ဗဟုတုသ

ကားေရျမဳပ္သြားရင္ လုပ္ေဆာင္ရမယ့္ အခ်က္ (၆) ခ်က္

(Zawgyi)

ကားေရျမဳပ္သြားရင္ လုပ္ေဆာင္ရမယ့္ အခ်က္ (၆) ခ်က္

မိမိကားကို ပါကင္ထိုးထားၿပီး တစ္ေနရာရာကို သြားေနခ်ိန္ မိုး႐ြာၿပီး လမ္းေရႀကီးလို႔ ကားေရျမဳပ္သြားရင္ ဘာဆက္လုပ္မလဲ။ မိုးေရထဲ ကားေမာင္းေနရင္းနဲ႔ မထင္မွတ္ပဲ ကားစက္ရပ္သြားရင္ ဘယ္လိုဆက္လုပ္မလဲ။ လမ္းက်ပ္ေနလို႔ ကားကို စက္ႏႈိးၿပီးရပ္ထားတုန္း လမ္းေပၚေရေတြတက္ၿပီး ႐ုတ္တရက္ေရႀကီးလာရင္ ဘယ္လိုလုပ္မလဲ။

၁။ မိမိကား ဘယ္ေလာက္ထိ ေရျမဳပ္ေနသလဲ ဆိုတာကို စစ္ေဆးပါ။ တကယ္လို႔မ်ား ကားတံခါး ေအာက္ေျခထက္မပိုပဲ ေရျမဳပ္ေနတယ္ဆိုရင္ေတာ့ နံပါတ္ ၄ ကိုသြားပါ။ တကယ္လို႔ ကားေရွ႕ေဘာနက္ဖုံး ထိေရျမဳပ္ေနရင္ေတာ့ ေရက်သြားတဲ့အထိခဏေစာင့္ပါ။ ၿပီးရင္ေလစစ္ကို စစ္ေဆးပါ။ ေလစစ္မွာ ေရစိုေနရင္ေတာ့ နီးစပ္ရာ ကားဝပ္ေရွာ့ဆီ ကားကိုဆြဲသြားပါ။

၂။ ကားစက္ႏႈိးဖို႔ မႀကိဳးစားပါနဲ႔ – မေတာ္တဆ ကားအင္ဂ်င္ထဲ ေရဝင္ေနရင္ မိမိက ကားစက္ႏႈိးလိုက္တဲ့ အခါ ျပဳျပင္လို႔မရေလာက္ေအာင္ ကားအင္ဂ်င္ ပ်က္စီးသြားပါလိမ့္မယ္။ ေအာက္ပါအခ်က္ေတြကို စစ္ေဆးၿပီး အိုေကတယ္ဆိုမွ စက္ႏႈိးဖို႔စဥ္းစားပါ။ အေကာင္းဆုံးကေတာ့ ကြၽမ္းက်င္စက္ျပင္ တစ္ေယာက္ေယာက္ကို ေခၚၿပီး စစ္ေဆးခိုင္းပါ။

၃။ အင္ဂ်င္ဝိုင္ကို စစ္ေဆးပါ – အင္ဂ်င္ဝိုင္တိုင္းတဲ့ တုတ္တံမွာ ေရစက္ေတြေတြ႕ေနရင္ (သို႔မဟုတ္) အင္ဂ်င္ဝိုင္ပမာဏမ်ားလာရင္ ဒါဟာ အင္ဂ်င္ဝိုင္ခြက္ထဲ ေရဝင္တဲ့လကၡဏာပါ။ လုံးဝလုံး၀ စက္မႏႈိးပါနဲ႔။ နီးစပ္ရာ ကားဝပ္ေရွာ့ဆီ ကားကိုဆြဲသြားၿပီး အင္ဂ်င္ဝိုင္ေတြ အကုန္ေဖာက္ထုတ္ပါ။ ၿပီးရင္ အင္ဂ်င္ဝိုင္ခြက္၊ ပလပ္၊ စတာေတြကို သန႔္ရွင္းၿပီး အင္ဂ်င္ထဲမွာ ေရမက်န္ေအာင္ လုပ္ရပါမယ္။

၄။ ဂီယာဝိုင္ကို စစ္ေဆးပါ – အင္ဂ်င္ဝိုင္ကို စစ္ေဆးသလိုပဲ ဂီယာဝိုင္တိုင္းတဲ့ တုတ္တံ ကို ေရရွိမရွိ စစ္ေဆးပါ။ တခ်ိဳ႕ ဂီယာေဘာက္စ္ေတြမွာ ဂီယာဝိုင္တိုင္းတဲ့ တုတ္တံ မထည့္ထားဘူး။ တကယ္လို႔မ်ား မိမိကားက အဲ့လိုဂီယာေဘာက္စ္ပါရင္ လုံးဝလုံး၀ ဂီယာထိုးျခင္း စက္ႏႈိးျခင္းမလုပ္ပဲ နီးစပ္ရာ ကားဝပ္ေရွာ့ကို ကားဆြဲသြားလိုက္ပါ။

၅။ စတီယာရင္ကို စစ္ေဆးပါ – EPS (electronic power steering) ပါတဲ့ ကားေတြ ျပႆနာအျဖစ္မ်ားပါတယ္။လွ်ပ္စစ္ေမာ္တာသုံးၿပီး ပါဝါစတီယာရင္ျဖစ္ေအာင္ လုပ္ထားတဲ့အတြက္ စတီယာရင္အုံကို (အရပ္ေခၚ စတီယာရင္ဂန္း) ေရဝပ္ရင္ပ်က္ပါတယ္။ ႐ိုး႐ိုး ဟိုက္ဒေရာလစ္ဆီသုံးတဲ့ ပါဝါစတီယာရင္ဆိုရင္လည္း စတီယာရင္ဂန္းထဲ ေရစိမ့္သြားရင္ အထဲက ဗားေတြ ပ်က္စီးတတ္ပါတယ္။ ဒါေၾကာင့္ မိမိကားစတီယာရင္ ေလးလာရင္ မေပါ့ပါနဲ႔။

၆။ လွ်ပ္စစ္စနစ္ကို စစ္ေဆးပါ – ကားေမာင္းသူတစ္ေယာက္အေနနဲ႔ လွ်ပ္စစ္ပစၥည္းေတြအေၾကာင္း အေသးစိတ္မသိႏိုင္ဘူး။ ဒါေပမဲ့ ႀကိဳးျပတ္တာေတြ၊ ႀကိဳးလြတ္ေနတာေတြ ရွိမရွိကိုေတာ့ စစ္ေဆးရမယ္။ ေရွ႕မီးႀကီး၊ ကားအဲ့ယားကြန္း၊တံခါးဂ်က္၊ အတြင္းခန္းမီး စတာေတြကို စစ္ေဆးပါ။ တစ္ခုခု မသကၤာရင္ ျပေနက် ကားဝပ္ေရွာ့ကို သြားၿပီးစစ္ေဆးခိုင္းပါ။

ႀကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔ ေအာက္ပါအခ်က္ေတြကို ျပဳလုပ္ပါ။ မိမိျပေနက် ကားဝပ္ေရွာ့ရဲ႕ ဖုန္းနံပါတ္ကို မိမိလက္ကိုင္ဖုန္းနဲ႔ ကားထဲမွာ မွတ္ထားပါ။ အခုေဖာ္ျပထားတဲ့ Infographic အေသးစားကို ကားထဲမွာျဖစ္ေစ၊ လက္ကိုင္ဖုန္းထဲမွာ ျဖစ္ေစမွတ္သားထားပါ။ ကားဆြဲတဲ့ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီဖုန္းနံပါတ္ေတြကို မွတ္သားထားပါ။ ျဖစ္ႏိုင္မယ္ဆိုရင္ မိမိသြားမယ့္ ေနရာရဲ႕ အေျခအေနကို ႀကိဳတင္စုံစမ္းပါ။ အခုဆို ေရဒီယိုကေန တခါတေလ ယာဥ္ေၾကာအေျခအေနေတြေဖာ္ျပေပးတတ္ပါတယ္။

ကားေရျမဳပ္သြားရင္ ျဖစ္ေပၚလာႏိုင္တဲ့ ျပႆနာေတြက မနည္းဘူး။ ကားေဘးတံခါးေအာက္ေျခေလာက္အထိ ျမဳပ္သြားရင္ေတာင္ အႏၲရာယ္မ်ားတယ္။ ျပန္လည္ျပဳျပင္ရတဲ့ စရိတ္၊ ဝပ္ေရွာ့ထိုးထားရတဲ့ အခ်ိန္ စတဲ့ ဆုံးရွဴံးမႈေတြက ေတာ္ေတာ္ေလး ႀကီးမားတယ္။

ဒါေၾကာင့္ ကားအသုံးျပဳသူေတြအေနနဲ႔ မလိုအပ္ပဲ ကားကို ေရထဲျဖတ္မေမာင္းပါနဲ႔။ ေရႀကီးေလ့ႀကီးထရွိတဲ့ လမ္းေပၚမွာ မိုး႐ြာေနစဥ္ ကားရပ္မထားခဲ့ပါနဲ႔။

မိုးတြင္းမွာ အပ်က္အစီးမရွိပဲ ကားကို အသုံးျပဳႏိုင္ၾကပါေစဗ်ာ။

ကားခ်စ္သူ

Credit-Original Uploader

(Unicode)

ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် (၆) ချက်

မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

၁။ မိမိကား ဘယ်လောက်ထိ ရေမြုပ်နေသလဲ ဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။ တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။ ပြီးရင်လေစစ်ကို စစ်ဆေးပါ။ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့ – မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင် ပျက်စီးသွားပါလိမ့်မယ်။ အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။ အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင် တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။

၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ – အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေဝင်တဲ့လက္ခဏာပါ။ လုံးဝလုံး၀ စက်မနှိုးပါနဲ့။ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေ အကုန်ဖောက်ထုတ်ပါ။ ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင် လုပ်ရပါမယ်။

၄။ ဂီယာဝိုင်ကို စစ်ဆေးပါ – အင်ဂျင်ဝိုင်ကို စစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိ စစ်ဆေးပါ။ တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ မထည့်ထားဘူး။ တကယ်လို့များ မိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံးဝလုံး၀ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

၅။ စတီယာရင်ကို စစ်ဆေးပါ – EPS (electronic power steering) ပါတဲ့ ကားတွေ ပြဿနာအဖြစ်များပါတယ်။လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင် လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါတယ်။ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မိမိကားစတီယာရင် လေးလာရင် မပေါ့ပါနဲ့။

၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ – ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်း အသေးစိတ်မသိနိုင်ဘူး။ ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေကို စစ်ဆေးပါ။ တစ်ခုခု မသင်္ကာရင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။ မိမိပြနေကျ ကားဝပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်းနဲ့ ကားထဲမှာ မှတ်ထားပါ။ အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။ ကားဆွဲတဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။ ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။

ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေက မနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။ ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ဝပ်ရှော့ထိုးထားရတဲ့ အချိန် စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေး ကြီးမားတယ်။

ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။ ရေကြီးလေ့ကြီးထရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။

မိုးတွင်းမှာ အပျက်အစီးမရှိပဲ ကားကို အသုံးပြုနိုင်ကြပါစေဗျာ။

ကားချစ်သူ

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *