ဗဟုတုသ

ကျန်းမာရေးနှင့်ညီညွှတ်ပြီးခံတွင်းမြိန်စေမည့် သံပုရာသီးသနပ်လုပ်နည်း

က်န္မာေရးနွင့္ညီညႊတ္ျပီးခံတြင္းျမိန္ေစမည့္ သံပုရာသီးသနပ္လုပ္နည္း

လိုအပ္တ့ဲ အမယ္မ်ားကေတာ့- (၁) သံပုရာသီး ၁၅ လုံး ၊ (၂) စမုန္စပါး ၁ ဇြန္း ( ထမင္းစားဇြန္းျဖင့္ ) ၊ (၃) ငရုပ္သီးအစိမ္းမွဳန္႕ ( တဇြန္ ) ၊ (၄) စားဆီ ၂၀ က်ပ္သား ( အနည္းငယ္တိုးထည့္လဲရ) ၊

(၅) မုန္ညွင္းေစ့။ ဇီယာေစ့။မဆလာ။ ဆႏြံး – နႏြင္းမွဳန္႕(အသင့္အတင့္) ၊ (၆) သႀကား ၁ ဇြန္း ( လဖက္စားဇြန္းျဖင့္ ) ၊ (၇) ေလလုံေသာဖန္ဗူး ( ႀကာရွည္စြာစားသုံးရန္ )

ျပဳလုပ္ပုံ။ ။သံပုရာသီးေတြကို ဆားနဲ႔နယ္၍ ပုလင္းထဲထည့္ပါ။ေနပူမွာ သံုး ေလးရက္ ထုတ္လွမ္းပီး အငံရည္ေတြကို သြန္ပစ္လိုက္ပါ။ အသီးကို ေလးစိပ္စိပ္ပီး အေစ႔ေတြကို ထုတ္လိုက္ပါ။

အိုးထဲမွာဆီထည္႔ၿပီး မီးဖိုေပၚမွာ ဆီဆူေအာင္ထားပါ။ ဆီဆူလာရင္ မီးပိတ္လိုက္ပီး စမုန္စပါး. မုန္ညင္းေစ႔, ဇီယာေစ့, မဆလာ,ဆႏြင္း,ျငဳပ္သီးအစိမ္းမႈန႔္,တို႔ကိုထည္႕ေမႊပါ။

သံပုရာသီးစိပ္ နဲ႔ ၾကက္သြန္ျဖဴအမႊာေလးေတြကို ထည့္ေမႊပါ။ သႀကား လဖက္စားဇြန္းတဇြန္းထည့္ပါ။ ( အခ်ဥ္ေပါ့ေစဖို႔ ) အားလံုးေရာေမႊပီးရင္ သံပုရာသီးသနပ္ရပါၿပီ။

ပုလင္းနဲ႕ထည္႔ၿပီး ေရခဲေသတၱာထဲမွာထားပါ။ ( အၾကာႀကီးခံပါတယ္ ) နံနက္ခင္း ထမင္းေၾကာ္နဲ႔ပဲစားစား,ဒံေပါက္နဲ႔ပဲစားစား,ဆိတ္သား,ၾကက္သားဟင္းနဲ႔ပဲစားစား,

ပဲကုလားဟင္းနဲ႔ပဲစားစား အရမ္းကိုလိုက္ဖက္ျပီးက်န္းမာေရးနဲ႔ညီညႊတ္ေသာ သံပုရာသီးသနပ္ပါ။ သံပုရာသီးကို မိႈမတက္ေအာင္ ဆီျမဳပ္ေအာင္ထည့္ေပးထားပါ။ ဆားထပ္မထည့္ရပါဘူး။ ဆားနယ္ပီးသားမို႔ပါ။

မွတ္ခ်က္။ ။အခ်ဥ္ေပါ့ခ်င္ရင္ေတာ့ ေလးစိပ္ အရင္ခြဲပီး ဆားနယ္, ေနပူလွန္းပီးမွ ဆားေရသြန္ပီး ဆီသတ္ေပးပါ။ အခ်ဥ္ႀကိဳက္သူဆိုရင္ေတာ့ အလံုးလိုက္ေနလွမ္းပီးမွေလးစိပ္ခြဲ ဆီသတ္တာပါ။ (ဒီနည္းလည္းပဲ သိပ္ေတာ့ မခ်ဥ္လွပါဘူး )

(Unicode)

လိုအပ်တဲ့ အမယ်များကတော့- (၁) သံပုရာသီး ၁၅ လုံး ၊ (၂) စမုန်စပါး ၁ ဇွန်း ( ထမင်းစားဇွန်းဖြင့် ) ၊ (၃) ငရုပ်သီးအစိမ်းမှုန့် ( တဇွန် ) ၊ (၄) စားဆီ ၂၀ ကျပ်သား ( အနည်းငယ်တိုးထည့်လဲရ) ၊

(၅) မုန်ညှင်းစေ့။ ဇီယာစေ့။မဆလာ။ ဆနွံး – နနွင်းမှုန့်(အသင့်အတင့်) ၊ (၆) သကြား ၁ ဇွန်း ( လဖက်စားဇွန်းဖြင့် ) ၊ (၇) လေလုံသောဖန်ဗူး ( ကြာရှည်စွာစားသုံးရန် )

ပြုလုပ်ပုံ။ ။သံပုရာသီးတွေကို ဆားနဲ့နယ်၍ ပုလင်းထဲထည့်ပါ။နေပူမှာ သုံး လေးရက် ထုတ်လှမ်းပီး အငံရည်တွေကို သွန်ပစ်လိုက်ပါ။ အသီးကို လေးစိပ်စိပ်ပီး အစေ့တွေကို ထုတ်လိုက်ပါ။

အိုးထဲမှာဆီထည့်ပြီး မီးဖိုပေါ်မှာ ဆီဆူအောင်ထားပါ။ ဆီဆူလာရင် မီးပိတ်လိုက်ပီး စမုန်စပါး. မုန်ညင်းစေ့, ဇီယာစေ့, မဆလာ,ဆနွင်း,ငြုပ်သီးအစိမ်းမှုန့်,တို့ကိုထည့်မွှေပါ။

သံပုရာသီးစိပ် နဲ့ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်မွှေပါ။ သကြား လဖက်စားဇွန်းတဇွန်းထည့်ပါ။ ( အချဉ်ပေါ့စေဖို့ ) အားလုံးရောမွှေပီးရင် သံပုရာသီးသနပ်ရပါပြီ။

ပုလင်းနဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာထားပါ။ ( အကြာကြီးခံပါတယ် ) နံနက်ခင်း ထမင်းကြော်နဲ့ပဲစားစား,ဒံပေါက်နဲ့ပဲစားစား,ဆိတ်သား,ကြက်သားဟင်းနဲ့ပဲစားစား,

ပဲကုလားဟင်းနဲ့ပဲစားစား အရမ်းကိုလိုက်ဖက်ပြီးကျန်းမာရေးနဲ့ညီညွှတ်သော သံပုရာသီးသနပ်ပါ။ သံပုရာသီးကို မှိုမတက်အောင် ဆီမြုပ်အောင်ထည့်ပေးထားပါ။ ဆားထပ်မထည့်ရပါဘူး။ ဆားနယ်ပီးသားမို့ပါ။

မှတ်ချက်။ ။အချဉ်ပေါ့ချင်ရင်တော့ လေးစိပ် အရင်ခွဲပီး ဆားနယ်, နေပူလှန်းပီးမှ ဆားရေသွန်ပီး ဆီသတ်ပေးပါ။ အချဉ်ကြိုက်သူဆိုရင်တော့ အလုံးလိုက်နေလှမ်းပီးမှလေးစိပ်ခွဲ ဆီသတ်တာပါ။ (ဒီနည်းလည်းပဲ သိပ်တော့ မချဉ်လှပါဘူး )

Leave a Reply

Your email address will not be published. Required fields are marked *