ဗဟုတုသ

Halloween ဟဲလိုဝင်း သုတ

Halloween ဟဲလိုဝင်း သုတ

ကနေ့ ဟဲလိုဝင်းနေ့တဲ့။ အမေရိကန်တွေသာ ခရေးဇီးဖြစ်တဲ့ နှစ်လည်ရက်သာဖြစ်ပါတယ်။ သမိုင်းလှန်ရင် နှစ် ၂ဝဝဝ ရှိပြီလို့ဆိုပါတယ်။ သရဲပွဲလို့ ပြောနိုင်တယ်။ ခရစ်ယန်ဘာသာတွေသာလုပ်ကြတယ်။ အမေရိကတိုက်ကို အသစ်ရောက်လာကြတဲ့ အင်္ဂလန်နိုင်ငံ ဝေးလ်စ်နဲ့ စကောတလန်နယ်သားတွေကနေ အရင်ကျင်းပနေတဲ့နည်းနာတွေ ဆောင်ပုဒ်တွေကို မွမ်းမံရာကနေ ကနေ့လို ဖြစ်လာတယ်။

Trick or Treat လို့ပြောကြတယ်။ လှည်ဖျားမှုနဲ့ အစားအသောက်လို့ဆိုပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ညမှာ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေက နေအိမ်တွေကို ပြန်လာသတဲ့။ တစ္ဆေသူရဲအဖြစ် လာမယ်။ အဲတာတွေ အိမ်ထဲ မဝင်နိုင်အောင် အိမ်အဝမှာ စားကောင်းသောက်ဖွယ်တွေ ချထားပေးရတယ်။ အိမ်ရှင်တွေကလည်း သရဲအဝတ်အစားတွေ ဝတ်ထားတော့ တကယ့်သူရဲတွေက သူတို့လိုသူရဲ့ဖရင်းတွေပဲမှတ်အောင် အယောင်ဆောင်ရတယ်။

တကယ်တော့ ဘာသာရေးမဟုတ်ပါ။ စီးပွါးရေး။ ကနေ့ အမေရိကမှာ ခရစ်မတ်ပြီးရင် ဒုတိယလိုက်တဲ့ စီးပွါးရေးလုပ်ငန်းလို့ ပြောနိုင်တယ်။ ၂ဝ၁၆ ခုနှစ်က ၈့၄ ဘီလီယန် ဒေါ်လာ သုံးခဲ့ဖြုန်းခဲ့ကြတယ်။ သူရဲအဝတ်အစားအတွက် ကုန်တာက များတယ်။ လက်ဆောင်၊ ချောကလက်နဲ့ စားစရာ သောက်စရာတွေအတွက် သုံးကြတာ။ ရွှေဝါရောင်ဖရုံသီး အကြီးကြီးတွေကို ပုံစံဒီဇိုင်းအမျိုးမျိုးလုပ်ကြတယ်။ တစ္ဆေသရဲ ပုံပြင်တွေ ရုပ်ရှင်တွေထဲမှာ လင်းနို့၊ ကြောင်၊ ဇီးကွက်၊ အရိုးစုပဒေသာ၊ စုန်းမတွေပါတယ်။

Crd;ဒေါက်တာတင့်ဆွေ

(Zawgyi)

Halloween ဟဲလိုဝင္း သုတ

ကေန႔ ဟဲလိုဝင္းေန႔တဲ့။ အေမရိကန္ေတြသာ ခေရးဇီးျဖစ္တဲ့ ႏွစ္လည္ရက္သာျဖစ္ပါတယ္။ သမိုင္းလွန္ရင္ ႏွစ္ ၂ဝဝဝ ရွိၿပီလို႔ဆိုပါတယ္။ သရဲပြဲလို႔ ေျပာႏိုင္တယ္။ ခရစ္ယန္ဘာသာေတြသာလုပ္ၾကတယ္။ အေမရိကတိုက္ကို အသစ္ေရာက္လာၾကတဲ့ အဂၤလန္ႏိုင္ငံ ေဝးလ္စ္နဲ႔ စေကာတလန္နယ္သားေတြကေန အရင္က်င္းပေနတဲ့နည္းနာေတြ ေဆာင္ပုဒ္ေတြကို မြမ္းမံရာကေန ကေန႔လို ျဖစ္လာတယ္။

Trick or Treat လို႔ေျပာၾကတယ္။ လွည္ဖ်ားမႈနဲ႔ အစားအေသာက္လို႔ဆိုပါတယ္။ ေအာက္တိုဘာလ ၃၁ ရက္ေန႔ညမွာ ေသဆုံးသြားသူေတြရဲ႕ ဝိညာဥ္ေတြက ေနအိမ္ေတြကို ျပန္လာသတဲ့။ တေစၦသူရဲအျဖစ္ လာမယ္။ အဲတာေတြ အိမ္ထဲ မဝင္ႏိုင္ေအာင္ အိမ္အဝမွာ စားေကာင္းေသာက္ဖြယ္ေတြ ခ်ထားေပးရတယ္။ အိမ္ရွင္ေတြကလည္း သရဲအဝတ္အစားေတြ ဝတ္ထားေတာ့ တကယ့္သူရဲေတြက သူတို႔လိုသူရဲ႕ဖရင္းေတြပဲမွတ္ေအာင္ အေယာင္ေဆာင္ရတယ္။

တကယ္ေတာ့ ဘာသာေရးမဟုတ္ပါ။ စီးပြါးေရး။ ကေန႔ အေမရိကမွာ ခရစ္မတ္ၿပီးရင္ ဒုတိယလိုက္တဲ့ စီးပြါးေရးလုပ္ငန္းလို႔ ေျပာႏိုင္တယ္။ ၂ဝ၁၆ ခုႏွစ္က ၈့၄ ဘီလီယန္ ေဒၚလာ သုံးခဲ့ျဖဳန္းခဲ့ၾကတယ္။ သူရဲအဝတ္အစားအတြက္ ကုန္တာက မ်ားတယ္။ လက္ေဆာင္၊ ေခ်ာကလက္နဲ႔ စားစရာ ေသာက္စရာေတြအတြက္ သုံးၾကတာ။ ေ႐ႊဝါေရာင္ဖ႐ုံသီး အႀကီးႀကီးေတြကို ပုံစံဒီဇိုင္းအမ်ိဳးမ်ိဳးလုပ္ၾကတယ္။ တေစၦသရဲ ပုံျပင္ေတြ ႐ုပ္ရွင္ေတြထဲမွာ လင္းႏို႔၊ ေၾကာင္၊ ဇီးကြက္၊ အ႐ိုးစုပေဒသာ၊ စုန္းမေတြပါတယ္။

Crd;ေဒါက္တာတင့္ေဆြ

Leave a Reply

Your email address will not be published. Required fields are marked *