ဗဟုတုသ

ေက်ာက္စိမ္းဆိုတာ ကမာၻေပၚမွာ ၃ ေနရာပဲ ေတြ႕ရသည္။ ေက်ာက္စိမ္းအေၾကာင္း သိေကာင္းစရာမ်ား

(Zawgyi)

ေက်ာက္စိမ္း အေၾကာင္း သိေကာင္းစရာ

ေက်ာက္စိမ္းဟာ ကမာၻေပၚမွာ ၃ ေနရာပဲ ေတြ႕ရပါတယ္။ အေမရိကန္ႏိုင္ငံက တကၠဆက္စ္ျပည္နယ္၊ တ႐ုတ္က ကြမ္က်ိဳးျပည္နယ္ရယ္နဲ႔ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက ကခ်င္ျပည္နယ္တို႔မွာပါပဲ။ (ကြမ္က်ိဳးဟာ မွားေနရင္ ျပင္ေပးၾကပါ) ဒီ ၃ ေနရာမွာပဲ တူးေဖာ္ ေတြ႕ရွိႏိုင္ပါတယ္။ ယေန႔ထိ၊ ဒီ ၃ ေနရာကလြဲလို႔ တစ္ျခား ဘယ္ေနရာမွာမွ မေတြ႕ရေသးပါဘူး။ ဒီ ၃ေနရာထဲမွာမွ၊ ကမာၻ႔ အေကာင္းဆုံး ေက်ာက္စိမ္းကို ျမန္မာႏိုင္ငံမွာပဲ တူးေဖာ္ ရရွိႏိုင္ပါတယ္။ ဆိုလိုခ်င္တာက က်န္ ၂ ေနရာက ထြက္တဲ့ေက်ာက္စိမ္းဟာ မျဖစ္စေလာက္ အနည္းအက်ဥ္းသာျဖစ္ၿပီး၊ အရည္အေသြးက်ေတာ့လည္းျမန္မာႏိုင္ငံကို မမွီပါဘူး။ ဒါေၾကာင့္မို႔လည္း ျမန္မာ့ေက်ာက္စိမ္းဟာ ကမာၻမွာ နာမည္ေက်ာ္ၾကားေနရတာပါ။

ေက်ာက္စိမ္းကို ဘယ္ေနရာေတြမွာသုံးသလဲ ဆိုရင္ ပုတီး၊ လက္ေကာက္၊ ဆြဲျပား၊ ဘုရားဆင္းတု၊ ပန္းပုထုျခင္း၊ေက်ာက္စိမ္း ပန္းခ်ီ စသည္ျဖင့္ သုံးခဲ့ၾကပါတယ္။ ယေန႔ တိုးတက္လာတဲ့ ေခတ္ႀကီးမွာေတာ့ ပိုက္ဆံတတ္ႏိုင္သူမ်ားဟာ ေက်ာက္စိမ္းကို ပါေကးျပားအ႐ြယ္ ထုတ္လုပ္ၿပီး ေနအိမ္ေတြမွာ ပါေကးေတြ ခင္းလာပါတယ္။( ခ်မ္းသာႂကြယ္ဝမႈေပါ့) အိမ္ေတြမွာ မီးဆိုင္းေတြကို ေက်ာက္စိမ္းေတြနဲ႔ ထုတ္လုပ္လာတယ္။ ကားေတြထဲက ဖင္ထိုင္ခုံေအာက္မွာ ေက်ာက္စိမ္းလုံးေလးေတြကို အခင္းသဖြယ္ ယက္ၿပီး ခင္းၾကတယ္။ ေက်ာက္စိမ္းရဲ႕ သေဘာသဘာဝက အေအးဓာတ္ ရွိပါတယ္။ ေရနံသူေဌး ႏိုင္ငံေတြ ျဖစ္တဲ့၊ အာရပ္ေတြဆီမွာဆိုရင္ ေက်ာက္စိမ္းကုတင္၊ ေက်ာက္စိမ္းထိုင္ခုံ စသည္ျဖင့္ သုံးစြဲၾကပါတယ္။

ကြၽန္ေတာ္ သိခဲ့ရတဲ့ ယမ္း ( crystal ) အေၾကာင္းေလး ေရးျပပါမယ္။ သာမန္ လမ္းေဘးက ေက်ာက္တုံးတစ္တုံးနဲ႔ေက်ာက္စိမ္းတုံး (အ႐ိုင္းတုံး)နဲ႔၊ ဘယ္လို ခြဲျခားမလဲဆိုရင္ ဒီ ယမ္းပါ မပါကို ၾကည့္ၿပီး ခြဲႏိုင္ပါတယ္။ ေက်ာက္စိမ္းတုံး အ႐ိုင္းတုံးေတြကို ေနေရာင္ေအာက္မွာ အနီးကပ္ ၾကည့္လိုက္မယ္ဆိုရင္၊ လက္ လက္ လက္လက္နဲ႔ လက္ေနတဲ့ အမႈန္ေလးေတြကို ျမင္ရပါမယ္။ အနီးစပ္ဆုံး ဥပမာ ေပးရရင္- စာ႐ြက္အျဖဴ တစ္႐ြက္ေပၚမွာ ေဘာပင္ နဲ႔အစက္ ကေလးေတြ ခ်လိုက္သလိုပါ။ အစက္ေလးေတြပါ လက္ေနပါတယ္။ ေမွာင္တဲ့ ေနရာမွာ ဆိုရင္ေတာ့ ေက်ာက္ၾကည့္ ဓါတ္မီးနဲ႔ထိုးၾကည့္ရင္ ျမင္ရမွာပါ ။ ( ဒီေနရာမွာ ေျပာခ်င္တာတစ္ခုကေတာ့၊ ေ႐ႊတို႔ ေငြတို႔ အစရွိသျဖင့္ အျခားသတၱဳမ်ား ပါဝင္တဲ့ ေက်ာက္႐ိုင္းတုံးမွာလည္း လက္လက္ လက္လက္ ေတာက္ေနေပမယ့္၊ ေက်ာက္စိမ္းနဲ႔ေတာ့ တစ္ျခားစီပါ။ ေ႐ႊတို႔ ေငြတို႔မွာ လက္လက္ လက္လက္က သူ႔အေရာင္အလိုက္ ေတာက္ပါတယ္။ ) အဲဒီ လက္လက္ လက္လက္ ေလးေတြကို ယမ္းလို႔ေခၚပါတယ္။ ေက်ာက္စိမ္း အ႐ိုင္းတုံးကို ယမ္းပါဝင္မႈ၊ ယင္းပါရွိမႈပုံစံကို ၾကည့္ၿပီး ေက်ာက္စိမ္း အ႐ိုင္းတုံးကို အခုလို ခြဲျခားလို႔ရပါတယ္။

ယမ္းေခ်ာရင္

အတြင္းက ေက်ာက္စိမ္းသား ေခ်ာပါမယ္။ ( ဆိုလိုခ်င္တာ ယမ္းက မႈန္မႈန္ေလးေတြနဲ႔ စုေနတာပါ ) ယမ္းၾကမ္းရင္ အတြင္း က အသားၾကမ္းပါမယ္ ။ ( လက္လက္ လက္လက္ ယမ္းေတြ ဟာ က်ဲေနတာပါ ) ယမ္းစိပ္ ရင္ ေက်ာက္သား တင္းပါမယ္၊ ေက်ာက္သားေကာင္းပါမယ္။( လက္လက္ေလးေတြ စုေနတာေပါ့ ) ယမ္းက်ဲရင္ေတာ့ ေက်ာက္သား မေကာင္းပါဘူး ။ ( ဒီလိုေက်ာက္မ်ိဳးကို ဝယ္ေရာင္း မလုပ္သင့္ပါဘူး )

အဓိက ယမ္း (၃) မ်ိဳး ရွိပါတယ္။ ယမ္းလုံး၊ ယမ္းရွည္ နဲ႔ယမ္းျပားပါ။

ယမ္းလုံး ဆိုတာက-

ေက်ာက္႐ိုင္းတုံးရဲ႕အခြံ၊ မ်က္ႏွာျပင္မွာ လက္လက္ လက္လက္ေလးေတြက၊ သၾကားပြင့္ ဆားပြင့္ေလးေတြလို ျဖစ္ေနတာပါ။ အဲဒီ ေက်ာက္ဟာ အရည္ေကာင္းပါတယ္။

ယမ္းရွည္ဆိုတာက-

ေက်ာက္ရဲ႕မ်က္ႏွာျပင္မွာ အပ္ေခ်ာင္းေလးေတြလို၊ ဟင္းခ်ိဳမႈန႔္ရွည္ရွည္ေလးေတြလို ျမင္ရတာပါ။ အဲဒါမ်ိဳး ေတြ႕ရရင္ေတာ့ အဲဒီေက်ာက္ဟာ အသားေကာင္းပါတယ္။

ယမ္းျပား ဆိုတာကေတာ့-

လက္လက္ လက္လက္ ေလးေတြဟာ အရမ္းႀကီး အ႐ြယ္ႀကီးေနမယ္။(ဆားပြင့္၊ သၾကားပြင့္အ႐ြယ္ထက္ ပိုမယ္ ) ဒါဆိုရင္ အရည္ေရာ အသားေရာ မေကာင္းႏိုင္ပါဘူး။

ယမ္းျပားမွာကို ၃ မ်ိဳး ထပ္ခြဲ ႏိုင္ပါတယ္။

(၁) ယင္ေထာင္ယမ္း (၂) မာယားယမ္း (၃) ေခြး႐ိုးထိုး ဆိုၿပီးေပါ့/

ယင္ေထာင္ယမ္း ဆိုတာက-

လက္လက္ လက္လက္ ေတာက္ေနတဲ့ ယမ္းေပါ့။ ယင္ေကာင္ တစ္ေကာင္ အ႐ြယ္ ခန႔္ရွိပါတယ္။ သူပါရင္ အရည္အသား မေကာင္းဘူး။ ေဈး အမ်ားႀကီး မေပးသင့္ပါဘူး။

မာယားဆိုတာက-

ယင္ေကာင္ အ႐ြယ္ထက္ ပိုႀကီးမယ္။ ေရွာင္ရပါမယ္။

ေခြး႐ိုးထိုး ဆိုတာကေတာ့
မာယားထက္ အ႐ြယ္ပိုႀကီးတယ္။ သူ႔ကိုေတြ႕ရင္ အဲဒီေက်ာက္ကို ေရွာင္ရပါမယ္။

ယမ္းဆိုတဲ့ သဘာ၀ဟာ ေက်ာက္စိမ္း အ႐ိုင္းတုံး ( မျဖတ္မွီ ) ရဲ႕အခြံမွာ ျမင္ရတဲ့အတိုင္း ေက်ာက္သားအတြင္းမွာ ရွိတတ္ပါတယ္။ ယမ္းကို ကြၽမ္းက်င္ ပိုင္ႏိုင္မယ္ဆိုရင္၊ ေက်ာက္ကို မခြဲမျဖတ္မွီ.. ျပင္ပ က ၾကည့္႐ုံနဲ႔ပင္၊ အထဲက ေက်ာက္သားေကာင္း မေကာင္း ေဖာက္ထြင္း သိျမင္ႏိုင္မွာ ျဖစ္ပါတယ္။

ေက်ာက္စိမ္း အ႐ိုင္းတုံး ဝယ္မယ္ဆိုလွ်င္ ေက်ာက္စိမ္းအခြံ အေၾကာင္းေတြကို သိဖို႔လိုအပ္ပါတယ္။ ေက်ာက္စိမ္း အခြံဟာ အဓိကအားျဖင့္ ေရခြံ နဲ႔ ကုန္းခြံ ဆိုၿပီး (၂) မ်ိဳး ရွိပါတယ္။ အခြံရဲ႕အေရာင္ေတြ ေပၚမွာ မူတည္ၿပီး အေသးစိတ္ ကိုလည္း ေရးပါမယ္။

ေရခြံ = ေက်ာက္စိမ္း ထြက္ရွိရာ ေဒသရွိ ၊ ျမစ္ေခ်ာင္း အင္းအိုင္မ်ားမွ ထြက္ရွိတဲ့ ေက်ာက္ရဲ႕အခြံပါ၊ မ်ားေသာအားျဖင့္ ေရခြံ ပါတဲ့ ေက်ာက္ဟာ အသားေကာင္းပါတယ္။ အ႐ြယ္အစား အမ်ိဳးမ်ိဳး ရွိပါတယ္။ ေျပာင္ေခ်ာေနပါတယ္။

ကုန္းခြံ = သူကေတာ့ ေတာင္ေတြ၊ ေျမႀကီးေတြ ေအာက္က တူးလို႔ရတဲ့ ေက်ာက္ရဲ႕အခြံေပါ့။ (၁) ေျမမွန္ နဲ႔(၂) ကုေဋေက်ာက္ ဆိုၿပီး ကြဲပါတယ္။

(၁) ေျမမွန္ = ေက်ာက္စိမ္း ထြက္ရာ ေဒသရွိ ကုန္းေျမ မ်ားမွ တူးေဖာ္ ရရွိပါတယ္။ အခြံ အမ်ိဳးမ်ိဳး ရွိပါတယ္။

(၂) ကုေဋေက်ာက္ = ေက်ာက္ရဲ႕အခြံ က အခြံမဲ ျဖစ္ပါတယ္။ ေခ်ာ္ကပ္ေနတတ္ပါတယ္။ ေခ်ာ္ကပ္တယ္ ဆိုတာ၊ ကပ္တရာေစး ကပ္ေနသလို၊ အခြံေပၚမွာ မဲမဲေျပာင္ေျပာင္ေလး ေတြပါတာကို ေခ်ာ္ကပ္ တယ္ လို႔ေခၚတာပါ။ ေမာ္ဝမ္းေလး၊ ေမာ္ဝမ္းႀကီး၊ ေမာ္ေမာင္းကုန္းတို႔မွ အဓိက ထြက္ပါတယ္။

အခြံမ်ားမွာ

သံေခ်းခြံ = သံထည္ပစၥည္းမ်ား သံေခ်း တက္ေနတဲ့ ပုံသဏၭာန္မ်ိဳး ျဖစ္ေနတာပါ။ ဒီလို အခြံရွိရင္ ေက်ာက္က မ်ိဳးရင့္တတ္ပါတယ္။ အခြံကို ျဖတ္ၾကည့္ရင္ အခြံ ၂ ထပ္ ျဖစ္တတ္တယ္လို႔ သိရပါတယ္။

ဝါးဖတ္ခြံ = ဝါးဖတ္ အေရာင္ အဆင္းနဲ႔ တူပါတယ္။ ေက်ာက္မ်ိဳးေကာင္းတတ္ပါတယ္။

သစ္ေတာ္ခြံ (ခ) အာလူးခြံ = သစ္ေတာ္သီး ခြံ အေရာင္ သို႔အာလူးသီး အခြံ အေရာင္ပ၊ သူလည္း မ်ိဳးေကာင္းတတ္ပါတယ္။

အဂၤေတခြံ = နာမည္အတိုင္း အဂၤေတ အေရာင္ ရွိပါတယ္ ။ ေက်ာက္သားပ်က္တတ္ပါတယ္။ မ်ိဳး မေကာင္းတတ္ပါ။

ဖြဲႏုခြံ = စပါးခြံ ဖြဲအေရာင္မ်ိဳး ျဖစ္ပါတယ္၊ အခြံက ႏုပါတယ္။ အခြံကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ပြတ္ၾကည့္ရင္ ႏုပါတယ္။

( ဒီေနရာမွာ ဝါးဖတ္ခြံ၊ ဖြဲႏုခြံနဲ႔ ဆက္လာမယ့္ ဖြဲလတ္ခြံ၊ ဖြဲၾကမ္းခြံ၊ မုံထုခြံ တို႔ရဲ႕အေရာင္ေတြဟာ၊ စာထဲမွာအရ တူညီႏိုင္တာကို ဖတ္ရႏိုင္ပါတယ္။ ဒါေပမယ့္ အျပင္မွာ တစ္ကယ္လက္ေတြ႕ေက်ာက္ကို မ်က္ျမင္ၾကည့္ရင္ အခြံအေရာင္ မတူညီၾကပါဘူး၊ အခြံရဲ႕မ်က္ႏွာျပင္ကို လက္ေခ်ာင္းေလးေတြနဲ႔ ပြတ္သပ္စမ္းၾကည့္မွ ကြဲျပား သိႏိုင္ပါတယ္ )

ဖြဲလတ္ခြံ = စပါးခြံ ဖြဲ အေရာင္ပါပဲ။ အခြံကို စမ္းၾကည့္ရင္ အခြံက ၾကမ္းပါတယ္။

ဖြဲၾကမ္းခြံ = အခြံ အၾကမ္းဆုံးပါ။

ဒီဖြဲႏု၊ ဖြဲလတ္၊ ဖြဲၾကမ္း သုံးမ်ိဳးလို႔ေျပာေပမယ့္ အေရာင္က အတူတူပါပဲ၊ အခြံကို လက္ေခ်ာင္းေလးေတြ နဲ႔ပြတ္သပ္ စမ္းမွ ကြဲသြားတာပါ။

ဒီ ၃ မ်ိဳးလုံးဟာ မ်ိဳးရင့္ရင္ ေက်ာက္အရည္ေကာင္း အသားေကာင္း ျဖစ္တတ္ပါတယ္။ မ်ိဳးႏုလွ်င္ေတာ့ အသား မရ တတ္ပါ။

ဖေယာင္းခြံ = ဖေယာင္းရည္ သုတ္ထားသလို ေျပာင္ေခ်ာေခ်ာ ျဖစ္ပါတယ္။

မုံထုခြံ = သနပ္ခါး အေရာင္ ရွိပါတယ္။ မ်ိဳးေကာင္းတတ္ပါတယ္။

မုံထု ခြံေႂကြ = လက္နဲ႔ကိုင္ၾကည့္လိုက္ရင္ အခြံ အစအနေလးေတြ ပါလာမယ္။ မ်ိဳးေကာင္းတတ္ပါတယ္။

ခြံၾကမ္း = ကိုင္ၾကည့္ရင္ အလြန္ၾကမ္းတမ္းပါတယ္။

ခြံထူ = အခြံမွာ သိသိသာသာ ထူေနတတ္ပါတယ္။ အရည္အသား ေကာင္းမေကာင္းနဲ႔ေတာ့ မသက္ဆိုင္ပါ။

ခြံက်စ္ = အခြံမွာ က်စ္လစ္ သိပ္သည္းလြန္းတတ္ပါတယ္။ အသားပ်က္တတ္ပါတယ္။

ခြံပ်က္ = ေက်ာက္တစ္တုံးထဲရဲ႕တစ္ေနရာမွာ အခြံတစ္မ်ိဳး၊ အျခားေနရာမွာ အခြံတစ္မ်ိဳး ျဖစ္တာကို ခြံပ်က္ လို႔ေခၚပါတယ္။ အသားပ်က္တတ္ပါတယ္။

ဒါကေတာ့ အခြံမ်ားရဲ႕သေဘာ သဘာ၀ အေၾကာင္းပါ ။ ေရမေဆး ေက်ာက္ဆိုတာမ်ိဳးကို ဝယ္ေတာ့မယ္ဆိုရင္ ၊ သူ႔ရဲ႕အခြံေလးကို နဲနဲ ပြတ္တိုက္ၾကည့္၊ ပြတ္သပ္ၾကည့္ၿပီးမွ ေသခ်ာ ေလ့လာဝယ္ယူရပါတယ္။ ကြၽန္ေတာ္ သိထား၊ ေလ့လာထားသမွ်ေလးေတြကို ျပန္ေဝမွ် ေပးျခင္းျဖစ္ပါတယ္။ သူငယ္ခ်င္းတို႔လဲ ဒီပို႔စ္ေလး ဖတ္ၿပီး ဗဟုသုတ ရရွိႏိုင္ပါေစလို႔ ဆႏၵျပဳရင္း……

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Credit–Myanmar Market Economy

Via : layiepcho

(Unicode)

ကျောက်စိမ်း အကြောင်း သိကောင်းစရာ

ကျောက်စိမ်းဟာ ကမ္ဘာပေါ်မှာ ၃ နေရာပဲ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံက တက္ကဆက်စ်ပြည်နယ်၊ တရုတ်က ကွမ်ကျိုးပြည်နယ်ရယ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကချင်ပြည်နယ်တို့မှာပါပဲ။ (ကွမ်ကျိုးဟာ မှားနေရင် ပြင်ပေးကြပါ) ဒီ ၃ နေရာမှာပဲ တူးဖော် တွေ့ရှိနိုင်ပါတယ်။ ယနေ့ထိ၊ ဒီ ၃ နေရာကလွဲလို့ တစ်ခြား ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။ ဒီ ၃နေရာထဲမှာမှ၊ ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်းကို မြန်မာနိုင်ငံမှာပဲ တူးဖော် ရရှိနိုင်ပါတယ်။ ဆိုလိုချင်တာက ကျန် ၂ နေရာက ထွက်တဲ့ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာဖြစ်ပြီး၊ အရည်အသွေးကျတော့လည်းမြန်မာနိုင်ငံကို မမှီပါဘူး။ ဒါကြောင့်မို့လည်း မြန်မာ့ကျောက်စိမ်းဟာ ကမ္ဘာမှာ နာမည်ကျော်ကြားနေရတာပါ။

ကျောက်စိမ်းကို ဘယ်နေရာတွေမှာသုံးသလဲ ဆိုရင် ပုတီး၊ လက်ကောက်၊ ဆွဲပြား၊ ဘုရားဆင်းတု၊ ပန်းပုထုခြင်း၊ကျောက်စိမ်း ပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ်။ ယနေ့ တိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ ပိုက်ဆံတတ်နိုင်သူများဟာ ကျောက်စိမ်းကို ပါကေးပြားအရွယ် ထုတ်လုပ်ပြီး နေအိမ်တွေမှာ ပါကေးတွေ ခင်းလာပါတယ်။( ချမ်းသာကြွယ်ဝမှုပေါ့) အိမ်တွေမှာ မီးဆိုင်းတွေကို ကျောက်စိမ်းတွေနဲ့ ထုတ်လုပ်လာတယ်။ ကားတွေထဲက ဖင်ထိုင်ခုံအောက်မှာ ကျောက်စိမ်းလုံးလေးတွေကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ်။ ကျောက်စိမ်းရဲ့ သဘောသဘာဝက အအေးဓာတ် ရှိပါတယ်။ ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့၊ အာရပ်တွေဆီမှာဆိုရင် ကျောက်စိမ်းကုတင်၊ ကျောက်စိမ်းထိုင်ခုံ စသည်ဖြင့် သုံးစွဲကြပါတယ်။

ကျွန်တော် သိခဲ့ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ်။ သာမန် လမ်းဘေးက ကျောက်တုံးတစ်တုံးနဲ့ကျောက်စိမ်းတုံး (အရိုင်းတုံး)နဲ့၊ ဘယ်လို ခွဲခြားမလဲဆိုရင် ဒီ ယမ်းပါ မပါကို ကြည့်ပြီး ခွဲနိုင်ပါတယ်။ ကျောက်စိမ်းတုံး အရိုင်းတုံးတွေကို နေရောင်အောက်မှာ အနီးကပ် ကြည့်လိုက်မယ်ဆိုရင်၊ လက် လက် လက်လက်နဲ့ လက်နေတဲ့ အမှုန်လေးတွေကို မြင်ရပါမယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင်- စာရွက်အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့အစက် ကလေးတွေ ချလိုက်သလိုပါ။ အစက်လေးတွေပါ လက်နေပါတယ်။ မှောင်တဲ့ နေရာမှာ ဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီးနဲ့ထိုးကြည့်ရင် မြင်ရမှာပါ ။ ( ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့၊ ရွှေတို့ ငွေတို့ အစရှိသဖြင့် အခြားသတ္တုများ ပါဝင်တဲ့ ကျောက်ရိုင်းတုံးမှာလည်း လက်လက် လက်လက် တောက်နေပေမယ့်၊ ကျောက်စိမ်းနဲ့တော့ တစ်ခြားစီပါ။ ရွှေတို့ ငွေတို့မှာ လက်လက် လက်လက်က သူ့အရောင်အလိုက် တောက်ပါတယ်။ ) အဲဒီ လက်လက် လက်လက် လေးတွေကို ယမ်းလို့ခေါ်ပါတယ်။ ကျောက်စိမ်း အရိုင်းတုံးကို ယမ်းပါဝင်မှု၊ ယင်းပါရှိမှုပုံစံကို ကြည့်ပြီး ကျောက်စိမ်း အရိုင်းတုံးကို အခုလို ခွဲခြားလို့ရပါတယ်။

ယမ်းချောရင်

အတွင်းက ကျောက်စိမ်းသား ချောပါမယ်။ ( ဆိုလိုချင်တာ ယမ်းက မှုန်မှုန်လေးတွေနဲ့ စုနေတာပါ ) ယမ်းကြမ်းရင် အတွင်း က အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ ) ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ်၊ ကျောက်သားကောင်းပါမယ်။( လက်လက်လေးတွေ စုနေတာပေါ့ ) ယမ်းကျဲရင်တော့ ကျောက်သား မကောင်းပါဘူး ။ ( ဒီလိုကျောက်မျိုးကို ဝယ်ရောင်း မလုပ်သင့်ပါဘူး )

အဓိက ယမ်း (၃) မျိုး ရှိပါတယ်။ ယမ်းလုံး၊ ယမ်းရှည် နဲ့ယမ်းပြားပါ။

ယမ်းလုံး ဆိုတာက-

ကျောက်ရိုင်းတုံးရဲ့အခွံ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေးတွေက၊ သကြားပွင့် ဆားပွင့်လေးတွေလို ဖြစ်နေတာပါ။ အဲဒီ ကျောက်ဟာ အရည်ကောင်းပါတယ်။

ယမ်းရှည်ဆိုတာက-

ကျောက်ရဲ့မျက်နှာပြင်မှာ အပ်ချောင်းလေးတွေလို၊ ဟင်းချိုမှုန့်ရှည်ရှည်လေးတွေလို မြင်ရတာပါ။ အဲဒါမျိုး တွေ့ရရင်တော့ အဲဒီကျောက်ဟာ အသားကောင်းပါတယ်။

ယမ်းပြား ဆိုတာကတော့-

လက်လက် လက်လက် လေးတွေဟာ အရမ်းကြီး အရွယ်ကြီးနေမယ်။(ဆားပွင့်၊ သကြားပွင့်အရွယ်ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး။

ယမ်းပြားမှာကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ်။

(၁) ယင်ထောင်ယမ်း (၂) မာယားယမ်း (၃) ခွေးရိုးထိုး ဆိုပြီးပေါ့/

ယင်ထောင်ယမ်း ဆိုတာက-

လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့။ ယင်ကောင် တစ်ကောင် အရွယ် ခန့်ရှိပါတယ်။ သူပါရင် အရည်အသား မကောင်းဘူး။ ဈေး အများကြီး မပေးသင့်ပါဘူး။

မာယားဆိုတာက-

ယင်ကောင် အရွယ်ထက် ပိုကြီးမယ်။ ရှောင်ရပါမယ်။

ခွေးရိုးထိုး ဆိုတာကတော့
မာယားထက် အရွယ်ပိုကြီးတယ်။ သူ့ကိုတွေ့ရင် အဲဒီကျောက်ကို ရှောင်ရပါမယ်။

ယမ်းဆိုတဲ့ သဘာဝဟာ ကျောက်စိမ်း အရိုင်းတုံး ( မဖြတ်မှီ ) ရဲ့အခွံမှာ မြင်ရတဲ့အတိုင်း ကျောက်သားအတွင်းမှာ ရှိတတ်ပါတယ်။ ယမ်းကို ကျွမ်းကျင် ပိုင်နိုင်မယ်ဆိုရင်၊ ကျောက်ကို မခွဲမဖြတ်မှီ.. ပြင်ပ က ကြည့်ရုံနဲ့ပင်၊ အထဲက ကျောက်သားကောင်း မကောင်း ဖောက်ထွင်း သိမြင်နိုင်မှာ ဖြစ်ပါတယ်။

ကျောက်စိမ်း အရိုင်းတုံး ဝယ်မယ်ဆိုလျှင် ကျောက်စိမ်းအခွံ အကြောင်းတွေကို သိဖို့လိုအပ်ပါတယ်။ ကျောက်စိမ်း အခွံဟာ အဓိကအားဖြင့် ရေခွံ နဲ့ ကုန်းခွံ ဆိုပြီး (၂) မျိုး ရှိပါတယ်။ အခွံရဲ့အရောင်တွေ ပေါ်မှာ မူတည်ပြီး အသေးစိတ် ကိုလည်း ရေးပါမယ်။

ရေခွံ = ကျောက်စိမ်း ထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင်များမှ ထွက်ရှိတဲ့ ကျောက်ရဲ့အခွံပါ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ်။ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ ပြောင်ချောနေပါတယ်။

ကုန်းခွံ = သူကတော့ တောင်တွေ၊ မြေကြီးတွေ အောက်က တူးလို့ရတဲ့ ကျောက်ရဲ့အခွံပေါ့။ (၁) မြေမှန် နဲ့(၂) ကုဋေကျောက် ဆိုပြီး ကွဲပါတယ်။

(၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ်။ အခွံ အမျိုးမျိုး ရှိပါတယ်။

(၂) ကုဋေကျောက် = ကျောက်ရဲ့အခွံ က အခွံမဲ ဖြစ်ပါတယ်။ ချော်ကပ်နေတတ်ပါတယ်။ ချော်ကပ်တယ် ဆိုတာ၊ ကပ်တရာစေး ကပ်နေသလို၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေပါတာကို ချော်ကပ် တယ် လို့ခေါ်တာပါ။ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းကုန်းတို့မှ အဓိက ထွက်ပါတယ်။

အခွံများမှာ

သံချေးခွံ = သံထည်ပစ္စည်းများ သံချေး တက်နေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေတာပါ။ ဒီလို အခွံရှိရင် ကျောက်က မျိုးရင့်တတ်ပါတယ်။ အခွံကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ်တယ်လို့ သိရပါတယ်။

ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်းနဲ့ တူပါတယ်။ ကျောက်မျိုးကောင်းတတ်ပါတယ်။

သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို့အာလူးသီး အခွံ အရောင်ပ၊ သူလည်း မျိုးကောင်းတတ်ပါတယ်။

အင်္ဂတေခွံ = နာမည်အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သားပျက်တတ်ပါတယ်။ မျိုး မကောင်းတတ်ပါ။

ဖွဲနုခွံ = စပါးခွံ ဖွဲအရောင်မျိုး ဖြစ်ပါတယ်၊ အခွံက နုပါတယ်။ အခွံကို လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်ကြည့်ရင် နုပါတယ်။

( ဒီနေရာမှာ ဝါးဖတ်ခွံ၊ ဖွဲနုခွံနဲ့ ဆက်လာမယ့် ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ မုံထုခွံ တို့ရဲ့အရောင်တွေဟာ၊ စာထဲမှာအရ တူညီနိုင်တာကို ဖတ်ရနိုင်ပါတယ်။ ဒါပေမယ့် အပြင်မှာ တစ်ကယ်လက်တွေ့ကျောက်ကို မျက်မြင်ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး၊ အခွံရဲ့မျက်နှာပြင်ကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )

ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင်ပါပဲ။ အခွံကို စမ်းကြည့်ရင် အခွံက ကြမ်းပါတယ်။

ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ။

ဒီဖွဲနု၊ ဖွဲလတ်၊ ဖွဲကြမ်း သုံးမျိုးလို့ပြောပေမယ့် အရောင်က အတူတူပါပဲ၊ အခွံကို လက်ချောင်းလေးတွေ နဲ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ။

ဒီ ၃ မျိုးလုံးဟာ မျိုးရင့်ရင် ကျောက်အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ်။ မျိုးနုလျှင်တော့ အသား မရ တတ်ပါ။

ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ်။

မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ်။ မျိုးကောင်းတတ်ပါတယ်။

မုံထု ခွံကြွေ = လက်နဲ့ကိုင်ကြည့်လိုက်ရင် အခွံ အစအနလေးတွေ ပါလာမယ်။ မျိုးကောင်းတတ်ပါတယ်။

ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ်။

ခွံထူ = အခွံမှာ သိသိသာသာ ထူနေတတ်ပါတယ်။ အရည်အသား ကောင်းမကောင်းနဲ့တော့ မသက်ဆိုင်ပါ။

ခွံကျစ် = အခွံမှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ်။ အသားပျက်တတ်ပါတယ်။

ခွံပျက် = ကျောက်တစ်တုံးထဲရဲ့တစ်နေရာမှာ အခွံတစ်မျိုး၊ အခြားနေရာမှာ အခွံတစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပါတယ်။ အသားပျက်တတ်ပါတယ်။

ဒါကတော့ အခွံများရဲ့သဘော သဘာ၀ အကြောင်းပါ ။ ရေမဆေး ကျောက်ဆိုတာမျိုးကို ဝယ်တော့မယ်ဆိုရင် ၊ သူ့ရဲ့အခွံလေးကို နဲနဲ ပွတ်တိုက်ကြည့်၊ ပွတ်သပ်ကြည့်ပြီးမှ သေချာ လေ့လာဝယ်ယူရပါတယ်။ ကျွန်တော် သိထား၊ လေ့လာထားသမျှလေးတွေကို ပြန်ဝေမျှ ပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လဲ ဒီပို့စ်လေး ဖတ်ပြီး ဗဟုသုတ ရရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း……

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Credit–Myanmar Market Economy

Via : layiepcho

Leave a Reply

Your email address will not be published. Required fields are marked *