(Zawgyi)
ပတဲေကာႀကီးပင္
ျမန္မာ ႏိုင္ငံ အႏွံ႔ အျပားတြင္ သဘာ၀အေလ်ာက္ ေပါက္ေရာက္သည္။ သဘာ၀ေပါက္ပင္ ျဖစ္သည္။
အပင္
အၿမဲစိမ္း အပင္ငယ္ မ်ိဳးျဖစ္သည္။ အျမင့္ ၅-၈ ေပ အထိ ျမင့္သည္။႐ြက္ေယာင္ ပင္စည္ ျဖစ္ၿပီး ေထာင္မတ္၍ ေပါက္သည္။ ပင္စည္ လုံးမာ ၍ ေခ်ာေမြ႕ သည္။
အ႐ြက္
ပင္စည္လုံးအား ပတ္၍ ႐ြက္လႊဲထြက္သည္။အလ်ား ၁-၂ ေပ အထိ ရွိ၏။ ႐ြက္ျပားက်ဥ္း၏။႐ြက္ရင္းဝိုင္း သို႔မဟုတ္ သြယ္ၿပီး ႐ြက္ထိပ္သို႔ ခြၽန္သြယ္ သြားသည္။ဂုံမင္း ႐ြက္ႏွင့္ တူသည္။႐ြက္ညႇာ တိုသည္။႐ြက္လယ္ေၾကာ ထင္ရွား၍ ေျမာင္းပါသည္။ အ႐ြက္ မ်က္ႏွာျပင္ ႏွစ္ဖက္လုံး ေခ်ာေမြ႕ၿပီး ႐ြက္နားညီသည္။
အပြင့္
ေသးငယ္ၿပီး အျဖဴ ေရာင္တြင္ နီညိဳ စင္းကေလး မ်ား ရွိသည္။
အျမစ္ဥ
ဥပုံသဏၭာန္ ျဖစ္ၿပီး နႏြင္း တက္ႏွင့္ တူသည္။ အေျမႇး ဖတ္မ်ားျဖင့္ ဖုံးအုပ္ထားသည္။ ျမစ္ႁမႊာ နည္းသည္။
အသုံးဝင္ပုံ
ဥတက္။
အာနိသင္
ျမန္မာ ေဆးက်မ္းမ်ား အလိုအရ ပတဲေကာ ျမစ္သည္ ပူ ၊ စပ္၊ ခါး ေသာ အရသာ ရွိ၏။ ပူ၍ ထက္ျမက္ေသာ ဂုဏ္သတၱိ ရွိ၏။ ေသြး ၊ သလိပ္ကို ေၾကေစ၍ အဆိပ္ကိုလည္းေကာင္း၊ေရာင္ရမ္းေသာအနာကိုလည္းေကာင္း ႏိုင္ေသာ သတၱိ ရွိ၏။ ဝမ္းမီးကို ေတာက္ေစသည္။ ႏွလုံး ကို အက်ိဳး ျပဳသည္။ ႏႈတ္ကို ၿမိန္ေစသည္။
ဥတက္အသုံးျပဳပုံ
၁။ပတဲေကာႀကီးကို ဝမ္းကိုက္ေရာဂါ၊ ေသြးဝမ္းက် ေရာဂါ၊ ပန္းနာေရာဂါ၊ ႏွလုံးေရာဂါ ေပ်ာက္ ေဆးမ်ားအျဖစ္ ေဖာ္စပ္ အသုံးျပဳ၏။
၂။ဆီးခဲလွ်င္ ပတဲေကာကို ဆန္ေဆးရည္ ႏွင့္ ေသြးေသာက္က ဆီး႐ႊင္ေစ၏။
၃။ပတဲေကာႀကီး ျမစ္ကို ခ်င္းစိမ္းအရည္၊ ပ်ားရည္ႏွင့္ လ်က္ေပးက ေခ်ာင္းဆိုး ေရာဂါ ေပ်ာက္၏။
၄။ပတဲေကာႀကီး ႏွင့္ စမုန္ျဖဴ၊ ဆားမီးဖုတ္ တို႔ကို အမႈန႔္ ျပဳ၍ အနည္းငယ္မွ် လ်က္ေပး ေသာ္ ရင္နာ၊ ဝမ္းနာ ေပ်ာက္၏။
၅။ဆီးအိမ္တြင္ ဆီးရွိလ်က္ ဆီးေအာင့္ ဆီးခ်ဳပ္ေနမူ ပတဲေကာႀကီး ျမစ္ကို ေရႏွင့္ ေသြးေသာက္ ေသာ္ ေပ်ာက္၏။
၆။အဖ်ားေရာဂါမ်ားအတြက္ အဖ်ားကို ႏိုင္ေစေသာ ငန္းေဆးႏွင့္ ပတဲေကာႀကီး ျပဳတ္ရည္ တိုက္ပါက လ်င္ျမန္စြာ ေပ်ာက္ကင္း၏။
၇။ပတဲေကာႀကီး၊ ခ်င္းေျခာက္၊ သိေႏၶာဆားတို႔ကို ဆတူစပ္၍ အမႈန႔္ျပဳေသာက္ေသာ္ အစာ မေၾက ေရာဂါ ေပ်ာက္ကင္း၏။
Credit-ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား
(Unicode)
ပတဲကောကြီးပင်
မြန်မာ နိုင်ငံ အနှံ့ အပြားတွင် သဘာ၀အလျောက် ပေါက်ရောက်သည်။ သဘာ၀ပေါက်ပင် ဖြစ်သည်။
အပင်
အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။
အရွက်
ပင်စည်လုံးအား ပတ်၍ ရွက်လွှဲထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြားကျဉ်း၏။ရွက်ရင်းဝိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။
အပွင့်
သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။
အမြစ်ဥ
ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။
အသုံးဝင်ပုံ
ဥတက်။
အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ်ကိုလည်းကောင်း၊ရောင်ရမ်းသောအနာကိုလည်းကောင်း နိုင်သော သတ္တိ ရှိ၏။ ဝမ်းမီးကို တောက်စေသည်။ နှလုံး ကို အကျိုး ပြုသည်။ နှုတ်ကို မြိန်စေသည်။
ဥတက်အသုံးပြုပုံ
၁။ပတဲကောကြီးကို ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံးရောဂါ ပျောက် ဆေးများအဖြစ် ဖော်စပ် အသုံးပြု၏။
၂။ဆီးခဲလျှင် ပတဲကောကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။
၃။ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။
၄။ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။
၅။ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။
၆။အဖျားရောဂါများအတွက် အဖျားကို နိုင်စေသော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။
၇။ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆားတို့ကို ဆတူစပ်၍ အမှုန့်ပြုသောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။
Credit-မြန်မာ့ဆေးဖက်ဝင်အပင်များ