ဗဟုတုသ

တျခားႏိုင္ငံသို႔ေရာက္ေနသည့္ ျမန္မာတို႔ရဲအဖိုးတန္ရတနာမ်ား

(Zawgyi)

တျခားႏိုင္ငံသို႔ေရာက္ေနသည့္ ျမန္မာတို႔ရဲအဖိုးတန္ရတနာမ်ား

၁။ ဗႏၶဳလ သံခ်ပ္ အက်ႌ

ယခု လန္ဒန္ၿမိဳ႕ ျပတိုက္တြင္ရွိသည္။ ထိုသံခ်ပ္ကာအက်ႌမွာ ျမန္မာႏိုင္ငံတြင္ လုပ္ထားျခင္းမဟုတ္။သကၠရာဇ္ ၁၀၀၀ ခန႔္က အင္ဒိုပါးရွားျပည္မ်ား၌ ျပဳ႕လုပ္သုံးစြဲေလ့ရွိေသာ အက်ႌမ်ိဳးျဖစ္ၿပီး အေရာင္တင္ သတၱဳျပားမ်ားႏွင့္ ဂြန္းထိုးခ်ည္ထိုး အထည္အမ်ိဳးမ်ားႏွင့္ ခိုင္ခန႔္စြာ ခ်ဳပ္လုပ္ထားသည္။အရပ္ ၅ ေပ ၈ လက္မ အျမင့္အ႐ြယ္ရွိသည္။

၂။ ျမန္မာတို႔ရဲ႕ ပတၱျမားငေမာက္

၃။ စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ

စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ

အမ်ိဳးအစား – စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ။ အခ်ိန္ကာလ – ၁၉ ရာစု ေနာက္ဆုံးႏွစ္အစိတ္ ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ ။ ျပဳလုပ္ပုံနည္းပညာ – ႏိုင္ငံျခားျဖစ္ ဖဲသား၊ ပိုးထည္ ၊ ေ႐ႊစင္ေ႐ႊျပား ၊ စီးကြင့္ေဘာ္ၾကယ္၊ ဥေရာပျဖစ္ေခါင္းေပါက္ပါ ၾကယ္သီး စသျဖင့္ အသုံးျပဳ၍ စီရင္ခ်ဳပ္ထားေသာ စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IS.256 to B-1960။

ခုျမင္ေနရတဲ့ ဝတ္စုံပိုင္ရွင္ နာမည္ကို အေသအခ်ာ မသိရပါ။ ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ျပတိုက္ မွာျပထားပါတယ္။ သီေပါမင္း ( ၁၈၇၈- ၁၈၈၅ ) ရဲ႕အမႈထမ္း စစ္သူႀကီးဝတ္စုံလို႔ေျပာပါတယ္။ သီေပါမင္းလက္ထက္ ဘယ္သူ စစ္သူႀကီးဆိုတာ အေျဖရွာၾကည့္လို႔ရေသာ္လည္းဘဲ သူ႔ဝတ္စုံပါလို႔ အေသအခ်ာ မေျပာရဲပါ။ ဒါေပမယ့္ သီေပါမင္းလက္ထက္ စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံျဖစ္တယ္ဆိုရင္ ေလာေလာဆယ္လုံေလာက္ပါၿပီ။

၄။ မိဖုရားဝတ္႐ုံ

အမ်ိဳးအစား – မိဖုရားဝတ္႐ုံ။ အခ်ိန္ကာလ – ၁၈၆၀ ဝန္းက်င္။ ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ။ျပဳလုပ္ပုံနည္းပညာ – ႏိုင္ငံျခားျဖစ္ ဖဲသား၊ ပုဇြန္ဆီေရာင္၊ အစိမ္းေရာင္ ၊ ေ႐ႊ ၊ ေငြ ၊ စီးကြင့္၊ေဘာ္ၾကယ္၊ နန္းႀကိဳး စတာေတြကို အသုံးျပဳ၍ စီရင္ခ်ဳပ္ထားေသာ ေ႐ႊခ်ည္၊ ေငြခ်ည္ထိုး ဝတ္႐ုံ။

လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IM.45 to C, E, F-1912

ျပတိုက္မႉးေတြရဲ႕အဆိုအရ မင္းတုန္းမင္း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ႔ရဲ႕မိဖုရားေတြထဲက တစ္ပါးအတြက္ ရည္႐ြယ္ၿပီး ဒီ ဝတ္႐ုံေတာ္ကို ခ်ဳပ္လုပ္ေစခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ဒီေတာ့ ေျပာစရာေပၚလာျပန္တယ္။ ဘယ္မိဖုရားလဲ။ ေ႐ႊတိုက္ေတာ္စာရင္း ( Official Records ) အရ မင္းတုန္းမင္းမွာ တရားဝင္အမည္ေပါက္ မိဖုရား ၆၀ ရွိပါတယ္။ အမည္မေပါက္တဲ့ သာမန္ ေဆာင္ရမိဖုရား၊ ကိုယ္လုပ္ေတာ္ဆိုတာေတြလည္း ရွိပါေသးတယ္။ တင္းက်ပ္တဲ့ သက္ဦးဆံပိုင္ စည္းကမ္းေတြနဲ႔ ထိမ္းခ်ဳပ္ထားတဲ့ ကုန္းေဘာင္ နန္းတြင္းမွာ ခစားသူေတြေရာ၊ ဝတ္စားဆင္ယင္ထားတဲ့ ဝတ္႐ုံ ကြဲပါတယ္။ ဝတ္႐ုံမွာ အလွဆင္ထားတဲ့ အရာတစ္ခုျခင္းဆီမွာ သီးျခားအဓိပၸါယ္ေဖာ္ေဆာင္တာရွိသလို ရာထူးအဆင့္တန္းကိုပါ ေဖာ္ျပတယ္။ ( သက္ဦးဆံပိုင္ ဘုရင္စနစ္ ဆိုတဲ့အတိုင္း ဘုရင္မထင္ရင္ မထင္သလို ဝတ္ထားတဲ့ဝတ္႐ုံ၊ ရာထူးနဲ႔ ေနာက္ဆုံး အသက္ပါ အခ်ိန္မေ႐ြးဆုံးပါးရေလ့ရွိတယ္) ကိုလိုနီေခတ္ဦးပိုင္း ျမန္မာႏိုင္ငံမွာ အမူ႔ထမ္းခဲ့တဲ့ အရာရွိတစ္ဦးမွ ဒီမိဖုရားဝတ္စုံကို ဝယ္ယူခဲ့တာပါ။ သမိုင္းဆရာ၊ ရာဇဝင္ဆရာ အေတာ္မ်ားမ်ားက ကုန္းေဘာင္ရာဇဝင္အေၾကာင္း ေရးထားတာေတြ အမ်ားႀကီးရွိေနၿပီမို႔ အက်ယ္မေရးေတာ့ပါ။ ျမန္မာဘုရင္ရဲ႕ နန္းတြင္း ပစၥည္းနဲ႔ ရတနာေတြ ဘယ္လိုေပ်ာက္ကုန္တယ္ဆိုတာကိုေတာ့ သမိုင္းဆရာ၊ ရာဇဝင္ဆရာေတြ သတိမထားမိဘူး ထင္ပါတယ္။ ဒါေပသိ ႐ုရွားလူမ်ိဳး ပါဠိနဲ႔ သကၠတပညာရွင္ အိုင္ဗင္ ပဗလိုဗစ္ မိဖ္နယယ့္ (Ivan Pavlovich Minaev 1940- 1890 ) ရဲ႕ ေန႔စဥ္ေရး မွတ္တမ္းအရ သီေပါမင္း မႏၲေလးကေန ပါေတာ္မူၿပီးေနာက္ ၅၇ ရက္ေျမာက္ေန႔မွာ ဘုရင့္နဲ႔ မိဖုရားအသုံးေဆာင္အပါဝင္ “နန္းတြင္းပစၥည္း” ေလလံပြဲတစ္ခုကို စေလဒင္ ဦးေဆာင္ၿပီးလုပ္ခဲ့ပါေၾကာင္း။

၅။ နန္းတြင္းသုံးေၾကးေမာင္းတူရိယာ

ဗစ္တိုးရိးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္။

၆။ ရတနာသိယၤဓား

ဓါး ပုံစံ – ငွက္ႀကီးေတာင္။ ဓါးအမ်ိဳးအစား – နန္းဓါး ဓါး႐ိုး မင္း႐ိုး ဓါးအိမ္ ဇာတ္ေတာ္ဖြဲ႕သ႐ုပ္ပါ ပါဝင္။ သံ – သံ ၇ပါး။ လက္ရာ – ကုန္းေဘာင္ေခတ္ေႏွာင္း။ ၿပီးစီးသည့္ႏွစ္ – မသိ။ တည္ရွိသည့္ေနရာ – လန္ဒန္ ၿမိဳ႕ေတာ္ ဟားဘတ္စ္ ျပတိုက္ အဂၤလန္။

၇။ ေ႐ႊေပလႊာ

အေလာင္းမင္းတရားႀကီးဦးေအာင္ေဇယ်မွ ေဂ်ာ့စ္ဘုရင္ ၂ ထံ ေပးပို႔ေသာ ခ်စ္ၾကည္ေရးေ႐ႊေပလႊာႏွင့္ ျမေစတီေက်ာက္စာတို႔အား ယူနက္စကို ကမာၻ႔မွတ္တမ္းအေမြအနစ္အျဖစ္ ယခုႏွစ္ပိုင္းတြင္သတ္မွတ္ခဲ့သည္။

၉။ ကင္းဝန္မင္းႀကီး ဦးေကာင္း၏ဝတ္႐ုံ

အမ်ိဳးအစား – ကင္းဝန္မင္းႀကီးဦးေကာင္း၏ ဝတ္႐ုံ။ အခ်ိန္ကာလ – ၁၉ ရာစု ေနာက္ဆုံးႏွစ္အစိတ္။ေတြ႕ရွိရာေနရာ – မႏၲေလး။ ျမန္မာ ျပဳလုပ္ပုံနည္းပညာ – ႏိုင္ငံျခားျဖစ္ ဖဲသား၊ ပိုးထည္ ၊ ေ႐ႊစင္ေ႐ႊျပား ၊ ျခည္သားဖြတ္ၿမီးထိုး စသျဖင့္ အသုံးျပဳ၍ စီရင္ခ်ဳပ္ထားေသာ ဝန္ႀကီးဝတ္႐ုံ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IM.43 to D-1912

၉။ ပတၱျမားေခါင္းဘီး

အမ်ိဳးအစား – ပတၱျမား ေခါင္းဘီး။ အခ်ိန္ကာလ – ၁၈ ရာစုရဲ႕ ေနာက္ဆုံး ၂၅ ႏွစ္ (၁၇၇၅-၁၈၀၀)။ ေတြ႕ရွိရာေနရာ – မႏၲေလး။ ျမန္မာ ျပဳလုပ္ပုံနည္းပညာ – သစ္သား ေပၚ ေ႐ႊကပ္၊ ပတၱျမား ႏွင့္ ျမ ကို ေ႐ႊေပၚမွာ ျမဳပ္ၿပီး အလွဆင္။ အ႐ြယ္အစား – အရွည္ ၈.၂ စင္တီမီတာ ၊ ေဘးတိုက္အက်ယ္ ၅.၁ စင္တီမီတာ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္။ ျပတိုက္ပစၥည္း အမွတ္ – IS.2-1902။

၁၀။ နဂါး လက္ေကာက္ႏွင့္ လည္ဆြဲ

အမ်ိဳးအစား – လက္ေကာက္၊ လည္ဆြဲ အပါ ရတနာ တစ္ဆင္စာ။ အခ်ိန္ကာလ – ၁၉ ရာစု (၁၈၅၀)။ေတြ႕ရွိရာေနရာ – မႏၲေလး။ ျမန္မာ ျပဳလုပ္ပုံနည္းပညာ – က်စ္ဆံျမႇီးက်စ္ ထားသလိုမ်ိဳး ေ႐ႊႀကိဳး ဖြတ္ျမႇီးထိုး မွာ ပတၱျမား ျဖင့္ပုံေဖာ္အလွဆင္။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – M.39-1939

၁၁။ ၁၈၅၄ ခုႏွစ္က ပန္းခ်ီကား

အမ်ိဳးအစား – ၁၈၅၄ ခုႏွစ္ကပန္းခ်ီကား။ အခ်ိန္ကာလ – ၁၉ ရာစု။ ေတြ႕ရွိရာေနရာ – ကာလကတၱား။ ျပဳလုပ္ပုံနည္းပညာ – ေရေဆးပန္းခ်ီ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား အယ္ဘာတ္ျပတိုက္ လန္ဒန္။ ျပတိုက္ပစၥည္းအမွတ္ – IS . 108 – 1950 IS . 179 – 195 IS . 181 – 1950

၁၈၅၂ ခုႏွစ္က အဂၤလိပ္ ျမန္မာ ဒုတိယအႀကိမ္ စစ္ျဖစ္ၿပီး ျမန္မာႏိုင္ငံ ေအာက္ပိုင္းႏွင့္ ရခိုင္ကိုပါ အဂၤလိပ္တို႔က သိမ္းယူလိုက္ၾကပါတယ္။ ၁၈၅၄ ကုန္ခါနီးမွာ ျမန္မာဘုရင္ မင္းတုန္းမင္း ( ၁၈၅၃ – ၁၈၇၈ ) အေရွ႕နန္းမေတာ္ ဘုရားဝန္မင္းႀကီး ဦးေဆာင္တဲ့ အဖြဲ႕ကို အိႏၵိယဘုရင္ခံခ်ဳပ္ေလာ့ဒလဟိုစီ နဲ႔ ေတြ႕ဖို႔ရာ ကာလကတၱားကို သြားပါတယ္။ ဆာအာသာဖယ္ရာက ဒီခရီးစဥ္မွာ စကားျပန္အျဖစ္နဲ႔ လိုက္ခဲ့တာပါ။ ဆာအာသာဖယ္ရာရဲ႕ တူမက ျပတိုက္ကို လႉဒါန္းခဲ့တာပါ။ အတူပါလာတဲ့ နန္းတြင္းပန္းခ်ီ ပညာရွင္က မွတ္တမ္းတင္ေရးဆြဲထားတဲ့ ဒီပန္းခ်ီကား သုံးခ်ပ္လုံးမွာ ျမန္မာသံအမတ္မ်ားရဲ႕ ခမ္းနားထည္ဝါမူေတြကို ေလ့လာခြင့္ရခဲ့ပါတယ္ ။

၁၂။ ၁၉ ရာစု လည္ဆြဲ ဘယက္

အမ်ိဳးအစား – လည္ဆြဲဘယက္။ အခ်ိန္ကာလ – ၁၉ ရာစု။ ေတြ႕ရွိရာေနရာ – မႏၲေလးျမန္မာ။ ျပဳလုပ္ပုံနည္းပညာ – ေ႐ႊ ခ်ည္ႀကိဳးငယ္မ်ားတြင္ ပုလဲလုံးငယ္ကေလးမ်ား သီကုံး၍အလွဆင္။လက္ရွိတည္ေနရာ – ဗစ္တိုးရိးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – 03165(IS)

ပုလဲလုံးငယ္ေလးေတြကို ေ႐ႊခ်ည္ႀကိဳးေတြႏွင့္ ေသခ်ာသီၿပီး အလွဆင္ထားတဲ့ ဒီလည္ဆြဲဘယက္ ဟာ လူတစ္ကိုယ္အတြက္ တစ္ဆင္စာ ေျခခ်င္း၊ လက္စြတ္၊ နားေတာင္း ၊ လည္ဆြဲ စတာေတြထဲက တစ္ခု အပါအဝင္ျဖစ္ပါတယ္။ ဒီလို လူတစ္ကိုယ္အတြက္ တစ္ဆင္စာျပည့္ ဝတ္စားဆင္ယဥ္မႈဟာ မ်ိဳး႐ိုး အဆင့္တန္းျမင့္ ျမန္မာအမ်ိဳးသမီး တစ္ဦးအတြက္ေတာ့ မရွိမျဖစ္ပါ။

၁၃။ လည္တုန္

အမ်ိဳးအစား – လည္ဆြဲဘယက္ ( လည္တုန္ )။ အခ်ိန္ကာလ – ၁၉ ရာစုႏွစ္ ႏွစ္လယ္။ ေတြ႕ရွိရာေနရာ – တနသၤာရီ ျမန္မာ။ ျပဳလုပ္ပုံနည္းပညာ – ေ႐ႊခ်ည္ နဂထာကို နီက်င္က်င္အေရာင္ဆင္း ရရွိေအာင္ မဂ်ီးသီး(မန္က်ည္းသီ:) ႏွင့္ ေ႐ႊကို ေရေႏြးထဲ ထည့္ျပဳပ္တယ္။ ဒါမွမဟုတ္ ဆာလဖာ ကိုမီးရႈိ႕ၿပီး ေ႐ႊအေရာင္ရင့္လာ ေအာင္မႈိင္းတိုက္ တယ္။ လက္ရွိတည္ေနရာ – ဗစ္တိုးရိးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – 123-1852

၁၉ ရာစုအလယ္ပိုင္းမွာ ျမန္မာအမ်ိဳးသမီးေတြ သိပ္ဝတ္တဲ့ လည္ဆြဲပါ။ နီက်င္က်င္အေရာင္ရွိၿပီး လည္မွာဆြဲထားရင္ တလႈပ္လႈပ္ႏွင့္ မို႔ “လည္တုန္” လို႔ေခၚတယ္။ အေျပာက္အမြန္းေကာင္းေကာင္း၊ ဆြဲသီး အေတာ္မ်ားမ်ား (၂၃ ခု) ၊ ကုန္းေဘာင္မင္းဆက္ (၁၇၅၂-၁၈၈၅) အမွတ္လကၡဏာ ေဒါင္းတံဆိပ္ တို႔ႏွင့္ အလွဆင္ထားတာမို႔ ဝတ္ဆင္သူဟာ အင္မတန္ အဆင့္တန္းျမင့္တဲ့ အသိုင္းဝိုင္းကျဖစ္မွာပါ။

၁၃။ ရခိုင့္အေျမာက္လက္နတ္ႀကီး

အေျမႇာက္ေပၚတြင္ ေရးထိုးထားသည့္စာအရ (၁၁၄၆)ခု ျပာသိုလျပည့္ေက်ာ္ရံေန စေနေန႔ည ၄ ခ်ပ္တီးေက်ာ္တရာရိတြင္ ဓညဝတီသိပ္ရ) ဟု ေရးထိုးထားတယ္။ ရခိုင္မဂၢဇင္း (ဓညဝတီေခတ္ သမိုင္းစာအုပ္မွာ ) ၁၁၄၆ ခု ျပာသိုလျပည္ေက်ာ္ ၇ ရက္ေန႔ စေနေန႔က ရခိုင္ျပည္သည္ ဗမာဘုရင္ မိစာၦေမာင္ဝိုင္းလက္ေအာက္ က်ေရာက္ေသာေန႔ ျဖစ္သည္။ ယင္းအခ်ိန္တြင္ ရခိုင္ဘုရင္ မဟာ သမၼတရာဇာက သူ၏ ခ်စ္ျမတ္ႏိူးလွေသာ မိဖုရားျမသႏၲာႏွင့္အတူ သားေတာ္ သမီးေတာ္ ရဲေဘာ္မႈးမတ္မ်ားကို ေခၚယူၿပီး တိုက္ေလွအစင္း၄၀ ျဖင့္ (ကမ္းသာယာ )ကြၽန္းသာယာ)ဘက္သို႔ တိမ္းေရွာင္ခဲ့ရသည္။ အေျမႇာက္ရဲ႕ ရာဇဝင္က ရခိုင္ ဘိုးဖီးလက္ထက္က အေျမႇာက္ျဖစ္တယ္။ ဒီအေျမႇာက္ကို ေပၚတူကီႏိူင္ငံက ပိုင္တယ္ လို႔ေျပာၾကတယ္။ အေျမႇာက္မွာ ေရးထားတဲ့ စာက ရခိုင္လို ေရးထားတဲ့စာ။ ေနာက္ဆုံးေတာ့ ရခိုင္ဘုရင္မင္းမ်ား ပိုင္ဆိုင္ခဲ့သည့္ အေျမႇာက္ဟု ၿဗိတိသွ်သမိုင္းသုေတသီမ်ားက အတည္ျပဳ ေျပာၾကားလာတယ္။ အဂၤလိပ္က ျမန္မာႏိူင္ငံကိုသိမ္းပိုက္ၿပီးေနာက္ ဘိုးေတာ္ေမာင္ဝိုင္း ရခိုင္က ယူေဆာင္လာေသာ အေျမႇာက္ႀကီးမ်ားကို ယူေဆာင္လာၿပီး ျမန္မာကို ၿဗိတိသွ်တို႔ နယ္ခ်ဲ႕ၿပီးေနာက္ ၿဗိတိသွ်အင္ပါယာျဖစ္ေသာ စေကာ့တလန္ ( အီဒင္ဘာ) ရဲ႕ (Calton Hill – 1887) မွာ ယေန႔ထိတိုင္ ထားရွိေနဆဲလို႔ သိရသည္…။

၁၄။ ဟသၤာ႐ုပ္ကြမ္းအုပ္

ယခင္က ဗစ္တိုးရိးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ၿမိဳ႕မွာ ရွိခဲ့ၿပီး ယခု ျမန္မာႏိုင္ငံကို ျပန္လႉထားတယ္လို႔ သိရပါတယ္။

၁၅။ မႏၲေလးနန္းသုံးယပ္ေတာင္

အမ်ိဳးအစား – ယပ္ေတာင္။ အခ်ိန္ကာလ – ၁၈၈၀။ေတြ႕ရွိရာေနရာ – မႏၲေလးၿမိဳ႕၊ျမန္မာ။ ျပဳလုပ္ပုံနည္းပညာ – သစ္သားေခ်ာင္းငယ္ေလးမ်ားကိုအသုံးျပဳၿပီး ယပ္ေတာင္ပုံ အရင္ေဖာ္ယူသည္။ ၿပီးေနာက္ အသင့္အေနေတာ္ ပိုးထည္စကပ္သည္။ ပိုးထည္စေပၚတြင္ ႐ိုးရာၾကက္ဥအကာ ေရာထားသည့္ ေရေဆး၊ ေ႐ႊႏွင့္ ေငြေရာင္ မ်ားကိုအသုံးျပဳၿပီး ေရးဆြဲထားျခင္း ျဖစ္သည္။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IM.292-1921

၁၆။ ေ႐ႊေခါင္းေဆာင္း ( သရဖူ )

အမ်ိဳးအစား – ေ႐ႊေခါင္းေဆာင္း။ အခ်ိန္ကာလ – ဘုရင္မႀကီး ရွင္ေစာပု (၁၄၅၃-၁၄၆၀)အသုံးျပဳခဲ့သည္ဟု ယူဆရသည္။ ေတြ႕ရွိရာေနရာ -(၁၈၅၅)ေ႐ႊတိဂုံဘုရား၊ ျမန္မာ။ ျပဳလုပ္ပုံနည္းပညာ -ေ႐ႊသားျဖင့္ျပဳလုပ္ထားၿပီး ရတနာ စီျခယ္ထားေသာ ေခါင္းေဆာင္း။ လက္ရွိတည္ေနရာ – လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္ ျပတိုက္

စကားခ်ပ္။ ။ ရွင္ေစာပုဘုရင္မႀကီး အသုံးျပဳခဲ့သည္ဟုဆိုေသာ ေ႐ႊေခါင္းေဆာင္းတစ္ခုကို လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္ႀကီးတြင္ ယေန႔တိုင္ ျပသထားေလသည္။

Credit-Ko knowledge

(Unicode)

တခြားနိုင်ငံသို့ရောက်နေသည့် မြန်မာတို့ရဲအဖိုးတန်ရတနာများ

၁။ ဗန္ဓုလ သံချပ် အင်္ကျီ

ယခု လန်ဒန်မြို့ ပြတိုက်တွင်ရှိသည်။ ထိုသံချပ်ကာအင်္ကျီမှာ မြန်မာနိုင်ငံတွင် လုပ်ထားခြင်းမဟုတ်။သက္ကရာဇ် ၁၀၀၀ ခန့်က အင်ဒိုပါးရှားပြည်များ၌ ပြု့လုပ်သုံးစွဲလေ့ရှိသော အင်္ကျီမျိုးဖြစ်ပြီး အရောင်တင် သတ္တုပြားများနှင့် ဂွန်းထိုးချည်ထိုး အထည်အမျိုးများနှင့် ခိုင်ခန့်စွာ ချုပ်လုပ်ထားသည်။အရပ် ၅ ပေ ၈ လက်မ အမြင့်အရွယ်ရှိသည်။

၂။ မြန်မာတို့ရဲ့ ပတ္တမြားငမောက်

၃။ စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ

အမျိုးအစား – စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ် တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ ။ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IS.256 to B-1960။

ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကို အသေအချာ မသိရပါ။ ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။ သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။ သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ်ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။

၄။ မိဖုရားဝတ်ရုံ

အမျိုးအစား – မိဖုရားဝတ်ရုံ။ အချိန်ကာလ – ၁၈၆၀ ဝန်းကျင်။ တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ။ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။

လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.45 to C, E, F-1912

ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား၊ ကိုယ်လုပ်တော်ဆိုတာတွေလည်း ရှိပါသေးတယ်။ တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။ ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာတစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။ ( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ဝတ်ရုံ၊ ရာထူးနဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်) ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်း ရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။ မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေ ဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူး ထင်ပါတယ်။ ဒါပေသိ ရုရှားလူမျိုး ပါဠိနဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် “နန်းတွင်းပစ္စည်း” လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။

၅။ နန်းတွင်းသုံးကြေးမောင်းတူရိယာ

ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။

၆။ ရတနာသိင်္ယဓား

ဓါး ပုံစံ – ငှက်ကြီးတောင်။ ဓါးအမျိုးအစား – နန်းဓါး ဓါးရိုး မင်းရိုး ဓါးအိမ် ဇာတ်တော်ဖွဲ့သရုပ်ပါ ပါဝင်။ သံ – သံ ၇ပါး။ လက်ရာ – ကုန်းဘောင်ခေတ်နှောင်း။ ပြီးစီးသည့်နှစ် – မသိ။ တည်ရှိသည့်နေရာ – လန်ဒန် မြို့တော် ဟားဘတ်စ် ပြတိုက် အင်္ဂလန်။

၇။ ရွှေပေလွှာ

အလောင်းမင်းတရားကြီးဦးအောင်ဇေယျမှ ဂျော့စ်ဘုရင် ၂ ထံ ပေးပို့သော ချစ်ကြည်ရေးရွှေပေလွှာနှင့် မြစေတီကျောက်စာတို့အား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနစ်အဖြစ် ယခုနှစ်ပိုင်းတွင်သတ်မှတ်ခဲ့သည်။

၉။ ကင်းဝန်မင်းကြီး ဦးကောင်း၏ဝတ်ရုံ

အမျိုးအစား – ကင်းဝန်မင်းကြီးဦးကောင်း၏ ဝတ်ရုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်။တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.43 to D-1912

၉။ ပတ္တမြားခေါင်းဘီး

အမျိုးအစား – ပတ္တမြား ခေါင်းဘီး။ အချိန်ကာလ – ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ် (၁၇၇၅-၁၈၀၀)။ တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။ အရွယ်အစား – အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။ ပြတိုက်ပစ္စည်း အမှတ် – IS.2-1902။

၁၀။ နဂါး လက်ကောက်နှင့် လည်ဆွဲ

အမျိုးအစား – လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ။ အချိန်ကာလ – ၁၉ ရာစု (၁၈၅၀)။တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – ကျစ်ဆံမြှီးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – M.39-1939

၁၁။ ၁၈၅၄ ခုနှစ်က ပန်းချီကား

အမျိုးအစား – ၁၈၅၄ ခုနှစ်ကပန်းချီကား။ အချိန်ကာလ – ၁၉ ရာစု။ တွေ့ရှိရာနေရာ – ကာလကတ္တား။ ပြုလုပ်ပုံနည်းပညာ – ရေဆေးပန်းချီ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား အယ်ဘာတ်ပြတိုက် လန်ဒန်။ ပြတိုက်ပစ္စည်းအမှတ် – IS . 108 – 1950 IS . 179 – 195 IS . 181 – 1950

၁၈၅၂ ခုနှစ်က အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းနှင့် ရခိုင်ကိုပါ အင်္ဂလိပ်တို့က သိမ်းယူလိုက်ကြပါတယ်။ ၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း ( ၁၈၅၃ – ၁၈၇၈ ) အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ အဖွဲ့ကို အိန္ဒိယဘုရင်ခံချုပ်လော့ဒလဟိုစီ နဲ့ တွေ့ဖို့ရာ ကာလကတ္တားကို သွားပါတယ်။ ဆာအာသာဖယ်ရာက ဒီခရီးစဉ်မှာ စကားပြန်အဖြစ်နဲ့ လိုက်ခဲ့တာပါ။ ဆာအာသာဖယ်ရာရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။ အတူပါလာတဲ့ နန်းတွင်းပန်းချီ ပညာရှင်က မှတ်တမ်းတင်ရေးဆွဲထားတဲ့ ဒီပန်းချီကား သုံးချပ်လုံးမှာ မြန်မာသံအမတ်များရဲ့ ခမ်းနားထည်ဝါမူတွေကို လေ့လာခွင့်ရခဲ့ပါတယ် ။

၁၂။ ၁၉ ရာစု လည်ဆွဲ ဘယက်

အမျိုးအစား – လည်ဆွဲဘယက်။ အချိန်ကာလ – ၁၉ ရာစု။ တွေ့ရှိရာနေရာ – မန္တလေးမြန်မာ။ ပြုလုပ်ပုံနည်းပညာ – ရွှေ ချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – 03165(IS)

ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။

၁၃။ လည်တုန်

အမျိုးအစား – လည်ဆွဲဘယက် ( လည်တုန် )။ အချိန်ကာလ – ၁၉ ရာစုနှစ် နှစ်လယ်။ တွေ့ရှိရာနေရာ – တနင်္သာရီ မြန်မာ။ ပြုလုပ်ပုံနည်းပညာ – ရွှေချည် နဂထာကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့်ပြုပ်တယ်။ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။ လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – 123-1852

၁၉ ရာစုအလယ်ပိုင်းမှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲပါ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ “လည်တုန်” လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။

၁၃။ ရခိုင့်အမြောက်လက်နတ်ကြီး

အမြှောက်ပေါ်တွင် ရေးထိုးထားသည့်စာအရ (၁၁၄၆)ခု ပြာသိုလပြည့်ကျော်ရံနေ စနေနေ့ည ၄ ချပ်တီးကျော်တရာရိတွင် ဓညဝတီသိပ်ရ) ဟု ရေးထိုးထားတယ်။ ရခိုင်မဂ္ဂဇင်း (ဓညဝတီခေတ် သမိုင်းစာအုပ်မှာ ) ၁၁၄၆ ခု ပြာသိုလပြည်ကျော် ၇ ရက်နေ့ စနေနေ့က ရခိုင်ပြည်သည် ဗမာဘုရင် မိစ္ဆာမောင်ဝိုင်းလက်အောက် ကျရောက်သောနေ့ ဖြစ်သည်။ ယင်းအချိန်တွင် ရခိုင်ဘုရင် မဟာ သမ္မတရာဇာက သူ၏ ချစ်မြတ်နိူးလှသော မိဖုရားမြသန္တာနှင့်အတူ သားတော် သမီးတော် ရဲဘော်မှုးမတ်များကို ခေါ်ယူပြီး တိုက်လှေအစင်း၄၀ ဖြင့် (ကမ်းသာယာ )ကျွန်းသာယာ)ဘက်သို့ တိမ်းရှောင်ခဲ့ရသည်။ အမြှောက်ရဲ့ ရာဇဝင်က ရခိုင် ဘိုးဖီးလက်ထက်က အမြှောက်ဖြစ်တယ်။ ဒီအမြှောက်ကို ပေါ်တူကီနိူင်ငံက ပိုင်တယ် လို့ပြောကြတယ်။ အမြှောက်မှာ ရေးထားတဲ့ စာက ရခိုင်လို ရေးထားတဲ့စာ။ နောက်ဆုံးတော့ ရခိုင်ဘုရင်မင်းများ ပိုင်ဆိုင်ခဲ့သည့် အမြှောက်ဟု ဗြိတိသျှသမိုင်းသုတေသီများက အတည်ပြု ပြောကြားလာတယ်။ အင်္ဂလိပ်က မြန်မာနိူင်ငံကိုသိမ်းပိုက်ပြီးနောက် ဘိုးတော်မောင်ဝိုင်း ရခိုင်က ယူဆောင်လာသော အမြှောက်ကြီးများကို ယူဆောင်လာပြီး မြန်မာကို ဗြိတိသျှတို့ နယ်ချဲ့ပြီးနောက် ဗြိတိသျှအင်ပါယာဖြစ်သော စကော့တလန် ( အီဒင်ဘာ) ရဲ့ (Calton Hill – 1887) မှာ ယနေ့ထိတိုင် ထားရှိနေဆဲလို့ သိရသည်…။

၁၄။ ဟင်္သာရုပ်ကွမ်းအုပ်

ယခင်က ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်မြို့မှာ ရှိခဲ့ပြီး ယခု မြန်မာနိုင်ငံကို ပြန်လှူထားတယ်လို့ သိရပါတယ်။

၁၅။ မန္တလေးနန်းသုံးယပ်တောင်

အမျိုးအစား – ယပ်တောင်။ အချိန်ကာလ – ၁၈၈၀။တွေ့ရှိရာနေရာ – မန္တလေးမြို့၊မြန်မာ။ ပြုလုပ်ပုံနည်းပညာ – သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံ အရင်ဖော်ယူသည်။ ပြီးနောက် အသင့်အနေတော် ပိုးထည်စကပ်သည်။ ပိုးထည်စပေါ်တွင် ရိုးရာကြက်ဥအကာ ရောထားသည့် ရေဆေး၊ ရွှေနှင့် ငွေရောင် များကိုအသုံးပြုပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.292-1921

၁၆။ ရွှေခေါင်းဆောင်း ( သရဖူ )

အမျိုးအစား – ရွှေခေါင်းဆောင်း။ အချိန်ကာလ – ဘုရင်မကြီး ရှင်စောပု (၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်။ တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား၊ မြန်မာ။ ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း။ လက်ရှိတည်နေရာ – လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက် ပြတိုက်

စကားချပ်။ ။ ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

Credit-Ko knowledge

Leave a Reply

Your email address will not be published. Required fields are marked *