ဗဟုတုသ

အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္း ကင္းေ၀းေစရန္

(Zawgyi)

အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္း ကင္းေဝးေစရန္

၁။ ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးထဲကိုသာသုံးပါ။

ဆံပင္ျဖဴျခင္း ကာကြယ္ဖို႔အတြက္ အေျခခံအက်ဆုံးကေတာ့ မိမိဆံသားနဲ႔ ကိုက္ညီတဲ့ ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးထဲကိုစြဲသုံးတာပဲ ျဖစ္ပါတယ္။ မိမိဆံသားနဲ႔ အဆင္ေျပတဲ့ ေခါင္းေလွ်ာ္ရည္ ရွိေနရင္ေတာ့ တစ္ျခားဟာေတြေျပာင္းၿပီး စမ္းသုံးၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ ေခါင္းေလွ်ာ္ရည္ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းသုံးတာဟာ ဆံသားကို ထိေရာက္တဲ့ အက်ိဳးမရရွိေစတဲ့အျပင္ ဆံပင္ျဖဴတာကိုလည္းအားေပးပါတယ္။

၂။ ကုလားဆီးျဖဴသီး အသုံးျပဳပါ။

ကုလားဆီးျဖဴသီးဟာ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴေပါက္တာနဲ႔ ဆံပင္ကြၽတ္တာမွ ကာကြယ္ေပးႏိုင္ပါတယ္။ အိႏၵိယဆီးျဖဴသီးကို ပါးပါးလွီးကာ ႏွစ္ရက္ခန႔္ ေနပူလွန္းၿပီးရင္ အုန္းဆီထည့္ကာ အပူေပးပါ။ ေခါင္းမေလွ်ာ္ခင္ တစ္ညေလာက္ႀကိဳတင္ၿပီး ဦးေရျပားကို ႏွံ႔စပ္ေအာင္ လိမ္းကာ မနက္ေရာက္မွ ေလွ်ာ္ပါ။ ဒါမွမဟုတ္ အိႏၵိယဆီးျဖဴသီး အပိုင္းအစေလးေတြကို ေရေႏြးထဲ ထည့္ျပဳပ္ၿပီး အေအးခံကာ အဲဒီေရနဲ႔ ေခါင္းေဆးလို႔ရပါတယ္။

၃။ ဆီပုံမွန္လိမ္းပါ။

အုန္းဆီ ဒါမွမဟုတ္ မိမိလိမ္းေနက် ဆီကိုတစ္ပတ္ႏွစ္ႀကိမ္မွ သုံးႀကိမ္ လိမ္းေပးပါ။ ဆီပုံမွန္လိမ္းတာဟာ ဆံသားကို က်န္းမာသန္စြမ္းေနေစတဲ့အျပင္ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာေၾကာင့္ စိတ္ညစ္ရတာေတြမွလည္း သက္သာေစပါတယ္။

၄။ ေကာ္ဖီႏွင့္ အဆီပါဝင္မႈမ်ားေသာ အစာမ်ားကို ေရွာင္ပါ။

ေကာ္ဖီ၊ အရက္၊ အဆီမ်ားတဲ့ အစာေတြကို အလြန္အကြၽံစားေသာက္ျခင္းမွ ေရွာင္ရပါမယ္။ အကယ္လို႔ စားက်င့္ရွိေနရင္ေတာင္ အနည္းငယ္ ေလ်ာ့စားေပးပါ။ တခ်ိဳ႕အစားအစာေတြဟာ ဆံသားအတြက္ လိုအပ္တဲ့ အစိုဓာတ္ကို ဆိုး႐ြားစြာေလ်ာ့နည္းေစတာေၾကာင့္ ဆံပင္ျဖဴ ျမန္ေစပါတယ္။

Credit-အိျဖဴ(ေဆးဝါးတကၠသိုလ္)

(Unicode)

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန်

၁။ ခေါင်းလျှော်ရည် တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်း ကာကွယ်ဖို့အတွက် အခြေခံအကျဆုံးကတော့ မိမိဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုစွဲသုံးတာပဲ ဖြစ်ပါတယ်။ မိမိဆံသားနဲ့ အဆင်ပြေတဲ့ ခေါင်းလျှော်ရည် ရှိနေရင်တော့ တစ်ခြားဟာတွေပြောင်းပြီး စမ်းသုံးကြည့်တာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးတာဟာ ဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။

၂။ ကုလားဆီးဖြူသီး အသုံးပြုပါ။

ကုလားဆီးဖြူသီးဟာ အရွယ်မတိုင်ခင် ဆံပင်ဖြူပေါက်တာနဲ့ ဆံပင်ကျွတ်တာမှ ကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယဆီးဖြူသီးကို ပါးပါးလှီးကာ နှစ်ရက်ခန့် နေပူလှန်းပြီးရင် အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ညလောက်ကြိုတင်ပြီး ဦးရေပြားကို နှံ့စပ်အောင် လိမ်းကာ မနက်ရောက်မှ လျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ ခေါင်းဆေးလို့ရပါတယ်။

၃။ ဆီပုံမှန်လိမ်းပါ။

အုန်းဆီ ဒါမှမဟုတ် မိမိလိမ်းနေကျ ဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ် လိမ်းပေးပါ။ ဆီပုံမှန်လိမ်းတာဟာ ဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့အပြင် အရွယ်မတိုင်ခင် ဆံပင်ဖြူတာကြောင့် စိတ်ညစ်ရတာတွေမှလည်း သက်သာစေပါတယ်။

၄။ ကော်ဖီနှင့် အဆီပါဝင်မှုများသော အစာများကို ရှောင်ပါ။

ကော်ဖီ၊ အရက်၊ အဆီများတဲ့ အစာတွေကို အလွန်အကျွံစားသောက်ခြင်းမှ ရှောင်ရပါမယ်။ အကယ်လို့ စားကျင့်ရှိနေရင်တောင် အနည်းငယ် လျော့စားပေးပါ။ တချို့အစားအစာတွေဟာ ဆံသားအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူ မြန်စေပါတယ်။

Credit-အိဖြူ(ဆေးဝါးတက္ကသိုလ်)

Leave a Reply

Your email address will not be published. Required fields are marked *