လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

(Zawgyi)

ေလယာဥ္နဲ႔ ခရီးထြက္မယ္ဆို ခရီးေဆာင္အိတ္ထဲ သယ္မလာဖို႔ ကန႔္သတ္ထားတဲ့ ပစၥည္းမ်ား

အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကိုလည္း ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားပါတယ္။ ခရီးသြားတဲ့အခါ ေလဆိပ္မွာ အဆင္ေျပေျပနဲ႔ ထြက္ဖို႔ဆိုရင္ ထုတ္ျပန္ထားတဲ့ စည္ကမ္းခ်က္ေတြကို သတိျပဳဖို႔လိုပါတယ္။ ေလဆိပ္လုံၿခဳံေရးအတြက္ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြကို ခရီးမသြားခင္ ႀကိဳတင္ျပင္ဆင္မွ ေလယာဥ္အခ်ိန္မီေအာင္ ျဖတ္ေက်ာ္ႏိုင္မွာပါ။ ေလဆိပ္မွာ အခ်ိန္ၾကန႔္ၾကာမႈ မရွိေအာင္ ဘာေတြျပင္ဆင္သြားမလဲ။

အရည္ေတြဆို ေလယာဥ္ဝမ္းဗိုက္ထဲထည့္မယ့္ ခရီးေဆာင္အိတ္ထဲ ထည့္ပါ။ ကိုယ္နဲ႔ တပါတည္း သယ္ခြင့္ေပးထားတဲ့ အိတ္နဲ႔ဆို အရည္အမ်ားႀကီး သယ္ခြင့္ မရွိပါဘူး။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အရည္အတြက္ လက္တဆြဲ သယ္ခြင့္ ၁၀၀ မီလီမီတာထက္ မပိုရလို႔ သတ္မွတ္ထားပါတယ္။ အရည္ပါတဲ့ ဘူးေတြကိုလည္း ျမင္သာထင္သာရွိတဲ့ ပလတ္စတစ္ အၾကည္အိတ္ေတြနဲ႔ သယ္ရပါမယ္။

အရည္အျဖစ္ သတ္မွတ္ထားတဲ့ပစၥည္းေတြက ေသာက္ေရအပါအဝင္၊ ယို၊ ပ်ားရည္တို႔လို အရည္အနည္းငယ္ပါတဲ့ အစားအေသာက္မ်ား၊ အလွကုန္ပစၥည္းမ်ား၊ စပေရးဗူးမ်ား၊ သြားတိုက္ေဆး၊ ေရခ်ိဳးဆပ္ျပာရည္၊ မ်က္ကပ္မွန္ ေဆးရည္နဲ႔ တျခားအရည္ပါတဲ့ပစၥည္းေတြကို လက္တဆြဲ အမ်ားႀကီး သယ္ခြင့္မရွိတာကို သတိျပဳပါ။

အရည္မဟုတ္ေပမယ့္ အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကိုလည္း ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားပါေသးတယ္။ ေပါက္ကြဲေစလြယ္တဲ့ ပစၥည္းမ်ား၊ အဆိပ္၊ ဖိအားမ်ားရင္ ေပါက္ကြဲေစႏိုင္တဲ့ ပစၥည္းမ်ား၊ သံလိုက္ဓာတ္ပါတဲ့ ပစၥည္းမ်ား၊ ေရဒီယိုသတၱဳႂကြပါတဲ့ ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ား၊ ရွားပါးတိရစာၦန္မ်ိဳးစိတ္မ်ား၊ ကိုယ္ခႏၶာအစိတ္အပိုင္း စတာေတြကိုေတာ့ ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားတာမို႔ ဘယ္ခရီးေဆာင္အိတ္နဲ႔မွ သယ္ေဆာင္ခြင့္ မရွိပါဘူး။

ကိုယ္ေပၚမွာ သတၱဳနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြ မဝတ္တာ အေကာင္းဆုံးပါပဲ။ လက္ဝတ္ရတနာ၊ နာရီ နဲ႔ ခါးပတ္ေတြဟာ လုံၿခဳံေရးစက္ေတြနဲ႔ ရွာတဲ့အခါ အခ်က္ေပးသံျမည္လို႔ ခြၽတ္ရတာမ်ိဳးေတြ၊ တခ်ိဳ႕အရမ္းေသးတဲ့ ပစၥည္းေတြဆို တခါတည္းနဲ႔ မေပၚလို႔ ၂ ေခါက္ ၃ ေခါက္ အစစ္ခံရတာေတြေၾကာင့္ မၾကာသင့္ဘဲ ၾကန႔္ၾကာတတ္ပါတယ္။ တကယ္လို႔ ဝတ္လာခဲ့မိရင္လည္း လုံၿခဳံေရးဂိတ္ မျဖတ္ခင္ကတည္းက အကုန္ခြၽတ္ၿပီး ေဘးဘက္ပုံးထဲ ထည့္ေပးလိုက္ပါ။

ခြၽတ္လို႔၊ ျပန္စြပ္လို႔ လြယ္တဲ့ ဖိနပ္မ်ိဳး ဝတ္ပါ။ ရႈးဖိနပ္လို ေျခအိတ္ေတြခြၽတ္၊ ဖိနပ္ႀကိဳးေတြ ျဖည္ေနရမယ့္ ဖိနပ္ေတြက လုံၿခဳံေရးစစ္တဲ့အခါ သင့္ကို မၾကာသင့္ဘဲ ၾကန႔္ၾကာေစသလို၊ ဝတ္လိုက္ ခြၽတ္လိုက္လုပ္ေနရတာ စိတ္ရႈပ္ရပါတယ္။ ဒါေၾကာင့္ အလြယ္တကူ ခြၽတ္လို႔လြယ္တဲ့ ဖိနပ္မ်ိဳးေတြကို စီးတာ အဆင္ေျပဆုံးပါပဲ။

ဒါ့ျပင္ ကိုယ္နဲ႔ တပါတည္း သယ္ေဆာင္ခြင့္ေပးထားတဲ့ ဘက္ထရီ၊ လက္ေတာ့ပ္နဲ႔ တျခား တကိုယ္ရည္သုံး အီလက္ထေရာနစ္ ပစၥည္းမ်ား၊ power bank ၊ ေငြေၾကးနဲ႔ ဆက္စပ္ေနတဲ့ ပစၥည္းေတြကေတာ့ သယ္ေဆာင္ခြင့္ ရွိပါတယ္။ ကန႔္သတ္ထားတဲ့ပစၥည္းေတြဟာ ႏိုင္ငံတႏိုင္ငံနဲ႔ တႏိုင္ငံ အနည္းငယ္ ကြဲျပားႏိုင္တာမို႔ ေလေၾကာင္းခရီး မသြားခင္ အရင္ႀကိဳတင္ ေလ့လာထားပါမွ ေလဆိပ္မွာ အခ်ိန႔္မၾကာဘဲ ေခ်ာေမာစြာ ျဖတ္သန္းႏိုင္ၾကမွာပါ။

Ref: Culture Trip

Credit-Aurora, The Irrawaddy – Burmese Edition

(Unicode)

လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားပါတယ်။ ခရီးသွားတဲ့အခါ လေဆိပ်မှာ အဆင်ပြေပြေနဲ့ ထွက်ဖို့ဆိုရင် ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေကို သတိပြုဖို့လိုပါတယ်။ လေဆိပ်လုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ခရီးမသွားခင် ကြိုတင်ပြင်ဆင်မှ လေယာဉ်အချိန်မီအောင် ဖြတ်ကျော်နိုင်မှာပါ။ လေဆိပ်မှာ အချိန်ကြန့်ကြာမှု မရှိအောင် ဘာတွေပြင်ဆင်သွားမလဲ။

အရည်တွေဆို လေယာဉ်ဝမ်းဗိုက်ထဲထည့်မယ့် ခရီးဆောင်အိတ်ထဲ ထည့်ပါ။ ကိုယ်နဲ့ တပါတည်း သယ်ခွင့်ပေးထားတဲ့ အိတ်နဲ့ဆို အရည်အများကြီး သယ်ခွင့် မရှိပါဘူး။ နိုင်ငံတော်တော်များများမှာ အရည်အတွက် လက်တဆွဲ သယ်ခွင့် ၁၀၀ မီလီမီတာထက် မပိုရလို့ သတ်မှတ်ထားပါတယ်။ အရည်ပါတဲ့ ဘူးတွေကိုလည်း မြင်သာထင်သာရှိတဲ့ ပလတ်စတစ် အကြည်အိတ်တွေနဲ့ သယ်ရပါမယ်။

အရည်အဖြစ် သတ်မှတ်ထားတဲ့ပစ္စည်းတွေက သောက်ရေအပါအဝင်၊ ယို၊ ပျားရည်တို့လို အရည်အနည်းငယ်ပါတဲ့ အစားအသောက်များ၊ အလှကုန်ပစ္စည်းများ၊ စပရေးဗူးများ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာရည်၊ မျက်ကပ်မှန် ဆေးရည်နဲ့ တခြားအရည်ပါတဲ့ပစ္စည်းတွေကို လက်တဆွဲ အများကြီး သယ်ခွင့်မရှိတာကို သတိပြုပါ။

အရည်မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားပါသေးတယ်။ ပေါက်ကွဲစေလွယ်တဲ့ ပစ္စည်းများ၊ အဆိပ်၊ ဖိအားများရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများ၊ သံလိုက်ဓာတ်ပါတဲ့ ပစ္စည်းများ၊ ရေဒီယိုသတ္တုကြွပါတဲ့ ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ ရှားပါးတိရစ္ဆာန်မျိုးစိတ်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စတာတွေကိုတော့ လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားတာမို့ ဘယ်ခရီးဆောင်အိတ်နဲ့မှ သယ်ဆောင်ခွင့် မရှိပါဘူး။

ကိုယ်ပေါ်မှာ သတ္တုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မဝတ်တာ အကောင်းဆုံးပါပဲ။ လက်ဝတ်ရတနာ၊ နာရီ နဲ့ ခါးပတ်တွေဟာ လုံခြုံရေးစက်တွေနဲ့ ရှာတဲ့အခါ အချက်ပေးသံမြည်လို့ ချွတ်ရတာမျိုးတွေ၊ တချို့အရမ်းသေးတဲ့ ပစ္စည်းတွေဆို တခါတည်းနဲ့ မပေါ်လို့ ၂ ခေါက် ၃ ခေါက် အစစ်ခံရတာတွေကြောင့် မကြာသင့်ဘဲ ကြန့်ကြာတတ်ပါတယ်။ တကယ်လို့ ဝတ်လာခဲ့မိရင်လည်း လုံခြုံရေးဂိတ် မဖြတ်ခင်ကတည်းက အကုန်ချွတ်ပြီး ဘေးဘက်ပုံးထဲ ထည့်ပေးလိုက်ပါ။

ချွတ်လို့၊ ပြန်စွပ်လို့ လွယ်တဲ့ ဖိနပ်မျိုး ဝတ်ပါ။ ရှုးဖိနပ်လို ခြေအိတ်တွေချွတ်၊ ဖိနပ်ကြိုးတွေ ဖြည်နေရမယ့် ဖိနပ်တွေက လုံခြုံရေးစစ်တဲ့အခါ သင့်ကို မကြာသင့်ဘဲ ကြန့်ကြာစေသလို၊ ဝတ်လိုက် ချွတ်လိုက်လုပ်နေရတာ စိတ်ရှုပ်ရပါတယ်။ ဒါကြောင့် အလွယ်တကူ ချွတ်လို့လွယ်တဲ့ ဖိနပ်မျိုးတွေကို စီးတာ အဆင်ပြေဆုံးပါပဲ။

ဒါ့ပြင် ကိုယ်နဲ့ တပါတည်း သယ်ဆောင်ခွင့်ပေးထားတဲ့ ဘက်ထရီ၊ လက်တော့ပ်နဲ့ တခြား တကိုယ်ရည်သုံး အီလက်ထရောနစ် ပစ္စည်းများ၊ power bank ၊ ငွေကြေးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကတော့ သယ်ဆောင်ခွင့် ရှိပါတယ်။ ကန့်သတ်ထားတဲ့ပစ္စည်းတွေဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ အနည်းငယ် ကွဲပြားနိုင်တာမို့ လေကြောင်းခရီး မသွားခင် အရင်ကြိုတင် လေ့လာထားပါမှ လေဆိပ်မှာ အချိန့်မကြာဘဲ ချောမောစွာ ဖြတ်သန်းနိုင်ကြမှာပါ။

Ref: Culture Trip

Credit-Aurora, The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top