ဗဟုတုသ

ဆံပင္အေျခာက္ခံစက္ (Hair Dryer) သုံးတတ္သူေတြ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ား။ ဆံပင်အခြောက်ခံစက် (Hair Dryer) သုံးတတ်သူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ။

(Zawgyi)

Hair Dryer သုံးတတ္သူေတြ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ား

ေခါင္းေလွ်ာ္ၿပီးတဲ့ အခါတိုင္း Hair Dryer (ဆံပင္အေျခာက္ခံစက္) အသုံးျပဳျခင္းဟာ ဆံေကသာကို ေျခာက္ေသြ႕ပ်က္စီးေစတယ္ ဆိုေပမယ့္ အသုံံးျပဳတဲ့ နည္းလမ္း မွန္ကန္မယ္ဆိုရင္ ထင္သေလာက္ မပ်က္စီးေစႏိုင္ပါဘူး။ ဒါေၾကာင့္မို႔လို႔ Hair Dryer အသုံးျပဳတဲ့အခါ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေတြကို မွ်ေဝေပးခ်င္ပါတယ္။

(၁) ေခါင္းေလွ်ာ္ၿပီးတိုင္း Hair Dryer အသုံးျပဳတဲ့အခါ ဆံပင္ကို ေလမႈတ္ခ်င္သလို မႈတ္တာထက္ ဆံပင္အရင္းကေန အဖ်ားအတိုင္း ေလမႈတ္ အေျခာက္ခံေပးျခင္းက ဆံသားပ်က္စီးမႈႏႈန္းကို သက္သာေစသလို ဆံပင္ေျခာက္ေသြ႕ပ်က္စီးမႈမ်ားတာကိုလည္း ေလ်ာ့ပါးေစႏိုင္ပါတယ္။

(၂) Hair Dryer အသုံးျပဳတဲ့အခါ ဆံပင္ တေခါင္းလုံးကို လွည့္ပတ္ၿပီး အေျခာက္ခံ ေလမႈတ္တာမ်ိဳးထက္ ဆံပင္ကို အပိုင္းေလးေတြ ခြဲၿပီး အေျခာက္ခံေပးျခင္းက ဆံသား က်ိဳးေၾကပ်က္စီးမႈကို ေလ်ာ့နည္းေစႏိုင္သလို ဆံသားအခ်င္းခ်င္း ပြတ္တိုက္မိၿပီး ဆံပင္ကြၽတ္တာမ်ိဳးကေနလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။

(၃) Hair Dryer အသုံးျပဳတဲ့အခါ မ်က္ႏွာ၊ နဖူးစတာေတြနဲ႔ အရမ္းနီးကပ္လြန္းေအာင္ အသုံးျပဳျခင္းဟာ အသားအေရကို ေျခာက္ေသြ႕ပ်က္စီး ေစႏိုင္တာေၾကာင့္ အနည္းဆုံး ၁ ေပအကြာေလာက္ကေန ထားၿပီး အသုံးျပဳသင့္ပါတယ္။

(၄) Hair Dryer အသုံးျပဳျခင္းေၾကာင့္ ဆံသားေျခာက္ေသြ႕ ပ်က္စီးတာမ်ိဳးေတြ မျဖစ္ရေအာင္ ဆံပင္ေတြကို Dryer နဲ႔ မမႈတ္ခင္ ဗီတာမင္အီး၊ သံလြင္ဆီ စတဲ့အဆီတမ်ိဳးမ်ိဳးကို လိမ္းက်ံေပးၿပီးမွ အေျခာက္ခံေပးျခင္းက ဆံသားေတြကို ပုံက်လွပေစႏိုင္ပါတယ္။

(၅) Hair Dryer ေတြကို သန႔္ရွင္းေရး မလုပ္ဘဲ အၿမဲလိုလို အသုံးျပဳေနမယ္ဆိုရင္ Dryer ထဲက ဖုန္မႈန႔္ေတြဟာ ဦးေရျပားနဲ႔ ဆံပင္ကို ကပ္ၿငိႏိုင္တာေၾကာင့္ အနည္းဆုံး ၂ ပတ္တခါေလာက္ Dryer ကို သန႔္ရွင္းေရးလုပ္ေပးသင့္ပါတယ္။

(၆) ေခါင္းေလွ်ာ္ၿပီး ေရစိုေနတဲ့ ဆံပင္ကို Hair Dryer နဲ႔ စမႈတ္တဲ့အခါ အပူရွိန္ျပင္းျပင္းနဲ႔ မႈတ္လိုက္မယ္ဆိုရင္ ဆံပင္ေတြ ပိုမိုပ်က္စီးေစႏိုင္တာေၾကာင့္ အပူရွိန္ေလအား ေပ်ာ့တာနဲ႔ အရင္ စမႈတ္ေပးသင့္ပါတယ္။

Ref. www.brightside.me

Credit- ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

Hair Dryer သုံးတတ်သူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ

ခေါင်းလျှော်ပြီးတဲ့ အခါတိုင်း Hair Dryer (ဆံပင်အခြောက်ခံစက်) အသုံးပြုခြင်းဟာ ဆံကေသာကို ခြောက်သွေ့ပျက်စီးစေတယ် ဆိုပေမယ့် အသုံံးပြုတဲ့ နည်းလမ်း မှန်ကန်မယ်ဆိုရင် ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ Hair Dryer အသုံးပြုတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ခေါင်းလျှော်ပြီးတိုင်း Hair Dryer အသုံးပြုတဲ့အခါ ဆံပင်ကို လေမှုတ်ချင်သလို မှုတ်တာထက် ဆံပင်အရင်းကနေ အဖျားအတိုင်း လေမှုတ် အခြောက်ခံပေးခြင်းက ဆံသားပျက်စီးမှုနှုန်းကို သက်သာစေသလို ဆံပင်ခြောက်သွေ့ပျက်စီးမှုများတာကိုလည်း လျော့ပါးစေနိုင်ပါတယ်။

(၂) Hair Dryer အသုံးပြုတဲ့အခါ ဆံပင် တခေါင်းလုံးကို လှည့်ပတ်ပြီး အခြောက်ခံ လေမှုတ်တာမျိုးထက် ဆံပင်ကို အပိုင်းလေးတွေ ခွဲပြီး အခြောက်ခံပေးခြင်းက ဆံသား ကျိုးကြေပျက်စီးမှုကို လျော့နည်းစေနိုင်သလို ဆံသားအချင်းချင်း ပွတ်တိုက်မိပြီး ဆံပင်ကျွတ်တာမျိုးကနေလည်း လျော့နည်းစေနိုင်ပါတယ်။

(၃) Hair Dryer အသုံးပြုတဲ့အခါ မျက်နှာ၊ နဖူးစတာတွေနဲ့ အရမ်းနီးကပ်လွန်းအောင် အသုံးပြုခြင်းဟာ အသားအရေကို ခြောက်သွေ့ပျက်စီး စေနိုင်တာကြောင့် အနည်းဆုံး ၁ ပေအကွာလောက်ကနေ ထားပြီး အသုံးပြုသင့်ပါတယ်။

(၄) Hair Dryer အသုံးပြုခြင်းကြောင့် ဆံသားခြောက်သွေ့ ပျက်စီးတာမျိုးတွေ မဖြစ်ရအောင် ဆံပင်တွေကို Dryer နဲ့ မမှုတ်ခင် ဗီတာမင်အီး၊ သံလွင်ဆီ စတဲ့အဆီတမျိုးမျိုးကို လိမ်းကျံပေးပြီးမှ အခြောက်ခံပေးခြင်းက ဆံသားတွေကို ပုံကျလှပစေနိုင်ပါတယ်။

(၅) Hair Dryer တွေကို သန့်ရှင်းရေး မလုပ်ဘဲ အမြဲလိုလို အသုံးပြုနေမယ်ဆိုရင် Dryer ထဲက ဖုန်မှုန့်တွေဟာ ဦးရေပြားနဲ့ ဆံပင်ကို ကပ်ငြိနိုင်တာကြောင့် အနည်းဆုံး ၂ ပတ်တခါလောက် Dryer ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

(၆) ခေါင်းလျှော်ပြီး ရေစိုနေတဲ့ ဆံပင်ကို Hair Dryer နဲ့ စမှုတ်တဲ့အခါ အပူရှိန်ပြင်းပြင်းနဲ့ မှုတ်လိုက်မယ်ဆိုရင် ဆံပင်တွေ ပိုမိုပျက်စီးစေနိုင်တာကြောင့် အပူရှိန်လေအား ပျော့တာနဲ့ အရင် စမှုတ်ပေးသင့်ပါတယ်။

Ref. www.brightside.me

Credit- ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *