ဟင်းသီးဟင်းရွက်တွေကို မညိုးဘဲနဲ့ ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ။

ဟင်းသီးဟင်းရွက်တွေကို မညိုးဘဲနဲ့ ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ။

(Unicode)

ဟင်းသီးဟင်းရွက်တွေကို မညိုးဘဲနဲ့ ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ။

ဟင်းသီးဟင်းရွက်တွေကို ကြော်စားမယ်၊ Salad လုပ်စားမယ်ဆိုပြီး ရေဆေးလိုက်ပြီးမှ မစားဖြစ်တော့ရင် နွမ်းသွားတာနဲ့ နှမြောဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ဒီလို ဟင်းသီးဟင်းရွက်တွေကို ကြာကြာထားခံအောင် ဘယ်လိုလုပ်မလဲ။ ဒီနည်းအတိုင်းပြုလုပ်ရင် ၁ဝ ရက်လောက်အထားခံနိုင်ပါတယ်။

ရေဆေးပြီးသားအရွက်တွေကို ရေကုန်တဲ့အထိ ရေစစ်လိုက်ပါ။ မီးဖိုချောင်မှာသုံးတဲ့ တစ်ရှူးအထူစား Paper Towels ကို ဝယ်ပြီး အရွက်တွေကို Paper Towels နဲ့ပတ်လိုက်ပါ။ နှိပ်ပြီးပိတ်လို့ရတဲ့ လေလုံတဲ့ ပလပ်စတစ်အိတ်တစ်လုံးဝယ်လိုက်ပါ။ ခုနက Paper Towels ပတ်ထားတဲ့ အရွက်တွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လေကို တတ်နိုင်သမျှ ပလပ်စတစ်အိတ်ကို ဖိပြီး ထုတ်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာရဲ့ ဟင်းသီးဟင်းရွက်တွေ သိုလှောင်တဲ့နေရာမှာ သိမ်းထားလိုက်ပါ။ Paper Towels က အရွက်မှာရှိတဲ့ စိုစွတ်တဲ့ ဓာတ်ကို စုပ်ယူနိုင်ပြီး အရွက်တွေကို မနွမ်းသွားအောင် ကာကွယ်ပေးပါတယ်။ လေတွေအဝင်အထွက်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်မနွမ်းသွားအောင် လေလုံ ပလပ်စတစ်အိတ်က ကူညီပေးပါတယ်။

Credit-MyFood Myanmar

(Zawgyi)

ဟင္းသီးဟင္း႐ြက္ေတြကို မညိဳးဘဲနဲ႔ ၾကာရွည္ခံေအာင္ ဘယ္လိုလုပ္မလဲ။

ဟင္းသီးဟင္း႐ြက္ေတြကို ေၾကာ္စားမယ္၊ Salad လုပ္စားမယ္ဆိုၿပီး ေရေဆးလိုက္ၿပီးမွ မစားျဖစ္ေတာ့ရင္ ႏြမ္းသြားတာနဲ႔ ႏွေျမာဖို႔ေကာင္းပါတယ္။ ဒါ့ေၾကာင့္ ဒီလို ဟင္းသီးဟင္း႐ြက္ေတြကို ၾကာၾကာထားခံေအာင္ ဘယ္လိုလုပ္မလဲ။ ဒီနည္းအတိုင္းျပဳလုပ္ရင္ ၁ဝ ရက္ေလာက္အထားခံႏိုင္ပါတယ္။

ေရေဆးၿပီးသားအ႐ြက္ေတြကို ေရကုန္တဲ့အထိ ေရစစ္လိုက္ပါ။ မီးဖိုေခ်ာင္မွာသုံးတဲ့ တစ္ရႉးအထူစား Paper Towels ကို ဝယ္ၿပီး အ႐ြက္ေတြကို Paper Towels နဲ႔ပတ္လိုက္ပါ။ ႏွိပ္ၿပီးပိတ္လို႔ရတဲ့ ေလလုံတဲ့ ပလပ္စတစ္အိတ္တစ္လုံးဝယ္လိုက္ပါ။

ခုနက Paper Towels ပတ္ထားတဲ့ အ႐ြက္ေတြကို ပလပ္စတစ္အိတ္ထဲထည့္ၿပီး ေလကို တတ္ႏိုင္သမွ် ပလပ္စတစ္အိတ္ကို ဖိၿပီး ထုတ္လိုက္ပါ။ ၿပီးရင္ ေရခဲေသတၱာရဲ႕ ဟင္းသီးဟင္း႐ြက္ေတြ သိုေလွာင္တဲ့ေနရာမွာ သိမ္းထားလိုက္ပါ။ Paper Towels က အ႐ြက္မွာရွိတဲ့ စိုစြတ္တဲ့ ဓာတ္ကို စုပ္ယူႏိုင္ၿပီး အ႐ြက္ေတြကို မႏြမ္းသြားေအာင္ ကာကြယ္ေပးပါတယ္။ ေလေတြအဝင္အထြက္ေတြျဖစ္ၿပီး ဟင္းသီးဟင္း႐ြက္မႏြမ္းသြားေအာင္ ေလလုံ ပလပ္စတစ္အိတ္က ကူညီေပးပါတယ္။

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top