ဗဟုတုသ

ရွမ္းျပည္ရဲ႕ နာမည္ေက်ာ္ တို႕ဟူးေႏြးလုပ္စားနည္း

(Zawgyi)

တို႔ဟူးေႏြး

တို႔ဟူးေႏြးက ရွမ္းျပည္ရဲ႕ မနက္မွာစားတဲ့ မနက္စာ ျဖစ္ပါတယ္။ ရွမ္းျပည္မွာေတာ့ ရွမ္းေခါက္ဆြဲ၊ တို႔ဟူးေႏြး တို႔စားရင္ ေ႐ႊပဲ႐ြက္ေလး ထည့္စားၾကပါတယ္။ ေ႐ႊပဲ႐ြက္မရွိလည္း ေရမုန္ညႇင္း၊ မုန္ညႇင္း႐ြက္ အစ ရွိသျဖင့္ ထည့္စားေလ့ရွိပါတယ္။ ခ်က္နည္းလည္းလြယ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ၾကက္သား (သို႔မဟုတ္) ဝက္သား

တို႔ဟူးမႈန႔္

ဆန္ဆီးေခါက္ဆြဲ

အ႐ြက္(ေ႐ႊပဲ႐ြက္ ၊ ေရမုန္ညႇင္း၊ မုန္ညႇင္း႐ြက္)

ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ

င႐ုတ္သီးအေရာင္တင္မႈန႔္၊ နႏြင္းမႈန႔္

ဆား၊ ဟင္းခတ္မႈန႔္၊ သၾကား

နံနံပင္၊ ၾကက္သြန္မိတ္၊ ေျမပဲဆံေထာင္း

ႏွမ္း၊ ပဲငံျပာရည္အၾကည္၊ ၾကာညိဳ႕၊ င႐ုတ္ဆီ

ၾကက္သြန္ျဖဴ ဆီခ်က္

ျပဳလုပ္နည္း-

ၾကက္သို႔မဟုတ္ ဝက္သားကို တို႔ဟူးေႏြးနဲ႔ေရာစားဖို႔ အရင္ဆုံး ဂ်င္း၊ ၾကက္သြန္ျဖဴ၊ နီ၊ င႐ုတ္သီး အေရာင္တင္မႈန႔္၊ နႏြင္း အနည္းေယ္ထည့္ၿပီး ဆီသတ္ပါတယ္။ အရသာအတြက္ေတာ့ အေပါ့အငန္ ခ်ိန္ၿပီးထည့္ႏိုင္ပါတယ္။

တိုးဟူးေႏြး က်ိဳရန္အတြက္ အရင္ဆုံး တို႔ဟူးမႈန႔္ကို နႏြင္းမႈန႔္ အနည္းငယ္ထည့္ၿပီး ေရေအးျဖင့္ ခပ္ပ်စ္ပ်စ္ေလး ေဖ်ာ္ထားရပါမယ္။ တို႔ဟူး က်ိဳမယ့္အိုးထဲကို ေရ ၁လီတာ (တိုဟူးမႈန႔္ ၂၅က်ပ္သား ) ထည့္ၿပီး ဆူလာတဲ့အထိတည္ရပါမယ္။ ဆူလာရင္ေတာ့ ခုဏက ေဖ်ာ္ထားတဲ့ တို႔ဟူးေဖ်ာ္ေရကို ျဖည္းျဖည္းခ်င္း ေလာင္းထည့္ရပါမယ္။ ၿပီးရင္ျဖင့္ အရသာအတြက္ ဆား၊ ဟင္းခတ္မႈန႔္၊ သၾကား အနည္းငယ္ထည့္ၿပီး မီးေအးေအးေလးထားၿပီး အဆက္မျပတ္ ေမႊေပးရပါမယ္။ ကိုယ္လိုခ်င္တဲ့ အေနအထားေရာက္ရင္ျဖင့္ တိုဟူးေႏြးကို စတင္ျပင္ဆင္ႏိုင္ပါၿပီ။

ဆန္ဆီးေခါက္ဆြဲကို အ႐ြက္ကေလးပါ ထည့္ၿပီး ၁မိနစ္ေလာက္ ေရေႏြးပြက္ပြက္ဆူထဲ ခဏထားၿပီး ျပန္ဆယ္ကာ တိုဟူးေႏြး ျပင္ဆင္မယ့္ ပန္းကန္ထဲထည့္၊ အေပၚကေန တို႔ဟူးေႏြး ေလာင္းထည့္ပါ။နံနံပင္၊ ၾကက္သြန္မိတ္ထည့္၊ ေထာင္းထားတဲ့ ေျမပဲဆံ၊ ႏွမ္းထည့္၊ ခ်က္ထားတဲ့ ၾကက္သားသို႔မဟုတ္ ဝက္သားထည့္ပါ။

ပဲငံျပာရည္ အၾကည္၊ ၾကာညိဳ႕၊ င႐ုတ္ဆီ၊ င႐ုတ္သီးအေရာင္တင္မႈန႔္ကိုကို ဆီသတ္ထားတဲ့ ဆီတို႔ထည့္ၿပီး အေပၚကေန ၾကက္သြန္ျဖဴ ဆီခ်က္ကေလးျဖဴးၿပီး သုံးေဆာင္ႏိုင္ပါၿပီ။

Credit-အိမ္ဟင္းေလးတစ္ခြက္

(Unicode)

တို့ဟူးနွေး

တို့ဟူးနွေးက ရှမ်းပြည်ရဲ့ မနက်မှာစားတဲ့ မနက်စာ ဖြစ်ပါတယ်။ ရှမ်းပြည်မှာတော့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး တို့စားရင် ရွှေပဲရွက်လေး ထည့်စားကြပါတယ်။ ရွှေပဲရွက်မရှိလည်း ရေမုန်ညှင်း၊ မုန်ညှင်းရွက် အစ ရှိသဖြင့် ထည့်စားလေ့ရှိပါတယ်။ ချက်နည်းလည်းလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား (သို့မဟုတ်) ဝက်သား

တို့ဟူးမှုန့်

ဆန်ဆီးခေါက်ဆွဲ

အရွက်(ရွှေပဲရွက် ၊ ရေမုန်ညှင်း၊ မုန်ညှင်းရွက်)

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်

ဆား၊ ဟင်းခတ်မှုန့်၊ သကြား

နံနံပင်၊ ကြက်သွန်မိတ်၊ မြေပဲဆံထောင်း

နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့၊ ငရုတ်ဆီ

ကြက်သွန်ဖြူ ဆီချက်

ပြုလုပ်နည်း-

ကြက်သို့မဟုတ် ဝက်သားကို တို့ဟူးနွေးနဲ့ရောစားဖို့ အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်း အနည်းယေ်ထည့်ပြီး ဆီသတ်ပါတယ်။ အရသာအတွက်တော့ အပေါ့အငန် ချိန်ပြီးထည့်နိုင်ပါတယ်။

တိုးဟူးနွေး ကျိုရန်အတွက် အရင်ဆုံး တို့ဟူးမှုန့်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေအေးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားရပါမယ်။ တို့ဟူး ကျိုမယ့်အိုးထဲကို ရေ ၁လီတာ (တိုဟူးမှုန့် ၂၅ကျပ်သား ) ထည့်ပြီး ဆူလာတဲ့အထိတည်ရပါမယ်။ ဆူလာရင်တော့ ခုဏက ဖျော်ထားတဲ့ တို့ဟူးဖျော်ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ရပါမယ်။ ပြီးရင်ဖြင့် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ သကြား အနည်းငယ်ထည့်ပြီး မီးအေးအေးလေးထားပြီး အဆက်မပြတ် မွှေပေးရပါမယ်။ ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင်ဖြင့် တိုဟူးနွေးကို စတင်ပြင်ဆင်နိုင်ပါပြီ။

ဆန်ဆီးခေါက်ဆွဲကို အရွက်ကလေးပါ ထည့်ပြီး ၁မိနစ်လောက် ရေနွေးပွက်ပွက်ဆူထဲ ခဏထားပြီး ပြန်ဆယ်ကာ တိုဟူးနွေး ပြင်ဆင်မယ့် ပန်းကန်ထဲထည့်၊ အပေါ်ကနေ တို့ဟူးနွေး လောင်းထည့်ပါ။နံနံပင်၊ ကြက်သွန်မိတ်ထည့်၊ ထောင်းထားတဲ့ မြေပဲဆံ၊ နှမ်းထည့်၊ ချက်ထားတဲ့ ကြက်သားသို့မဟုတ် ဝက်သားထည့်ပါ။

ပဲငံပြာရည် အကြည်၊ ကြာညို့၊ ငရုတ်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်ကိုကို ဆီသတ်ထားတဲ့ ဆီတို့ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ကလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Credit-အိမ်ဟင်းလေးတစ်ခွက်

Leave a Reply

Your email address will not be published. Required fields are marked *