ဗဟုတုသ

သက္ရွည္က်န္းမာျခင္းရဲ႕ လွိဳ႕ဝွက္ခ်က္

သက္ရွည္က်န္းမာျခင္းရဲ႕ လွိဳ႕ဝွက္ခ်က္

အိပ္စက္ျခင္းဟာ က်န္းမာတဲ့လူေနမႈဘဝအတြက္ အေရးအၾကီးဆံုး လိုအပ္ခ်က္ ျဖစ္ပါတယ္။ အိပ္စက္ခ်ိန္ လံုေလာက္စြာ ရရွိျခင္းက ခႏၶာကုိယ္စြမ္းအင္ကိုသာမက စိတ္ပိုင္းဆိုင္ရာမွာပါ အင္အားျပည့္ေစပါတယ္။ အိပ္စက္ခ်ိန္လံုေလာက္စြာ ရရွိျခင္းက နာတာရွည္ေရာဂါမ်ား ျဖစ္ပြားမႈကေန ကာကြယ္ေပးႏိုင္တဲ့အျပင္ က်န္းမာေရးကို ေကာင္းစြာ ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ေစပါတယ္။ ဒါေၾကာင့္ ေကာင္းမြန္တဲ့ က်န္းမာေရး ရရွိေစဖို႕အတြက္ အိပ္စက္ခ်ိန္ လံုေလာက္ဖို႕ ၾကိဳစားသင့္ပါတယ္။

တခ်ိဳ႕လူေတြက ေခါင္းအံုးနဲ႕ ဦးေခါင္းနဲ႕ ထိလိုက္တာနဲ႕ အိပ္ေပ်ာ္တတ္ၾကျပီး တခ်ိဳ႕လူေတြကေတာ့ နာရီဝက္၊ တစ္နာရီၾကာတာေတာင္ အိပ္မေပ်ာ္ႏုိင္ၾကပါဘူး။ ဒီလိုလူေတြအတြက္ အိပ္စက္ခ်ိန္လံုေလာက္စြာ ရရွိဖို႕က ခဲယဥ္းလြန္းလွပါတယ္။ ဒါေၾကာင့္ က်န္းမာတဲ့ဘဝေနထိုင္မႈကို ပိုင္ဆိုင္ဖို႕ဆိုရင္ ကိုယ့္ရဲ႕ အမူအက်င့္ေတြကို ေျပာင္းလဲေပးဖိုက လိုအပ္ပါတယ္။

အိပ္စက္ခ်ိန္ လံုေလာက္ေၾကာင္း ဘယ္လိုသိရွိႏုိင္မလဲ???
လွဲခ်လိုက္တာနဲ႕ ၁၅ မိနစ္အတြင္း အိပ္ေပ်ာ္သြားႏိုင္တဲ့လူမ်ိဳးအတြက္ အိပ္စက္ခ်ိန္မလံုေလာက္မွာ ပူစရာမလိုပါဘူး။
သင့္ရဲ႕ အိပ္စက္ခ်ိန္က တစ္ေန႕ကို ၉ နာရီခန္႕ ပံုမွန္ ရွိတယ္ဆိုရင္လည္း သင္ဟာ က်န္းမာတဲ့လူတစ္ေယာက္ ျဖစ္ေနမယ္ဆိုတာကို ခန္႕မွန္းလို႕ရပါတယ္။
အိပ္ယာက ႏိုးထလာတဲ့ အခ်ိန္တိုင္းမွန္ လန္းဆန္းေနတာကလည္း အိပ္ေရးဝျခင္းရဲ႕ သေကၤတ တစ္ခုပါ။

လူတိုင္းမွာ ရွိသင့္တဲ့ အိပ္စက္ခ်ိန္ေတြက ???
ပ်မ္းမွ်အားျဖင့္ ၁၄ ႏွစ္ကေန ၁၇ ႏွစ္ၾကား ဆယ္ေက်ာ္သက္ေတြက အိပ္စက္ခ်ိန္ အနည္းဆံုး တစ္ေန႕လွ်င္ ၈နာရီမွ ၁၀ နာရီထိ ရွိသင့္ပါတယ္။ အသက္ ၁၈ ႏွစ္ကေန ၂၅ ႏွစ္ၾကား အရြယ္ လူငယ္ေတြကေတာ့ အိပ္စက္ခ်ိန္ အနည္းဆံုး တစ္ေန႕လွ်င္ ၇နာရီမွ ၉ နာရီၾကားထိ ရွိသင့္ပါတယ္။ ၂၆ ႏွစ္ကေန ၆၄ ႏွစ္ၾကား အရြယ္ေတြကေတာ့ ပ်မ္းမွ်အားျဖင့္ ၇ နာရီကေန ၉ နာရီၾကားရွိသင့္ျပီး ၆၅ ႏွစ္အထက္ အရြယ္ေတြကေတာ့ တစ္ေန႕လွ်င္ အနည္းဆံုး အိပ္စက္ခ်ိန္ ၇ နာရီမွ် ၈နာရီထိ ရွိသင့္ပါတယ္။
crd;Caremebot

(unicode)

သက်ရှည်ကျန်းမာခြင်းရဲ့ လှို့ဝှက်ချက်

အိပ်စက်ခြင်းဟာ ကျန်းမာတဲ့လူနေမှုဘဝအတွက် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ အိပ်စက်ချိန် လုံလောက်စွာ ရရှိခြင်းက ခန္ဓာကိုယ်စွမ်းအင်ကိုသာမက စိတ်ပိုင်းဆိုင်ရာမှာပါ အင်အားပြည့်စေပါတယ်။ အိပ်စက်ချိန်လုံလောက်စွာ ရရှိခြင်းက နာတာရှည်ရောဂါများ ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ကျန်းမာရေးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်စေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေး ရရှိစေဖို့အတွက် အိပ်စက်ချိန် လုံလောက်ဖို့ ကြိုစားသင့်ပါတယ်။

တချို့လူတွေက ခေါင်းအုံးနဲ့ ဦးခေါင်းနဲ့ ထိလိုက်တာနဲ့ အိပ်ပျော်တတ်ကြပြီး တချို့လူတွေကတော့ နာရီဝက်၊ တစ်နာရီကြာတာတောင် အိပ်မပျော်နိုင်ကြပါဘူး။ ဒီလိုလူတွေအတွက် အိပ်စက်ချိန်လုံလောက်စွာ ရရှိဖို့က ခဲယဉ်းလွန်းလှပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲပေးဖိုက လိုအပ်ပါတယ်။

အိပ်စက်ချိန် လုံလောက်ကြောင်း ဘယ်လိုသိရှိနိုင်မလဲ???
လှဲချလိုက်တာနဲ့ ၁၅ မိနစ်အတွင်း အိပ်ပျော်သွားနိုင်တဲ့လူမျိုးအတွက် အိပ်စက်ချိန်မလုံလောက်မှာ ပူစရာမလိုပါဘူး။
သင့်ရဲ့ အိပ်စက်ချိန်က တစ်နေ့ကို ၉ နာရီခန့် ပုံမှန် ရှိတယ်ဆိုရင်လည်း သင်ဟာ ကျန်းမာတဲ့လူတစ်ယောက် ဖြစ်နေမယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။
အိပ်ယာက နိုးထလာတဲ့ အချိန်တိုင်းမှန် လန်းဆန်းနေတာကလည်း အိပ်ရေးဝခြင်းရဲ့ သငေ်္ကတ တစ်ခုပါ။

လူတိုင်းမှာ ရှိသင့်တဲ့ အိပ်စက်ချိန်တွေက ???
ပျမ်းမျှအားဖြင့် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေက အိပ်စက်ချိန် အနည်းဆုံး တစ်နေ့လျှင် ၈နာရီမှ ၁၀ နာရီထိ ရှိသင့်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား အရွယ် လူငယ်တွေကတော့ အိပ်စက်ချိန် အနည်းဆုံး တစ်နေ့လျှင် ၇နာရီမှ ၉ နာရီကြားထိ ရှိသင့်ပါတယ်။ ၂၆ နှစ်ကနေ ၆၄ နှစ်ကြား အရွယ်တွေကတော့ ပျမ်းမျှအားဖြင့် ၇ နာရီကနေ ၉ နာရီကြားရှိသင့်ပြီး ၆၅ နှစ်အထက် အရွယ်တွေကတော့ တစ်နေ့လျှင် အနည်းဆုံး အိပ်စက်ချိန် ၇ နာရီမျှ ၈နာရီထိ ရှိသင့်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *