ဗဟုတုသ

အသားညိဳသူေတြအတြက္ အသားအေရ ၾကည္လင္ေစမယ့္ အိမ္မွာ လြယ္လြယ္ေပါင္းတင္နည္း ၅ မ်ိဳး

(Zawgyi)

အသားညိဳသူေတြအတြက္ အသားအေရ ၾကည္လင္ေစမယ့္ ေပါင္းတင္နည္း ၅ မ်ိဳး

အသားျဖဴသူပဲျဖစ္ျဖစ္၊ အသားညိဳသူပဲျဖစ္ျဖစ္ မ်က္ႏွာ အသားအေရ ၾကည္လင္ ဝင္းပေနျခင္းဟာ မိတ္ကပ္လိမ္း၊ ျပင္ဆင္ျခယ္သ ထားျခင္းထက္ ပိုၿပီး ဆြဲေဆာင္မႈ ရွိပါတယ္။ အသားညိဳသူေတြအေနနဲ႔ အသားညိဳတာကို ျဖဴစင္ဝင္းပေအာင္ ျပဳလုပ္ျခင္းထက္ အသားအေရ ၾကည္လင္ေတာက္ပေအာင္ ထိန္းသိမ္းျခင္းက ဆြဲေဆာင္မႈ ပိုမိုရွိေစပါတယ္။ ဒါေၾကာင့္မို႔လို႔ အသားညိဳသူေတြအတြက္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ မ်က္ႏွာေပါင္းတင္နည္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) နႏြင္း၊ ပ်ားရည္နဲ႔ သံပုရာ ေပါင္းတင္နည္း

နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ ၁ ဇြန္းနဲ႔ သံပုရာရည္ အနည္းငယ္တို႔ကို ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာအနံွ႔ လိမ္းက်ံေပးၿပီး မိနစ္ ၂၀ ခန႔္ထားကာ ေရနဲ႔ ျပန္လည္ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ နႏြင္းဟာ အသားအေရကို ၾကည္လင္ေစၿပီး အမည္းစက္၊ အမာ႐ြတ္ေတြကို ေမွးမွိန္ေစတာေၾကာင့္ အသားအေရကို ၾကည္လင္ေတာက္ပေစမွာ ျဖစ္ပါတယ္။

(၂) အာလူးနဲ႔ ေပါင္းတင္နည္း

အာလူးဟာဆိုရင္လည္း အမည္းစက္နဲ႔ အသားအေရ မညီညာျခင္းကို ေပ်ာက္ကင္းေစႏိုင္တာေၾကာင့္ အာလူးကို ပါးပါးလွီးၿပီး မ်က္ႏွာေပၚမွာ ကပ္ေပးႏိုင္ပါတယ္။ ဒီနည္းလမ္းကို ပုံမွန္ျပဳလုပ္ေပးျခင္းဟာ အသားအေရကို သိသိသာသာ ၾကည္လင္လာေစႏိုင္မွာ ျဖစ္ပါတယ္။

(၃) ခရမ္းခ်ဥ္သီးနဲ႔ ပ်ားရည္ ေပါင္းတင္နည္း

ခရမ္းခ်ဥ္သီးတလုံးကို ႀကိတ္ေခ်ၿပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္နာေပၚလိမ္းက်ံေပးပါ။ မိနစ္ ၂၀ ခန႔္ထားၿပီး ေရေအးေအးနဲ႔ မ်က္ႏွာျပန္သစ္ေပးရမွာ ျဖစ္ပါတယ္။

(၄) ႏြားႏို႔နဲ႔ နႏြင္း ေပါင္းတင္နည္း

ႏြားႏို႔၊ နႏြင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္နဲ႔ သံပုရာရည္ အနည္းငယ္တို႔ ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာေပၚ လိမ္းက်ံေပးၿပီး မိနစ္ ၂၀ ခန႔္ထားကာ ေရခပ္ေႏြးေႏြးနဲ႔ ျပန္လည္ ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။

(၅) ပ်ားရည္နဲ႔ သံပုရာေပါင္းတင္နည္း

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာကို သံပုရာရည္ အနည္းငယ္နဲ႔ ေရာစပ္ကာ မ်က္ႏွာအႏွံ႔ လိမ္းက်ံေပးၿပီး ၁၅ မိနစ္ခန႔္ ထားေပးပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ဒီေပါင္းတင္နည္းဟာ အသားအေရကို ၾကည္လင္ဝင္းပေစၿပီး ဝက္ၿခံနဲ႔ အမာ႐ြတ္ေတြကို ေမွးမွိန္ ေပ်ာက္ကြယ္ေစႏိုင္ပါတယ္။

Ref. www.stylecraze.com

Credit-ဟယ္လ္သင္, The Irrawaddy – Burmese Edition

(Unicode)

အသားညိုသူတွေအတွက် အသားအရေ ကြည်လင်စေမယ့် ပေါင်းတင်နည်း ၅ မျိုး

အသားဖြူသူပဲဖြစ်ဖြစ်၊ အသားညိုသူပဲဖြစ်ဖြစ် မျက်နှာ အသားအရေ ကြည်လင် ဝင်းပနေခြင်းဟာ မိတ်ကပ်လိမ်း၊ ပြင်ဆင်ခြယ်သ ထားခြင်းထက် ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။ အသားညိုသူတွေအနေနဲ့ အသားညိုတာကို ဖြူစင်ဝင်းပအောင် ပြုလုပ်ခြင်းထက် အသားအရေ ကြည်လင်တောက်ပအောင် ထိန်းသိမ်းခြင်းက ဆွဲဆောင်မှု ပိုမိုရှိစေပါတယ်။ ဒါကြောင့်မို့လို့ အသားညိုသူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နနွင်း၊ ပျားရည်နဲ့ သံပုရာ ပေါင်းတင်နည်း

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည် ၁ ဇွန်းနဲ့ သံပုရာရည် အနည်းငယ်တို့ကို ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာအနံှ့ လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေနဲ့ ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ နနွင်းဟာ အသားအရေကို ကြည်လင်စေပြီး အမည်းစက်၊ အမာရွတ်တွေကို မှေးမှိန်စေတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေမှာ ဖြစ်ပါတယ်။

(၂) အာလူးနဲ့ ပေါင်းတင်နည်း

အာလူးဟာဆိုရင်လည်း အမည်းစက်နဲ့ အသားအရေ မညီညာခြင်းကို ပျောက်ကင်းစေနိုင်တာကြောင့် အာလူးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ အသားအရေကို သိသိသာသာ ကြည်လင်လာစေနိုင်မှာ ဖြစ်ပါတယ်။

(၃) ခရမ်းချဉ်သီးနဲ့ ပျားရည် ပေါင်းတင်နည်း

ခရမ်းချဉ်သီးတလုံးကို ကြိတ်ချေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နာပေါ်လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေအေးအေးနဲ့ မျက်နှာပြန်သစ်ပေးရမှာ ဖြစ်ပါတယ်။

(၄) နွားနို့နဲ့ နနွင်း ပေါင်းတင်နည်း

နွားနို့၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်နဲ့ သံပုရာရည် အနည်းငယ်တို့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာပေါ် လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေခပ်နွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

(၅) ပျားရည်နဲ့ သံပုရာပေါင်းတင်နည်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို သံပုရာရည် အနည်းငယ်နဲ့ ရောစပ်ကာ မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီပေါင်းတင်နည်းဟာ အသားအရေကို ကြည်လင်ဝင်းပစေပြီး ဝက်ခြံနဲ့ အမာရွတ်တွေကို မှေးမှိန် ပျောက်ကွယ်စေနိုင်ပါတယ်။

Ref. www.stylecraze.com

Credit-ဟယ်လ်သင်, The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *