ဗဟုတုသ

အ႐ိုးအစားထိုးကုသပစၥည္းကို ၾကက္ဥခြံကေနထုတ္လုပ္ဖန္တီး

အ႐ိုးအစားထိုးကုသပစၥည္းကို ၾကက္ဥခြံကေနထုတ္လုပ္ဖန္တီး

====================
====================

အ႐ိုးအစားထိုးကုသတဲ့ပစၥည္းထုတ္လုပ္ရာမွာစြန္႔ပစ္ၾကတဲ့ ၾကက္ဥအခြံကေနဖန္တီးတဲ့နည္းလမ္းကိုအိႏၵိယသုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။သုေတသီေတြက I-tricalcium phosphate (I-TCP) လိုအ႐ိုးအစားထိုးပစၥည္းေတြကိုအဆိပ္အေတာက္ရွိတဲ့ဓာတုပစၥည္းေတြ မသုံးဘဲထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးပမ္းေနတာပါ။

ၾကက္ဥခြံဟာသတၱဳဓာတ္ပါတဲ့ကယ္လ္စီယမ္ အမ်ားဆုံး(၉၅ ဒသမ ၁ ရာခိုင္ႏႈန္း) ပါဝင္တဲ့အျပင္ ပ႐ိုတင္းနဲ႔ ေရဓာတ္အနည္းငယ္လည္းပါဝင္ပါတယ္။

အ႐ိုးပ်က္စီးမႈေတြကိုကုသဖို႔ အ႐ိုးဆက္အစားထိုးပစၥည္းေတြသုံးခဲ့တာ ၾကာပါၿပီ။ ၾကက္ဥခြံကရတဲ့ ကယ္လ္စီယမ္ကို ေညာင္ပင္ရဲ႕အေစးနဲ႔ ေပါင္းစပ္ၿပီးအ႐ိုးအစားထိုးပစၥည္းဖန္တီးပါတယ္။

ကေန႔ေခတ္ေဆးပညာမွာလူနာသို႔မဟုတ္ အလႉရွင္ဆီကအ႐ိုးကို Plaster of Paris လိုကယ္လ္စီယမ္ပါဝင္တဲ့ အတုပစၥည္းေတြသုံးၿပီးထိခိုက္ပ်က္စီးေနတဲ့အ႐ိုးေတြကိုအစားထိုးကုသပါတယ္။

ေနာက္ပိုင္းေတာ့ hydroxyapatite နဲ႔ calcium phosphate တို႔လို ေဖာ့စဖိတ္ျဒပ္ေပါင္းေတြကိုသုံးၾကပါတယ္။၁၆၆၈ ခုႏွစ္မွာဒတ္ခ်္လူမ်ိဳးဆရာဝန္ Van Meek’ren က အေစာဆုံးမွတ္တမ္းဝင္ အ႐ိုးအစားထိုးကုသမႈကိုေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီးကတည္းကအ႐ိုးအစားထိုးကုသမႈေပါင္း ၅၀ ေက်ာ္ကိုစမ္းသပ္ကုသခဲ့ၿပီးျဖစ္ပါတယ္။

ဒီေလ့လာမႈကို Indian Institute of Technology (IIT)၊ National institute of Technology တို႔မွ သုေတသီေတြကပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။သူတို႔ရဲ႕ေတြ႕ရွိခ်က္ရလဒ္ကို ၂၀၁၉ မတ္လထုတ္ Ceramics International ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဓာတုပစၥည္းေတြသုံးၿပီးအစားထိုးကုသမႈအတုပစၥည္းေတြ ျပဳလုပ္ရာမွာ ေတြေဝေနရတာေတြရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အၿပီးအျပတ္မဖယ္ရွားႏိုင္ရင္ အဆိပ္အေတာက္ျဖစ္ေစႏိုင္မယ့္ ဓာတုအႂကြင္းအက်န္ေတြရွိေနတတ္တာေၾကာင့္ပါ။ ဥပမာ I-tricalcium phosphate (I-TCP) ကို ျပဳလုပ္တဲ့အခါ ႏိုက္ထရိတ္ျဒပ္ေပါင္းေတြသုံးၿပီးေပါင္းစပ္ဖန္တီးရတယ္။ အႂကြင္းအက်န္ေတြရွိမယ္ဆိုရင္ အႏၲရာယ္ရွိတယ္ လိို႔ သုေတသီတစ္ဦးကေျပာပါတယ္။

ၾကက္ဥခြံကေနျပဳလုပ္တဲ့ ဇီဝပစၥည္းကဆိုရင္ သူ႔မွာသဘာဝအေလ်ာက္ပါၿပီးသားဇီဝပစၥည္းေတြ၊ ion ေတြရွိေနတာေၾကာင့္ တျခားအတုပစၥည္းေတြထက္ ပိုေဘးကင္းတယ္။ ေနာက္ၿပီးအကုန္အက်သက္သာတယ္။ ကမာၻတစ္လႊားမွာစြန္႔ပစ္ေနၾကတဲ့ ၾကက္ဥခြံေပါင္းတန္ခ်ိန္သန္းေပါင္းမ်ားစြာရွိေနေတာ့ အေရအတြက္ကလည္းအကန္႔အသတ္မရွိရႏိုင္တယ္ လို႔ သုေတသီေတြကဆိုပါတယ္။

==========

The Myanmar Times

(unicode)

အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေထုတ်လုပ်ဖန်တီး

====================
====================

အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာစွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေဖန်တီးတဲ့နည်းလမ်းကိုအိန္ဒိယသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။သုတေသီတွေက I-tricalcium phosphate (I-TCP) လိုအရိုးအစားထိုးပစ္စည်းတွေကိုအဆိပ်အတောက်ရှိတဲ့ဓာတုပစ္စည်းတွေ မသုံးဘဲထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။

ကြက်ဥခွံဟာသတ္တုဓာတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅ ဒသမ ၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ ရေဓာတ်အနည်းငယ်လည်းပါဝင်ပါတယ်။

အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကို ညောင်ပင်ရဲ့အစေးနဲ့ ပေါင်းစပ်ပြီးအရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။

ကနေ့ခေတ်ဆေးပညာမှာလူနာသို့မဟုတ် အလှူရှင်ဆီကအရိုးကို Plaster of Paris လိုကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီးထိခိုက်ပျက်စီးနေတဲ့အရိုးတွေကိုအစားထိုးကုသပါတယ်။

နောက်ပိုင်းတော့ hydroxyapatite နဲ့ calcium phosphate တို့လို ဖော့စဖိတ်ဒြပ်ပေါင်းတွေကိုသုံးကြပါတယ်။၁၆၆၈ ခုနှစ်မှာဒတ်ချ်လူမျိုးဆရာဝန် Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းကအရိုးအစားထိုးကုသမှုပေါင်း ၅၀ ကျော်ကိုစမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။

ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊ National institute of Technology တို့မှ သုတေသီတွေကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့တွေ့ရှိချက်ရလဒ်ကို ၂၀၁၉ မတ်လထုတ် Ceramics International ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဓာတုပစ္စည်းတွေသုံးပြီးအစားထိုးကုသမှုအတုပစ္စည်းတွေ ပြုလုပ်ရာမှာ တွေဝေနေရတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြီးအပြတ်မဖယ်ရှားနိုင်ရင် အဆိပ်အတောက်ဖြစ်စေနိုင်မယ့် ဓာတုအကြွင်းအကျန်တွေရှိနေတတ်တာကြောင့်ပါ။ ဥပမာ I-tricalcium phosphate (I-TCP) ကို ပြုလုပ်တဲ့အခါ နိုက်ထရိတ်ဒြပ်ပေါင်းတွေသုံးပြီးပေါင်းစပ်ဖန်တီးရတယ်။ အကြွင်းအကျန်တွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ် လို့ သုတေသီတစ်ဦးကပြောပါတယ်။

ကြက်ဥခွံကနေပြုလုပ်တဲ့ ဇီဝပစ္စည်းကဆိုရင် သူ့မှာသဘာဝအလျောက်ပါပြီးသားဇီဝပစ္စည်းတွေ၊ ion တွေရှိနေတာကြောင့် တခြားအတုပစ္စည်းတွေထက် ပိုဘေးကင်းတယ်။ နောက်ပြီးအကုန်အကျသက်သာတယ်။ ကမ္ဘာတစ်လွှားမှာစွန့်ပစ်နေကြတဲ့ ကြက်ဥခွံပေါင်းတန်ချိန်သန်းပေါင်းများစွာရှိနေတော့ အရေအတွက်ကလည်းအကန့်အသတ်မရှိရနိုင်တယ် လို့ သုတေသီတွေကဆိုပါတယ်။

==========

The Myanmar Times

Leave a Reply

Your email address will not be published. Required fields are marked *