ဗဟုတုသ

ေနေလာင္ခံရျပီဆိုရင္ ရွားေစာင္းလက္ပပ္ကို သတိရလိုက္ပါ

ေနေလာင္ခံရျပီဆိုရင္ ရွားေစာင္းလက္ပပ္ကို သတိရလိုက္ပါ

====================
====================

ရွားေစာင္းလက္ပပ္ဆိုတာ ကၽြန္ေတာ္တို႔အသားအေရအတြက္ေတာ့ နတ္ေဆးတစ္ပါးပါပဲ။ အလွအပအတြက္လည္း သံုးႏိုင္သလို ဝက္ျခံ၊ အမာရြတ္၊ ဒဏ္ရာ၊ ရာသီအကူးအေျပာင္းမွာ ျဖစ္တဲ့ အေရျပားျပႆနာေတြအျပင္ ေနေလာင္ခံရလို႔ ပ်က္စီးေနတဲ့ အသားအေရကို ျပန္လည္ကုသေပးတဲ့ေန၇ာမွာလည္း အသံုးဝင္တယ္ေနာ္။ သူ႔မွာပါဝင္တဲ့ ဂ်ယ္လ္အႏွစ္က အေရျပားကို ေအးျမေစျပီး အသားအေရကို ၾကည္လင္ဝင္းပလာေစတယ္။ ဘက္တီးရီးယားပိုးေတြကိုလည္း တိုက္ထုတ္ေပးႏိုင္လို႔ မလိုလားအပ္တဲ့ အဖုအပိမ့္ေတြျဖစ္လာမွာကိုလည္း ပူစရာမလိုေတာ့ဘူးေပါ့။

ေနေလာင္ခံရတဲ့အေရျပားအတြက္ အသံုးျပဳပံု
ကမ္းေျခသြားလို႔ တစ္ေနကုန္ ေနပူစာလႈံျပီး ျပန္လာတာ၊ အျပင္မွာ ေနပူမေရွာင္ မိုးရြာမေရွာင္ သြားျပီးသြားလို႔ အိမ္ျပန္ေရာက္ျပီဆိုရင္ အသားက နီရဲျပီး စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ ထိလိုက္တာနဲ႔ အသားက ပူျခစ္ေနတာ၊ ေနေလာင္ဒဏ္ခံတာမ်ားသြားတဲ့အခ်ိန္ေတြဆိုရင္ အရည္ၾကည္ဖုေတြ ထြက္လာတာ၊ အေရျပားယားယံလာတာေတြပါ ျဖစ္ႏိုင္တယ္ေနာ္။

ရွားေစာင္းလက္ပပ္ရဲ႕ အာနိသင္က ေနေလာင္ခံရျပီး က်န္ခဲ့တဲ့ လကၡဏာေတြကိုလည္း သက္သာေစသလို ပ်က္စီးသြားတဲ့အသားအေရကို ျပန္လည္ျပဳျပင္ေပးတယ္။ အေရျပားဆဲလ္အေဟာင္းေတြကို ကြာက်ေစျပီး ဆဲလ္အသစ္ေတြ အလ်င္အျမန္ထြက္လာေစလို႔ နဂိုအသားအေရာင္အတိုင္း ျပန္ရေအာင္ ကူညီေပးတယ္။ သဘာဝကရတဲ့ ရွားေစာင္းလက္ပပ္ျဖစ္ေစ၊ ရွားေစာင္းလက္ပပ္ပါဝင္တဲ့ အသားအေရထိန္းပစၥည္းေတြျဖစ္ေစ ေရခဲေသတၱာ သို႔မဟုတ္ ေအးျမတဲ့ ေနရာမွာ သိမ္းထားျပီးမွ အသံုးျပဳတာ အေကာင္းဆံုးပါပဲ။

၁။ ကိုယ့္အိမ္မွာ ရွားေစာင္းလက္ပပ္ အပင္စိုက္ထားတာရွိရင္ တစ္ခက္ေလာက္ ခ်ိဳးျပီး ထြက္လာတဲ့ အၾကည္ေရာင္ ေစးကပ္ကပ္ဂ်ယ္လ္အႏွစ္ေတြကို ေနေလာင္ခံရတဲ့ အေရျပားတစ္ဝိုက္ စက္ဝိုင္းပံုစံ လိမ္းေပးရမွာပါ။ ၁၀ မိနစ္ေလာက္ေနရင္ေတာ့ ေရေဆးခ်လိုက္ရံုပါပဲ။ ကိုယ္က အပင္မစိုက္ထားဘူးဆိုရင္ နီးစပ္ရာ ဆိုင္ေတြကေန ဝယ္ျပီး အသံုးျပဳလို႔ရပါတယ္။ သတိထားဖို႔က လတ္လတ္ဆတ္ဆတ္ ရွားေစာင္းလက္ပပ္ေတြကိုပဲ အသံုးျပဳဖို႔နဲ႔ မသံုးခင္မွာ ေရခဲေသတၱာထဲ ေအးေနေအာင္ အရင္ထည့္ထားဖို႔ပါပဲ။

၂။ ဒီဘက္ေခတ္ အလွကုန္နဲ႔ အသားအေရထိန္းပစၥည္းေတြမွာ ရွားေစာင္းလက္ပပ္ကို မျဖစ္မေန ထည့္သြင္းလာၾကပါျပီ။ ကိုယ္က သဘာဝအတိုင္းလုပ္ဖို႔ အခ်ိန္မေပးႏိုင္ဘူးဆိုရင္ ဒီပစၥည္းေတြကို ဝယ္သံုးလို႔လည္း အဆင္ေျပပါတယ္။ အဓိက အသားအေရကို အစိုဓာတ္နဲ႔ ေရဓာတ္ျပန္ျဖည့္ေပးဖို႔အတြက္ Lotion သို႔မဟုတ္ အစိုဓာတ္ထိန္းခရင္မ္ေတြကို သံုးေပးရမွာပါ။ လိုသေလာက္ ပမာဏကို လက္ထဲထည့္ျပီး ေနေလာင္ခံထားရတဲ့ေနရာတစ္ဝိုက္ ပါးပါးေလးလိမ္းေပးရမွာပါ။

၃။ သဘာဝအတိုင္း ရတဲ့ ရွားေစာင္းလက္ပပ္ဂ်ယ္လ္ကို စားေပးလုိ႔လည္း ရပါတယ္။ အေရျပားေအာက္ဆံုးလႊာမွာ ျဖစ္ေနတဲ့ ပူစပ္ပူေလာင္ျဖစ္တာ၊ နီရဲတာကို သက္သာေစျပီး ကိုယ္တြင္းအပူကို ေအးျမေစတယ္။ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြလည္း ျဖည့္ေပးပါတယ္။ ဒါေပမယ့္ အေရျပားအေပၚယံမွာ ျဖစ္ေနတဲ့ လကၡဏာေတြကိုေတာ့ သက္သာေစျခင္း မရွိပါဘူး။ အေကာင္းဆံုးက မစားခင္မွာ ရွားေစာင္းလက္ပပ္အခက္ကို ေရနဲ႔ ေသခ်ာေျပာင္စင္ေအာင္ ေဆးရပါမယ္။ ျပီးသြားမွ လတ္လတ္ဆတ္ဆတ္ ညွစ္ျပီး စားရံုပါပဲ။

ရွားေစာင္းလက္ပပ္ကို ေနေလာင္ဒဏ္အတြက္ အေရးေပၚ အိမ္တြင္းေဆးဝါးအျဖစ္ သံုးစြဲၾကျပီး သိပ္မျပင္းထန္တဲ့ အေျခအေနမ်ိဳးမွာ အလ်င္အျမန္ ေဝဒနာသက္သာေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ေတာ္ေတာ္ေလးကို ျပင္းထန္တဲ့အေျခအေနမ်ိဳးမွာေတာ့ ဆရာဝန္နဲ႔ အရင္ဆံုးျပသဖို႔ လိုအပ္ပါတယ္။

သိပ္ျပီးမျပင္းထန္တဲ့ အေျခအေနမ်ိဳးအတြက္ အရင္ဆံုး အိမ္ျပန္ေရာက္ျပီဆိုရင္ ေခၽြးေျခာက္ေအာင္သုတ္ပါ။ ေနေလာင္ခံထားရတဲ့ေနရာကို ေရခဲဝတ္ကပ္ေပးတာ၊ ေရေအးခ်ိဳးတာမ်ိဳး လုပ္ေပးပါ။ ေနေလာင္ခံရတဲ့ အေရျပားကို မေျခာက္တေျခာက္ သုတ္ျပီးသြားရင္ ရွားေစာင္းလက္ပပ္အႏွစ္ျဖင့္ လိမ္းေပးပါ။ ျပီးသြားမွ ေရနဲ႔ ျပန္ေဆးေပးပါ။ နာက်င္ကိုက္ခဲမႈ သက္သာသြားေအာင္ ibuprofen အကိုက္အခဲေပ်ာက္ေသာက္လို႔ရပါတယ္။ အရည္ၾကည္ဖုထြက္လာရင္ေတာ့ မေဖာက္လိုက္ပါနဲ႔။ အေရျပားကို ေသခ်ာေလး ဂရုစိုက္ေပးရင္ သူ႔အလိုလို ခ်ပ္သြားပါလိမ့္မယ္။

==========

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Hello ဆရာ၀န္

(unicode)

နေလောင်ခံရပြီဆိုရင် ရှားစောင်းလက်ပပ်ကို သတိရလိုက်ပါ

====================
====================

ရှားစောင်းလက်ပပ်ဆိုတာ ကျွန်တော်တို့အသားအရေအတွက်တော့ နတ်ဆေးတစ်ပါးပါပဲ။ အလှအပအတွက်လည်း သုံးနိုင်သလို ဝက်ခြံ၊ အမာရွတ်၊ ဒဏ်ရာ၊ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေအပြင် နေလောင်ခံရလို့ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးတဲ့နေရာမှာလည်း အသုံးဝင်တယ်နော်။ သူ့မှာပါဝင်တဲ့ ဂျယ်လ်အနှစ်က အရေပြားကို အေးမြစေပြီး အသားအရေကို ကြည်လင်ဝင်းပလာစေတယ်။ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်လို့ မလိုလားအပ်တဲ့ အဖုအပိမ့်တွေဖြစ်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။

နေလောင်ခံရတဲ့အရေပြားအတွက် အသုံးပြုပုံ
ကမ်းခြေသွားလို့ တစ်နေကုန် နေပူစာလှုံပြီး ပြန်လာတာ၊ အပြင်မှာ နေပူမရှောင် မိုးရွာမရှောင် သွားပြီးသွားလို့ အိမ်ပြန်ရောက်ပြီဆိုရင် အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ထိလိုက်တာနဲ့ အသားက ပူခြစ်နေတာ၊ နေလောင်ဒဏ်ခံတာများသွားတဲ့အချိန်တွေဆိုရင် အရည်ကြည်ဖုတွေ ထွက်လာတာ၊ အရေပြားယားယံလာတာတွေပါ ဖြစ်နိုင်တယ်နော်။

ရှားစောင်းလက်ပပ်ရဲ့ အာနိသင်က နေလောင်ခံရပြီး ကျန်ခဲ့တဲ့ လက္ခဏာတွေကိုလည်း သက်သာစေသလို ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ အရေပြားဆဲလ်အဟောင်းတွေကို ကွာကျစေပြီး ဆဲလ်အသစ်တွေ အလျင်အမြန်ထွက်လာစေလို့ နဂိုအသားအရောင်အတိုင်း ပြန်ရအောင် ကူညီပေးတယ်။ သဘာဝကရတဲ့ ရှားစောင်းလက်ပပ်ဖြစ်စေ၊ ရှားစောင်းလက်ပပ်ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေဖြစ်စေ ရေခဲသေတ္တာ သို့မဟုတ် အေးမြတဲ့ နေရာမှာ သိမ်းထားပြီးမှ အသုံးပြုတာ အကောင်းဆုံးပါပဲ။

၁။ ကိုယ့်အိမ်မှာ ရှားစောင်းလက်ပပ် အပင်စိုက်ထားတာရှိရင် တစ်ခက်လောက် ချိုးပြီး ထွက်လာတဲ့ အကြည်ရောင် စေးကပ်ကပ်ဂျယ်လ်အနှစ်တွေကို နေလောင်ခံရတဲ့ အရေပြားတစ်ဝိုက် စက်ဝိုင်းပုံစံ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်နေရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ကိုယ်က အပင်မစိုက်ထားဘူးဆိုရင် နီးစပ်ရာ ဆိုင်တွေကနေ ဝယ်ပြီး အသုံးပြုလို့ရပါတယ်။ သတိထားဖို့က လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်တွေကိုပဲ အသုံးပြုဖို့နဲ့ မသုံးခင်မှာ ရေခဲသေတ္တာထဲ အေးနေအောင် အရင်ထည့်ထားဖို့ပါပဲ။

၂။ ဒီဘက်ခေတ် အလှကုန်နဲ့ အသားအရေထိန်းပစ္စည်းတွေမှာ ရှားစောင်းလက်ပပ်ကို မဖြစ်မနေ ထည့်သွင်းလာကြပါပြီ။ ကိုယ်က သဘာဝအတိုင်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဒီပစ္စည်းတွေကို ဝယ်သုံးလို့လည်း အဆင်ပြေပါတယ်။ အဓိက အသားအရေကို အစိုဓာတ်နဲ့ ရေဓာတ်ပြန်ဖြည့်ပေးဖို့အတွက် Lotion သို့မဟုတ် အစိုဓာတ်ထိန်းခရင်မ်တွေကို သုံးပေးရမှာပါ။ လိုသလောက် ပမာဏကို လက်ထဲထည့်ပြီး နေလောင်ခံထားရတဲ့နေရာတစ်ဝိုက် ပါးပါးလေးလိမ်းပေးရမှာပါ။

၃။ သဘာဝအတိုင်း ရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို စားပေးလို့လည်း ရပါတယ်။ အရေပြားအောက်ဆုံးလွှာမှာ ဖြစ်နေတဲ့ ပူစပ်ပူလောင်ဖြစ်တာ၊ နီရဲတာကို သက်သာစေပြီး ကိုယ်တွင်းအပူကို အေးမြစေတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း ဖြည့်ပေးပါတယ်။ ဒါပေမယ့် အရေပြားအပေါ်ယံမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေခြင်း မရှိပါဘူး။ အကောင်းဆုံးက မစားခင်မှာ ရှားစောင်းလက်ပပ်အခက်ကို ရေနဲ့ သေချာပြောင်စင်အောင် ဆေးရပါမယ်။ ပြီးသွားမှ လတ်လတ်ဆတ်ဆတ် ညှစ်ပြီး စားရုံပါပဲ။

ရှားစောင်းလက်ပပ်ကို နေလောင်ဒဏ်အတွက် အရေးပေါ် အိမ်တွင်းဆေးဝါးအဖြစ် သုံးစွဲကြပြီး သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အလျင်အမြန် ဝေဒနာသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ တော်တော်လေးကို ပြင်းထန်တဲ့အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ အရင်ဆုံးပြသဖို့ လိုအပ်ပါတယ်။

သိပ်ပြီးမပြင်းထန်တဲ့ အခြေအနေမျိုးအတွက် အရင်ဆုံး အိမ်ပြန်ရောက်ပြီဆိုရင် ချွေးခြောက်အောင်သုတ်ပါ။ နေလောင်ခံထားရတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေအေးချိုးတာမျိုး လုပ်ပေးပါ။ နေလောင်ခံရတဲ့ အရေပြားကို မခြောက်တခြောက် သုတ်ပြီးသွားရင် ရှားစောင်းလက်ပပ်အနှစ်ဖြင့် လိမ်းပေးပါ။ ပြီးသွားမှ ရေနဲ့ ပြန်ဆေးပေးပါ။ နာကျင်ကိုက်ခဲမှု သက်သာသွားအောင် ibuprofen အကိုက်အခဲပျောက်သောက်လို့ရပါတယ်။ အရည်ကြည်ဖုထွက်လာရင်တော့ မဖောက်လိုက်ပါနဲ့။ အရေပြားကို သေချာလေး ဂရုစိုက်ပေးရင် သူ့အလိုလို ချပ်သွားပါလိမ့်မယ်။

==========

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Hello ဆရာဝန်

Leave a Reply

Your email address will not be published. Required fields are marked *