ဗဟုတုသ

“ေမွ်ာ့”က အလွဖန္တီးရွင္ေလးပါ

“ေမွ်ာ့”က အလွဖန္တီးရွင္ေလးပါ
ငယ္ငယ္တုန္းက ေက်ာင္းပိတ္ရက္ေတြဆို သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းၿပီး ရြာေနာက္က စမ္းေခ်ာင္းထဲမွာ ငါးသြားမွ်ားေလ့ရွိတယ္။ လယ္ကြင္းျပင္ေတြ ျဖတ္ၿပီး သြားရတဲ့အတြက္ စမ္းေခ်ာင္းနားေရာက္တာနဲ႔ အရင္ဆံုး လုပ္ရတဲ့ အလုပ္ကေတာ့ ေျခေထာက္မွာ တြဲေလာင္း တြဲေလာင္း ကပ္တြယ္ေနတဲ့ လက္သန္းသာသာေလာက္ရွိ ေမွ်ာ့ႀကီးေတြကို ခြါပစ္ရတဲ့အလုပ္ပဲ။ အသဲယားအူယားတတ္တဲ့လူေတြဆို ၾကည့္ေတာင္ မၾကည့္ရဲၾကဘူး။ မိုးတြင္းကာလဆို အဆိုးဆံုး။ မုိးက်တာနဲ႔ လယ္ကြင္းေတြထဲ အမ်ားဆံုးေပါက္ေနတဲ့ အေကာင္ပေလာင္ေတြကေတာ့ ေမွ်ာ့ေတြပါပဲ။ မိန္းကေလးေတြ ဘယ္သူမွ မသြားရဲၾကဘူး။ ေမွ်ာ့အတြယ္ခံရမွာစိုးလို႔ တဲ့။ က်ဳပ္တုိ႔ ေကာင္ေလးေတြကေတာ့ တီေတြ ေမွ်ာ့ေတြ မေျပာနဲ႔ တစ္ခါတစ္ေလ ေျမြေတြေတာင္ ဖမ္းၿပီး အိပ္ေထာင့္ထဲ ထည့္ထားလိုက္ေသးတယ္။ ေၾကာက္ရမွန္းမသိ၊ လန္႔ရမွန္းမသိေပါ့။

တစ္ခါတစ္ေလ ေျခေထာက္မွာတြယ္ကပ္ေသြးစုပ္ေနတဲ့ ေမွ်ာ့ေကာင္ေတြကို ေတာ္ေတာ္နဲ႔ ခြါလုိ႔မရဘူး။ အဲဒီေတာ့ ဘာလုပ္ရသလဲဆိုရင္ အသင့္ယူလာတဲ့ ဆားေတြနဲ႔ အံုလိုက္ရတယ္။ တီ၊ ေက်ာ့၊ ေမွ်ာ့ ဆိုတဲ့အေကာင္ေတြ အေၾကာက္ဆံုးက ဆားပဲ မဟုတ္လား။ ေမွ်ာ့ေကာင္ေတြ ဆားကို ေၾကာက္သလို လူအေတာ္မ်ားမ်ားလည္း ေမွ်ာ့ကို ေၾကာက္ၾကသဗ်ား။ အသဲယားတယ္ ဆိုကိုး။ ဒါေပမဲ့ ဒီကေန႔ေခတ္မွာေတာ့ ဒီေမွ်ာ့ေကာင္ေတြဟာ ေၾကာက္စရာမဟုတ္ေတာ့့တဲ့အျပင္ ေဆးဘက္မွာေရာ၊ အလွကုန္ပစၥည္းတစ္မ်ိဳးအေနနဲ႔ပါ အသံုး၀င္လာၿပီ။ အဲဒီေမွ်ာ့ေတြကို ေဆးဘက္နဲ႔ အလွျပဳျပင္ေရးဘက္ေတြမွာ ယေန႔အမ်ားဆံုး အသံုးျပဳေနတဲ့ ႏိုင္ငံကေတာ့ ရုရွားေပါ့။

ဆရာ၀န္တစ္ေယာက္ကေျပာတယ္ “ေမွ်ာ့ေတြဟာ ေရာဂါအားလံုးေလာက္နီးပါးကို ကုစားႏိုင္တယ္” တဲ့ဗ်ား။ ေမာ္စကိုၿမိဳ႕က Kimberlyland Academy of Beauty ဆိုတဲ့ အလွဖန္တီးမႈသင္တန္းေက်ာင္းရဲ႕ေဆာင္ပုဒ္တစ္ခုကေတာ့ “ႏုပ်ိဳမႈနဲ႔ လွပမႈေတြကို အစဥ္ေပးစြမ္းတာကေတာ့ ေဟာဒီေမွ်ာ့ကေလးေတြေပါ့” ဆိုပဲ။

ေမာ္စကိုၿမိဳ႕ျပင္တစ္ေနရာမွာ ေမွ်ာ့ေမြးျမဴေရးကုမၸဏီႀကီး တစ္ခုရွိတယ္။ အဲဒီမွာ ေမွ်ာ့အေကာင္ေပါင္း ႏွစ္သန္းေက်ာ္ေက်ာ္ေလာက္ကို ေမြးထားသတဲ့။ ေနာက္ၿပီး ေမွ်ာ့တစ္ေကာင္ကို စတာလင္ တစ္ေပါင္ႏႈံးနဲ႔ ေရာင္းစားဆိုပဲ။ ျဖစ္လိုက္မည့္ စီးပြါးဗ်ာ။ ေမွ်ာ့အလြန္ေပါတဲ့ ျမန္မာျပည္မွာ ဒီစီးပြါးေရး ထူေထာင္ရင္ မဆိုးေလာက္ဘူး။

ေမွ်ာ့ပါရဂူႀကီးေတြ အဆိုအရ ေမွ်ာ့တစ္ေကာင္မွာ ေမးရိုးသံုးခုပါၿပီး သြားအေခ်ာင္းေပါင္း ကိုးဆယ္ ပါသတဲ့။ ကမၻာေပၚမွာ သြားအမ်ားဆံုး သတၱ၀ါတစ္မ်ိဳးျဖစ္မယ္ ထင္တယ္။ ေမွ်ာ့သတၱ၀ါရဲ႕ အသံုးက်မႈကဘာလဲဆိုရင္ အာရံုမခံစားႏိုင္မႈကို ျဖစ္ေစတဲ့ သဘာ၀အေလ်ာက္ျဖစ္ေပၚလာတဲ့ ေသြးခဲမႈေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုတယ္။ ေသြးခဲ့မႈေၾကာင့္ ကိုယ္ခႏၶာတစ္ခုလံုးေလးလံထိုင္းမႈိင္းမႈေတြျဖစ္ေနရင္ ေမွ်ာ့ေတြကို ကိုယ္မွာတြယ္ကပ္ၿပီး ေသြးစုပ္ေစျခင္းအားျဖင့္ ခဲေနတဲ့ေသြးေတြဟာ ျပန္လည္ေပ်ာ္စီးသြားၿပီး ေသြးလည္ပတ္မႈပံုမွန္ျပန္ျဖစ္ေစပါတယ္။

အသက္ (၃၅) ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Irina Eliseyeva ကေတာ့ သူမရဲ႕ အလွကို ထိမ္းသိမ္းတဲ့ေနရာမွာ ေမွ်ာ့ေတြကို အသံုးျပဳတယ္လို႔ ဆိုပါတယ္။ သူေျပာတာက “ဒီေကာင္ေလးေတြဟာ က်မကို အစဥ္အလွတိုးေစရံုမက က်မရဲ႕ အသားအေရကိုလည္း ပိုမိုက်မ္းမာစိုေျပေစပါတယ္၊ က်မမ်က္ႏွာျပင္ဟာ အၿမဲတမ္းေသြးေယာင္သန္းၿပီ အစဥ္ႏုပ်ိဳေနရံုမက ဒီေမွ်ာ့ေကာင္ေလးေတြက အေရတြန္႔ေနတာေတြကိုပါ ဖယ္ရွားေပးပါတယ္” ဆိုပဲ။

ေမွ်ာ့ေမြးျမဴေရးဌာက ကုမၸဏီမန္ေနဂ်ာတစ္ေယာက္ျဖစ္တဲ့ Elena Titova ကေတာ့ “လူသားေတြနဲ႔ ေမွ်ာ့ေတြအၾကားမွာ ထူးျခားတဲ့ ဆက္သြယ္မႈေတြရွိေနပါတယ္၊ အဲဒီအထဲ အမ်ိဳးသမီးေတြဟာ မိခင္စိတ္မ်ားသူေတြ ျဖစ္တာေၾကာင့္ အမ်ိဳးသားေတြနဲ႔ စာရင္ ေမွ်ာ့ကို အသံုးျပဳၿပီး အရြယ္ထိမ္းတဲ့ေနရာမွာ ပိုၿပီးသင့္ေတာ္ပါတယ္” လို႔ မွတ္ခ်က္ေပးထားပါတယ္။

hyperactivity လို႔ေခၚတဲ့ ဂနာမၿငိမ္ေရာဂါခံစားေနရတဲ့ အသက္ (၇)ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္ကို သူ႔ဆရာ၀န္က ေမွ်ာ့ေတြကို အသံုးျပဳၿပီး ေဆးကုသေပးခဲ့ပါတယ္။ အဲဒီဆရာ၀န္ကပဲ အထက္က စကားကို ေျပာၾကားခဲ့တာပါ။

အဲဒီေတာ့ က်ေနာ္တို႔ အသဲယားအူယားျဖစ္ၿပီး ေၾကာက္လန္႔ေနတဲ့ ေမွ်ာ့ေကာင္ေတြဟာ တကယ္ေတာ့ လူသားေတြရဲ႕ က်မ္းမာေရးဘက္မွာေရာ၊ အလွဖန္တီးတဲ့ေနရာမွာပါ အသံုးက်လွေၾကာင္း ႀကံဳႀကိဳက္တုန္း တင္ျပေပးလိုက္ပါတယ္။ ဒီတစ္ခါ ေျခေထာက္မွာ ေမွ်ာ့အတြယ္ခံရရင္ေတာ့ တြယ္ခ်င္သေလာက္တြယ္ မခြါေတာ့ဘူး။ အမ်ိဳးသမီးေတြကိုလည္း အႀကံေပး ရဦးမယ္။ လွပႏုပ်ိဳမႈေတြနဲ႔ ကိုယ့္ဘ၀ကို ထာ၀စဥ္ထိန္းသိမ္းထားခ်င္သပဆိုရင္ေတာ့ သတင္းေကာင္းေပးလိုက္ပါတယ္။ “က်ေနာ္မင္းထက္ ေမွ်ာ့ေရာင္းစားေတာ့မယ္” လို႔။ တြယ္မယ္။

Crd;copy

(unucode)

“မျှော့”က အလှဖန်တီးရှင်လေးပါ
ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို သူငယ်ချင်းတွေနဲ့ ချိန်းပြီး ရွာနောက်က စမ်းချောင်းထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ လယ်ကွင်းပြင်တွေ ဖြတ်ပြီး သွားရတဲ့အတွက် စမ်းချောင်းနားရောက်တာနဲ့ အရင်ဆုံး လုပ်ရတဲ့ အလုပ်ကတော့ ခြေထောက်မှာ တွဲလောင်း တွဲလောင်း ကပ်တွယ်နေတဲ့ လက်သန်းသာသာလောက်ရှိ မျှော့ကြီးတွေကို ခွါပစ်ရတဲ့အလုပ်ပဲ။ အသဲယားအူယားတတ်တဲ့လူတွေဆို ကြည့်တောင် မကြည့်ရဲကြဘူး။ မိုးတွင်းကာလဆို အဆိုးဆုံး။ မိုးကျတာနဲ့ လယ်ကွင်းတွေထဲ အများဆုံးပေါက်နေတဲ့ အကောင်ပလောင်တွေကတော့ မျှော့တွေပါပဲ။ မိန်းကလေးတွေ ဘယ်သူမှ မသွားရဲကြဘူး။ မျှော့အတွယ်ခံရမှာစိုးလို့ တဲ့။ ကျုပ်တို့ ကောင်လေးတွေကတော့ တီတွေ မျှော့တွေ မပြောနဲ့ တစ်ခါတစ်လေ မြွေတွေတောင် ဖမ်းပြီး အိပ်ထောင့်ထဲ ထည့်ထားလိုက်သေးတယ်။ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိပေါ့။

တစ်ခါတစ်လေ ခြေထောက်မှာတွယ်ကပ်သွေးစုပ်နေတဲ့ မျှော့ကောင်တွေကို တော်တော်နဲ့ ခွါလို့မရဘူး။ အဲဒီတော့ ဘာလုပ်ရသလဲဆိုရင် အသင့်ယူလာတဲ့ ဆားတွေနဲ့ အုံလိုက်ရတယ်။ တီ၊ ကျော့၊ မျှော့ ဆိုတဲ့အကောင်တွေ အကြောက်ဆုံးက ဆားပဲ မဟုတ်လား။ မျှော့ကောင်တွေ ဆားကို ကြောက်သလို လူအတော်များများလည်း မျှော့ကို ကြောက်ကြသဗျား။ အသဲယားတယ် ဆိုကိုး။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ဒီမျှော့ကောင်တွေဟာ ကြောက်စရာမဟုတ်တော့တဲ့အပြင် ဆေးဘက်မှာရော၊ အလှကုန်ပစ္စည်းတစ်မျိုးအနေနဲ့ပါ အသုံးဝင်လာပြီ။ အဲဒီမျှော့တွေကို ဆေးဘက်နဲ့ အလှပြုပြင်ရေးဘက်တွေမှာ ယနေ့အများဆုံး အသုံးပြုနေတဲ့ နိုင်ငံကတော့ ရုရှားပေါ့။

ဆရာဝန်တစ်ယောက်ကပြောတယ် “မျှော့တွေဟာ ရောဂါအားလုံးလောက်နီးပါးကို ကုစားနိုင်တယ်” တဲ့ဗျား။ မော်စကိုမြို့က Kimberlyland Academy of Beauty ဆိုတဲ့ အလှဖန်တီးမှုသင်တန်းကျောင်းရဲ့ဆောင်ပုဒ်တစ်ခုကတော့ “နုပျိုမှုနဲ့ လှပမှုတွေကို အစဉ်ပေးစွမ်းတာကတော့ ဟောဒီမျှော့ကလေးတွေပေါ့” ဆိုပဲ။

မော်စကိုမြို့ပြင်တစ်နေရာမှာ မျှော့မွေးမြူရေးကုမ္ပဏီကြီး တစ်ခုရှိတယ်။ အဲဒီမှာ မျှော့အကောင်ပေါင်း နှစ်သန်းကျော်ကျော်လောက်ကို မွေးထားသတဲ့။ နောက်ပြီး မျှော့တစ်ကောင်ကို စတာလင် တစ်ပေါင်နှုံးနဲ့ ရောင်းစားဆိုပဲ။ ဖြစ်လိုက်မည့် စီးပွါးဗျာ။ မျှော့အလွန်ပေါတဲ့ မြန်မာပြည်မှာ ဒီစီးပွါးရေး ထူထောင်ရင် မဆိုးလောက်ဘူး။

မျှော့ပါရဂူကြီးတွေ အဆိုအရ မျှော့တစ်ကောင်မှာ မေးရိုးသုံးခုပါပြီး သွားအချောင်းပေါင်း ကိုးဆယ် ပါသတဲ့။ ကမ္ဘာပေါ်မှာ သွားအများဆုံး သတ္တဝါတစ်မျိုးဖြစ်မယ် ထင်တယ်။ မျှော့သတ္တဝါရဲ့ အသုံးကျမှုကဘာလဲဆိုရင် အာရုံမခံစားနိုင်မှုကို ဖြစ်စေတဲ့ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ သွေးခဲမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။ သွေးခဲ့မှုကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးလေးလံထိုင်းမှိုင်းမှုတွေဖြစ်နေရင် မျှော့တွေကို ကိုယ်မှာတွယ်ကပ်ပြီး သွေးစုပ်စေခြင်းအားဖြင့် ခဲနေတဲ့သွေးတွေဟာ ပြန်လည်ပျော်စီးသွားပြီး သွေးလည်ပတ်မှုပုံမှန်ပြန်ဖြစ်စေပါတယ်။

အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Irina Eliseyeva ကတော့ သူမရဲ့ အလှကို ထိမ်းသိမ်းတဲ့နေရာမှာ မျှော့တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ သူပြောတာက “ဒီကောင်လေးတွေဟာ ကျမကို အစဉ်အလှတိုးစေရုံမက ကျမရဲ့ အသားအရေကိုလည်း ပိုမိုကျမ်းမာစိုပြေစေပါတယ်၊ ကျမမျက်နှာပြင်ဟာ အမြဲတမ်းသွေးယောင်သန်းပြီ အစဉ်နုပျိုနေရုံမက ဒီမျှော့ကောင်လေးတွေက အရေတွန့်နေတာတွေကိုပါ ဖယ်ရှားပေးပါတယ်” ဆိုပဲ။

မျှော့မွေးမြူရေးဌာက ကုမ္ပဏီမန်နေဂျာတစ်ယောက်ဖြစ်တဲ့ Elena Titova ကတော့ “လူသားတွေနဲ့ မျှော့တွေအကြားမှာ ထူးခြားတဲ့ ဆက်သွယ်မှုတွေရှိနေပါတယ်၊ အဲဒီအထဲ အမျိုးသမီးတွေဟာ မိခင်စိတ်များသူတွေ ဖြစ်တာကြောင့် အမျိုးသားတွေနဲ့ စာရင် မျှော့ကို အသုံးပြုပြီး အရွယ်ထိမ်းတဲ့နေရာမှာ ပိုပြီးသင့်တော်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။

hyperactivity လို့ခေါ်တဲ့ ဂနာမငြိမ်ရောဂါခံစားနေရတဲ့ အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို သူ့ဆရာဝန်က မျှော့တွေကို အသုံးပြုပြီး ဆေးကုသပေးခဲ့ပါတယ်။ အဲဒီဆရာဝန်ကပဲ အထက်က စကားကို ပြောကြားခဲ့တာပါ။

အဲဒီတော့ ကျနော်တို့ အသဲယားအူယားဖြစ်ပြီး ကြောက်လန့်နေတဲ့ မျှော့ကောင်တွေဟာ တကယ်တော့ လူသားတွေရဲ့ ကျမ်းမာရေးဘက်မှာရော၊ အလှဖန်တီးတဲ့နေရာမှာပါ အသုံးကျလှကြောင်း ကြုံကြိုက်တုန်း တင်ပြပေးလိုက်ပါတယ်။ ဒီတစ်ခါ ခြေထောက်မှာ မျှော့အတွယ်ခံရရင်တော့ တွယ်ချင်သလောက်တွယ် မခွါတော့ဘူး။ အမျိုးသမီးတွေကိုလည်း အကြံပေး ရဦးမယ်။ လှပနုပျိုမှုတွေနဲ့ ကိုယ့်ဘဝကို ထာဝစဉ်ထိန်းသိမ်းထားချင်သပဆိုရင်တော့ သတင်းကောင်းပေးလိုက်ပါတယ်။ “ကျနော်မင်းထက် မျှော့ရောင်းစားတော့မယ်” လို့။ တွယ်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *