတင္း မီဒီယာလုပ္ငန္းမ်ား အၾကပ္အတည္းေတြ႔ရမည္။ မဟုတ္မမွန္ စြတ္စြဲမႈမ်ား ခံရမည္။ သူမ်ား၏ မနာလို တိုက္ခိုက္မႈ ၾကံဳေတြ႔ရတတ္သည္။ မဟုတ္မမွန္ စြပ္စြဲမႈမ်ား၊ ရန္စျခင္း၊ လုပ္ငန္းတူႏွင့္ အနီးအနား ပတ္ဝန္က်င္ ၿပိဳင္ဆိုင္ျခင္း ရန္သူေပါမ်ားေနတတ္သည္ကို သတိထားရလိမ့္မည္။

2020ခု ယခုႏွစ္တြင္ April,June,July,Augustလ မ်ားတြင္

မည့္သည္ ကိစၥေဆာင္ရြက္ရာတြင္ ေအာင္ျမင္မႈရရိွမည္။ လုပ္ငန္သစ္စတင္ျခင္း၊ အႏုပညာဆိုင္ရာမ်ား၊ ပညာေရး ဝန္ေဆာင္မႈ၊ ျပည္တြင္း ျပည္ပညာသင္ယူျခင္းႏွင့္ အလုပ္အကိုင္မ်ား အဆင္ေျပမည္။ျပည္ပခရီး သြားလာျခင္းမ်ားရိွၿပိး စာေျဖ၊စာေမးပြဲမ်ား ေအာင္ျမင္မည္။ မၾကာခဏ ခရီသြားရကိန္းရိွ၍ လူမ်ိဳးခြဲမ်ားႏွင့္ ဆက္ဆံလုပ္ကိုင္ေသာ အေရာင္းအဝယ္ လုပ္ငန္းမ်ား အလုပ္ေကာင္းမည့္ ႏွစ္ကာလျဖစ္သည္။ အိမ္ျခံေျမဝယ္ျခင္း၊ အိမ္ျခံေျမလက္မွတ္ေရးထိုးျခင္း၊႐ွယ္ယာဝင္လုပ္ငန္းမ်ား၊ ျပည္ပထည့္သြင္းမႈမ်ား အက်ိဴးအျမတ္စြန္း ရရိွပိုင္ဆိုင္ရတတ္သည္။ဘုရားတည္၊ ထီးတင္၊ ေစတီပုထိုးျပဳျပင္ျခင္း လွဴဒါန္းျခင္း၊ေက်ာင္း၊မုဒ္ဦးေဆာက္ျခင္းႏွင့္ မဂၤလာအလွဴတန္းမ်ား ေပးရျခင္း ၾကံဳေတြ႔ရမည္။

၂၀၂၀ – ခုႏွစ္ မတ္လ (၁၄) ရက္ ၁၃၈၁-ခု တေပါင္းလဆုတ္ (၆) ရက္ စေနေန႔

ဝါရမိတၱဳ ယေန႔ ေၾကးသြန္းေလာင္းျခင္း၊ ေျမသန္႔မဂၤလာ၊ စပါးက်ီသြင္း၊ ရတနာေသြးျခင္း၊ အသီးဆြတ္ခူးျခင္းတို႔ ေကာင္း၏။ (တနဂၤေႏြၿဂိဟ္ နံနက္၂ နာရီ ၅၁ မိနစ္ မိန္ရာသီ ေျပာင္းျပီးျဖစ္၍ ႐ွင္ျပဳ၊ စလြယ္တင္၊ မဂၤလာအခါရ၏။ လက္ထက္၊ ဝိဝါဟမဂၤလာႏွင့္ အိမ္ေဆာက္၊ အိမ္တတ္မဂၤလာ အခါေ႐ွာင့္သင့္၏။)

လူမႈေရး…လူမႈေရးႏွင့္ ဘာသာေရးဆိုင္ရာ လုပ္ငန္းမ်ားတြင္ ကိုယ္တိုင္ဦးစီးရျခင္း၊ အမ်ားသေဘာတူညီမႈေၾကာင့္ ကုသိုလ္ေရး လုပ္ငန္းမ်ား လုပ္ကိုင္ရမည္။ လူမ်ိဳးကြဲ၊ ဘာသာကြဲမ်ားႏွင့္ လုပ္ငန္းစပ္တူ႐ွယ္ယာျပဳလုပ္လ်ွင္ ေအာင္ျမင္မႈရတတ္သည္။ သို႔ေသာ္လည္း မိတ္ေဆြရင္းျခာမ်ားႏွင့္ အက်ိဴးတူ လုပ္ငန္းမ်ားတြင္ သေဘာထားကြဲလြဲမႈမ်ား ၾကံဳေတြ႔ရတတ္သည္။ မဟုတ္မမွန္ စြပ္စြဲမႈမ်ား ခံရမည္။ မိမိမွာ ေငြတိုးေပးလုပ္ငန္း မလုပ္ရ၊ လက္လြတ္စလြယ္ေငြမေပးရ၊ သူမ်ားအတြက္ ခံဝန္ခံတမ္း၊ တာဝန္ယူ၊လက္မွတ္ေရးထိုး၊ မျပဳသင့္ေပ။ တာဝန္ခံျပဳလုပ္ၿပိး ယူေပးလ်ွင္ ေနာက္ဆံုးမိမိက ေပးဆပ္ရကိန္း ဆိုက္တတ္သည္မို႔ သတိျပဳပါ။

၂၀၂၀-ခုႏွစ္ ေမလ (၂)ရက္ ၁၃၈၂-ခုႏွစ္ ကဆုန္လဆန္း (၁၁)ရက္ စေနေန႔ ရက္ရာဇာ

ယေန႔ နံနက္ (၇ း ၄၅) နာရီလြန္ အဓိဌာန္ဝင္ျခင္း၊ ပဥၥင္းခံ၊နာမည္မွည့္၊ ေျမသန္႔မဂၤလာ၊ ေစ့စပ္၊ လက္ထက္၊ ကုမၸဏီထူေထာင္ျခင္း၊ အစု႐ွယ္ယာဝင္ ဆိုင္ဘုတ္တင္ျခင္း၊အိမ္ေျပာင္း၊ ေဆးေဖာ္ျခင္းေကာင္း၏။

ထီထိုးရန္- ၂၀၂၀ခုႏွစ္ ေမလ(၁၆,၂၃)ရက္ နို႔ႏွစ္ေရာင္ ဝတ္ဆင္၍ ထီထိုးပါ။

စီးပြားေရး…သံ၊သြပ္၊ သစ္သီးဝလံ၊ သီးႏွံစံုယိုလုပ္ငန္း၊ ႐ုပ္႐ွင္၊စတူဒီယိုထုတ္လုပ္ေရးလုပ္ငန္း၊ အိမ္ျပင္၊ အိမ္ေဆာက္ အလွဆင္ႏွင့္ အစု႐ွယ္ယာဝင္လုပ္ငန္း၊ သံႏွင့္သံမဏီလုပ္ငန္တို႔ အက်ိဴ းေပးေကာင္း၏။ ဒီႏွစ္ မိမ္ကိုယ္ကိုယံုၾကည္စြာ မိမိစိတ္လိုရာလုပ္ငန္းေငြေၾကးရင္းႏွီး စိုက္ထုတ္ၿပီး လုပ္ငန္းစပါ။ ဗုဒၶဟူးသားသမီး၊ ေသာၾကာ သားသမီးတို႔ႏွင့္ အက်ိဴးတူပူးေပါင္း ေအာင္ျမင္ေကာင္းက်ိုးေပးမည္။ မိမိအလိုဆႏၵျပည္ဝႏိုင္ရန္ မိမိကိုယ္တိုင္ ကိုယ္က် စီမံခံခြဲၿပီး လုပ္ငန္း လုပ္ကိုင္ရမည္။

၂၀၂၀ – ခုႏွစ္ ဇြန္လ (၂၇)ရက္ ၊ ၁၃၈၂-ခုႏွစ္ ပ-ဝါဆိုလဆန္း(၈)ရက္ စေနေန႔

ယေန႔ အဓိဌာန္ဝင္ျခင္း၊ သိဒိၶတင္၊ ေန႔လယ္ (၁၁း၁၅) နာရီလြန္ ပႏၷက္႐ိုက္၊ တိုင္ထူ၊ အုတ္ျမစ္ခ် အိမ္ေျပာင္း၊ ရတနာစူးစမ္း႐ွာေဖြ႔ျခင္း၊ မုဒ္ဦး၊ မ႑ပ္ေဆာက္လုပ္ျခင္း၊ ကုန္ပစၥည္းသိုေလွာင္ျခင္း၊ က်န္းမာေရး ကုသမႈခံယူျခင္းတို႔ ေကာင္း၏။ ပညာေရး…ပညာေရးတြင္ အားထုတ္ႀကိဳးစားပါက ထူးခြၽန္ေအာင္ျမင္လိမ့္မည္။ ရာထူးေျပာင္းေရြ႔ကိန္းရိွသည္။ ပညာေရးအတြက္ စေနသားသမီးမၽား ဂုဏ္ထူး၊ဘြဲ႕ထူးရမည္။ ဂမၻီရစာေပပညာရပ္မ်ား၊ လ်ိဴွ့ ဝွက္ပညာမ်ား၊ သမိုင္းဗိသုကာ ပညာရပ္မ်ားႏွင့္ ကဗ်ာ၊ဝတၳဳ၊ ပညာေပးစာေပ ေရးသားျခင္း ေလာကီပညာမ်ားကို ဝါသနာထံု လိုက္စားျခင္း အထင္ႀကီး၊ ေလ့လာလိုက္စားပါ။ အထူးေကာင္း အထူးေအာင္ျမင္၍ ထိေရာက္ၿပီး နာမည္ႀကီးရတတ္ပါသည္။

ၾသဇာၾကီးမားေသာ ပုဂၢိဳလ္တို႔မွ ကူညီေစာင့္ေ႐ွာက္မည္။ ပညာေရး ကဏၭအသီးသီးရိွလူႀကီး၊ လူငယ္လူတန္းစားမေရြး ဆက္လက္ႀကိဳးစား လုပ္ကိုင္ၾကရန္ အၾကံျပဳပါသည္။ ဝန္းထမ္းေလာကတြင္ လုပ္ကိုင္ေနပါက အေမွာင္နည္းလမ္းျဖင့္ ေငြေၾကး႐ွာေဖြျခင္းကို လုံးဝစြန္႔လြတ္ပါ။ ဒုကၡေရာက္တတ္သည္။

၂၀၂၀ – ခုႏွစ္ ေအာက္တုိဘာလ (၁၀) ရက္ ၊၁၃၈၂ – ခုႏွစ္ ေတာ္သလင္းလဆုတ္(၉)ရက္ စေနေန႔

ယေန႔ ေန႔စက္ (၁း၄၆) နာရီ မိနစ္အတြင္း အဓိဌာန္ဝင္ျခင္း၊ေၾကးသြန္းေလာင္းျခင္း၊ နာမည္မွည့္ ကင္းပြန္တပ္၊ကုမၸဏီ ထူေထာင္ျခင္း အလုပ္ေလ်ွာက္ျခင္း၊ မိတ္ေဆြသစ္ဖြဲ႔ျခင္း ထီထိုး၊ ခြဲစိတ္ကုသခံယူျခင္း၊ ေငြေၾကးေခ်းငွားျခင္း၊ ပေယာဂကုသျခင္း တို႔ေကာင္း၏။ အခ်စ္ေရးႏွင့္အိမ္ေထာင္ေရး…အပၽိဳ ၊လူပၽိဳမၽား မိမိစိတ္ႀကိဳက္ေရြးခၽယ္ရန္အတြက္ အခြင့္အလန္းမၽားရိွသည္။ အေပ်ာ္အပါးလိုက္စားျခင္းေၾကာင့္ အခ်စ္ေရး၊ အိမ္ေထာင္ေရး ထိခိုက္ၿပိး တစ္ဦးႏွင့္တစ္ဦး မယံုၾကည္စရာမ်ား ျဖစ္ေပၚလာတတ္သည္။ သို႔ေသာ္ အမုန္းပြားေစတတ္ေသာ အျပစ္မကင္းေသာ အမႈကိစၥမၽား မက်ဴးလြန္ရန္ သတိျပဳပါ။ ခ်စ္သူရည္းစား လုဖက္ေၾကာင့္ ရန္သူအေပါင္း စုေပါင္းလုပ္ၾကံလာတတ္သည္။ သားရတနာ မရိွသူမ်ား ထြန္းကာအံ့၊ သားသမီးေၾကာင့္ ဂုဏ္သတင္းၾကားရတတ္သည္။

၂၀၂၀ – ခုႏွစ္ ေအာက္တုိဘာလ (၁၇) ရက္ ၊၁၃၈၂ – ခုႏွစ္ သီးတင္းက်ြတ္လဆန္း (၁) ရက္ စေနေန႔

ယေန႔ ေရတြင္းေရကန္တူးေဖာ္ျခင္း၊ နည္းပညာတီထြင္ျခင္း၊ေဆးဝါးျဖန္႔ခ်ီျခင္း၊ အိမ္ေျပာင္း၊ အိမ္တတ္၊ ေလွကားတင္၊ လက္မွတ္ေရးထိုးျခင္း၊ ခရီးသြားလာျခင္း၊ ထီထိုး၊ ခြဲစိတ္ကုသခံယူျခင္း တို႔ေကာင္း၏။

(တနဂၤေႏြၿဂိဟ္ ညစက္ ၉နာရီ ၄၆မိနစ္လြန္ တူရာသီေျပာင္းျပီးျဖစ္၍ အိမ္ေဆာက္၊ အိမ္တက္၊ေစ့စပ္၊ လက္ထပ္မဂၤလာ အခါရသည္၊ ႐ွင္ျပဳ၊ နားသ အခါေ႐ွာင့္သင္။)

(တိထီ ၁လံုး နဝရယႀတီပူေဇာ္ပြဲစသည္) ၊ (နံနက္၂ နာရီ ၃၂ မိနစ္လြန္ မလမာသလြတ္သည္။)

အသက္ပိုင္းျခားကေတာ့ အခ်စ္ေရး အသက္ ၁၅ႏွစ္၊ ၁၆ႏွစ္၊၂၁ႏွစ္၊၂၃ႏွစ္၂၅ႏွစ္၊ ၃၃ႏွစ္၊ ၄၃ႏွစ္ေတြ႔က အထူးသျဖင့္ ညံမည္။ ခ်စ္မႈေရးရာတြင္ ကံေခတတ္ၿပိး အိမ္ေထာင္က် ကံမေကာင္းပါ။ အခၽစ္ေရးသမားမၽားအတြက္ မိမိအား ဂုဏ္သိကၡာကၽဆင္းေစရန္ ရည္ရြယ္ခၽက္ျဖင့္အမၽိဳးသား၊အမၽိဳးသမီးအခၽိဳ ႔ ခၽဥ္းကပ္လာတတ္သည္။ အခ်စ္ေရးစံပြင့္ သို႔ေသာ္ အခ်စ္အိမ္ေထာင္ေရး ေမတၱာေရးကံမွာ မေရမရာမႈေတြ၊ တုိးတုိးတိတ္တိတ္ အေျခအေနေတြ၊ မျပတ္မသား စိတ္ဒြိဟ ျဖစ္စရာေတြ မ်ားျပားစြာ ၾကံဳရတတ္ႏွစ္ျဖစ္သည္။ အခ်စ္ေရးမွာ တစ္ပါးသူမ်ား ဝင္ေရာက္ၿပိး ခ်စ္သူႏွစ္ဦးၾကား စိတ္႐ႈပ္ေထြးမႈမ်ား ၾကံဳေတြ႔ရတတ္သည္။

စေနသားသမီးမ်ား၏ အိမ္ေထာင္ဘက္ တနဂၤေႏြ, ၾကာသပေတး, ေသာၾကာ ထိုေနနံသားသမီးႏွင့္ ျပဳထားသူႏွင့္ ခ်စ္သူ၊ ရည္းစား အိမ္ေထာင္႐ွင္မ်ားေတြကေတာ့ အထူးသတိထားသင့္ အထူးညံ့ပါလိမ့္မည္။ အိမ္ေထာင္ေရး ပတ္သက္ၿပီး အဆင္ မေျပတေျပျဖစ္မည္။ အိမ္ေထာင္ေၾကာင့္ စိတ္ေသာက ေရာက္မည္။ စိတ္ညစ္မည္။ အိမ္ေထာင္ေရးမွာေတာ့ တစ္ဦးနဲ႔ တစ္ဦးအထင္အျမင္ လြဲမွားတာေလးေတြ ႀကံဳၿပီး လမ္းခြဲရတတ္သလို ခ်စ္ဦးငယ္ေဟာင္း၊ ခ်စ္သူအသစ္ကုိ ေမ်ွာ္ရည္ တမ္းတျခင္းမ်ားလည္း ျဖစ္ေပၚတတ္ပါသည္။

၂၀၂၀ – ခုႏွစ္ ေအာက္တုိဘာလ (၂၄) ရက္ ၁၃၈၂ – ခုႏွစ္ သီးတင္းက်ြတ္လဆန္း (၈) ရက္ စေနေန႔

ယေန႔ ေန႔စက္ (၁၂း၃၅) နာရီအတြင္း ေျမသန္႔မဂၤလာ၊ကေလးထမင္းခြံ၊ နာမည္မွည့္ ေက်ာက္ဆစ္ထုျခင္း၊ကုမၸဏီ စတင္ျခင္း၊ အဓိဌာန္ဝင္ျခင္း၊ ထီထိုး နံနက္ (၈း၈) နာရီလြန္ ေရတြင္းတူး၊ ေငြးေၾကးေခ်းဌားျခင္းတို႔ ေကာင္း၏။

(အဌမီပူဇာ) ၊(ေန႔စက္ ၁၂နာရီ ၁၁မိနစ္မွ ေန႔စက္ ၁နာရီအတြင္း သႏိၶပူဇာ)

မိမိအသက္ ၁၆ႏွစ္၊ ၂၅ႏွစ္၊ ၃၃ႏွစ္၊ ၄၃ႏွစ္၊ ၅၂ႏွစ္၊ ၆၁ႏွစ္၊ ၇၀ႏွစ္ ထိုႏွစ္တြင္ မိမိကံၾကမၼာဇာတာကံမ်ား ထူးထူးျခားျခား ေျပာင္းလဲေနသည္ကို ေတြ႔ရိွရလိမ့္မည္။ေကာင္းက်ိဴးကိုျဖစ္ေစ၊ မေကာင္းက်ိဴးထိ နွစ္ပိုင္းမ်ား၍ျဖစ္ေစသည္။ ထူးျခားစြာေကာင္းေသာ ကံအေျခအေနႏွင့္ ဘဝတိုးတက္ေအာင္ျမင္မွုတို့ ျဖစ္ထြန္းလာမည္။ အလုပ္ကို ႀကိဳးစားပမ္းစား ေဆာင္ရြက္ထားမွုေၾကာင့္ ေအာင္ျမင္မွုပန္းတိုင္ကို တက္လွမ္းနိုင္မည္။ သားသမီး အက်ိဳးေက်းဇူး ခံစားရမည္။ စက္ပစၥည္း ဝင္မည္။တပည့္လက္သား မျမဲ မိမိကသာ သာသမီးေတြေရာ လက္ေအာင္ငယ္သားေတြေရာ အလြန္အလိုလိုက္ အမိုက္ေစာ္ကားသြားတတ္ ေ႐ွ႕တြင္တစ္မ်ိဳးျဖင့္ ကြယ္ရာ တစ္မ်ိဴး ၾကံဳေတြ႔ ျဖစ္ေနလိမ့္မည္။

မိမိမွာ အိမ္ေထာင္ေရး တစ္က်က္က်က္ႏွင့္ ျဖစ္တတ္၍ ခဏသာျဖစ္မယ္ ခ်က္ခ်င္းစိတ္ေျပ ခ်စ္ခင္ေနပါလိမ့္မယ္။ယာယီ မကြဲပါ။ အိမ္ေထာင္ေရး အဆင္ေျပသာယာလာမည္။ အေမြပစၥည္း ရမည္။ ခ်စ္သူ၏ ပံ့ပိုးကူညီမွုကို ရရွိမည္။ လုပ္ငန္း႐ွင္၊ အေစခံ၊ ေဆြမ်ိဴး၊ ဥာတိ၊ မိတ္ေဆြ၊ ပံ့ပိုးကူညီမႈကို ရရွိမည္။ နယ္ေဝးေဆြမ်ိဳးမ်ား အိမ္သို႔ အလည္အပတ္သြားလာျခင္း၊အကူညီေပးရျခင္းမ်ားရိွမည္။

က်န္းမာေရးႏွင့္ပတ္သက္၍ အစားအိမ္၊ ဗိုက္နာ၊ ေလနာ၊ ေခါင္းကိုက္၊ ေခါင္းမူးႏွင့္ အထူး မီးယပ္ေရာဂါ၊ ေသြးေလ မညီၫြတ္ေသာ ေရာဂါမ်ား သတိျပဳ ျဖစ္ပြားႏိုင္သည္။ စေနသားသမီးမ်ား မိမိယံုၾကည္ရာ ဘာသာေရး တရားအတိုင္း အပတ္စဥ္၊ လစဥ္၊ ဒါနကုသိုလ္၊ သီလကုသိုလ္၊ ဘာဝနာ ကုသိုလ္ျပဳလုပ္ၾကပါ။

ေဆာင္ရြက္စရာကိစၥမ်ား – ယခုႏွစ္တြင္ ခရီးသြားျခင္းႏွင့္လုပ္ငန္းကိစၥအဆင္ေျပရန္အတြက္ ေဘးရန္ကင္း ဂုဏ္ေတာ္ရြတ္ဆိုၿပိး ခရီးသြားျခင္း၊ ေရႊအိုေရာင္၊ သနပ္ခါးေရာင္၊ အဝါေရာင္ အဝတ္အထည္မ်ား ဝတ္ဆင္ျခင္းႏွင့္ ထို အေရာင္မ်ားကို အေဆာင္အျဖစ္ အသံုးျပဳႏိုင္သည္။

အက်ိဳးေပးေသာအကၡရာႏွင့္ ဂဏန္းမ်ားမွာ (အ၊ရ၊လ၊သ၊)(၇,၆, ၅,၀)

အက်ိဴးေပးအေရာင္ – ေရႊအိုးေရာင္၊ သနပ္ခါးေရာင္၊ အဝါေရာင္

ေဆာင္ရန္ – နီလာ၊ ေရႊ

ယၾတာ – မိမိအိမ္ ဘုရားစင္မွာ က့ံေကာ္ၫႊန္႔၊ ၾကံၫႊန္႔၊ သက္ကယ္ (၁၁)ၫႊန္႔၊ ႏွင္းပန္း(၉) ပြင့္ လွဴေပးပါ။ ေၾကးဖလားျဖင့္ ေရေတာ္(၅) ခြက္လွဴ ေပးပါ။ တန္ခိုးႀကီးဘုရားမွာ ေမြးေန႔ နံနက္ (၉း၄၀) အခ်ိန္ အဂၤါနံဘုရားတြင္ သနပ္ခါးေရာင္ဝတ္ဆင္ၿပီး ႏွင္းပန္း(၉) ပြင့္ကပ္လွဴပါ။ ဘုရားတြင္(ဝိဇၨာစရဏ သမၸေႏၷာ ) ဂုဏ္ေတာ္ရြတ္ဆိုၿပိး ပုတီး (၃) ပတ္စိတ္ပါ။ အသက္ရြယ္အိုၾကီးမ်ား၊ သံဃာေတာ္မ်ားႏွင့္ အႀကီးအကဲ ပုဂၢိဳလ္မ်ားအား အဝတ္အထည္၊ ဆပ္ျပာေမႊးခဲ၊ ထီး၊ ဖိနပ္မ်ားလွဴေပးပါ။

Credit–ဆရာမင္းသူရ ေဗဒင္ယၾတာ Ph:09751089826

(Unicode)

စနေ သားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာဟောစာတမ်း

ဤနှစ်တွင် လုပ်ငန်းသစ်စတင်ခြင်း၊ ထူထောင်ခြင်းများ ပြုလုပ်ရမည်။ ရပ်ဝေး၌ လုပ်ငန်းဖြစ်ထွန်း အောင်မြင်မှုရရှိမည်။ အများကောင်းကျိူး အတွက် လူအများကို လွှမ်းမိုး ဦးဆောင်နိုင်သော အစွမ်းသတ္တိပြည့်စုံမည်။ မိမိ လက်အောက်ငယ်သား တပည့်တပန်းတို့မှ အကူညီရမည်။ နှစ်ရှည် ဘဝတစ်ခုလုံး ဝန်းထမ်းအတွက် သစ္စာရှိပေးဆပ်နေသူများ ကံအပြောင်းအလဲ မိမိနာမည် ဂုဏ်သတင်း ကျော်ဇော်ပြိး ရာထူးကြီးနေရာ ထမ်းဆောင်ရမည်နှစ်ဖြစ်သည်။

အထူးသဖြင့်

ဤနှစ် စနေသားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များ အတွက်တော့ “ရာဟု,ကြာသပတေး” ထိုနေ့နံ သားသမီးများ နှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။

စနေသားသမီများတို့သည် ထီထိုရန် အက္ခရာနှင့်ဂဏန်းမှ (အ၊ရ၊လ၊သ၊) ၇စ, ၀ အဆုံး ထီပါ။ စပ်တူရှယ်ယာနှင့် ဤနှစ်မွေးသော ကလေးနာမည် နဲ့ ထီထိုးပါ။

၂၀၂၀ – ခုနှစ် ဇန်နဝါရီလ(၁၈)ရက် ၊ ၁၃၈၁ – ခု ပြာသိုလဆုတ် (၉) ရက်

စနေနေ့ ရက်ရာဇာ ယနေ့ နံနက် ( ၉နာရီ ၄၉ မိနစ် ) အတွင်း ဘုရားတည်၊ ထီးတင်၊လှေကားတင်၊ အိမ်ပြောင်း၊ နာမည်မှည့်၊ ကြေးသွန်းလောင်းခြင်း၊ ကျောက်သွေးလောင်း၊ နည်းပညာသစ်တီထွင်ခြင်း၊ ဆေးဖော်၊ ဆေးခန့်ဖွင့်၊ ကုမ္ပဏီဖွင့်လှစ်ခြင်းတို့ကောင်း၏။

၂၀၂၀ ခု ယခုနှစ်တွင် January လ,May လ,November လများတွင်

မည့်သည် ကိစ္စဆောင်ရွက်ရာတွင် သတိထားဆောက်ရွင်သင့်သည်။ အရေးကြီးစာချူပ်စာတမ်း၊ ဖုန်းနှင့် ဥစ္စာပစ္စည်း အဖိုးတန်ပစ္စည်းများကျ ပျောက်တတ်သည်။စာနယ်ဇင်း၊သတင်း မီဒီယာလုပ်ငန်းများ အကြပ်အတည်းတွေ့ရမည်။ မဟုတ်မမှန် စွတ်စွဲမှုများ ခံရမည်။ သူများ၏ မနာလို တိုက်ခိုက်မှု ကြုံတွေ့ရတတ်သည်။ မဟုတ်မမှန် စွပ်စွဲမှုများ၊ ရန်စခြင်း၊ လုပ်ငန်းတူနှင့် အနီးအနား ပတ်ဝန်ကျင် ပြိုင်ဆိုင်ခြင်း ရန်သူပေါများနေတတ်သည်ကို သတိထားရလိမ့်မည်။

2020ခု ယခုနှစ်တွင် April,June,July,Augustလ များတွင်

မည့်သည် ကိစ္စဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ လုပ်ငန်သစ်စတင်ခြင်း၊ အနုပညာဆိုင်ရာများ၊ ပညာရေး ဝန်ဆောင်မှု၊ ပြည်တွင်း ပြည်ပညာသင်ယူခြင်းနှင့် အလုပ်အကိုင်များ အဆင်ပြေမည်။ပြည်ပခရီး သွားလာခြင်းများရှိပြိး စာဖြေ၊စာမေးပွဲများ အောင်မြင်မည်။ မကြာခဏ ခရီသွားရကိန်းရှိ၍ လူမျိုးခွဲများနှင့် ဆက်ဆံလုပ်ကိုင်သော အရောင်းအဝယ် လုပ်ငန်းများ အလုပ်ကောင်းမည့် နှစ်ကာလဖြစ်သည်။ အိမ်ခြံမြေဝယ်ခြင်း၊ အိမ်ခြံမြေလက်မှတ်ရေးထိုးခြင်း၊ရှယ်ယာဝင်လုပ်ငန်းများ၊ ပြည်ပထည့်သွင်းမှုများ အကျိူးအမြတ်စွန်း ရရှိပိုင်ဆိုင်ရတတ်သည်။ဘုရားတည်၊ ထီးတင်၊ စေတီပုထိုးပြုပြင်ခြင်း လှူဒါန်းခြင်း၊ကျောင်း၊မုဒ်ဦးဆောက်ခြင်းနှင့် မင်္ဂလာအလှူတန်းများ ပေးရခြင်း ကြုံတွေ့ရမည်။

၂၀၂၀ – ခုနှစ် မတ်လ (၁၄) ရက် ၁၃၈၁-ခု တပေါင်းလဆုတ် (၆) ရက် စနေနေ့

ဝါရမိတ္တု ယနေ့ ကြေးသွန်းလောင်းခြင်း၊ မြေသန့်မင်္ဂလာ၊ စပါးကျီသွင်း၊ ရတနာသွေးခြင်း၊ အသီးဆွတ်ခူးခြင်းတို့ ကောင်း၏။ (တနင်္ဂနွေဂြိဟ် နံနက်၂ နာရီ ၅၁ မိနစ် မိန်ရာသီ ပြောင်းပြီးဖြစ်၍ ရှင်ပြု၊ စလွယ်တင်၊ မင်္ဂလာအခါရ၏။ လက်ထက်၊ ဝိဝါဟမင်္ဂလာနှင့် အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာ အခါရှောင့်သင့်၏။)

လူမှုရေး…လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ လုပ်ငန်းများတွင် ကိုယ်တိုင်ဦးစီးရခြင်း၊ အများသဘောတူညီမှုကြောင့် ကုသိုလ်ရေး လုပ်ငန်းများ လုပ်ကိုင်ရမည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် လုပ်ငန်းစပ်တူရှယ်ယာပြုလုပ်လျှင် အောင်မြင်မှုရတတ်သည်။သို့သော်လည်း မိတ်ဆွေရင်းခြာများနှင့် အကျိူးတူ လုပ်ငန်းများတွင် သဘောထားကွဲလွဲမှုများ ကြုံတွေ့ရတတ်သည်။ မဟုတ်မမှန် စွပ်စွဲမှုများ ခံရမည်။ မိမိမှာ ငွေတိုးပေးလုပ်ငန်း မလုပ်ရ၊ လက်လွတ်စလွယ်ငွေမပေးရ၊ သူများအတွက် ခံဝန်ခံတမ်း၊ တာဝန်ယူ၊လက်မှတ်ရေးထိုး၊ မပြုသင့်ပေ။ တာဝန်ခံပြုလုပ်ပြိး ယူပေးလျှင် နောက်ဆုံးမိမိက ပေးဆပ်ရကိန်း ဆိုက်တတ်သည်မို့ သတိပြုပါ။

၂၀၂၀-ခုနှစ် မေလ (၂)ရက် ၁၃၈၂-ခုနှစ် ကဆုန်လဆန်း (၁၁)ရက် စနေနေ့ ရက်ရာဇာ

ယနေ့ နံနက် (၇ း ၄၅) နာရီလွန် အဓိဌာန်ဝင်ခြင်း၊ ပဉ္စင်းခံ၊နာမည်မှည့်၊ မြေသန့်မင်္ဂလာ၊ စေ့စပ်၊ လက်ထက်၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင် ဆိုင်ဘုတ်တင်ခြင်း၊အိမ်ပြောင်း၊ ဆေးဖော်ခြင်းကောင်း၏။

ထီထိုးရန်- ၂၀၂၀ခုနှစ် မေလ(၁၆,၂၃)ရက် နို့နှစ်ရောင် ဝတ်ဆင်၍ ထီထိုးပါ။

စီးပွားရေး…သံ၊သွပ်၊ သစ်သီးဝလံ၊ သီးနှံစုံယိုလုပ်ငန်း၊ ရုပ်ရှင်၊စတူဒီယိုထုတ်လုပ်ရေးလုပ်ငန်း၊ အိမ်ပြင်၊ အိမ်ဆောက် အလှဆင်နှင့် အစုရှယ်ယာဝင်လုပ်ငန်း၊ သံနှင့်သံမဏီလုပ်ငန်တို့ အကျိူ းပေးကောင်း၏။ ဒီနှစ် မိမ်ကိုယ်ကိုယုံကြည်စွာ မိမိစိတ်လိုရာလုပ်ငန်းငွေကြေးရင်းနှီး စိုက်ထုတ်ပြီး လုပ်ငန်းစပါ။ ဗုဒ္ဓဟူးသားသမီး၊ သောကြာ သားသမီးတို့နှင့် အကျိူးတူပူးပေါင်း အောင်မြင်ကောင်းကျိုးပေးမည်။ မိမိအလိုဆန္ဒပြည်ဝနိုင်ရန် မိမိကိုယ်တိုင် ကိုယ်ကျ စီမံခံခွဲပြီး လုပ်ငန်း လုပ်ကိုင်ရမည်။

၂၀၂၀ – ခုနှစ် ဇွန်လ (၂၇)ရက် ၊ ၁၃၈၂-ခုနှစ် ပ-ဝါဆိုလဆန်း(၈)ရက် စနေနေ့

ယနေ့ အဓိဌာန်ဝင်ခြင်း၊ သိဒ္ဓိတင်၊ နေ့လယ် (၁၁း၁၅) နာရီလွန် ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ အိမ်ပြောင်း၊ ရတနာ စူးစမ်းရှာဖွေ့ခြင်း၊ မုဒ်ဦး၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ကျန်းမာရေး ကုသမှုခံယူခြင်းတို့ ကောင်း၏။ ပညာရေး…ပညာရေးတွင် အားထုတ်ကြိုးစားပါက ထူးချွန်အောင်မြင်လိမ့်မည်။ ရာထူးပြောင်းရွေ့ကိန်းရှိသည်။ ပညာရေးအတွက် စနေသားသမီးများ ဂုဏ်ထူး၊ဘွဲ့ထူးရမည်။ ဂမ္ဘီရစာပေပညာရပ်များ၊ လျိူှ့ ဝှက်ပညာများ၊ သမိုင်းဗိသုကာပညာရပ်များနှင့် ကဗျာ၊ဝတ္ထု၊ ပညာပေးစာပေ ရေးသားခြင်း လောကီပညာများကို ဝါသနာထုံ လိုက်စားခြင်း အထင်ကြီး၊ လေ့လာလိုက်စားပါ။ အထူးကောင်း အထူးအောင်မြင်၍ ထိရောက်ပြီး နာမည်ကြီးရတတ်ပါသည်။

သြဇာကြီးမားသော ပုဂ္ဂိုလ်တို့မှ ကူညီစောင့်ရှောက်မည်။ ပညာရေး ကဏ္ဌအသီးသီးရှိလူကြီး၊ လူငယ်လူတန်းစားမရွေး ဆက်လက်ကြိုးစား လုပ်ကိုင်ကြရန် အကြံပြုပါသည်။ ဝန်းထမ်းလောကတွင် လုပ်ကိုင်နေပါက အမှောင်နည်းလမ်းဖြင့် ငွေကြေးရှာဖွေခြင်းကို လုံးဝစွန့်လွတ်ပါ။ ဒုက္ခရောက်တတ်သည်။

၂၀၂၀ – ခုနှစ် အောက်တိုဘာလ (၁၀) ရက် ၊၁၃၈၂ – ခုနှစ် တော်သလင်းလဆုတ်(၉)ရက် စနေနေ့

ယနေ့ နေ့စက် (၁း၄၆) နာရီ မိနစ်အတွင်း အဓိဌာန်ဝင်ခြင်း၊ကြေးသွန်းလောင်းခြင်း၊ နာမည်မှည့် ကင်းပွန်တပ်၊ကုမ္ပဏီ ထူထောင်ခြင်း အလုပ်လျှောက်ခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ ငွေကြေးချေးငှားခြင်း၊ ပယောဂကုသခြင်း တို့ကောင်း၏။ အချစ်ရေးနှင့်အိမ်ထောင်ရေး…အပျို ၊လူပျိုများ မိမိစိတ်ကြိုက်ရွေးချယ်ရန်အတွက် အခွင့်အလန်းများရှိသည်။ အပျော်အပါးလိုက်စားခြင်းကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ထိခိုက်ပြိး တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများ ဖြစ်ပေါ်လာတတ်သည်။ သို့သော် အမုန်းပွားစေတတ်သော အပြစ်မကင်းသော အမှုကိစ္စများ မကျူးလွန်ရန် သတိပြုပါ။ ချစ်သူရည်းစား လုဖက်ကြောင့် ရန်သူအပေါင်း စုပေါင်းလုပ်ကြံလာတတ်သည်။ သားရတနာ မရှိသူများ ထွန်းကာအံ့၊ သားသမီးကြောင့် ဂုဏ်သတင်းကြားရတတ်သည်။

၂၀၂၀ – ခုနှစ် အောက်တိုဘာလ (၁၇) ရက် ၊၁၃၈၂ – ခုနှစ် သီးတင်းကျွတ်လဆန်း (၁) ရက် စနေနေ့

ယနေ့ ရေတွင်းရေကန်တူးဖော်ခြင်း၊ နည်းပညာတီထွင်ခြင်း၊ဆေးဝါးဖြန့်ချီခြင်း၊ အိမ်ပြောင်း၊ အိမ်တတ်၊ လှေကားတင်၊ လက်မှတ်ရေးထိုးခြင်း၊ ခရီးသွားလာခြင်း၊ ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း တို့ကောင်း၏။

(တနင်္ဂနွေဂြိဟ် ညစက် ၉နာရီ ၄၆မိနစ်လွန် တူရာသီပြောင်းပြီးဖြစ်၍ အိမ်ဆောက်၊ အိမ်တက်၊စေ့စပ်၊ လက်ထပ်မင်္ဂလာ အခါရသည်၊ ရှင်ပြု၊ နားသ အခါရှောင့်သင်။)

(တိထီ ၁လုံး နဝရယတြီပူဇော်ပွဲစသည်) ၊ (နံနက်၂ နာရီ ၃၂ မိနစ်လွန် မလမာသလွတ်သည်။)

အသက်ပိုင်းခြားကတော့ အချစ်ရေး အသက် ၁၅နှစ်၊ ၁၆နှစ်၊၂၁နှစ်၊၂၃နှစ်၂၅နှစ်၊ ၃၃နှစ်၊ ၄၃နှစ်တွေ့က အထူးသဖြင့် ညံမည်။ ချစ်မှုရေးရာတွင် ကံခေတတ်ပြိး အိမ်ထောင်ကျ ကံမကောင်းပါ။ အချစ်ရေးသမားများအတွက် မိမိအား ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့်အမျိုးသား၊အမျိုးသမီးအချို့ ချဉ်းကပ်လာတတ်သည်။ အချစ်ရေးစံပွင့် သို့သော် အချစ်အိမ်ထောင်ရေး မေတ္တာရေးကံမှာ မရေမရာမှုတွေ၊ တိုးတိုး တိတ်တိတ် အခြေအနေတွေ၊ မပြတ်မသား စိတ်ဒွိဟ ဖြစ်စရာတွေ များပြားစွာ ကြုံရတတ်နှစ်ဖြစ်သည်။ အချစ်ရေးမှာ တစ်ပါးသူများ ဝင်ရောက်ပြိး ချစ်သူနှစ်ဦးကြား စိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။

စနေသားသမီးများ၏ အိမ်ထောင်ဘက် တနင်္ဂနွေ, ကြာသပတေး, သောကြာ ထိုနေနံသားသမီးနှင့် ပြုထားသူနှင့် ချစ်သူ၊ ရည်းစား အိမ်ထောင်ရှင်များတွေကတော့ အထူးသတိထားသင့် အထူးညံ့ပါလိမ့်မည်။ အိမ်ထောင်ရေး ပတ်သက်ပြီး အဆင် မပြေတပြေဖြစ်မည်။ အိမ်ထောင်ကြောင့် စိတ်သောက ရောက်မည်။ စိတ်ညစ်မည်။ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့ တစ်ဦးအထင်အမြင် လွဲမှားတာလေးတွေ ကြုံပြီး လမ်းခွဲရတတ်သလို ချစ်ဦးငယ်ဟောင်း၊ ချစ်သူအသစ်ကို မျှော်ရည် တမ်းတခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။

၂၀၂၀ – ခုနှစ် အောက်တိုဘာလ (၂၄) ရက် ၁၃၈၂ – ခုနှစ် သီးတင်းကျွတ်လဆန်း (၈) ရက် စနေနေ့

ယနေ့ နေ့စက် (၁၂း၃၅) နာရီအတွင်း မြေသန့်မင်္ဂလာ၊ကလေးထမင်းခွံ၊ နာမည်မှည့် ကျောက်ဆစ်ထုခြင်း၊ကုမ္ပဏီ စတင်ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ ထီထိုး နံနက် (၈း၈) နာရီလွန် ရေတွင်းတူး၊ ငွေးကြေးချေးဌားခြင်းတို့ ကောင်း၏။

(အဌမီပူဇာ) ၊(နေ့စက် ၁၂နာရီ ၁၁မိနစ်မှ နေ့စက် ၁နာရီအတွင်း သန္ဓိပူဇာ)

မိမိအသက် ၁၆နှစ်၊ ၂၅နှစ်၊ ၃၃နှစ်၊ ၄၃နှစ်၊ ၅၂နှစ်၊ ၆၁နှစ်၊ ၇၀နှစ် ထိုနှစ်တွင် မိမိကံကြမ္မာဇာတာကံများ ထူးထူးခြားခြား ပြောင်းလဲနေသည်ကို တွေ့ရှိရလိမ့်မည်။ကောင်းကျိူးကိုဖြစ်စေ၊ မကောင်းကျိူးထိ နှစ်ပိုင်းများ၍ဖြစ်စေသည်။ ထူးခြားစွာကောင်းသော ကံအခြေအနေနှင့် ဘဝတိုးတက်အောင်မြင်မှုတို့ ဖြစ်ထွန်းလာမည်။ အလုပ်ကို ကြိုးစားပမ်းစား ဆောင်ရွက်ထားမှုကြောင့် အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မည်။ သားသမီး အကျိုးကျေးဇူး ခံစားရမည်။ စက်ပစ္စည်း ဝင်မည်။တပည့်လက်သား မမြဲ မိမိကသာ သာသမီးတွေရော လက်အောင်ငယ်သားတွေရော အလွန်အလိုလိုက် အမိုက်စော်ကားသွားတတ် ရှေ့တွင်တစ်မျိုးဖြင့် ကွယ်ရာ တစ်မျိူး ကြုံတွေ့ ဖြစ်နေလိမ့်မည်။

မိမိမှာ အိမ်ထောင်ရေး တစ်ကျက်ကျက်နှင့် ဖြစ်တတ်၍ ခဏသာဖြစ်မယ် ချက်ချင်းစိတ်ပြေ ချစ်ခင်နေပါလိမ့်မယ်။ယာယီ မကွဲပါ။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ အမွေပစ္စည်း ရမည်။ ချစ်သူ၏ ပံ့ပိုးကူညီမှုကို ရရှိမည်။ လုပ်ငန်းရှင်၊ အစေခံ၊ ဆွေမျိူး၊ ဉာတိ၊ မိတ်ဆွေ၊ ပံ့ပိုးကူညီမှုကို ရရှိမည်။ နယ်ဝေးဆွေမျိုးများ အိမ်သို့ အလည်အပတ်သွားလာခြင်း၊အကူညီပေးရခြင်းများရှိမည်။

ကျန်းမာရေးနှင့်ပတ်သက်၍ အစားအိမ်၊ ဗိုက်နာ၊ လေနာ၊ ခေါင်းကိုက်၊ ခေါင်းမူးနှင့် အထူး မီးယပ်ရောဂါ၊ သွေးလေ မညီညွတ်သော ရောဂါများ သတိပြု ဖြစ်ပွားနိုင်သည်။ စနေသားသမီးများ မိမိယုံကြည်ရာ ဘာသာရေး တရားအတိုင်း အပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်ပြုလုပ်ကြပါ။

ဆောင်ရွက်စရာကိစ္စများ – ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘေးရန်ကင်း ဂုဏ်တော်ရွတ်ဆိုပြိး ခရီးသွားခြင်း၊ ရွှေအိုရောင်၊ သနပ်ခါးရောင်၊ အဝါရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထို အရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးသောအက္ခရာနှင့် ဂဏန်းများမှာ (အ၊ရ၊လ၊သ၊)(၇,၆, ၅,ဝ)

အကျိူးပေးအရောင် – ရွှေအိုးရောင်၊ သနပ်ခါးရောင်၊ အဝါရောင်

ဆောင်ရန် – နီလာ၊ ရွှေ

ယတြာ – မိမိအိမ် ဘုရားစင်မှာ ကံ့ကော်ညွှန့်၊ ကြံညွှန့်၊ သက်ကယ် (၁၁)ညွှန့်၊ နှင်းပန်း(၉) ပွင့် လှူပေးပါ။ ကြေးဖလားဖြင့် ရေတော်(၅) ခွက်လှူ ပေးပါ။ တန်ခိုးကြီးဘုရားမှာ မွေးနေ့ နံနက် (၉း၄၀) အချိန် အင်္ဂါနံဘုရားတွင် သနပ်ခါးရောင်ဝတ်ဆင်ပြီး နှင်းပန်း(၉) ပွင့်ကပ်လှူပါ။ ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ပန္နော ) ဂုဏ်တော်ရွတ်ဆိုပြိး ပုတီး (၃) ပတ်စိတ်ပါ။ အသက်ရွယ်အိုကြီးများ၊ သံဃာတော်များနှင့် အကြီးအကဲ ပုဂ္ဂိုလ်များအား အဝတ်အထည်၊ ဆပ်ပြာမွှေးခဲ၊ ထီး၊ ဖိနပ်များလှူပေးပါ။

Credit–ဆရာမင်းသူရ ဗေဒင်ယတြာ Ph:09751089826

Leave a Reply

Your email address will not be published. Required fields are marked *