ဗဟုတုသ

ျမတ္စြာဘုရား၏ ေနာက္ဆုံးခရီးႏွင့္ ေနာက္ဆုံးမိန႔္မွာခ်က္မ်ား

(Zawgyi)

ျမတ္စြာဘုရား၏ ေနာက္ဆုံးခရီးႏွင့္ ေနာက္ဆုံးမိန႔္မွာခ်က္မ်ား

ဗုဒၶသည္ ပရိနိဗၺာန္ မစံဝင္မွီ လပိုင္းအလိုေလာက္မွစ၍ သာသနာေတာ္ႀကီးအဓြန႔္ရွည္ေစေရးႏွင့္ ရဟန္းတို႔ အက်ိဳးစီးပြား အတြက္ အမ်ိဳးမ်ိဳး အထူးသတိေပးမွာၾကားခဲ့ပုံ၊ မိမိ မရွိေတာ့မည့္အေၾကာင္းသိ၍ ဝမ္းနည္းေနၾကေသာ ရဟန္းတို႔အား ႏွစ္သိမ့္အားေပးခဲ့ပုံ၊ သုဘဒၵပရိဗိုဇ္ တရားထူးရမည္ကို သိေသာေၾကာင့္ ပါဝါျပည္မွ ကုသိနာ႐ုံျပည္အထိ ေဝဒနာ ခံစားေနသည့္ၾကားမွ ေျခလွ်င္ခရီး ႂကြခ်ီခဲ့ပုံ စသည္တို႔ကို ေဝသာလီျပည္မွ ကုသိနာ႐ုံအထိ မိုင္ ၁၁၀ ခရီးစဥ္တေလွ်ာက္ အေၾကာင္း ေဖာ္ျပထားေသာ မဟာပရိနိဗၺာနသုတ္တြင္ ေလ့လာၾကည့္လွ်င္ ၾကည္ညိဳဖြယ္ရာ ေတြ႕ႏိုင္ေပသည္။

Bryan de Kretse ၏ Man in Buddhism and Christianity , Page 67တြင္ ”ခရစ္ယာန္ဘာသာဝင္ ပညာရွင္တစ္ဦးက ဗုဒၶစာေပက်မ္းဂန္မ်ားထဲ၌ မဟာပရိနိဗၺာနသုတ္မွာ ကမာၻ႔ စာေပမ်ားထဲ၌ အခံ့ညားဆုံးႏွင့္ စိတ္အားတက္ႂကြဖြယ္ အေကာင္းဆုံး ျဖစ္ပါေပသည္ဟု ခ်ီးက်ဴးေရးသားထားသည္။

ေဝသာလီျပည္ကို ေနာက္ဆုံးၾကည့္ရႈ႕ေတာ္မူျခင္း

တေန႔ေသာ နံနက္ခင္း၌ ေဝသာလီျပည္တြင္ ဆြမ္းစားရာမွအျပန္ ေျမာက္ဖက္ၿမိဳ႕ တံခါးဝသို႔ ေရာက္ေသာ္ ျမတ္ဗုဒၶသည္ ေဝသာလီျပည္အား ကိုယ္ျပန္လွည့္၍ ၾကည့္ရႈေတာ္မူၿပီးေနာက္ “အာနႏၵာ၊ သည္တစ္ခါ ငါဘုရား ၾကည့္ရႈျခင္းသည္ ေဝသာလီၿမိဳ႕ေတာ္ႀကီးကို ေနာက္ဆုံးၾကည့္ရႈျခင္းေပတည္း” ဟု မိန႔္ေတာ္မူၿပီး ေနာက္ ေဝသာလီျပည္မွတဆင့္ ရဟန္း မ်ားစြာ ၿခံရံလ်က္ ဘ႑ဳ႐ြာသို႔ ႂကြခ်ီေလဧ။္။

တရားေလးပါးေၾကာင့္ ဘဝတဏွာမွ လြတ္ေျမာက္ျခင္း

ထို ႐ြာ၌ရွိေနစဥ္ ျမတ္ဗုဒၶသည္…. “ရဟန္းတို႔ ၊ ငါတို႔သည္ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတၱိ ဟူေသာ ဤတရားေလးပါးတို႔ကို မသိခဲ့ျခင္းေၾကာင့္ သံသရာ၌ ရွည္လ်ားစြာပင္က်င္လည္ခဲ့ၾကရေပသည္။ ငါသည္ ဤတရားေလးပါးကို ဉာဏ္ျဖင့္ သိၿပီး ေနာက္ ဘဝ၌တပ္မက္ျခင္း(ဘဝတဏွာ) ကိုျဖတ္ခဲ့ေလၿပီ၊ တဖန္ဘဝသစ္ ျဖစ္ျခင္းမရွိေတာ့ၿပီ” ဟူ၍အက်ယ္ အားျဖင့္ အႀကိမ္ႀကိမ္ ေဟာေတာ္မူေလ၏။

ခ်င့္ခ်ိန္စဥ္းစား၍သာ လက္ခံေတာ္မူေစျခင္း

ဘ႑ဳ႐ြာ၌ ေခတၱသတင္းသုံး ေတာ္မူၿပီးေနာက္ ေဘာဂၿမိဳ႕သို႔ ရဟန္းအေပါင္းၿခံရံလ်က္ ဆက္လက္ႂကြခ်ီေလ၏။ ေဘာဂၿမိဳ႕၌ ရဟန္းတို႔အား….“တစုံတေယာက္ေသာ ရဟန္းသည္ သင္တို႔အား ဤမည္ေသာ တရားသည္လည္းေကာင္း၊ ဝိနည္းေတာ္သည္လည္းေကာင္း ငါဘုရား မ်က္ေမွာက္ေတာ္၌ နာၾကားခဲ့ရပါသည္ဟု ေျပာဆိုလာသည္ရွိေသာ္ ထိုေျပာ ေသာရဟန္း၏ စကားကို ခ်က္ခ်င္းလက္မခံပါႏွင့္ ပယ္လည္းမပယ္ပါေလႏွင့္။

သူေျပာေသာစကားတို႔ကို ငါဘုရားေဟာခဲ့ေသာ တရားေတာ္တို႔ႏွင့္လည္းေကာင္း၊ ဝိနည္းေတာ္တို႔ႏွင့္လည္းေကာင္း ခ်င့္ခ်ိန္ႏႈိင္းဆ၍ ငါ၏ စကားဟုတ္မဟုတ္ စဥ္းစားဆုံးျဖတ္သင့္ေပ၏။ “ ဟု အႀကိမ္ႀကိမ္ မွာၾကားေတာ္မူခဲ့သည္။ ထိုမွတဖန္ ပါဝါျပည္သို႔ ဆက္၍ ႂကြခ်ီေလ၏။

သက္ေတာ္ရွစ္ဆယ္ႏွင့္ မိုင္ ၁၀၀ခရီး

သက္ေတာ္ရွစ္ဆယ္အ႐ြယ္ ရွိၿပီျဖစ္ေသာ ဗုဒၶသည္ ဝါထြက္ၿပီးေနာက္ပိုင္းမွစ၍ ေဝသာလျပည္ကေန ပါဝါျပည္အထိ ႂကြလွမ္းခဲ့ေသာ ခရီးရွည္မွာ မိုင္ေပါင္း ၁၀၀ အထိရွိေနေလၿပီ။ ပါဝါျပည္၌ ရွိေနစဥ္ ေ႐ႊပန္းထိမ္သည္သား စုႏၵလႉဒါန္းသည့္ ဝက္သားဆြမ္းအား ဘုဥ္းေပးေလ၏။ ဘုဥ္းေပးၿပီးေနာက္ ဗုဒၶသည္ ဝမ္းေသြးသြန္ေရာဂါကို အျပင္းအထန္ ျပန္လည္ ခံစားရ ေလ၏။ ဝါတြင္းကာလတြင္ ေဝ႒ုဝ႐ြာ၌ ရွိစဥ္အခ်ိန္က ရရွိခဲ့ေသာ ေဝဒနာထက္ပို၍ ျပင္းထန္စြာ ႀကဳံရေလေတာ့သည္။

ေဝဒနာႏွင့္အတူ ေရွ႕ဆက္ရမည့္ ၁၀မိုင္ ခရီး

ေဝဒနာျပင္းစြာ ခံစားေနလ်က္ႏွင့္ပင္ ျမတ္ဗုဒၶသည္ ရဟန္းမ်ားစြာၿခံရံလ်က္ ပါဝါျပည္မွ ၁၀မိုင္ အကြာတြင္ရွိေသာ ကုသိနာ႐ုံ ျပည္သို႔ ဆက္လက္ ႂကြခ်ီေလ၏။ လမ္းခရီး၌ ဆာေလာင္မြတ္သိပ္ျခင္း၊ ေဝဒနာႏွိပ္စက္ျခင္းတို႔ႏွင့္ အတူ လြန္စြာပင္ပန္းလြန္းေသာေၾကာင့္ အရွင္အာနႏၵာ ကပ္ေသာေရအား သုံးေဆာင္ေတာ္မူ၍ သစ္ပင္ရင္း၌ နားေနေတာ္ မူေလ၏ ။

ရဟန္းတို႔၏ ဆိတ္ၿငိမ္မႈကို ခ်ီးက်ဴးျခင္း

ထိုစဥ္ ဈာန္ရေသာအာ႒ာရ ရေသ့အား ကိုးကြယ္သူ မလႅမင္းသား ပုကၠဳသသည္ ခရီးသြားရင္း လမ္း၌ ျမတ္ဗုဒၶႏွင့္ရဟန္းမ်ားစြာကို ျမင္ေလေသာ္ ဗုဒၶထံခ်ဥ္းကပ္၍….“အရွင္ဘုရား၊ အံ့ၾသဖြယ္ရွိလွေပစြ!! လွည္းငါးရာႏွင့္ ခရီးသြားမ်ား ျဖတ္သန္း သြားလာၾကကုန္ေသာ္လည္း ရဟန္းတို႔သည္ မတုန္မလႈပ္ ဈာန္သမာပတ္ျဖင့္ ၿငိမ္သက္ခ်မ္းသာစြာ ေနေတာ္မူၾကပါေပ တကား။” ဟူ၍ ရဟန္းတို႔အား ခ်ီးက်ဴးစကားဆိုေလ၏။

မိုးႀကိဳးမ်ားက်ေသာ္လည္း တုန္လႈပ္ေတာ္ မမူျခင္း

ထို႔အခါ ျမတ္ဗုဒၶသည္ အခါတပါး၌ အာတုမၿမိဳ႕ရွိ ေကာက္႐ိုးတဲတြင္ တစ္ပါးတည္း သတင္းသုံးေနစဥ္ မိုးျပင္းေလျပင္း ႏွင့္အတူ မိုးႀကိဳးမ်ားအနီးတြင္ က်ေရာက္ခဲ့ေသာ္လည္း နိေရာဓသမာပတ္ခ်မ္းသာျဖင့္ ေနခဲ့ေၾကာင္းကို မလႅမင္းသားအား ေျပာျပေလေသာ္ မင္းသားသည္ ျမတ္ဗုဒၶကို ၾကည္ညိဳမဆုံးျဖစ္ကာ…“ျမတ္စြာဘုရား၊ တပည့္ေတာ္အားအသက္ထက္ဆုံး ကိုးကြယ္ဆည္းကပ္ေသာ ဥပါသကာအျဖစ္မွတ္ယူပါေလေလာ့။ “ ဟုေလွ်ာက္တင္ကာ ေ႐ႊအဆင္းရွိေသာ ပြဲထိုင္ အဝတ္ေခ်ာ အစုံကို ဗုဒၶႏွင့္ အရွင္အာနႏၵာအား တစ္ထည္စီ လႉဒါန္းဆက္ကပ္ၿပီးေနာက္ ခရီးဆက္ေလ၏

ကိုယ္ေရာင္ထူး၍ အလြန္ေတာက္ပေတာ္မူျခင္း

အရွင္အာနႏၵာသည္ ထိုေ႐ႊေရာင္ အဝတ္ေခ်ာကို ဗုဒၶ၏ ကိုယ္ေပၚ၌ ဆက္ကပ္လႊမ္းတင္ေပးၿပီးေနာက္ ျမတ္ဗုဒၶအား…. “အရွင္ဘုရား ၊ အံ့ဖြယ္ရွိပါေပစြ!!! ျမတ္စြာဘုရား၏ အေရအဆင္းေတာ္သည္ အလြန္ပင္ စင္ၾကယ္ လွပါေပ၏။ အလြန္ပင္ေတာက္ပလွေပ၏။ ေ႐ႊဝါေရာင္အဝတ္ေခ်ာ အထည္ပင္လွ်င္ အေရာင္အဝါကင္းသကဲ့သို႔ ျဖစ္ေနေပ၏။” ဟု ေလွ်ာက္ေလ၏ ။ ထိုအခါျမတ္ဗုဒၶသည္…. “ အာနႏၵာ၊ မွန္ေပ၏။ ဘုရားရွင္တို႔၏ ကိုယ္ေတာ္သည္ အခ်ိန္အခါ ႏွစ္ပါး၌ အလြန္ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပေတာ္မူေလ့ရွိ၏။ ထိုအခ်ိန္အခါတို႔မွာ သမၼာသေမၺာဓိဉာဏ္ကို ရေတာ္မူေသာ ညအခါႏွင့္ ခႏၶာႂကြင္းမရွိေသာ ၿငိမ္းျခင္းသေဘာ (အႏုပါဒိေသသ နိဗၺာနဓာတ္)ျဖင့္ ပရိနိဗၺာန္ ဝင္စံေတာ္မူေသာ ညအခါတို႔ပင္တည္း” ဟုမိန႔္ေလ၏။

ယေန႔ည ပရိနိဗၺာန္ျပဳမည့္အေၾကာင္း မိန႔္ေတာ္မူျခင္း

ထို႔ေနာက္ျမတ္ဗုဒၶက ဆက္၍…“အာနႏၵာ၊ ယေန႔ည သန္းေခါင္းယံလြဲအခါတြင္ ကုသိနာ႐ုံျပည္အဝင္ အင္ၾကင္းဥယ်ာဥ္ဝယ္ အင္ၾကင္းပင္အစုံတို႔ၾကား၌ ငါဘုရား ပရိနိဗၺာန္ဝင္စံလိမ့္မည္” ဟု မိန႔္ဆိုၿပီးေနာက္ ရဟန္းမ်ားႏွင့္အတူ ကကုဓာျမစ္ သို႔ ႂကြခ်ီေလ၏။ ထိုကကုဓာျမစ္၌ ေရေသာက္ေတာ္မူျခင္း၊ ေရခ်ိဳးသန႔္စင္ေတာ္မူျခင္းမ်ား ျပဳေတာ္မူၿပီးေနာက္ သရက္ေတာသို႔ ခ်ဥ္းကပ္ေတာ္မူၿပီး ေခတၱေလွ်ာင္းစက္ နားေနေတာ္မူေလ၏။

ေနာက္ဆုံးဆြမ္းဒါယကာအတြက္ အရွင္အာနႏၵာကို မွာၾကားေတာ္မူျခင္း

ျမတ္ဗုဒၶသည္ ေ႐ႊပန္းထိမ္သည္သား စုႏၵလႉေသာ ဝက္သားဆြမ္းအား ဘုဥ္းေပးၿပီးေနာက္ ပါဝါျပည္မွ ကုသိနာ႐ုံျပည္သို႔ လာရာခရီးတေလွ်ာက္တြင္ ဝမ္းေသြးသြန္ေဝဒနာအား ျပင္းထန္စြာ ခံစားေနရေလသည္။ သို႔ရာတြင္ စုႏၵအား စိတ္မေကာင္း မျဖစ္ေစလိုေသာေၾကာင့္ စုႏၵအေပၚ က႐ုဏာထား၍ ဗုဒၶသည္.. “ဘုရားရွင္ ေနာက္ဆုံးဘုဥ္းေပးေသာ ဆြမ္းသည္ အျခားဆြမ္းတို႔ထက္ အက်ိဳးအာနိသင္ ႀကီးမားလွပါသည္ဟု… ဘုရားရွင္၏ ေရွ႕မ်က္ေမွာက္ေတာ္မွ ၾကားလိုက္ရေၾကာင္း” အရွင္အာနႏၵာအား ေျပာျပေစ၍ စုႏၵ၏ ႏွလုံးမသာယာျခင္းကို ေျဖေဖ်ာက္ေပးပါရန္ အရွင္အာနႏၵာအား မွာၾကားေတာ္မူခဲ့ေလသည္။ သရက္ေတာ၌ ေခတၱနားၿပီးေနာက္ ကုသိနာ႐ုံျပည္အဝင္ အင္ၾကင္းဥယ်ာဥ္သို႔ ေနာက္ဆုံးခရီး အေနျဖင့္ ရဟန္းမ်ားၿခံရံလွ်က္ ေနာက္ဆုံး ႂကြခ်ီခဲ့ေလဧ။္။

ကဆုန္လျပည့္ညႏွင့္ အင္ၾကင္းေတာ၏ အလွ

ဤညကား ကဆုန္လျပည့္ည အခါတည္း။ အင္းၾကင္းေတာသည္ လ၏ အလင္းေရာင္ႏွင့္အတူ ထူးထူးျခားျခား တိတ္ဆိတ္ၿငိမ္သက္ကာ ဝမ္းနည္းဖြယ္ေကာင္းေနေတာ့၏။ အင္ၾကင္းေတာဥယ်ာဥ္သို႔ ေရာက္ေသာ္ ျမတ္ဗုဒၶသည္ အရွင္အာနႏၵာအား….“အာနႏၵာ၊ ေျမာက္အရပ္ကို ဦးေခါင္းျပဳ၍ ေညာင္ေစာင္းကို ခင္းေပးေလာ့။ ငါပင္ပန္းလြန္းလွေပၿပီ။ ေလ်ာင္းစက္ဦးအံ့” ဟူ၍ မိန႔္ေတာ္မူလွ်င္ အရွင္အာနႏၵာသည္ အလ်င္အျမန္ခင္းေပးေလ၏။

တရားႏွင့္သာ အျမတ္ဆုံးပူေဇာ္ျခင္း

ထို႔ေနာက္ျမတ္ဗုဒၶသည္…“အာနႏၵာ၊ နတ္ ျဗဟၼာအေပါင္းတို႔သည္ ယခုအခါ ေကာင္းကင္ယံတစ္ခုလုံး ၌ ငါဘုရားကို အမ်ိဳးမ်ိဳးပူေဇာ္ပသ လ်က္ရွိေနၾကကုန္၏။ ဤသို႔ပူေဇာ္မႈမ်ိဳး ျဖင့္ ငါဘုရားကို အ႐ိုအေသျပဳသည္ မမည္ေသး၊ ပူေဇာ္သည္ မမည္ေသး။ အၾကင္သူသည္ တရားႏွင့္ ေလ်ာ္စြာ က်င့္လ်က္ေန၏။ ထိုသူသည္သာ ငါဘုရားအား အျမတ္ဆုံး ပူေဇာ္ပသသည္ မည္ေပ၏။ ထို႔ေၾကာင့္ ငါဘုရားကို အျမတ္ဆုံး ပူေဇာ္လိုသူတို႔သည္ တရားကိုသာ က်င့္လ်က္ေနၾကကုန္ေလာ့၊ တရားႏွလုံးသြင္းလ်က္ ေနၾကကုန္ေလာ့” ဟု မိန႔္မွာေတာ္မူေလ၏။

မာတုဂါမမ်ားႏွင့္ ေျပာဆိုဆက္ဆံနည္း

ထို႔ေနာက္အရွင္အာနႏၵာသည္ ျမတ္ဗုဒၶအား….. “အရွင္ဘုရား၊ မာတုဂါမႏွင့္စပ္လ်ဥ္း၍ မည္သို႔က်င့္သုံးရပါမည္နည္း ဟုေမးေသာ္ ဗုဒၶသည္….”အာနႏၵာ မေတြ႕ေအာင္ က်င့္သုံးရမည္။ မလြဲမေရွာင္သာ စကားေျပာရသည္ရွိေသာ္ အမိရင္း ၊ညီမရင္း၊ အစ္မရင္းကဲ့သို႔ စိတ္ထား၍ ေျပာဆိုရမည္”ဟု မာတုဂါမမ်ား ႏွင့္ဆက္ဆံေျပာဆိုရာ၌ နည္းလမ္းေကာင္း ေပးေတာ္မူ၏။

အေလာင္းေတာ္ကို မီးသၿဂိဳလ္ေစျခင္း

ထို႔ေနာက္ အရွင္အာနႏၵာအား… “ အာနႏၵာ ၊ ငါဘုရား၏ အေလာင္းေတာ္ကို မီးသၿဂိဳလ္ျခင္း ျပဳၾကပါကုန္ေလာ့။ သင္တို႔သည္ ျမတ္ေသာ အက်င့္၌သာ အားထုတ္ၾကကုန္ေလာ့၊ မေမ့မေလ်ာ့ ဝိရိယႀကီးစြာ အားထုတ္လ်က္ နိဗၺာန္သို႔ အာ႐ုံစိုက္ကာ ေနရစ္ၾကကုန္ေလာ့။” ဟုမိန႔္၏။

အရွင္ အာနႏၵာအား ႏွစ္သိမ့္အားေပးျခင္း

အရွင္အာနႏၵာသည္ ျမတ္ဗုဒၶကြယ္ရာ၌ ဝမ္းနည္းငိုေႂကြးေနသည္ကို ဗုဒၶသိသည္ ရွိေသာ္ ရဟန္းတစ္ပါးအား အာနႏၵာကို လႊတ္၍ေခၚေစ၏။ အရွင္အာနႏၵာအား…“အာနႏၵာ၊ တိတ္ေလာ့၊ မငိုေႂကြးႏွင့္ေတာ့။ ခ်စ္ျမတ္ႏိုးေသာသူ အားလုံးတို႔ႏွင့္ ရွင္လွ်က္ ကြဲကြာရျခင္း၊ ေသ၍ ကြဲကြာရျခင္းမ်ားကို ေရွးယခင္ကပင္ ငါေဟာၾကားခဲ့ၿပီးေလၿပီ။ သင္သည္ ငါ၏ အက်ိဳးစီးပြားအတြက္ အတိုင္းမသိ မ်ားျပားေသာ ကာယကံေမတၱာ၊ ဝစီကံေမတၱာ၊ မေနာကံေမတၱာတို႔ျဖင့္ ငါဘုရားအား လုပ္ေကြၽးခဲ့ေလသည္။ သင့္၌ ျပဳထားေသာ ေကာင္းမႈမ်ားစြာ ရွိေလၿပီ။ ကမၼ႒ာန္း အလုပ္ကို ႀကိဳးစားအားထုတ္ရစ္ေလာ့၊ လ်င္စြာပင္ တရားကိစၥၿပီး၍ ရဟႏၲာျဖစ္လိမ့္မည္။”ဟု အားေပးႏွစ္သိမ့္ မိန႔္ေတာ္မူေလ၏။ ထို႔ေနာက္ ရဟန္းအေပါင္းအား အရွင္အာနႏၵာ၏ ဂုဏ္တို႔ကို ထုတ္ေဖာ္မိန႔္ၾကား၍ ခ်ီးက်ဴးစကားဆိုေလ၏။

ျမတ္ဗုဒၶရွိစဥ္ ေနာက္ဆုံးတရားထူးရသူ

ကုသိနာ႐ုံျပည္မွ လူတို႔သည္ ျမတ္ဗုဒၶ၏ ေနာက္ဆုံးအခ်ိန္ ေရာက္ေတာ့မည့္ အေၾကာင္းၾကား သိၾက၍ အင္ၾကင္းေတာ ထဲသို႔ ဝမ္းနည္းျခင္းကိုေဆာင္လ်က္ တဖြဲဖြဲ ေရာက္လာၾကကုန္၏။ ထိုေသာအခါ၌ သုဘဒၵပရိဗိုဇ္သည္လည္း ျမတ္ဗုဒၶ ပရိနိဗၺာန္ျပဳေတာ့မည္ကို ၾကားသိေလေသာ္ ဗုဒၶရွိရာ အင္ၾကင္းဥယ်ာဥ္သို႔ေရာက္လာေလ၏။ သုဘဒၵပရိဗိုဇ္သည္ ျမတ္ဗုဒၶထံ ခ်ဥ္းကပ္ခြင့္ရ၍ “ အရွင္ေဂါတမ၊ သမဏျဗာဟၼဏဆရာတို႔သည္ သူတို႔ဝန္ခံသည့္အတိုင္း တရားအားလုံးကို သိၾကပါ၏ေလာ” ဟုေမးေလွ်ာက္ေလ၏။

“သုဘဒၵ၊ သင္၏အေမးကို ထားဘိေလာ့။ ငါေဟာမည့္တရားကိုသာ ေကာင္းစြာနာယူအံ့၊ ႏွလုံးသြင္းပါအံ့။ သုဘဒၵ၊ ေကာင္းကင္တြင္ ေျခရာမထင္သကဲ့သို႔ ငါဘုရား၏ သာသနာေတာ္မွလြဲ၍ အျခားေသာသာသနာတို႔၌ ကိေလသာ ကင္းေၾကာင္းတရားသည္လည္းေကာင္း၊ သံသရာမွလြတ္ေျမာက္ေသာ တစုံတေယာက္ေသာသူသည္လည္းေကာင္း မရွိေခ်။”ဟူ၍ အက်ယ္အားျဖင့္ေဟာၾကားေလ၏။ တရားအဆုံး၌ သုဘဒၵသည္ အလြန္ႏွစ္သက္ဝမ္းေျမာက္လွ၍ ရဟန္းအျဖစ္ရလိုေၾကာင္း ေလွ်ာက္ထား၏။

သုဘဒၵသည္ ဘုရားေရွ႕ေမွာက္၌ တပည့္ရဟန္းျပဳၿပီးေနာက္ ဆိတ္ၿငိမ္ရာသို႔ကပ္၍ တရားအားထုတ္ေသာ္ ခဏခ်င္း အရဟတၱဖိုလ္သို႔ ေရာက္ကာ ျမတ္ဗုဒၶ သက္ေတာ္ထင္ရွားရွိစဥ္ ေနာက္ဆုံးရဟႏၲာျဖစ္ခဲ့ေသာ ရဟန္းလည္းမည္ေပ၏။

ျမတ္စြာဘုရား၏ ေနာက္ဆုံးေမးခြန္း

ထို႔ေနာက္….”အာနႏၵာ၊ ငါကြယ္လြန္ေသာအခါ၌ သင္တို႔ဆရာမရွိေတာ့ၿပီဟု မထင္မွတ္ၾကကုန္လင့္။ ငါေဟာၾကားခဲ့ေသာ တရားေတာ္တို႔သည္ သင္တို႔၏ ဆရာျဖစ္လိမ့္မည္။”ဟု မိန႔္ၿပီးေနာက္ ရဟန္းတို႔အား.. “ရဟန္းတို႔၊ ဘုရား တရား သံဃာႏွင့္ မဂ္ဖိုလ္တို႔၌ သံသယရွိျငားအံ့ ၊ ငါမလြန္ခင္ ေမးျမန္းေလွ်ာက္ထားၾကကုန္ေလာ့။” ဟုသုံးႀကိမ္တိုင္ မိန႔္ေတာ္မူေသာ္လည္း လာေရာက္ေမးျမန္းျခင္းမရွိေပ။ ထို႔ေၾကာင့္ အရွင္အာနႏၵာက ရဟန္းတို႔မွာ ရတနာသုံးပါး၌ ယုံမွားသံသယ မရွိဟု ယုံၾကည္ပါေၾကာင္း ျမတ္ဗုဒၶကို ေလွ်ာက္ေလ၏။

ျမတ္စြာဘုရား၏ ေနာက္ဆုံးစကားေတာ္ ေနာက္ဆုံးတြင္ ျမတ္ဗုဒၶသည္ “ရဟန္းတို႔ ၊ သခၤါရတရားတို႔သည္ ပ်က္စီးျခင္း သေဘာသာရွိၾကကုန္၏။ မေမ့ေသာ သတိတရားျဖင့္ သံသရာမွ လြတ္ေျမာက္ေအာင္ အားထုတ္ၾကကုန္ေလာ့”ဟု ေနာက္ဆုံးမိန႔္ေတာ္မူေလ၏။ ထို႔ေနာက္ ျမတ္ဗုဒၶသည္ သမာပတ္ခ်မ္းသာကို စုန္ဆန္ အထပ္ထပ္ ဝင္စားၿပီးေနာက္ စတုတၳဈာန္မွ ထေတာ္မူ၍ ပရိနိဗၺာန္ ျပဳေတာ္မူ၏။

Credit-Original Poster

(Unicode)

မြတ်စွာဘုရား၏ နောက်ဆုံးခရီးနှင့် နောက်ဆုံးမိန့်မှာချက်များ

ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မှီ လပိုင်းအလိုလောက်မှစ၍ သာသနာတော်ကြီးအဓွန့်ရှည်စေရေးနှင့် ရဟန်းတို့ အကျိုးစီးပွား အတွက် အမျိုးမျိုး အထူးသတိပေးမှာကြားခဲ့ပုံ၊ မိမိ မရှိတော့မည့်အကြောင်းသိ၍ ဝမ်းနည်းနေကြသော ရဟန်းတို့အား နှစ်သိမ့်အားပေးခဲ့ပုံ၊ သုဘဒ္ဒပရိဗိုဇ် တရားထူးရမည်ကို သိသောကြောင့် ပါဝါပြည်မှ ကုသိနာရုံပြည်အထိ ဝေဒနာ ခံစားနေသည့်ကြားမှ ခြေလျှင်ခရီး ကြွချီခဲ့ပုံ စသည်တို့ကို ဝေသာလီပြည်မှ ကုသိနာရုံအထိ မိုင် ၁၁၀ ခရီးစဉ်တလျှောက် အကြောင်း ဖော်ပြထားသော မဟာပရိနိဗ္ဗာနသုတ်တွင် လေ့လာကြည့်လျှင် ကြည်ညိုဖွယ်ရာ တွေ့နိုင်ပေသည်။

Bryan de Kretse ၏ Man in Buddhism and Christianity , Page 67တွင် ”ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက ဗုဒ္ဓစာပေကျမ်းဂန်များထဲ၌ မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့ စာပေများထဲ၌ အခံ့ညားဆုံးနှင့် စိတ်အားတက်ကြွဖွယ် အကောင်းဆုံး ဖြစ်ပါပေသည်ဟု ချီးကျူးရေးသားထားသည်။

ဝေသာလီပြည်ကို နောက်ဆုံးကြည့်ရှု့တော်မူခြင်း

တနေ့သော နံနက်ခင်း၌ ဝေသာလီပြည်တွင် ဆွမ်းစားရာမှအပြန် မြောက်ဖက်မြို့ တံခါးဝသို့ ရောက်သော် မြတ်ဗုဒ္ဓသည် ဝေသာလီပြည်အား ကိုယ်ပြန်လှည့်၍ ကြည့်ရှုတော်မူပြီးနောက် “အာနန္ဒာ၊ သည်တစ်ခါ ငါဘုရား ကြည့်ရှုခြင်းသည် ဝေသာလီမြို့တော်ကြီးကို နောက်ဆုံးကြည့်ရှုခြင်းပေတည်း” ဟု မိန့်တော်မူပြီး နောက် ဝေသာလီပြည်မှတဆင့် ရဟန်း များစွာ ခြံရံလျက် ဘဏ္ဍုရွာသို့ ကြွချီလေဧ။်။

တရားလေးပါးကြောင့် ဘဝတဏှာမှ လွတ်မြောက်ခြင်း

ထို ရွာ၌ရှိနေစဉ် မြတ်ဗုဒ္ဓသည်…. “ရဟန်းတို့ ၊ ငါတို့သည် သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ ဟူသော ဤတရားလေးပါးတို့ကို မသိခဲ့ခြင်းကြောင့် သံသရာ၌ ရှည်လျားစွာပင်ကျင်လည်ခဲ့ကြရပေသည်။ ငါသည် ဤတရားလေးပါးကို ဉာဏ်ဖြင့် သိပြီး နောက် ဘဝ၌တပ်မက်ခြင်း(ဘဝတဏှာ) ကိုဖြတ်ခဲ့လေပြီ၊ တဖန်ဘဝသစ် ဖြစ်ခြင်းမရှိတော့ပြီ” ဟူ၍အကျယ် အားဖြင့် အကြိမ်ကြိမ် ဟောတော်မူလေ၏။

ချင့်ချိန်စဉ်းစား၍သာ လက်ခံတော်မူစေခြင်း

ဘဏ္ဍုရွာ၌ ခေတ္တသတင်းသုံး တော်မူပြီးနောက် ဘောဂမြို့သို့ ရဟန်းအပေါင်းခြံရံလျက် ဆက်လက်ကြွချီလေ၏။ ဘောဂမြို့၌ ရဟန်းတို့အား….“တစုံတယောက်သော ရဟန်းသည် သင်တို့အား ဤမည်သော တရားသည်လည်းကောင်း၊ ဝိနည်းတော်သည်လည်းကောင်း ငါဘုရား မျက်မှောက်တော်၌ နာကြားခဲ့ရပါသည်ဟု ပြောဆိုလာသည်ရှိသော် ထိုပြော သောရဟန်း၏ စကားကို ချက်ချင်းလက်မခံပါနှင့် ပယ်လည်းမပယ်ပါလေနှင့်။

သူပြောသောစကားတို့ကို ငါဘုရားဟောခဲ့သော တရားတော်တို့နှင့်လည်းကောင်း၊ ဝိနည်းတော်တို့နှင့်လည်းကောင်း ချင့်ချိန်နှိုင်းဆ၍ ငါ၏ စကားဟုတ်မဟုတ် စဉ်းစားဆုံးဖြတ်သင့်ပေ၏။ “ ဟု အကြိမ်ကြိမ် မှာကြားတော်မူခဲ့သည်။ ထိုမှတဖန် ပါဝါပြည်သို့ ဆက်၍ ကြွချီလေ၏။

သက်တော်ရှစ်ဆယ်နှင့် မိုင် ၁၀၀ခရီး

သက်တော်ရှစ်ဆယ်အရွယ် ရှိပြီဖြစ်သော ဗုဒ္ဓသည် ဝါထွက်ပြီးနောက်ပိုင်းမှစ၍ ဝေသာလပြည်ကနေ ပါဝါပြည်အထိ ကြွလှမ်းခဲ့သော ခရီးရှည်မှာ မိုင်ပေါင်း ၁၀၀ အထိရှိနေလေပြီ။ ပါဝါပြည်၌ ရှိနေစဉ် ရွှေပန်းထိမ်သည်သား စုန္ဒလှူဒါန်းသည့် ဝက်သားဆွမ်းအား ဘုဉ်းပေးလေ၏။ ဘုဉ်းပေးပြီးနောက် ဗုဒ္ဓသည် ဝမ်းသွေးသွန်ရောဂါကို အပြင်းအထန် ပြန်လည် ခံစားရ လေ၏။ ဝါတွင်းကာလတွင် ဝေဋ္ဌုဝရွာ၌ ရှိစဉ်အချိန်က ရရှိခဲ့သော ဝေဒနာထက်ပို၍ ပြင်းထန်စွာ ကြုံရလေတော့သည်။

ဝေဒနာနှင့်အတူ ရှေ့ဆက်ရမည့် ၁၀မိုင် ခရီး

ဝေဒနာပြင်းစွာ ခံစားနေလျက်နှင့်ပင် မြတ်ဗုဒ္ဓသည် ရဟန်းများစွာခြံရံလျက် ပါဝါပြည်မှ ၁၀မိုင် အကွာတွင်ရှိသော ကုသိနာရုံ ပြည်သို့ ဆက်လက် ကြွချီလေ၏။ လမ်းခရီး၌ ဆာလောင်မွတ်သိပ်ခြင်း၊ ဝေဒနာနှိပ်စက်ခြင်းတို့နှင့် အတူ လွန်စွာပင်ပန်းလွန်းသောကြောင့် အရှင်အာနန္ဒာ ကပ်သောရေအား သုံးဆောင်တော်မူ၍ သစ်ပင်ရင်း၌ နားနေတော် မူလေ၏ ။

ရဟန်းတို့၏ ဆိတ်ငြိမ်မှုကို ချီးကျူးခြင်း

ထိုစဉ် ဈာန်ရသောအာဋ္ဌာရ ရသေ့အား ကိုးကွယ်သူ မလ္လမင်းသား ပုက္ကုသသည် ခရီးသွားရင်း လမ်း၌ မြတ်ဗုဒ္ဓနှင့်ရဟန်းများစွာကို မြင်လေသော် ဗုဒ္ဓထံချဉ်းကပ်၍…. “အရှင်ဘုရား၊ အံ့သြဖွယ်ရှိလှပေစွ!! လှည်းငါးရာနှင့် ခရီးသွားများ ဖြတ်သန်း သွားလာကြကုန်သော်လည်း ရဟန်းတို့သည် မတုန်မလှုပ် ဈာန်သမာပတ်ဖြင့် ငြိမ်သက်ချမ်းသာစွာ နေတော်မူကြပါပေ တကား။” ဟူ၍ ရဟန်းတို့အား ချီးကျူးစကားဆိုလေ၏။

မိုးကြိုးများကျသော်လည်း တုန်လှုပ်တော် မမူခြင်း

ထို့အခါ မြတ်ဗုဒ္ဓသည် အခါတပါး၌ အာတုမမြို့ရှိ ကောက်ရိုးတဲတွင် တစ်ပါးတည်း သတင်းသုံးနေစဉ် မိုးပြင်းလေပြင်း နှင့်အတူ မိုးကြိုးများအနီးတွင် ကျရောက်ခဲ့သော်လည်း နိရောဓသမာပတ်ချမ်းသာဖြင့် နေခဲ့ကြောင်းကို မလ္လမင်းသားအား ပြောပြလေသော် မင်းသားသည် မြတ်ဗုဒ္ဓကို ကြည်ညိုမဆုံးဖြစ်ကာ…“မြတ်စွာဘုရား၊ တပည့်တော်အားအသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ်မှတ်ယူပါလေလော့။ “ ဟုလျှောက်တင်ကာ ရွှေအဆင်းရှိသော ပွဲထိုင် အဝတ်ချော အစုံကို ဗုဒ္ဓနှင့် အရှင်အာနန္ဒာအား တစ်ထည်စီ လှူဒါန်းဆက်ကပ်ပြီးနောက် ခရီးဆက်လေ၏

ကိုယ်ရောင်ထူး၍ အလွန်တောက်ပတော်မူခြင်း

အရှင်အာနန္ဒာသည် ထိုရွှေရောင် အဝတ်ချောကို ဗုဒ္ဓ၏ ကိုယ်ပေါ်၌ ဆက်ကပ်လွှမ်းတင်ပေးပြီးနောက် မြတ်ဗုဒ္ဓအား…. “အရှင်ဘုရား ၊ အံ့ဖွယ်ရှိပါပေစွ!!! မြတ်စွာဘုရား၏ အရေအဆင်းတော်သည် အလွန်ပင် စင်ကြယ် လှပါပေ၏။ အလွန်ပင်တောက်ပလှပေ၏။ ရွှေဝါရောင်အဝတ်ချော အထည်ပင်လျှင် အရောင်အဝါကင်းသကဲ့သို့ ဖြစ်နေပေ၏။” ဟု လျှောက်လေ၏ ။ ထိုအခါမြတ်ဗုဒ္ဓသည်…. “ အာနန္ဒာ၊ မှန်ပေ၏။ ဘုရားရှင်တို့၏ ကိုယ်တော်သည် အချိန်အခါ နှစ်ပါး၌ အလွန်ပြိုးပြိုးပြက်ပြက် တောက်ပတော်မူလေ့ရှိ၏။ ထိုအချိန်အခါတို့မှာ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသော ညအခါနှင့် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော (အနုပါဒိသေသ နိဗ္ဗာနဓာတ်)ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသော ညအခါတို့ပင်တည်း” ဟုမိန့်လေ၏။

ယနေ့ည ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူခြင်း

ထို့နောက်မြတ်ဗုဒ္ဓက ဆက်၍…“အာနန္ဒာ၊ ယနေ့ည သန်းခေါင်းယံလွဲအခါတွင် ကုသိနာရုံပြည်အဝင် အင်ကြင်းဥယျာဉ်ဝယ် အင်ကြင်းပင်အစုံတို့ကြား၌ ငါဘုရား ပရိနိဗ္ဗာန်ဝင်စံလိမ့်မည်” ဟု မိန့်ဆိုပြီးနောက် ရဟန်းများနှင့်အတူ ကကုဓာမြစ် သို့ ကြွချီလေ၏။ ထိုကကုဓာမြစ်၌ ရေသောက်တော်မူခြင်း၊ ရေချိုးသန့်စင်တော်မူခြင်းများ ပြုတော်မူပြီးနောက် သရက်တောသို့ ချဉ်းကပ်တော်မူပြီး ခေတ္တလျှောင်းစက် နားနေတော်မူလေ၏။

နောက်ဆုံးဆွမ်းဒါယကာအတွက် အရှင်အာနန္ဒာကို မှာကြားတော်မူခြင်း

မြတ်ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒလှူသော ဝက်သားဆွမ်းအား ဘုဉ်းပေးပြီးနောက် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ လာရာခရီးတလျှောက်တွင် ဝမ်းသွေးသွန်ဝေဒနာအား ပြင်းထန်စွာ ခံစားနေရလေသည်။ သို့ရာတွင် စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင့် စုန္ဒအပေါ် ကရုဏာထား၍ ဗုဒ္ဓသည်.. “ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသော ဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားလှပါသည်ဟု… ဘုရားရှင်၏ ရှေ့မျက်မှောက်တော်မှ ကြားလိုက်ရကြောင်း” အရှင်အာနန္ဒာအား ပြောပြစေ၍ စုန္ဒ၏ နှလုံးမသာယာခြင်းကို ဖြေဖျောက်ပေးပါရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့လေသည်။ သရက်တော၌ ခေတ္တနားပြီးနောက် ကုသိနာရုံပြည်အဝင် အင်ကြင်းဥယျာဉ်သို့ နောက်ဆုံးခရီး အနေဖြင့် ရဟန်းများခြံရံလျှက် နောက်ဆုံး ကြွချီခဲ့လေဧ။်။

ကဆုန်လပြည့်ညနှင့် အင်ကြင်းတော၏ အလှ

ဤညကား ကဆုန်လပြည့်ည အခါတည်း။ အင်းကြင်းတောသည် လ၏ အလင်းရောင်နှင့်အတူ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်ကာ ဝမ်းနည်းဖွယ်ကောင်းနေတော့၏။ အင်ကြင်းတောဥယျာဉ်သို့ ရောက်သော် မြတ်ဗုဒ္ဓသည် အရှင်အာနန္ဒာအား….“အာနန္ဒာ၊ မြောက်အရပ်ကို ဦးခေါင်းပြု၍ ညောင်စောင်းကို ခင်းပေးလော့။ ငါပင်ပန်းလွန်းလှပေပြီ။ လျောင်းစက်ဦးအံ့” ဟူ၍ မိန့်တော်မူလျှင် အရှင်အာနန္ဒာသည် အလျင်အမြန်ခင်းပေးလေ၏။

တရားနှင့်သာ အမြတ်ဆုံးပူဇော်ခြင်း

ထို့နောက်မြတ်ဗုဒ္ဓသည်…“အာနန္ဒာ၊ နတ် ဗြဟ္မာအပေါင်းတို့သည် ယခုအခါ ကောင်းကင်ယံတစ်ခုလုံး ၌ ငါဘုရားကို အမျိုးမျိုးပူဇော်ပသ လျက်ရှိနေကြကုန်၏။ ဤသို့ပူဇော်မှုမျိုး ဖြင့် ငါဘုရားကို အရိုအသေပြုသည် မမည်သေး၊ ပူဇော်သည် မမည်သေး။ အကြင်သူသည် တရားနှင့် လျော်စွာ ကျင့်လျက်နေ၏။ ထိုသူသည်သာ ငါဘုရားအား အမြတ်ဆုံး ပူဇော်ပသသည် မည်ပေ၏။ ထို့ကြောင့် ငါဘုရားကို အမြတ်ဆုံး ပူဇော်လိုသူတို့သည် တရားကိုသာ ကျင့်လျက်နေကြကုန်လော့၊ တရားနှလုံးသွင်းလျက် နေကြကုန်လော့” ဟု မိန့်မှာတော်မူလေ၏။

မာတုဂါမများနှင့် ပြောဆိုဆက်ဆံနည်း

ထို့နောက်အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓအား….. “အရှင်ဘုရား၊ မာတုဂါမနှင့်စပ်လျဉ်း၍ မည်သို့ကျင့်သုံးရပါမည်နည်း ဟုမေးသော် ဗုဒ္ဓသည်….”အာနန္ဒာ မတွေ့အောင် ကျင့်သုံးရမည်။ မလွဲမရှောင်သာ စကားပြောရသည်ရှိသော် အမိရင်း ၊ညီမရင်း၊ အစ်မရင်းကဲ့သို့ စိတ်ထား၍ ပြောဆိုရမည်”ဟု မာတုဂါမများ နှင့်ဆက်ဆံပြောဆိုရာ၌ နည်းလမ်းကောင်း ပေးတော်မူ၏။

အလောင်းတော်ကို မီးသဂြိုလ်စေခြင်း

ထို့နောက် အရှင်အာနန္ဒာအား… “ အာနန္ဒာ ၊ ငါဘုရား၏ အလောင်းတော်ကို မီးသဂြိုလ်ခြင်း ပြုကြပါကုန်လော့။ သင်တို့သည် မြတ်သော အကျင့်၌သာ အားထုတ်ကြကုန်လော့၊ မမေ့မလျော့ ဝိရိယကြီးစွာ အားထုတ်လျက် နိဗ္ဗာန်သို့ အာရုံစိုက်ကာ နေရစ်ကြကုန်လော့။” ဟုမိန့်၏။

အရှင် အာနန္ဒာအား နှစ်သိမ့်အားပေးခြင်း

အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓကွယ်ရာ၌ ဝမ်းနည်းငိုကြွေးနေသည်ကို ဗုဒ္ဓသိသည် ရှိသော် ရဟန်းတစ်ပါးအား အာနန္ဒာကို လွှတ်၍ခေါ်စေ၏။ အရှင်အာနန္ဒာအား…“အာနန္ဒာ၊ တိတ်လော့၊ မငိုကြွေးနှင့်တော့။ ချစ်မြတ်နိုးသောသူ အားလုံးတို့နှင့် ရှင်လျှက် ကွဲကွာရခြင်း၊ သေ၍ ကွဲကွာရခြင်းများကို ရှေးယခင်ကပင် ငါဟောကြားခဲ့ပြီးလေပြီ။ သင်သည် ငါ၏ အကျိုးစီးပွားအတွက် အတိုင်းမသိ များပြားသော ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတို့ဖြင့် ငါဘုရားအား လုပ်ကျွေးခဲ့လေသည်။ သင့်၌ ပြုထားသော ကောင်းမှုများစွာ ရှိလေပြီ။ ကမ္မဋ္ဌာန်း အလုပ်ကို ကြိုးစားအားထုတ်ရစ်လော့၊ လျင်စွာပင် တရားကိစ္စပြီး၍ ရဟန္တာဖြစ်လိမ့်မည်။”ဟု အားပေးနှစ်သိမ့် မိန့်တော်မူလေ၏။ ထို့နောက် ရဟန်းအပေါင်းအား အရှင်အာနန္ဒာ၏ ဂုဏ်တို့ကို ထုတ်ဖော်မိန့်ကြား၍ ချီးကျူးစကားဆိုလေ၏။

မြတ်ဗုဒ္ဓရှိစဉ် နောက်ဆုံးတရားထူးရသူ

ကုသိနာရုံပြည်မှ လူတို့သည် မြတ်ဗုဒ္ဓ၏ နောက်ဆုံးအချိန် ရောက်တော့မည့် အကြောင်းကြား သိကြ၍ အင်ကြင်းတော ထဲသို့ ဝမ်းနည်းခြင်းကိုဆောင်လျက် တဖွဲဖွဲ ရောက်လာကြကုန်၏။ ထိုသောအခါ၌ သုဘဒ္ဒပရိဗိုဇ်သည်လည်း မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော့မည်ကို ကြားသိလေသော် ဗုဒ္ဓရှိရာ အင်ကြင်းဥယျာဉ်သို့ရောက်လာလေ၏။ သုဘဒ္ဒပရိဗိုဇ်သည် မြတ်ဗုဒ္ဓထံ ချဉ်းကပ်ခွင့်ရ၍ “ အရှင်ဂေါတမ၊ သမဏဗြာဟ္မဏဆရာတို့သည် သူတို့ဝန်ခံသည့်အတိုင်း တရားအားလုံးကို သိကြပါ၏လော” ဟုမေးလျှောက်လေ၏။

“သုဘဒ္ဒ၊ သင်၏အမေးကို ထားဘိလော့။ ငါဟောမည့်တရားကိုသာ ကောင်းစွာနာယူအံ့၊ နှလုံးသွင်းပါအံ့။ သုဘဒ္ဒ၊ ကောင်းကင်တွင် ခြေရာမထင်သကဲ့သို့ ငါဘုရား၏ သာသနာတော်မှလွဲ၍ အခြားသောသာသနာတို့၌ ကိလေသာ ကင်းကြောင်းတရားသည်လည်းကောင်း၊ သံသရာမှလွတ်မြောက်သော တစုံတယောက်သောသူသည်လည်းကောင်း မရှိချေ။”ဟူ၍ အကျယ်အားဖြင့်ဟောကြားလေ၏။ တရားအဆုံး၌ သုဘဒ္ဒသည် အလွန်နှစ်သက်ဝမ်းမြောက်လှ၍ ရဟန်းအဖြစ်ရလိုကြောင်း လျှောက်ထား၏။

သုဘဒ္ဒသည် ဘုရားရှေ့မှောက်၌ တပည့်ရဟန်းပြုပြီးနောက် ဆိတ်ငြိမ်ရာသို့ကပ်၍ တရားအားထုတ်သော် ခဏချင်း အရဟတ္တဖိုလ်သို့ ရောက်ကာ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် နောက်ဆုံးရဟန္တာဖြစ်ခဲ့သော ရဟန်းလည်းမည်ပေ၏။

မြတ်စွာဘုရား၏ နောက်ဆုံးမေးခွန်း

ထို့နောက်….”အာနန္ဒာ၊ ငါကွယ်လွန်သောအခါ၌ သင်တို့ဆရာမရှိတော့ပြီဟု မထင်မှတ်ကြကုန်လင့်။ ငါဟောကြားခဲ့သော တရားတော်တို့သည် သင်တို့၏ ဆရာဖြစ်လိမ့်မည်။”ဟု မိန့်ပြီးနောက် ရဟန်းတို့အား.. “ရဟန်းတို့၊ ဘုရား တရား သံဃာနှင့် မဂ်ဖိုလ်တို့၌ သံသယရှိငြားအံ့ ၊ ငါမလွန်ခင် မေးမြန်းလျှောက်ထားကြကုန်လော့။” ဟုသုံးကြိမ်တိုင် မိန့်တော်မူသော်လည်း လာရောက်မေးမြန်းခြင်းမရှိပေ။ ထို့ကြောင့် အရှင်အာနန္ဒာက ရဟန်းတို့မှာ ရတနာသုံးပါး၌ ယုံမှားသံသယ မရှိဟု ယုံကြည်ပါကြောင်း မြတ်ဗုဒ္ဓကို လျှောက်လေ၏။

မြတ်စွာဘုရား၏ နောက်ဆုံးစကားတော် နောက်ဆုံးတွင် မြတ်ဗုဒ္ဓသည် “ရဟန်းတို့ ၊ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောသာရှိကြကုန်၏။ မမေ့သော သတိတရားဖြင့် သံသရာမှ လွတ်မြောက်အောင် အားထုတ်ကြကုန်လော့”ဟု နောက်ဆုံးမိန့်တော်မူလေ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် သမာပတ်ချမ်းသာကို စုန်ဆန် အထပ်ထပ် ဝင်စားပြီးနောက် စတုတ္ထဈာန်မှ ထတော်မူ၍ ပရိနိဗ္ဗာန် ပြုတော်မူ၏။

Credit-Original Poster

Leave a Reply

Your email address will not be published. Required fields are marked *